ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၀၆-၅-၂၀၁၂) ၆-၅-၂၀၁၂ `လုပ်ငန်းအသစ်တစ်ခုရရင် လိပ်စာကဒ်တစ်ခုတိုးလာပါသည်´
ယနေ့ အိပ်ယာထနောက်ကျပါတယ်။ ဆိုင်မှာ ပရိတ်၊ ပဌာန်းရွတ်ဆိုရပါတယ်။ ယနေ့ စာမူများပေးရမှာဆိုတော့ ပရင်တာကို ဆေးများဖြည့်တယ်။ စာမူများ ပရင့်ထုတ်ပါတယ်။ တဆက်တည်း လိပ်စာကဒ်များကို များများထုတ်ထားရပါ တယ်။ ကျွန်တော့်ဇနီးကဆိုရင် မောင်ဝင်းကြည်တို့များ လုပ်ငန်းအသစ်က မစရသေးဘူး လိပ်စာကဒ်တွေက တိုးလာပြန်ပြီ ပလူပျံနေပြန်ပြီ လို့ အပြောခံရပါတယ်။ မနက်ကတိုင် ထိုင်လိုက်တာ နေ့လည်(၃)နာရီမှ ပရင်တာထုတ်လို့ ပြီးတယ်။ မရမခြင်း ထမင်းမစားဘဲ လုပ်တတ်တဲ့ ညင်ရှိနေပါတယ်။ ကိုယ့်စိတ်ဝင်စားတာကို လုပ်နေရရင် ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်တာ သဘာဝပါနော်။ ကိုယ့်ဆီမှာ စက်ဒါးမရှိတော့ လိပ်စာကဒ်များကို ဖြတ်ရန် ဧရာဝတီစာပေ မိတ္တူဆိုင်ကို သွားတယ်။ လိပ်စာကဒ်တွေက ၉၀ံ မတည့်တော့ ဒါးနဲ့ဖြတ်လို့ မရကြောင်း ကိုခင်မောင်ဦးက ပြောတယ်။ အဲဒီဆိုင်မှာ စာရေးဆရာ မောင်နန္ဒ(မြစ်ကြီးနား)လည်း ရောက်နေတယ်။ သူ့ဆီက မရတော့ ကိုယ့်ဘာသာ လက်နဲ့ ဖြတ်ဖို့ သားကြီး မောင်ထွန်းဝင်းကျော်ကို တာဝန်ပေးလိုက်တယ်။ ပြီးသွားပါတယ်။
နံနက်ပိုင်း ဆရာတင်လင်းဇော် လာတယ်။ မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက်အတွက် စာမူ(၂)စောင်ပေးလိုက် တယ်။ မကွေးမြို့နယ်စာရေးဆရာအသင်း အမှုဆောင်အစည်းအဝေး မှ ပြန်လာကြောင်းသိရပါတယ်။ အတွင်းရေးမှူး မြန်မာပြည်ဆရာဟိန်း နှင့် သူ တော်တော် ပြောဆိုလာခဲ့ရကြောင်းသိရပါတယ်။ ညနေ စာရေးဆရာ မောင်မွန်မြတ် လာတယ်။ ရန်ကုန်မှ မျိုးဆက်သစ်စာပေ ပိုင်ရှင် ဒေါ်တင်မာဦးက ပေးလိုက်သော စာရင်းရှင်းတမ်း စာအိပ်ကို ပေးလိုက်ပါတယ်။ ဆရာမောင်မွန်မြတ်ရဲ့ မိခင်ကြီး(အသက်၈၄)နှစ် ကွယ်လွန်သွားကြောင်း သိရပါတယ်။ ညနေ ဆရာဦးဝင်းခင်(တိုင်းပြန်ဆက် တိုင်းမှူး)ဆီကို သွားတယ်။ စာရေးဆရာအသင်းမျာ ဖွဲ့သော သတင်းကိုရပါတယ်။ သူ့ဆီမှ ၂၀၁၁ ခု (ကျေးလက် လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး) သင်တန်းစာအုပ် (၁၅၀၀ိ) နဲ့ဝယ်လာခဲ့ပါတယ်။
ယနေ့ မက်စင်ဂျာ သတင်းဂျာနယ်သို့ ကိုနေခြည်ရဲ့ သတင်း(၂)ပုဒ်ကို မေးလ်ပို့ပေးပါတယ်။ လိပ်စာ မသိလို့ ကိုမြင့်ဇော်ဦးထံ ဖုန်းဆက်မေးရပါတယ်။ ကိုမြင့်ဇော်ဦးက သူရေးသားပေးပို့နေတဲ့ မက်စင်ဂျာ သတင်းဂျာနယ်ကို လုပြီး ပေးပို့တယ်လို့ ထင်ကြောင်းသိရပါတယ်။ စိတ်မကောင်းပါ။ ညနေ ကိုနေခြည်၊ ကိုမွန်မြတ် တို့နဲ့ စွဲမက်မှာ ထိုင်ဖြစ်ကြပါတယ်။
0 comments:
Post a Comment