တရားရှာရင် ငါသည်မုချသေရမည်
အချိန်ပိုင်းသာ လိုတော့သည် ။
ဒါပေမဲ့ဗျာ..
စီးပွားရှာရင် ငါမသေနိုင်သေးပါဘူး..
လူတွေနဲ့ငါ ထင်နေကြတာ…ငါနဲ့ငါသာ နိုင်းယှဉ်စရာမရှိ.။
ဓမ္မနဲ့ အဓမ္မ ကြောချင်းကပ်နေတာ
လူတွေနဲ့ငါ အားလုံးအသိပါ...။
ကဲ မင်း မနက်ဖြန် ကောင်းရာသုဂတိဘုံကို
တခါတည်း လိုက်ခဲ့ပါခေါ်သူရှိနေရင်...
မင်း ဘယ်လိုအဖြေပေးမှာလဲ...? ။
မှန်ပါ... ဘယ်တော့မှ မပြီးနိုင်သေးတဲ့၊ကိစ္စလေးတွေကို
ဆောင်ရွက်ပါရစေဦး အရှင်ဘုရား...။
လူတစ်သိန်းသေလို့ သုဂတိဘုံသို့ တစ်ယောက် မရောက်ပါ….။
ရွှေလမ်းငွေလမ်းဝင်းကြည်
5-4-2005 ညနေပိုင်း ၇ နာရီ။
0 comments:
Post a Comment