ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၅၆-၂၀၁၂) ၁၇-၃-၂၀၁၂ `ကျလူ ၏ လိပ်စာကတ်´
ဒီနေ့ နံနက်လင်းတာနဲ့ စာပေဟောပြောပွဲအပြန် ဆိုင်ကယ်လဲခဲ့တဲ့ အနာမှ အနာရှိန်တက်ပြီး ဖျားချင်သလိုဖြစ်နေတယ်။ အိပ်မယ်လို့စိတ်ကူးပါတယ်။ ထီလက်မှတ် တံဆိပ်တွေ ပရင့်ထုတ်ပေးနေရတယ်။ ဆက်ပြီး ကျွန်တော့်ကလောင် နာမည် ရွှေလမ်းငွေလမ်းဝင်းကြည် နဲ့ လျှပ်တစ်ပြက် သတင်းဂျာနယ်၊ မော်နီတာဂျာနယ် မှာထည့်တယ်၊ ၀ိုင်းကြည်အောင် နာမည်နဲ့ မြန်မာပို့စ် သတင်းဂျာနယ်မှာထည့်ပြီး သတင်းဂျာနယ်သုံးခုပေါင်းပြီး ဦးဝင်းကြည် လိပ်စာကတ် ဒီဇိုင်းဆွဲတယ်။ ပိုတိုရှော့ ဒီဇိုင်း မဆွဲတာကြာလို့ မေ့ကုန်ပါတယ်။ ဒီလိပ်စာကတ် တစ်ခုကို တစ်နေကုန်လောက် လုပ်ရပါတယ်။ ဒီဇိုင်းပြီးတာနဲ့ စိတ်ကြိုက် ပရင်ထုတ်ပါတယ်။ လိပ်စာကတ်(၅၀) ခု ထုတ်တယ်။ ကိုယ့်ဆီမှာ ဒါးစက်ကမရှိပါ။ အောင်မိတ္တဆိုင်ကို အကူအညီတောင်းပြီး ဖြတ်ခိုင်းရပါမည်။ ဒီဇိုင်းလုပ်ရင်း မီးကလည်း (၂)နာရီလောက် ပြတ်သွားတယ်။
ဒီဇိုင်းလုပ်နေတုန်း ရန်ကုန်မှ မိုးယံရွှေလမင်းပင်ရင်းဆိုင်က ဒေါ်မာလာ ဖုန်းဆက်ပြီး အကူအညီတောင်းပါတယ်။ မကွေးမြို့မှာ မနက်ဖြန်(၁၈-၃-၂၀၁၂) နေ့ ညနေ(၅)နာရီမှာ မကွေးမြို့ မြို့တော်ခန်းမတွင် အောင်ဘာလေထီ(၂၇၈)ကြိမ်၊ သိန်း(၁၅၀၀) ကံထူးရှင် ဒေါ်မသာဖြူ (ရခိုင်ပြည်နယ်) ကို ဂုဏ်ပြုပွဲ လုပ်မည်။ အဲဒီပွဲအတွက် ပွဲတက်ရန် ဖိတ်စာကို မကွေးမြို့က သတင်းထောက် စောလှနွယ် (ခ) စောရန်နိုင်( 7Day ဂျာနယ်) (ခ) သီဟဖုန်းမိုလ် ( The Voice ဂျာနယ်) သတင်းထောက် ဟု မောက်မာစွာပြောဆိုပြီး တောင်းဆိုနေပါကြောင်းကို ရန်ကုန်က ဖုန်းဆက်ပြီးပြောပါတယ်။ မိုယံ သိန်း(၁၅၀၀) ဂုဏ်ပြုပွဲနဲ့ ပတ်သက်ပြီး သတင်းများမရေးစေလိုကြောင်း မေတ္တာရပ်ခံပါတယ်။ စောစောက သတင်းထောက် စောလှနွယ်က သူတို့ အပေါ်ဆိုင်မှာ ခြိမ်းခြောက်ပြီး ပြောဆိုနေကြောင်း၊ သတင်းသမားများကို မည်သူ့ကိုမှ မဖိတ်ပါကြောင်း၊ ရန်ကုန်မှ ခေါ်နေကြ ဦးဝင်းညိမ်း(အလင်းတန်းဂျာနယ်)၊ ဦးမြတ်ခိုင်( လျှပ်တစ်ပြက်/ မော်နီတာ သတင်းဂျာနယ်) အယ်ချုပ်များကိုတောင် မဖိတ်ခေါ်ခဲ့ပါကြောင်း၊ ယခု ပွဲကိစ္စသတင်းအား ဘယ်ဂျာနယ်၊ ဘယ်စာစောင် ကိုမျှ မထည့်စေလိုပါကြောင်း ဒေါ်မာလာက အသေးစိတ် မေတ္တာရပ်ခံနေပါတယ်။ ကျွန်တော်ကတော့ ကိုယ့်တစ်ဦးအတွက်ကိုသာ သတင်းမရေးပါဘူးလို့ တာဝန်ခံလိုက်ပါတယ်။ အခြားသတင်းထောက်များကိုတော့ ကျွန်တော်တာဝန် မယူနိုင်ပါကြောင်း ပြန်ပြီး ပြောလိုက်မိပါတယ်။ တော်တော်ကြာမှာ ဒီမိုးယံ သိန်း(၁၅၀၀) ဂုဏ်ပြုပွဲက သတင်းထောက် ကာကူး ခေါ် စောလှနွယ်က သူတို့ ကုန်းပေါ်မိုးယံရွှေလမင်းထီဆိုင်မှာ ရိုင်းစိုင်းစွာ ပြောဆိုသွားကြောင်း ကိုကျော်စိုးလင်း နဲ့ မိုးယံထီဆိုင် မန်နေဂျာလူငယ်အဖွဲ့ ရောက်လာပြန်တယ်။ ကျွန်တော့်ကို ပွဲတက်ပြီး သတင်းထောက်များကို လက်ပြခိုင်နေပြန်တယ်။ အဲဒီပွဲကို သတင်းမရေးစေချင်ရင် ဖိတ်စာကို သေသောချာချာစစ်ပြီး လက်ခံခိုင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် အဲဒီ မိုးယံ ပွဲကို မတက်ဘူးလို့ ပြောလိုက်ပါတယ်။ စာနယ်ဇင်းကို မဖိတ်ဘဲ ကိုယ်က သွားပြီး တက်နေရင် မတရားတာ ကျနေမည် စိုးလို့ပါ။ သတင်းမရေးစေချင်လို့တော့ မပြောဆိုကြဘဲ မိုးယံပွဲကို လက်မှတ်ဖိတ်စာအခက်အခဲကြောင့် စာနယ်ဇင်းသမားများ ကို မေတ္တာရပ်ခံတဲ့ အနေနဲ့မနက်ဖြန် (၂၈-၃-၂၀၁၂) နေ့ နံနက်(၁၀) နာရီတွင် လက်ဆောင်ပေး၍ လက်ဖက်ရည်ဆိုင်မှာ ဧည့်ခံလိုကြောင်း မိုးယံမန်နေဂျာများမှ ပြောပါတယ်။ ဒီကိစ္စ အတွင်းရေးမှူး ကိုနေခြည် နဲ့ တိုင်ပင်ရပါဦးမည်။ အဲသလို လက်ဆောင်ပေး၊ ဧည့်ခံလဲ ဒီပွဲသတင်းကို မရေးပါဘူးလို့တော့ မပြောဆိုနိုင်ကြောင်း ကျွန်တော်က ကြိုတင်ပြောပြထားပါ တယ်။ အင်း သတင်းသမား စောလှနွယ်(ကာကူး) ကတော့ မရှက် မကြောက် သွားရောက် ခြိမ်းခြောက် နေတာ ကျွန်တော်တို့ မကွေးမြို့ အနေနဲ့ကတော့ မဆန်းတော့ပါ။ မိုယံ မန်နေဂျာများကတော့ သူ့ကို ဘယ်လိုလူကြီးလဲ ဟု မေးနေကြပါတယ်။ စာရေးဆရာ သတင်းသမား ပွဲတက်မှ ထမင်းစားရတာ မဟုတ်ကြောင်း ကိုကာကူး(စောလှနွယ်) သိမည် မထင်ပါ။ သူ့ကြောင့် သတင်းသမားတွေ တော်တော်အောက်တန်းကျ ပြီး မျက်နှာပျက်နေရပါမည်..။
ညနေပိုင်း ကိုမြင့်ဇော်ဦး ရောက်လာတယ်။ကျွန်တော့် ကင်ပရာကို လာငှါးတယ်။ သတင်းသမားဆိုတာ ကင်ပရာ၊ အသံဖမ်းစက်တွေက ကိုယ်နဲ့ အမြဲကပ်ထားရမှာပါ။ ဒါကြောင့် ညအိပ်ငှါးမှာဆိုရင်တော့ မငှါးနိုင်ဘူး။ ယခု ညနေ ရိုက်ပြီး ချက်ချင်းပြန်ပို့မယ်ဆိုရင်တော့ ယူသွားပါဆိုပြီးငှါးလိုက်ပါတယ်။ သူက စီးပွားဖြစ် ဓာတ်ပုံရိုက်စားသူပါ။ သူ့ကင်ပရာက ဘက်ထရီအားကုန်သွားလို့ ယခုရိုက်နေတုန်း တန်းလန်းကြီးဖြစ်နေတယ် ဆိုလို့ အားနာပြီး ငှါးလိုက်ရပါတယ်။ နောက်ပြီး ယခု ကင်မရာက (၂၀၀၆)ခုနှစ် စတုထ္ထအကြိမ်စာပေညီလာခံကို သွားစဉ်မှာ သတင်းထောက်မိတ်ဆွေကြီး တောင်ကြီး သန်းဝေ ကိုယ်တိုင်လိုက်ပြီး ၀ယ်ပေးထားတာပါ။ အဲဒီအချိန်က ငွေ(၅)သိန်းလျှော့လျှော့ ပေးဝယ်ထားရတဲ့ ကန်နို D40 အကောင်းစား ကင်မရာဖြစ်ပါတယ်။ ယခုပြန်ရောင်းရင်တော့ ရေနံချောင်းမြို့၊ ဦးနီတွတ်(နှတ်ခမ်းမွှေး)က (၃)သိန်းခွဲရနိုင် တယ် ဆိုပါတယ်။ ဒါကိုရောင်းပြီး D90 ,D100 စတာတွေကိုဝယ်ဖို့ ပြောနေပြန်တယ်။ မ၀ယ်နိုင်ပါဘူးဆရာရယ်လို့သာ ပြောခဲ့ရပါတယ်။ ဘယ်လောက်ကျမလဲ ဈေးမေးကြည့်တော့ ငွေ(၈/၉)သိန်းလောက်ပေးရမယ်ဆိုဘဲ။ အဲဒီကင်မရာတွေ ဆိုရင် ခင်ဗျား အဝေးကြီးကနေပြီး အိမ်ထဲ ပန်းခြံထဲက ပုံတွေကို တယ်လီနဲ့ဆွဲရိုက်နိုင်တာပေါ့လို့ သွားရေကျအောင် ပြောဆိုနေပါတယ်။ သူပြောတာလဲ ဟုတ်ပေသားဘဲလို့ စိတ်ကူးပြီး လိုချင်နေပြန်တယ်။ ဒါပေမယ့် ယခုအချိန်မှာ ကင်မရာဝယ်ဖို့ထက် စားဖို့အတွက်ကို မရှိ ရှိတာလေးတွေချရောင်းပြီး စားနေရပါတယ် ဦးနီတွတ်ရယ်လို့ သာ ကျွန်တော့်စိတ်ထဲမှာ ပဲ့တင်ထပ်နေမိပါတယ်။ ကျမ်းမာ ချမ်းသာကြပါစေ..။
0 comments:
Post a Comment