၂၇-၁-၂၀၁၂ `တောင်ငူမြို့သို့ စာပေဟောပြောပွဲ ခရီးစဉ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၉-၂၀၁၂) ၂၇-၁-၂၀၁၂ `တောင်ငူမြို့သို့ စာပေဟောပြောပွဲ ခရီးစဉ်´ ၂၆-၁-၂၀၁၂ နေ့က ဒေါက်တာမြသောင်း (သင်ကြားရေးဆေးရုံအုပ်ကြီး) ကားနဲ့ တောင်ငူမြို့သို့ ကားကြုံစီးပြီး ခရီးထွက်ခဲ့ပါတယ်။ မကွေး မှ နေ့လယ်(၁း၃၀)နာရီမှာ စတင်ထွက်ခဲ့ကြပါတယ်။ ကံပြား မှ နေပြည်တော်တော်သို့ ဖြတ်လမ်းက သွားခဲ့ပါတယ်။ ကံပြားလမ်းဆုံကနေ တောင်ညိုလမ်းဆုံအထိ (၇၉ မိုင် ၄ ဖာလုံ) ရေးထားပါတယ်။ တောင်ညိုလမ်းဆုံကနေ နေပြည်တော်သို့ (၁၉ မိုင် ၆ ဖာလုံ) ရေးထားပါတယ်။ တောင်ညိုကနေ တောင်တွင်းကြီးမြို့သို့ (၄၀မိုင် ၆ ဖာလုံ) ရေးသားထားတဲ့ လမ်းဆုံမှတ်တိုင် အရ သိခဲ့ရပါတယ်။ ဒါဆိုရင် မကွေးမြို့မှ ကံပြားရွာထိက (၇မိုင်) ၊ ကံပြားရွာလမ်းဆုံမှ တောင်ညိုလမ်းဆုံထိ (၇၉မိုင် ၄ဖာလုံ)၊ တောင်ညိုလမ်းဆုံကနေ နေပြည်တော်အထိက (၁၉မိုင် ၆ဖာလုံ) ဆိုတော့ မကွေးမြို့မှ နေပြည်တ်ာသို့ (ကံပြား+နေပြည်တော် ဖြတ်လမ်း)က သွားမယ်ဆိုရင် စုစုပေါင်းမိုင်ပေါင်း(၁၀၆ မိုင်) ခန့် ခရီးဝေးပါတယ်။ ကားမောင်ချိန်ကတော့ ရွှေမန်းသူ ခရီးသည်တင် အဝေးပြေးမှန်လုံ ကားမောင်းချိန်ကတော့ နေပြည်တော် မှ ညနေ(၆နာရီ) ထွက်တဲ့ကားက မကွေးမြို့ကို ည (၁၁) နာရီခန့်မှာ ရောက်ပါတယ်။ ကားမောင်းချိန်၊ နားချိန်အပါအ၀င် (၅)နာရီခန့် အချိန်ကြာအောင် ကားစီးရပါတယ်။ ကိုယ်ပိုင်ကားလေးဆိုရင် (၄)နာရီလောက်သာ အချိန်ကြာပါမည်။ အဲဒီ (၂၆-၁-၂၀၁၂) နေ့က မကွေးမြို့က (၁း၃၀) နာရီ ထွက်လာတဲ့ကားလေးမှာ ရန်ကုန် မန္တလေး အမြန်လမ်းမပေါ် (၂၁၈)မိုင်တိုင်သို့ ညနေ(၅)နာရီ ရောက်လာပါတယ်။ အမြန်လမ်းအထိ မောင်းချိန်(၃း၃၀)နာရီခန့် ကြာပါတယ်။ တောင်ငူမြို့သို့ ည(၇)နာရီမှာ ၀င်သွားပါတယ်။ အမြန်လမ်းမကြီးက တော်တော်လေး ကောင်းပါတယ်။ အမြန်လမ်းမပေါ် က လမ်ဘေး သတိပေးဆိုင်ဘုတ်တွေကလည်း မကြာမကြာ တွေ့မြင်နေရပါတယ်။ ကားမောင်းသူများ အိပ်ငိုက်ခြင်း မပြုရ။ မိုင်(၆၀) ကျော် မောင်းရင် အသက်အန္တရာယ်စိုးရိမ်ရပါသည်။ ခရီးသည်တင် ယာဉ်များသာ မောင်းနှင်းခွင့်ပြုပါသည်။ ကုန်တင်ယာဉ်များ၊ အနှေးယာဉ်များ လုံးဝ မောင်းနှင် ခွင့် မပြုပါ။ စတဲ့ ဆိုင်းဘုတ်တွေ ကို လမ်းဘေးတွေမှာ ရေးသားထားပါတယ်။ ဒါပေမယ့် အမြန်လမ်းမကြီးပေါ်မှာ မော်တော်ဆိုင်ကယ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ထားလိုက်ပါတယ်။ ဒေါက်တာမြသောင်း (ခ) စာရေးဆရာ ကဗျာဆရာ သောင်းကေတု ကားနဲ့ တောင်ငူစာပေဟောပြောပွဲသို့ ရောက်ခဲ့ရပါပြီ။ စာရေးဆရာ အေးရွှေ(ကေတုမတီ) ရဲ့ တိုက်မှာ တည်းခိုပါတယ်။ အဲဒီညမှာပဲ ဆရာအေးရွှေ( ကေတုမတီ) နဲ့ ဆရာ ကေတု မောင်ညိုလင်းတို့ နှစ်ယောက်က ကားလေးနဲ့ တောင်ငူမြို့တော်ကြီးကို လှည့်လည်ပြသကြပါတယ်။ တောင်ငူမြို့ကို တည်ထောင်သူ ဘုရင့်နောင်မင်း (ဒါးဆွဲထုတ်) ရုပ်တုကြီးမှာ မှောင်နဲ့ မည်းမည်း မတ်တပ်ကြီးဖြစ်နေတာကို တွေ့မြင်လိုက်ရပါတယ်။ နယ်ခံ စာရေးဆရာများ ပြောကြားချက်အရ တောင်ငူမြို့ကြီးဟာ မြို့သက်တမ်း တောင်ငူမြို့ဟောင်းကြီးက နှစ်ပေါင်း(၇၀၀) ကျော်၊ ယခု လူအများနေထိုင်နေတဲ့ တောင်ငူမြို့ကြီးက နှစ်ပေါင်း(၅၀၀) ကျော်လာကြောင်း သိရပါတယ်။ ရှေးဟောင်း အမွှေအနှစ် လက်ရာများ အများအပြားတည်ရှိနေတာကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် ဒီလို နှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့ ရှေးဟောင်း အနုပညာလက်ရာများကို ထိမ်းသိမ်းစောင့်ရှောက်မှု အလွန်နည်းပါးနေကြကြောာင်း မြို့ခံ စာရေးဆရာများက ပြန်လည်ပြောကြားလို့ သိခဲ့ရပါတယ်။ တောင်ငူမြို့ကြီးဟာ တော်တော်လေး လှပ သာယာပါတယ်။ အလျား (၂မိုင်ခွဲ) အနံ(၂) မိုင် ရှိကြောင်း သိရပါတယ်။ နောက်တစ်နေ့ နံနက်လင်းမှာ တောင်ငူမြို့ စာပေဟောပြောပွဲကျင်းပမယ့် မိုင်ဒါ ဘောလုံးကွင်းကို သွားရောက်ကြည့်ရှုခဲ့ပါ တယ်။ မနေ့က (၂၆-၁-၂၀၁၂) နေ့ ညမှာ တောင်ငူမြို့ တရားပွဲများရဲ့ (၁၀)ရက်ပြည့် တရားပွဲကြောင့် စာပေဟောပြောပွဲကို (၂၇-၁-၂၀၁၂) နေ့ ညမှ တစ်ရက်နောက်ဆုတ်ပြီး ကျင်းပခဲ့ရကြောင်း သိရပါတယ်။ ဒါကြောင့် အချို့စာရေးဆရာများ ရက်ပြောင်းသွားရလို့ မလာနိုင်ကြကြောင်း ကြားသိရပါတယ်။ စာပေဟောပြောပွဲက (၂၇) ရက်နေ့မှ (၃၁-၁-၂၀၁၂) နေ့ အထိ (၅)ရက် ၊ (၅)ည ကျင်းပမှာ သိရပါတယ်။ တစ်ညမှာ စာရေးဆရာ နှစ်ဦး ဟောပြောကြဖို့ စီစဉ်ထားပါတယ်။ ၂၇-၁-၂၀၁၂ နေ့ညမှာ ဆရာမောင်သာချို နဲ့ ဆရာဖေမြင့် တို့ နှစ်ဦး စတင်ဟောပြောကြပါတယ်။ ၂၈-၁-၂၀၁၂ နေ့ည မှာ စာရေးဆရာ ချစ်စရာ နဲ့ ဦးဘုန်း(ဓာတု) မန္တလေး မှ စာရေးဆရာနှစ်ဦးဟောပြောကြပါမည်။ ၂၉-၁-၂၀၁၂ နေ့ညမှာ စာရေးဆရာ ကျော်ရင်မြင့် နဲ့ ကာတွန်းဆရာ အော်ပီကျယ် တို့ ဟောမည်။ ၃၀-၁-၂၀၁၂ နေ့ညမှာ အကယ်ဒမီ(ဇာတ်ညွှန်း) ငြိမ်းမင်း နဲ့ စာရေးဆရာ ကြည်မင်း(ခ) ကျော်ဇောမင်း တို့ ဟောကြမည်။ ၃၁-၁-၂၀၁၂ နေ့ညမှာ စာရေးဆရာ ဟိန်းလတ် နဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့ ဟောပြောကြမည် ဖြစ်ကြောင်း ကြော်ငြာထားတာကို မြင်တွေ့ခဲ့ပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၂၇-၁-၂၀၁၂ `တောင်ငူမြို့သို့ စာပေဟောပြောပွဲ ခရီးစဉ်´ ini dipublish oleh shwelannwelanwinkyi pada hari Sunday, May 20, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၂၇-၁-၂၀၁၂ `တောင်ငူမြို့သို့ စာပေဟောပြောပွဲ ခရီးစဉ်´
 

0 comments: