ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၄၄-၂၀၁၂) ၅-၃-၂၀၁၂ ` သတင်းကိုလိုက်တာမတွေ့ သတင်းကလူကိုလာတိုက်မှ ရ´
ယနေ့ နံနက်(၄)နာရီမှာ စောစောအိပ်ယာထတယ်။ တစ်နေကုန် ခေါင်းမူးနေပါတယ်။ နံနက်ပိုင်း ၀င်္ကဘာရွာမှ ကိုမြ၀င်းရဲ့ အကို ကိုဥဏ်ထွန်းရောက်လာပါတယ်။ သူ့တို့ရွာ အုပ်ချုပ်ရေးမှူးကိစ္စကို ခ.ယ.က ရုံးသို့လာတိုင်တာပါ။ ရုံးသို့ လိုက်ပို့ပါတယ်။ စာက မပြည့်စုံလို့ ပြန်ရေးပြီး စာတိုက်ကနေ မှတ်ပုံတင်ချောစာနဲ့ ပြန်တင်ပေးရန်ပြောပါတယ်။ သူ့တို့ ချောက်ကနေ ပြန်တင်မည်လို့ ပြောပါတယ်။ နံနက်ပိုင်း ရုံးသို့သွားပါတယ်။ ရုံးမှ အပြန် တိုင်းဒေသကြီး ပြန်/ဆက်ရုံးသို့ ၀င်ပါတယ်။ ၃-၃-၂၀၁၂ နေ့ည နတ်စဉ်ကန် စာကြည့်တိုက်ဖွင့်ပွဲမှာ ဆရာချစ်နိုင်(စိတ်ပညာ)၊ ရေနံ့သာဝင်းမောင်၊ ဆရာသူရဇော် တို့ သုံးဦးဟောပြောဖြစ်ကြောင်းသိရပါတယ်။ ၄-၃-၂၀၁၂ နေ့ နံနက်(၉)နာရီမှာ စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပကြပါတယ်။ ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး တက်ရောက်ကြောင်း သိရပါတယ်။ ခရိုင်ဦးသန်းဌေး မကွေးကိုပြန် ရောက်လာပါတယ်။ ကျွန်တော်က တိုင်းပြန်/ဆက် ဦးဝင်းခင် ထံ သတင်းယူရန် ရောက်နေတာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး မအားကြလို့ ပြန်လာခဲ့ရပါတယ်။
`မကွေးတိုင်းဒေသကြီး မှ ထူးခြားစွာဖြင့် ခွင့်ပြုပေးသော စာပေဟောပြောပွဲ´
ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃) အမှတ်(၈၃)တွင် မကွေးတိုင်းဒေသကြီး မင်းတုံးမြို့နယ် မဲဇလီကျေးရွာ စာကြည့်တိုက်(၄) နှစ်ပြည့် စာပေဟောပြောပွဲ အား ဒေါက်တာထွန်းလွင်(မိုလေ၀သ/ဇလဗေဒ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) နှင့် အခြားစာရေးဆရာ၊ ဆရာမ(၄)ဦး တို့ ဟောပြောပွဲရန်စီစဉ်ထားကြသည်။ ဟောပြောပွဲကျင်းပမည့်နေ့ည မိနစ်ပိုင်းအလိုမှာ ` သက်ဆိုင်ရာမှ စာပေဟောပြော ခွင့် ပွဲမိန့် မရ၍ ´ဟု တားမြစ်ခံခဲ့ရ ပါသည်။ ဟောပြောကြမည့် စာရေးဆရာ၊ဆရာမများနှင့် ကြွရောက်နားထောင်ရန် လာရောက်ခဲ့ကြသော စာပေဟောပြောပွဲ ပရိတ်သတ်ကြီးတို့မှာ `ဟာ.ခနဲ.ဟင်..ခနဲ´ ဆိုပြီး ၀မ်းနည်း ပူဆွေ ငိုကြွေး သောကများကြရပုံ ဆောင်းပါးအား ဖတ်လိုက်ရပါ၏။ မကွေးတိုင်းဒေသကြီးအတွင်းမှာ စာပေဟောပြောပွဲ အတွက် ဟောပြောခွင့်ပြုမိန့်များ အား သက်ဆိုင်ရာမှ အထူးကြပ်မတ်ဆောင်ရွက်နေကြောင်း ဂျာနယ်များတွင် ဖတ်ကြားသိရှိခဲ့ရပါသည်။ သက်ဆိုင်ရာမှ ၂၀၁၂ ခု၊ ဧပြီလ(၁)ရက် နေ့ ကြားဖြတ်ရွေးချယ်တင်မြောက်ပွဲ နှင့် (၁၀) တန်းစာမေးပွဲ မပြီးမချင်း မည်သည့် စာပေဟောပြောပွဲကိုမျှ ဟောပြောခွင့်ပြုမိန့် ပေးမည်မဟုတ်ပါကြောင်း ကိုလည်း ကြားသိခဲ့ရပါသည်။ သို့သော်လည်း ၂၀၁၂ ခု၊ မတ်လ(၃)ရက်နေ့ ညတွင် မကွေးတိုင်းဒေသကြီး မကွေးခရိုင် ချောက်မြို့နယ်၊ နတ်စဉ်ကန်ကျေးရွာမှာ စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ် စာပေဟောပြောပွဲအား ထူးခြားစွာ ခွင့်ပြုပေးခဲ့ကြောင်း ခရိုင်ပြန်/ဆက် ဦးစီးမှူးထံ မှ ကြားသိရပါ၏။ ဟောပြောကြသော စာရေးဆရာများမှာ ဆရာချစ်နိုင်(စိတ်ပညာ) ပြန်ကြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်( အငြိမ်းစား)၊ ဆရာ ရေနံ့သာဝင်းမောင်၊ ဆရာသူရဇော် တို့ စာရေးဆရာ သုံးဦး ဟောပြောကြကြောင်း သတင်းရရှိပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
0 comments:
Post a Comment