အဖေအို၏ တန်ဘိုး

အဖေအို၏ တန်ဘိုး
(ကဗျာ)
ရွှေလမ်းငွေလမ်းဝင်းကြည်


• သမီးတို့ ဘယ်သူ့ကိုအားကိုးရတော့မှာလည်း..ဖေဖေ..?။
• အို..အဖေရယ်….
တစ်လောကလုံးရှာ..အဖေအစစ်ဆိုတာ..အစားမရနိုင်ပါဘူး။

• သမီးတို့ဘ၀အတွက် အဖေတာဝန်ကျေခဲ့ပါတယ်..
မကောင်းမြစ်တား ကောင်းရာညွှန်လတ် ပဲ့ပြင်ဆုံးမ
အတတ်စေ ပေဝေနှီးရင်း ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ..။

• မြင့်မိုရ်တောင်ဦး မကကြူးတဲ့ ကျေးဇူးရှင် ဖေဖေရေ..
ဖေဖေ မသေခင်ကာလတစ်လျှောက်မှာ…
အိမ်ဦးခန်းက..(အဟမ်း..အဟမ်း..)ဆိုတဲ့
ဖေဖေရဲ့ ချောင်းဟန့်သံလေးတွေဟာ..
သမီးတို့အတွက် တကမ္ဘာလုံးရှိသမျှ
ဘေးရန် အန္တရာယ်တွေကို….
ဝေးရန် တားဆီပေးနေခဲ့ပါတယ်ဖေဖေ……..။

• ယနေ့အထိ ဘ၀ဂ်သို့လျှံတက် ကျန်နေခဲ့တဲ့…
(အဟမ်း..အဟမ်း..)ဖေဖေ့ရဲ့ချောင်းဟန့်သံတွေကို
သမီးတို့ နားဝမှာ ထာဝရကြားနေရပြီး
မြင့်မိုရ်တောင်မက.. အားကိုးနေပါရစေလား…
အို..ချစ်သောဖေဖေရေ……………..။

(အဖေ့သို့ အမှတ်တရ၊ မျက်ရည်ကျ၍ ဤကဗျာဖြင့် ကန်တော့လိုက်ပါသည်..။)


ရွှေလမ်းငွေလမ်းဝင်းကြည်
29/5/2009 နံနက်(၅)နာရီတွင် ရေးသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel အဖေအို၏ တန်ဘိုး ini dipublish oleh shwelannwelanwinkyi pada hari Thursday, May 28, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 1comments: di postingan အဖေအို၏ တန်ဘိုး
 

1 comments:

desertraindrops said... | June 30, 2009 at 10:39 AM

ကဗျာကောင်းလေး တစ်ပုဒ်ပါ။ မိခင်က ကိုးလလွယ်ဆယ်လဖွားဖို့ ပြုစုစောင့်ရှောက်ချိန်မှာ ဖခင်မှာလဲ ဖွားမြင်လာမဲ့ သားသမီးတွေ စားဝတ်နေရေးအတွက် ပိုကြိုးစားခဲ့ရတယ်နော်။