ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၅၇-၂၀၁၂) ၁၈-၃-၂၀၁၂ `ထူးဆန်းတဲ့ပွဲလေး သတင်းရေးသားခြင်းမဟုတ်ပါ´
မနေ့ကညနေ ကိုမြင့်ဇော်ဦးသား ကင်မရာငှါးသွားတာကို ပြန်ပို့ပေးပါတယ်။ ညက ကိုနေခြည်ကိုခေါ်ပြီး မိုးယံမှ မန်နေဂျာ ကိုကျော်စိုးလင်း၊ ကိုနိုင်လင်းအောင်တို့နဲ့ တွေ့ဆုံကြရန် မနက်ဖြန် နံနက်(၁၀)နာရီကိစ္စပြောပါတယ်။ သတင်းထောက်(၅)ဦးလောက်ကို ဖိတ်ခိုင်းလိုက်ပါတယ်။ ဒါကြောင့် ဒီနေ့ နံနက်ပိုင်းမှာ ကောင်းမွန်စူပါမားကတ် စားတော်ဆက်သို့ ဆုံဖြစ်ကြပါတယ်။ ကိုနေခြည်၊ ကိုမျိုးဇော်၊ ကိုတင်လင်းဇော်၊ ဆရာမ ရွှေယင်းမြေခင်စံပယ်ဖြူ တို့တက်ကြပါတယ်။ ၀ီကလီးအလဲဗင်း ကိုအောင်သူငြိမ်းထံသွားခေါ်သော်လည်း သူရန်ကုန်သို့သွားနေကြောင်း သိရတယ်။ မနေ့ဖြစ်တဲ့ ကာကူးခေါ် သတင်းထောက် စောလှနွယ် (ခ) စောရန်နိုင် (7DAYဂျာနယ်) (ခ) သီဟဖုန်းမိုလ်( The Voice ဂျာနယ်) ဆိုတဲ့ သတင်းသမားက မကွေးမြို့ ကားကြီးကွင်းဘေးမှ မိုးယံထီဆိုင်ကို ပွဲတင်ချင်လို့ ဖိတ်စာသွားတောင်းတာပါ။ ရိုးရိုးပြောဆို မတောင်းဘဲ `ငါကဒီမြို့မှာ သတင်းသမားအကြီးဆုံး၊ ငါ့ကို ပွဲမတက် သတင်းမရေးရဘူးပြောပြီး ငါအောက်ကောင်တွေ သတင်းရေးသားရင် ငါ့မှာ အင်ပရက်ရှင်အောက်တယ်။ အဲသလိုဆိုရင် ငါ့အကြောင်းသိစေမယ်။´ လို့ ရန်ကုန်မြို့က မန်နေဂျာဒေါ်မာလာနဲ့ တိုက်ရိုက်ဖုန်းဆက်ပြောဆိုကြသတဲ့ဗျာ..။ ကောင်းပါလေရော့..။ မကွေးမြို့က သတင်းသမားတွေ ဒီ ကာကူး(ခ) စောလှနွယ် ဆိုတဲ့ကောင်တစ်ယောက်နဲ့ အားလုံးကို အထင်သေးခံလိုက်ရပြီ..။
ယခု ဆွေးနွေးပွဲမှာ မိုးယံမန်နေဂျာ လူငယ်နှစ်ယေက်ဖြစ်ကြတဲ့ ကိုနိုင်လင်းအောင်၊ ကိုကျော်စိုးဝင်းတို့က ` မကွေးစာနယ်ဇင်းနဲ့ သတင်းသမားများကို မဖိတ်ကြားနိုင်တာကို နာလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်တဲ့ပွဲလေး ဖြစ်ပါတယ်။ ယခု မကွေးမြို့မှာ ဒီနေ့ညနေ(၅)နာရီ ကျင်းပမယ့် သိန်း(၁၅၀၀) ကံထူးရှင်းနဲ့ ကိုယ်စားလှယ်တော်ကြီးများ ညစာစားပွဲ ကျင်းပတဲ့ ပွဲသေးသေးလေးတစ်ခုသာ ဖြစ်ပါတယ်။ တစ်ယောက်ချင်း ဖိတ်စာနဲ့ စားပွဲများကို စီစဉ်လက်ခံပြီး ခပ်ကျဉ်းကျဉ်းလေးသာ ကျင်းပပေးမှာပါ။ ဒါကြောင့် ဒီပွဲကို မဖိတ်ကြားတာဖြစ်ပါတယ်။ နောက်ပြီး ဒီပွဲကိုလည်း မိုးယံအတွက် မြှောက်စားတဲ့ သတင်းများကိုလည်း ဘယ်ဂျာနယ် ဘယ်စာဆောင်တွေကိုမှ မပါစေချင်ကြောင်း၊ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့ မိုးယံသတင်းပါတာနဲ့ အောင်ဘာလေဌာနက ခေါ်ယူမေးမြန်းသတိပေးတာတွေကြောင့်ပါ။ ဒါကြောင့် ကျွန်တော်တို့ မိုးယံသတင်းများကို မီဒီယာတင်ပေးခြင်း မပြုလုပ်ကြရန် အထူးမေတ္တာရပ်ခံရပါတယ်။ ယခု ဆရာတို့နဲ့ တွေ့ဆုံတာကို မသိစေချင်ပါဘူးခင်ဗျာ..။´ဟု ကိုနိုင်လင်းအောင်က ရှင်းပြပါတယ်။ ကျွန်တော်ကလည်း မကွေးစာနယ်ဇင်း မှာ ဒုတိယ ဥက္ကဋ္ဌ တာဝန်ရှိသူဆိုတော့ ယနေ့မိုးယံပွဲကို မတက်ဖြစ်ပါကြောင်း၊ ဘာကြောင့်လည်းဆိုတော့ မကွေးစာနယ်ဇင်းအဖွဲ့မှာ အဖွဲ့ဝင်ပေါင်း(၆၀) ခန့်ရှိပါတယ်။ ဂျာနယ်သတင်းထောက်များ (၇)ယောက်လောက် ရှိပါတယ်။ သူတို့ကို မဖိတ်ဘဲ ကျွန်တော်က မိုးယံထီကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဖိတ်ထားတာကို မတက်တော့ပါဘူးလို့ မန်နေဂျာလေးတို့ကို ပြောလိုက်ရပါတယ်။ ကျွန်တော်ကိုယ်စား ကျွန်တော့်ဇနီဒေါ်ခင်စီနဲ့ ညီမ မစောသင်းယုတို့ နှစ်ဦးတက်ကြပါတယ်။
ကျွန်တော့်ဇနီးနဲ့ သူ့ညီအမ နှစ်ယောက် မိုးယံသိန်း(၁၅၀၀)ဂုဏ်ပြုပွဲသို့ ညနေ(၅)နာရီမှာ သွားကြပါတယ်။ တော်တော်ကြာတော့ ဖုန်းဆက်ပါတယ်။ လမ်းငါးသွယ် အ၀ိုင်းမှာ မော်တော်ဆိုင်ကယ်စီး ဦးထုပ်မပါလို့ အဖမ်းခံရကြောင်းပါ။ ဒါနဲ့ ကျွန်တော်နဲ့ ကျွန်တော့်သားတို့ လိုက်ရပါတယ်။ ဖမ်းဆီးရေးအဖွဲ့က ယာဉ်ထိမ်းတပ်ဖွဲ့မှ အရာရှိကို အကူအညီတောင်းပါ တယ်။ အချိန်မီ ယာဉ်ထိမ်းရဲစခမ်းကို လိုက်သွားခိုင်းပါတယ်။ ဒါနဲ့ ဆက်လိုက်ပါတယ်။ တာဝန်ရှိသူတစ်ယောက်နဲ့ တွေ့ပြီး အကျိုးအကြောင်းပြောပါတယ်။ ညနေ(၆)နာရီလောက်မှာ ပြန်လာရန်ပြောပါတယ်။ ကျွန်တော့်သားကို နောက်တစ်ခေါက် ထပ်ပြီးလွှတ်လိုက်ပါတယ်။ အချင်းချင်းဆိုပြီး အကူအညီတောင်းလိုက်တာ ဒါပေမယ့် ငွေ(၇၀၀၀ိ) တောင်းလို့ ပေးခဲ့ရကြောင်း သိလိုက်ရပါတယ်။ တရားရုံးသို့ပို့လိုက်ရင် ငွေတစ်သောင်းကျော်လောက်ကုန်မယ်။ အချိန်က တစ်ရက်လုံး ကုန်ပါ့မယ်။ ယာဉ်ထိမ်းအဖွဲ့မှာ ယခုရက်ပိုင်း နေ့/ည ဆိုင်ကယ်များကို ဖမ်းနေမယ်လို့သိရပါတယ်။ ဘာကြောင့်လည်းဆို တော့သင်္ကြန်မဏ္ဍဆောက်ဖို့ ရံပုံငွေများရရန် အထူးကြိုးစားနေကြောင်း ကြားသိရပါတယ်။ မန္တလေးမြို့ မှာဆိုရင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ ကားများကိုပါ ဖမ်းတော့မယ်လို့ ဂျာနယ်သတင်းများမှာ ဖတ်ရပါတယ်။ ကျွန်တော်တို့ မကွေးမြို့မှာက တက္ကသိုလ်ကျောင်းများ၊ ကောလိပ်ကျောင်းများ၊ အခြားအထက်တန်းကျောင်းများ ရှိနေတော့ သက်သက်ညှာညှာ လုပ်သင့်ကြောင်းပါခင်ဗျာ..။ ကျမ်းမာချမ်းသာကြပါစေ။
0 comments:
Post a Comment