၁-၅-၂၀၁၂ ` မြန်မာပို့စ် ဂျာနယ် မှ ကုန်းသာရွာ လျှပ်စစ်မီးလင်းသတင်းပါ´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၀၁-၅-၂၀၁၂) ၁-၅-၂၀၁၂ ` မြန်မာပို့စ် ဂျာနယ် မှ ကုန်းသာရွာ လျှပ်စစ်မီးလင်းသတင်းပါ´
နံနက်စောစောအိပ်ယာတယ်။ မင်းဘူး သစ္စာမေတ္တာဆရာတော်ထံသို့ သွားတယ်။ မနေ့က ငွေကျပျောက်ကြောင်း၊ ဆရာတော်အခန်းထဲမှ ကျခဲ့မည်လား မေးမြန်းလျှေက်ထားပါတယ်။ ဆရာတော်မှ မကျခဲ့ကြောင်း အဲဒီငွေက ပြန်၍ ရမည်မဟုတ်ကြောင်း ပြောပါတယ်။ မြန်မာပို့စ်ဂျာနယ် မှာ ကုန်းသာရွာ(၇)လနဲ့ မီးလင်း သတင်းပါလို့ မင်းဘူးမြို့နယ် ကန်ရေရွာက ဆရာနှင်းဦးမင်းဘူးထံ သွားရောက်ပေးခဲ့ပါတယ်။ အပြန်မှာ မင်းဘူးမြို့က စာရေးဆရာ ထက်ကောင်းလတ် အိမ်သို့ဝင်ရောက် တွေ့ဆုံခဲ့ပါတယ်။ အများနဲ့ တစ်ယောက်ဖြစ်နေကြောင်း မြင်တွေ့ခဲ့ရပါတယ်။ အပြန်မှာ မကွေးမြို့နယ်စည်ပင်သာယာရေးရုံးမှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်အား အင်တာဗျူးခဲ့ပါတယ်။ မနေ့က စုံစမ်းခဲ့တဲ့ ရန်ပယ်ဈေးအနောက်ဘက်က ဆိုင်ခန်း(၁၀၈)ခန်းကိစ္စကို မေးမြန်းခဲ့ပါတယ်။ ယနေ့ တစ်နေလုံး ည(၁၁း၃၀)အထိ သတင်းများကို ရေးပါတယ်။ စာကြွေးကျန်များကိုလည်း ပြန်လည်ရေးသားပါတယ်။ ညနေ ဆရာတင်လင်းဇော်လာပါတယ်။ သူ့ကိုပေးရန်ငွေ(၁၂၀၀၀ိ) ပေးလိုက်ပါတယ်။ ကိုနေခြည်ကိုလည်း မနေ့က ဆုချီးမြှင့်ငွေ(၃၀၀၀၀ိ) ပေးလိုက်ပါတယ်။ မနေ့က ပျောက်တဲ့ ထီဖိုးငွေ တစ်သောင်းကိုလည်း မစီက ငါးထောင် ကျွန်တော်က ငါးထောင် ပေးဆပ်လိုက်ပါတယ်။ ယနေ့မှ စတင်ကာ စကိုင်းနက် အင်တာနက်ကို အသုံးပြုပါတယ်။ ဂျာနယ်တိုက်များကို အီးမေးလ်များ ပို့ပါတယ်။
Artikel ၁-၅-၂၀၁၂ ` မြန်မာပို့စ် ဂျာနယ် မှ ကုန်းသာရွာ လျှပ်စစ်မီးလင်းသတင်းပါ´ ini dipublish oleh shwelannwelanwinkyi pada hari Thursday, May 24, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၁-၅-၂၀၁၂ ` မြန်မာပို့စ် ဂျာနယ် မှ ကုန်းသာရွာ လျှပ်စစ်မီးလင်းသတင်းပါ´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment