စွန့်နိုင်မှစွမ်း နိဗ္ဗာန်လမ်း(၂)


မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ဟောကြားသောတရာတော်..

ကိုကျော်ဇေလှ http://www.dhammaknowledge.co.cc/ , http://www.myautoosayadaw.com/ , http://www.dhammaknowledge.com/ မှ ဓမ္မဒါန ရေးသားပူဇော်သည်။

ကိုဖိုးသား ပေးပို့ထားသောမေးလ်အား တဆင့်ဖော်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်


ဆင်းရဲခံမှ ချမ်းသာရ

သာသနာ ၀န်ထမ်း ရှင်ရဟန်းဘ၀ ဆိုတာခက်တယ် ဒကာ၊ ဒကာမတွေ
(တင်ပါ့ဘုရား)
ကိုယ့်အိမ်ရာကိုယ့်ရာမှာ နေခံစဉ်တုန်းကတော့ ညီအစ်ကို မောင်နှမတွေ၊
မိဘတွေ၊ မိသားစုတွေက ကိုယ့်အပေၞ အလိုလိုက်အကြိုက်ဆောင်ကြတယ်။ စားချင်သမျှ
ကျွေးကြတယ်။အစစ အရာရာပေါ့။ သာသနာဝန်ထမ်းရှင်ရဟန်းဘ၀လည်းရောက်ရော၊
အပူစားချင်ပြန်တော့လည်းပဲ အအေးချည်းပဲ စားရတယ်။ဒါကိုလည်း
အများကြီးသည်းခံခဲ့ရတယ်။ ဘုန်းကံတွေ မရှိသေးခင်တော့ အစစအရာရာ
ပိုပြီးဆင်းရဲတာပေါ့။ လူတွေလည်း အသိအကျွမ်း မရှိသေးဘူး။ ဒီတော့ဖြစ်သလိုပဲ
စားရတယ်။ဖြစ်သလိုပဲ ၀တ်ရတယ်။ဖြစ်သလိုပဲနေရတယ်။ ဟုတ်လား
(တင်ပါ့ဘုရား)
အဲဒီလောကဓံတွေကိုလည်းပဲ သည်းခံရပါတယ်။ ဒီထက်မက ပြောပြဖို.မတတ်နိုင်တဲ့
စွန်.စားခြင်း ကြီးငယ်တွေ အများကြီးရှိပါသေးတယ်နော်။ဒကာ၊
ဒကာမတွေစွန်.စားခြင်းသည် မည်သည့်ပုဂ္ဂိုလ်မဆို
စွန်.နိုင်တဲ့ပုဂ္ဂိုလ်များအတွက် စွမ်းတယ်လို.ပြောတယ်။ဒါကြောင့်
စွန်.စားရတယ်။ တရားတွေအားထုတ်တဲ့အခါမှာလည်း စွန်.စားရတယ်။တရားတွေ
တိုးတက်ဖို. ကိုယ့်အတွက် အဓိကပန်းတိုင်ထားရတယ်။ထွက်လာတဲ့ နေမင်းကြီး
ပြန်မ၀င်ခင် ငါ့အတွက် ကြီးမားသော အခွင့်ကောင်းကြီးတစ်ခု ဖြစ်စေရမယ်ဆိုတဲ့
ဆုံးဖြတ်ချက်မျိုး မိမိကိုယ်ကို ချတတ်ရမယ်နော်
(တင်ပါ့ဘုရား)
ပရိယတ္တိ ၀ိသာရဒ ဂုဏ်တွေနဲ.လည်းပဲ ပြည့်စုံဖို. လိုအပ်တယ်။ ပဋိပတ္တိ ၀ိသာရဒ
ဂုဏ်တွေလည်း ပြည့်စုံနေဖို. လိုအပ်တယ်။ ပရိယတ်၊ ပဋိပတ်
ကျွမ်းကျွမ်းကျင်ကျင်ရှိဖို. လိုအပ်တယ်။ဒါလေးတွေ ဒီလိုပေၞလာရင်
ဒီလိုမှတ်ရမယ်။ဒီလို ကျင့်သုံးရမယ်ဆိုတဲ့ ကြိုတင်ပြီး စွမ်းအားလေးတွေကို
စုစည်းထားတတ်ရတယ်။
(တင်ပါ့ဘုရား)
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ မေတ္တာလက်နက် ကိုင်ဆောင်ရပါတယ်။ ဒါကို
လက်နက်ကောင်းလို. ခေၞတယ်။ အရန်ကမ္မဋ္ဌာန်းပေါ့။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းဖို.
လိုအပ်တယ်နော်
(တင်ပါ့ဘုရား)
ဝိပဿနာ တစ်ခုတည်းကို အားထုတ်တတ်ရုံနဲ. မပြီးသေးဘူး။ သမာထစွမ်းးအားတွေလည်း
လိုအပ်ရင် လိုအပ်သလို ထည့်ပေးရတယ်။ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ ဟောဒီ
ယခုလို ရိပ်သာမှာ လာအားထုတ်တာကတော့ ဘာအန္တရယ်မှ မရှိဘူးနော်။
ဘုန်းကြီးတို. အရန်သင့် ဆောက်လုပ်ပေးထားတဲ့နေရာမှာ လာရောက်ပြီးတော့
ရှေးဘုန်းရှေးကံရှိတဲ့ သံဃာတော်တွေက ကြိုးစားပမ်းစား ပြုလုပ်ထားတဲ့
အဆောက်အဦးတွေ၊ နေရာထိုင်ခင်းတွေ၊ စားစရာတွေ စသည်ဖြင့် ရုပ်ပြသာသနာပြု
အဆောက်အဦးတွေ တည်ထောင်ထားခြင်းကြောင့် ဒကာ၊ ဒကာမတွေအတွက် လိုအပ်သေးမရှိ
အဆင်သင့် ဖြစ်မနေဘူးလား
(ဖြစ်နေပါတယ်ဘုရား)
ဘုန်းကြီးများ ဒီနေရာကို ရောက်ခါစတုန်းက ဒီနေရာမှာ ဘာမှမရှိခဲ့ပါဘူး။
ဘာမှမရှိတဲ့ ၀ါးကျောင်းလေး တစ်ဆောင်သာရှိတယ်။ အဲဒါကနေပြီးတော့
သာသနာပြုလုပ်ငန်းကြီးကို စတင်ပြီးတော့ သမထ၊ ၀ိပဿနာ နှစ်ရပ်တို.ကို
လက်ကိုင်ထားပြီး ကြိုးစားလာခဲ့ရပါတယ်
(တင်ပါဘုရား)
စွန်.စွန်.စားစားပေါ့နော်။ အဲသလို စွန်.စားပြီးတော့ မိမိသန္တာန်မှာ
ဒါနအလုပ်တွေ၊ သီလအလုပ်တွေ၊ သမထအလုပ်တွေ၊ ၀ိပဿနာအလုပ်တွေ အဲသလို
အင်္ဂါရပ်တွေနဲ. ပြည့်စုံတဲ့ တရားထူးတရားမြတ် ကုသိုလ်စွမ်းအားလေးတွေကို
ပြုဖန်များလာတော့မှ အခုလို ဖြစ်လာခဲ့တာပါ
(တင်ပါ့ဘုရား)
အလိုလို ဖြစ်လာတာလား၊ စွန်.စားလိုလား
(စွန်.စားလို.ပါ ဘုရား)
ဒကာ၊ ဒကာမတွေ ယခုလို အားပါးတရ တရားနာနိုင်တာလေးဟာလည်း စွမ်းအားတစ်ခုပါပဲ
(တင်ပါ့ဘုရား)
ဦးစွာပထမ ဘုန်းကြီးတို. ရိပ်သာ စဖွင့်စဉ်တုန်းကဆိုရင်
သာမန်လောက်ပါပဲ။ဟော့ဒီ ဓမ္မရုံက ၀ါးလေးကာပြီး အုန်းမိုးထားတာနော်။
ကြမ်းတောင်မခင်း ရပါဘူး။မြေကြီးပေၞမှာပဲ ထိုင်ရတယ်နော်။
(တင်ပါ့ဘုရား)
ပြီးတော့မှ ဒကာ၊ ဒကာမတွေ ၀ိုင်းလှူကြလို. အခင်းလေးဖြစ်လာတယ်။
အကာမရှိသေးဘူး။ဖျာကြီးတွေ၊ ၀ါးထရံတွေကာပြီး ထားရတယ်။တဖြည်းဖြည်း
မြို.သူမြို.သား နယ်သူနယ်သား ဒကာဒကာမများ စွမ်းဆောင်မှုကြောင့်
ယခုလို ချမ်းသာစွာ နေထိုင်လာကြတယ်နော်။
(တင်ပါ့ဘုရား)
အရင်တုန်းက မီးဆိုရင်လည်း ဖယောင်းတိုင်လေးထွန်းပြီး
အားထုတ်ခဲ့ရတယ်။အခုဆိုရင်တော့ လျှပ်စစ်မီးတွေနဲ. ပြည့်ပြည့်စုံစုံ
ဖြစ်လာတယ်။ဟုတ်လား
(တင်ပါ့ဘုရား)
အဲသလို ဆင်းရဲခြင်းရဲ. နောက်ကွယ်မှာ ဘာရှိသလဲ
(ချမ်းသာခြင်းပါဘုရား)
ဘယ်သူမပိုင် ဘုံဆိုင်မှတ်ကြ
ချမ်းသာခြင်းရှိပါတယ်။ စွန်.စားရင်ကြိုးစားရင် အောင်မြင်မှုရတယ်ဆိုတာကို
ဒကာ၊ဒကာတွေကို သိစေချင်လိုပါ
(တင်ပါ့ဘုရား)
မည်သည့်ပုဂ္ဂိုလ်မဆို ကြိုးစားရင် ဘာမဆို မဖြစ်နိုင်ဘူးလား
(ဖြစ်နိုင်ပါတယ်ဘုရား)
မလုပ်ရင်တော့ မဖြစ်ဘူးပေါ့။တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်။ဒါဆိုရင်
တိုးတက်လာတဲ့ ရုပ်ပိုင်းဆိုင်ရာတွေဟာ အထင်ကြီးစရာလားဆိုရင်
မဟုတ်ပါဘူး။ဘုန်းကြီးတို.က ကိုယ့်ကိုယ်ကိုယ်လည်း အထင်ကြီးစရာ ဘာမှ
မရှိပါဘူး။ဟောဒီ ကျောင်းတိုက်တွေဟာလည်းပဲ ဘုန်းကြီးများနဲ.
ဘာမှမဆိုင်ပါဘူး။ဒါဟာ သာသနာပြု နေရာဋ္ဌာနလေး တစ်ခုအဖြစ် ဘုန်းကြီးတို.က
ဖန်တီးပေးတဲ့သဘောသက်သက်ပါ။ ဟုတ်ပြီလား
(တင်ပါ့ဘုရား)
ဒီကျောင်းတိုက် အဆောက်အအုံနေရာဋ္ဌာနတွေနဲ. ပတ်သက်လို. ဘုန်းကြီးတို.
နည်းနည်းလေးမှ ငဲ့ကွက်မှုမရှိပါဘူး။ တွယ်တာလို. လည်းမရပါဘူး။
ဘာဖြစ်လို.လဲမေးတော့ မည်သည့်အရာမဆို မြဲမြံခြင်း မရှိဘူးဆိုတာ
ကြိုတင်ပြင်ဆင် သဘောပေါက်ထားတယ်။ အရာမှန်သမျှတွေဟာ ရုပ်လောကဖြစ်ဖြစ်၊
နာမ်လောကဖြစ်ဖြစ် မည်သည့်ပုဂ္ဂိုလ်မဆို ရုပ်နာမ်လောက မှန်သမျှတို.ဟာ
မြဲမြံခြင်းမရှိ၊ ခိုင်ခံ့ခြင်းမရှိ၊ တည်မြဲခြင်းမရှိဘူး။ဟုတ်ကဲ့လား
(တင်ပါ့ဘုရား)
မိမိရုပ်နာမ်လောကတောင်မှ မြဲမြံခြင်းလည်းမရှိ၊ တည်မြဲခြင်းလည်းမရှိ၊
ခိုင်ခံ့ခြင်းလည်းမရှိဆိုရင် ခန္ဓာကိုယ်အကြောင်းရင်ကိုစွဲပြီး
ဖြစ်ပေၞလာသော ခန္ဓာပွားတွေ။ ရုပ်ပွားတွေ နာမ်ပွားတွေဟာလည်းပဲ
နိစ္စလောကမရှိဘူး။
အနိစ္စလောကတာဖြစ်ပါတယ်။ ဘာတဲ့လဲ
(အနိစ္စလောကပါဘုရား)
သုခလောကလား၊ ဒုက္ခလောကလား
(ဒုက္ခလောကပါဘုရား)
အတ္တလောကလား၊ အနတ္တလောကလား
(အနတ္တလောကပါဘုရား)
အနတ္တလောကကြီးပါ။ အဲသလို အနိစ္စလို. မြင်ဖို.လိုတယ်။ ခန္ဓာကိုယ်မှာရှိနေတဲ့
အနိစ္စကိုအနိစ္စလိုမြင်မယ်။ဒုက္ခကို ဒုက္ခလို.မြင်မယ်။ အနတ္တကို
အနတ္တလို.မြင်ရမယ်
(တင်ပါ့ဘုရား)

ဆင်ခြင်တွေးဆ သင်္ခါရ

အရှိကို အရှိအတိုင်း မြင်ရမယ်နော်။အပိုမမြင်ရဘူး။အပိုမြင်အောင် မကြိုးစားရဘူး။
(တင်ပါ့ဘုရား)
သဘောပေါက်တယ်နော်။အနိစ္စဆိုတဲ့ သဘောအပေၞမှာ ဥာဏ်ကလေးနဲ. သိရုံလောက်သာ
သိဖို.လိုတယ်။အနိစ္စလက္ခဏာ ဥာဏ်ကလေးတွေ ပေၞလွင်နေဖို. အနိစ္စလက္ခဏာ ဖုဿနဥာဏ်၊
အနိစ္စကိုမြင်တဲ့ သဘော၊ အနိစ္စရဲ. လက္ခဏာဓာတ်ကလေးကို တွေ.ထိတဲ့သဘော၊
အနိစ္စလက္ခဏာ ထိုက်တဲ့သဘော ဟုတ်လား
(တင်ပါ့ဘုရား)
မမြဲတဲ့ အမူအယာ၊ အဲဒီမမြဲတဲ့အမူအယာရဲ. ပြောင်းလဲနေတဲ့သဘော၊
ပြောင်းလဲနေတဲ့လက္ခဏာ၊ ဟုတ်လား။ပြောင်းလဲနေတဲ့ တစ်နေရာနဲ. တစ်နေရာ
မတူတာလေးတွေ ပြောင်းလဲနေတဲ့သဘောကို လက္ခဏာလိုခေၞတယ်။
အဲဒီမမြဲမှုသဘောလေးကို ဥာဏ်နဲ.လှမ်းပြီးတွေ.နေတာ အရသာပေၞလွင်နေတယ်။
အဲဒီမမြဲတဲ့သဘော၊ အဲဒီဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် လက္ခဏာကို
ဥာဏ်နဲ.လှမ်းပြီးတော့မြင်နေတယ်။တွေ.ထိနေတယ်။ အဲဒီ
တွေ.ထိတဲ့ဥာဏ်သည် ဖုဿနသဘော။ဥာဏ်နဲ.တွေ.ထိနေတယ်။ ခန္ဓာရဲ.ပြောင်းလဲမှုလက္ခဏာ
ဓာတ်ကလေးတွေကို ဥာဏ်လေးနဲ.လှမ်းပြီး တစ်မှတ်ချင်း၊ တစ်မှတ်ချင်း
လှမ်းတွေ.နေတယ်။ အဲဒါကို အနိစ္စလက္ခဏာ ဖုဿန။
အဲဒါလေးကို မြင်ရင်း မြင်ရင်း၊ မှတ်ရင်း မှတ်ရင်းနဲ. ဖျတ်ဆိုရင် အနိစ္စတွေ
ချုပ်ပျောက်သွားတာက လက္ခဏဥာဏ်၊ အဲဒီဥာဏ်က မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို
ကူးသွားတာနော်
(တင်ပါ့ဘုရား)
ဒါကြောင့် ဒကာ၊ဒကာမတွေက ခန္ဓာကိုယ်ကြီးရဲ. အနိစ္စကိုသာမြင်အောင်ကြည့်
(တင်ပါ့ဘုရား)

ခန္ဓာကိုယ် ဘယ်နေရာပဲကြည့်ကြည့် ဆံပင်၊ ဆံချောင်းလေးက အစ
ဟိုခြေဖျားထိကြည့်၊ တစ်ကိုယ်လုံးမှာ အနိစ္စကလွဲလို. တခြားမရှိဘူးနော်
(တင်ပါ့ဘုရား)
နိစ္စရှိသလား၊ မြဲတာရှိရဲ.လား
(မရှိပါဘုရား)
မြဲတဲ့နေရာလေး ဘယ်နားမှာ တစ်ခုရှိနေလေသလဲလို. အပ်ဖျားလေးနဲ.
ထောက်ထောက်ပြီး ရှာဘိသကဲ့သို. တစ်ကိုယ်လုံးမှာ ဥာဏ်တည်းဟူသော
အပ်ဖျားလောက်နဲ. ထောက်ထောက်ပြီးတော့ကြည့်ရင် မြဲမြံခြင်းလောက
ရှိ၊မရှိ
(မရှိပါဘုရား)
ချမ်းသာခြင်း ဘ၀ ရှိ၊ မရှိ
(မရှိပါဘုရား)
ခိုင်မြဲခြင်းလောကကြီး ရှိ၊ မရှိ
(မရှိပါဘုရား)

သတိ ပညာမွေးမြူပါ

ဒါလေးတွေကို ကွင်းကွင်းကွက်ကွက် မြင်အောင်ကြည့်၊ မရှိတာမြင်ရင်
အဲဒီပုဂ္ဂိုလ် လမ်းမပေၞရောက်သွားပြီ ဟုတ်လား
(တင်ပါ့ဘုရား)
သြော်..အနိစ္စ လက္ခဏာဓာတ် ကလေးတွေမြင်သွားပြီဆိုရင် ၀ိပဿနာလမ်းမပေၞ
ရောက်သွားပြီ။ဒီထက် ပိုမသိချင်နဲ.
(တင်ပါ့ဘုရား)
ဒကာ၊ ဒကာမတွေက အလုပ်လုပ်ရင် သိချင်တဲ့စိတ်က ရှေ.ကနေ ရောက်နေတယ်။အလုပ်က
နောက်က၊ ရချင်တာလေးက ရှေ.က ဖြစ်ပါ့မလား
(မဖြစ်ပါဘုရား)
ဆန္ဓတွေက သိပ်စေနေတယ် ဟုတ်လား။စိတ်ဆန္ဓတွေက သိပ်စောနေတော့ ရချင်တဲ့စိတ်တွေ
လွန်ကဲနေရင်လည်း တရားက ရပ်နေတတ်တယ်နော်
(တင်ပါ့)
လွန်ကဲမှု လုံးဝ မရှိပြန်တော့လည်းပဲ ရလိုတဲ့စိတ် လုံးဝ မရှိပြန်ရင်လည်း
လျော့ရဲနေတတ်ပြန်တယ်။ တရားသဖြင့် လိုချင်စိတ်တော့ရှိရမယ်။
အလွန်လည်းမပြင်းထန်ရဘူး။လျော့လည်း မလျော့ရပါဘူး။ တင်းလည်းမတင်းရပါ
ဘူး ဟုတ်လား
(တင်ပါ့ဘုရား)
ခပ်မှန်မှန်လေးနဲ. တစ်ချိန်ချိန်မှာ ငါရောက်အောင်သွားမယ် ဒီလိုမျိုး
ရှိရမယ်။သွားတဲ့အခါမှာလည်း မမောအောင် သွားရမယ်နော်။တောင်ကြီးပေၞ
တက်လို.ရှိရင် အပြေးတက်ရင် ဘာဖြစ်တယ်
(မောပါတယ်ဘုရား)

အမောဆို.ပြီးတော့ မသွားနိုင်တော့ဘူး။ရင်တွေတုန်လာတယ်။ အဲသလို
တအားမောပမ်းနေပြန်တော့လည်း ရှေ.ဆက်သွားရတာ အဆင်မပြေတော့ဘူး။ဒါကြောင့်
သတိနဲ.ဥာဏ် ယှဉ်တွဲပြီး ခပ်မှန်မှန် လေးကြိုးစားပြီးသွား
မယ်ဆိုရင် တောင်ပေၞကို မရောက်နိုင်ဘူးလား
(ရောက်နိုင်ပါတယ်ဘုရား)
ဘာလို.ရောက်နိုင်တယ်လဲဆိုရင် ကြိုးစားပြီး သတိ၊၀ီရိယ၊ ဥာဏ်တွေနဲ.
ချိန်ပြီး သွားလို. ရောက်တယ်နော်။ဒါဆိုရင် တောင်အောက်ကနေပြီးတော့
လူတစ်ယောက်က တောင်ပေၞမော့ကြည့်ပြီးတော့ တောင်ပေၞရောက်
ချင်လိုက်တာလို. အောက်ကအော်ငိုနေရုံနဲ. တောင်ပေၞရောက်ပါ့မလား
(မရောက်နိုင်ပါဘုရား)
ဘာဖြစ်လို. မရောက်တာလဲဆိုရင် ရောက်အောင်မှ မသွားဘဲ။မသွာလို. မရောက်တာပါ ဟုတ်လား
(တင်ပါ့ဘုရား)
ဒါကြောင့် သွားပြန်တော့လည်းပဲ မပြင်းထန်ရဘူး။
(တင်ပါ့ဘုရား)
အရာရာမှာ သတိ၊ ဥာဏ်ရှိရတယ်။ ဒီဘုရား သာသနာကြီးရဲ. အဓိကဆောင်ပုဒ်ဟာ
သတိ၊ပညာ လိုရင်းသာ တည်းလို.ဆိုတဲ့ သတိ၊ပညာ သာသနာပဲ
(တင်ပါ့)


ဆုံးမ စကား မလေးစား

အဲဒီ သတိနဲ.ပညာ ဖြစ်ဖို.အတွက်သာ သမာဓိတွေကို ၀ီရိယတွေနဲ.
သဒ္ဓါတရားဆိုတဲ့လက်နက်တွေသုံးပြီး ထူထောင်ရတာ မဟုတ်လား။
(တင်ပါ့ဘုရား)
အေး....ခုနက ဥပမာထဲက ဒုတိယ လူကိုကြည့်လိုက်ပါဦး။လှချင်လိုက်တာ၊
သူများလှလို. လှချင်တယ်။ကိုယ့်မှာက သတိ နဲ.အသိဥာဏ်ကအားနည်းတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာကျင့်သုံးရမယ်ဆိုတဲ့
စကား နားထောင်တတ်တဲ့ ဥာဏ်မပါဘူး။ပညာကို ရှေ.တန်းမတင်ဘဲ လောဘကိုသာ
ရှေ.တန်းတင်ထားတယ်။လောဘနဲ.ဆက်စပ်တဲ့ ၀ီရိယကိုပဲထားတယ်။ ခြင်္သေ့ကြီးက
ခုနစ်ပတ်ပဲ ပတ်ရမယ်လို.ပြောပေမယ့် နားထောင်
ရဲ.လား
(မထောင်ပါဘုရား)
နားမထောင်ဘဲနဲ. ကိုယ်လုပ်ချင်သလို မလုပ်ဘူးလား
(လုပ်ပါတယ်ဘုရား)
လုပ်လိုက်တဲ့အခါကျတော့ သူက ပိုပြီးတော့ လှလာတာလား၊ အမြီးပေါက်တာလား
(အမြီးပေါက်ပါတယ်ဘုရား)
ကောင်းတာလား၊ဆိုးတာလား
(ဆိုးတာပါဘုရား)
အဲသလို ဆိုးပြီး ဆင်းရဲခြင်းဖြစ်သွားတာကို ဆန်းစစ်ကြည့်လိုရှိရင်
ဆရာ.စကား နားထောင်လို.လား၊ မထောင်လို.လား
(နားမထောင်လိုပါဘုရား)
နားမထောင်တဲ့အပြင် သူများထက်ပိုလှအောင် လောဘတက်လာလို.နော်။သူ.ရဲ. လောဘက
ဝိသမလောဘ ဖြစ်သွားတယ်။ရိုးရိုးလောဘက ကိစ္စမရှိသေးဘူး။ ၀ိသမလောဘဆိုရင်တော့
ဘ၀ပျက်စီးရတယ်နော်
(တင်ပါ့ဘုရား)
ကဲ.....ဒုတိယလူဟာ ခုနစ်ပတ်နဲ. မရပ်ဘဲ လောဘစိတ်နဲ. ရှစ်ပတ်လည်းပတ်လိုက်ရော
ခန္ဓာကိုယ် ဘာဖြစ်သွားတာတဲ့လဲ
(အမြီးထွက်သွားပါတယ်ဘုရား)
အမြီးထွက်လာတော့ ဘ၀ပျက်စီးမသွားဘူးလား
(ပျက်သွားပါတယ်ဘုရား)
ပျက်စီးသွားရှာတယ်နော်။အေးဒါကြောင့် ဒကာ၊ဒကာတွေ အမြီးမထွက်စေနဲ.၊ ရှင်းရဲ.လား
(တင်ပါ့ဘုရား)


မလျှော့တဲ့ဇွဲ အားမာန်ခဲ

အမြီးထွက်အောင်တော့ မလုပ်ပါနဲ.။ ပုံမှန်လုပ်ပါနော် မှန်မှန်လေးပေါ့။
အမြီးထွက်တယ်ဆိုတော့ အတ္တလွန်ကဲတဲ့ သဘော။တချို.ပုဂ္ဂိုလ်တွေက
တရားအားထုတ်တယ် ဆိုရင်ဇွဲသိပ်ကောင်းတယ်။ လုပ်ရင်းလုပ်ရင်းနဲ.
ဇွဲတွေ သိပ်တင်းလိုက်တော့ တင်းရင်း တင်းရင်းနဲ. ဇွဲက ဒိုင်းဆိုရင်
အောက်ကိုပြန်ပြုတ်ကျတယ်။ပြန်တင်ဖို. စွမ်းအားကလည်း မရှိတော့ဘဲနဲ.
အင်း...ငါလည်း တရားတော့ တော်တော်ထိုင်ပြီးပြီ၊ တော်တော်လည်း ကြီးစား
ပြီးပြီ၊ သူများတွေထက်တောင် ပိုထိုင်သေးတယ်။ဒါပေမဲ့
တရားလည်းမရလိုက်ဘူး။အိပ်ပြန်ပါတာပဲ ကောင်းတာပဲဆိုပြီးတော့
ကျသွားတဲ့ဇွဲအပေၞ ပြန်မတင်နိုင်ဘဲ အိမ်မပြန်ရဘူးလား။
(ပြန်ရပါတယ်ဘုရား)
ဒါဟာ ၀ီရိယတွေလွန်ကဲပြီး ၀ီရိယနောက်က ဥာဏ်မလိုက်နိုင်တဲ့အခါမျိုးမှာ
စိတ်တွေပျံ.လွင့်ကုန်တယ်။ ၀ီရိယနဲ. သမာဓိမမျှတရင် စိတ်တွေ
ပျံ.လွင့်ကုန်ပြီးတော့ သမာဓိမတည်ကြည်ဘဲ ကုသိုလ်အာရုံနဲ.
မပျော်နိုင်တော့ဘူး
ဟုတ်ကဲ့လား
(တင်ပါ့ဘုရား)
ဒါကြောင့် အရာရာမှာ မျှတရတယ်လို. ပြောတာပါ။ အရေးကြီးလို. ပြောတာပါ။
တရားအားထုတ်တဲ့အခါမှာ သမာဓိနဲ. ၀ီရိယဟာ မျှတရတယ်။သဒ္ဓနဲ.ပညာဟာလည်း
မျှတရတယ် ညီမျှရတယ်။တန်းတူဖြစ်နေရတယ်။အရည်
အချင်း တူရတယ်။ ယောဂီဟာ အဲဒီတရားလေးတစ်ခုကို သတိနဲ. ချင့်ချိန်တတ်ရတယ်။
သတိတစ်ခုသာမက ပိုသွားတယ်လို. မရှိပါဘဲနဲ. ကျန်တဲ့ သမာဓိဆိုတာလည်း
လွန်ကဲတတ်ပါတယ်။သဒ္ဓါဆိုတာလည်း လွန်ကဲတတ်
တယ်။ဝီရိယ လည်းလွန်ကဲတတ်တယ်။ပညာဆိုတာ လည်းလွန်ကဲတတ်တယ်။ဒါကြောင့်
တစ်ခုခုလွန်ကဲပြီဆိုရင် သတိနဲ.ပြန်ပြီးတော့ ကုသိုလ်စွမ်းအားတွေဖြစ်အောင်
ထူထောင်ရတယ် ဟုတ်လား
(တင်ပါ့ဘုရား)
ခုနကပြောသလို ကုသိုလ်အာရုံနဲ. မပျော်နိုင်တော့ဘူးဆိုရင်
အိမ်ပြန်ချင်လာလို. ပြန်ပြီဆိုကတည်းက အားထုတ်ရင် ဆက်တိုးတက်မယ့်
တရားအာရုံတွေ မဆုံးရှုံးရဘူးလား
(ဆုံးရှုံးပါတယ်ဘုရား)
ဒီနေရာရောက်ပြီး တရားအားထုတ်ဖို. အခွင့်အရေးဆိုတာ လွယ်ပါ့မလား
(မလွယ်ပါဘုရား)
စောင်းကြိုးပမာ ကျင့်သုံးပါ
အဘက်ဘက်က အကြောင်းတိုက်ဆိုင်ဖို. တော်တော်ကြိုးစားပြီးမှ ရောက်လာကြတာပါ။
အိုးပစ်၊ အိမ်ပစ်၊ မိသားစုတွေ၊ စီးပွားရေးတွေ ခဏပစ်ခဲ့ပြီးတော့မှ အားလုံး
ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးက အစ အစစပြည့်စုံမှ
ရောက်လာနိုင်တဲ့ နေရာလေးမှာ ဖျတ်ခနဲ ပေၞလာတဲ့ အိမ်ပြန်ချင်တဲ့
စိတ်တစ်ချက်နဲ. ပြန်ရမှာလား။ဒါမှမဟုတ် ဒီစိတ်ကလေးရဲ. မမြဲတဲ့သဘောကို
သတိဥာဏ်နဲ. အကဲခတ်ပြီး သတိနဲ. သိမ်းဆည်းရမှာလား
(သတိနဲ. သိမ်းဆည်းရမှာပါဘုရား)
ဒီပေၞတဲ့စိတ်ကတော့ တစ်ချိန်လုံး မြဲနေရဲ.လား
(မမြဲပါဘုရား)
ဒီမမြဲတဲ့သဘောကို အကဲခတ်ထားရင် ဒီအိမ်ပြန်ချင်တဲ့စိတ်ဟာလည်း
ခဏပါပဲ။ချုပ်ပျောက်ရတာပါပဲ ဟုတ်လား
(တင်ပါ့ဘုရား)
ဘာစိတ်ကလေးပဲပေၞပေၞ သတိနဲ.ကပ် ဥာဏ်ကလေးနဲ.မှတ်လိုက်ရင် ဘာလေးပေၞပေၞ
ချုပ်ပျောက်မနေဘူးလား
(ချုပ်ပျောက်နေပါတယ်ဘုရား)
ဒီလိုသာ သတိ၊ ဥာဏ်မဦးစီးပါပဲနဲ. ကုသိုလ်စွမ်းအားတွေကို
မထူထောင်နိုင်ဘူးဆိုရင် ဘာနဲ.တူလာသလဲဆိုတော့ နတ်ပြည်မှာ နတ်သား၊
နတ်သမီးတွေ မသေခင် ပုံစံတွေ ပြောင်းလဲလာကြတယ်လေ။တစ်သက်လုံးမှာ
ဘယ်တော့မှာ မပျင်းခဲ့တဲ့ နတ်သားနတ်သမီးတွေဟာ မသေခင်စုတိစိတ်မကျမီ
(၇)ရက်လောက်မှာ ပျင်းလာသတဲ့။ အ၀တ်တွေ အထည်တွေဟာဘယ်တော့ မှ မနွမ်းပေမယ့်
စုတိစိတ်ကျခါနီးမှာ နွမ်းလာတယ်တဲ့။ဟုတ်လား
(တင်ပါ့ဘုရား)
ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ ပြောင်းလဲမှု မရှိခဲ့ပေမယ့် စုတိစိတ်ကျခါနီးမှာ
အိုးမင်းရင့်ရော်ပြီး ပြောင်းလဲရှာတယ်တဲ့။နန္ဒ၀န်ဥယျာဉ်ထဲမှာ
အလွန်.အလွန်မွေ.လျော်ခဲ့ပေမယ့် အဲဒီဥယျာဉ်ထဲမှာ သွားရောက်ပြီး
မပျော်ချင်တော့ဘူး။ စိတ်ဓာတ်တွေ ကျဆင်းသွားရှာတယ်။ခုနစ်ရက်ပြည့်တဲ့နေ.
စုတိစိတ်ကျပြီးတော့ ဒေါမနဿစိတ်နဲ.များ စုတိစိတ်ကျလို.ရှိရင်
ငရဲဒယ်အိုးထဲကို တစ်ခါတည်း ဆင်းရတာပဲနော်။
(တင်ပါ့ဘုရား)
ဒါကြောင့်ဘ၀ဆိုတာ ငှက်ခါးပျံ သလိုပဲ ဒကာ၊ဒကာမတွေ။ တစ်ခါတစ်ရံ မှာ
ဘ၀အဆင့်မြင့်နေတယ်။တစ်ခါတစ်ရံမှာ ဘ၀အောက်တန်း ကျနေပြန်တယ်။ဘ၀ဆိုတာဟာ
မခိုင်မြဲဘူးနော်။ ဘာဖြစ်လို. မခိုင်မြဲတာလည်းဆိုရင်
မိမိသန္တာန်မှာခိုင်နိုင် မြဲနိုင်တဲ့ တရားဓာတ်တွေ
မရှိသေးလို.။ခုပဲကြည့်လေ တရားမှတ်ရင်းနဲ. ၀ီရိယတွေ လွန်ကဲ၊
ပညာမလိုက်နိုင်တော့ ကုသိုလ်အာရုံနဲ. မပျော်တော့ပါပဲနဲ. အကုသိုလ်အာရုံနဲ.
ပျော်ချင်လာတယ်။
(တင်ပါ့ဘုရား)
ဒါဟာ မခိုင်မြဲလို.ပဲ။ခိုင်မြဲတဲ့စိတ် မိမိသန္တာန်မှာ မရှိသေးလို.ပဲ။
(တင်ပါ့ဘုရား)
ဒါကြောင့် လွန်ကဲသော ၀ီရိယလည်း မရှိရအောင်၊ သတိနဲ.
စောင့်ရှောက်ရမယ်။လွန်ကဲသော သဒ္ဓါလည်း မဖြစ်စေရဘူး။လွန်ကဲသော သမာဓိ၊
လွန်ကဲသောပညာတွေဖြစ်နေမယ်ဆိုရင် ဒီပုဂ္ဂိုလ် မဂ်ဖိုလ်နိဗ္ဗာန်ကိုရောက်မှာ
မဟုတ်ပါဘူး၊ မရောက်ပါဘူး။
(တင်ပါ့ဘုရား)
ပညာလွန်ကဲရင်လည်း ကောက်ကျစ်တတ်တယ်နော်။ဥာဏ်လွန်ကဲရင်
ကိုယ့်ကိုယ်ကိုယ်လည်း ကောက်ကျစ်တတ်သလို၊ သူတစ်ပါးကိုလည်း
ကောက်ကျစ်တတ်တယ်နော်။
(တင်ပါ့)
အတွေးတွေ လမ်းချော်နေတတ်တယ်။ အသိတွေများပြီး လမ်းချော်နေတတ်တယ်။
ကိုယ့်ကိုယ်ကိုယ် အတွေးတွေနဲ. အထင်ကြီးနေတတ်တယ်နော်။ဒါဟာ မဂ်ပဲ။ငါ
မဂ်ရပြီ စသည်ဖြင့် အတွေးတွေချော်ပြီးတော့ အတွေးတွေ
နဲ.ပဲ စိတ်ကူးယဉ်နေတတ်တယ်။ကိုယ့်ကိုယ်ကိုယ် တရားအမှတ်ကလေးတွေ
ကောင်းသွားလို. မှတ်စိတ်နဲ. အာရုံနဲ. ကိုက်နေရင်း တစ်ခါတစ်ရံ ဖျတ်ခနဲ
ထိန မိဒ္ဓ အစားထိုးဝင်သွားတာလေးကို မဂ်လို. ထင်သွားတယ်။ ငါ
သောတာပန်တည်ပြီ။ငါတရား ရထားပြီလို.
တွေးနေရော့။ကဲ......အဲသလိုအထင်ကြီးသွားပြီဆိုရင် အဲဒါ ပညာလွန်ကဲနေတာ
(တင်ပါ့ဘုရား)
ဒီပုဂ္ဂိုလ် မဂ်ဖိုလ်နိဗ္ဗာန်နဲ. ဝေးသွားပြီဟုတ်လား။
နားလည်တယ်နော်။ဒါကြောင့် တရားမှတ်တဲ့ပုဂ္ဂိုလ်ဟာ သဒ္ဓါနဲ.
ပညာမျှတဖို.လိုအပ်တယ်။ဝီရိယနဲ .သမာဓိမျှတဖို. လိုအပ်တယ်။သတိကတော့
ဘယ်တော့မှ ပိုတယ်မရှိဘူး။
အလိုပဲရှိနေတယ်နော်။
(တင်ပါ့ဘုရား)
ဝီရိယနဲ. သမာဓိ၊ သဒ္ခါနဲ.ပညာ မျှတဖို.အတွက် သတိသည် လိုရင်းပဲ။သတိကပဲ
အမြဲတမ်း ထိန်းပေးရတယ်။ဒါကြောင့် ယောဂီများကို ခဏခဏ ပြောနေတယ်။
ယောဂီများသတိထားကြ။ အရာရာတိုင်းမှာ သတိနဲ.ဆောင်ပြီး
ထားကြ။ အမှတ်တွေ လွဲနေတယ် သတိထားကြလို. သတိကို ရှေ.တန်းတင်ပြီး
ဘုန်းကြီးများ ခဏခဏပြောနေတယ်။လိုအပ်လို. ပြောနေတာနော်။ဘာဖြစ်လို. သတိကို
အထူးအားဖြင့် ပြောနေရသလဲဆိုရင် ဥာဏ်ကိုလည်း
ဒီသတိကပဲ ထိန်းရတယ်ဟုတ်လား
(တင်ပါ့ဘုရား)
သဒ္ဓါကိုလည်းသတိကပဲ ထိန်းပေးရတယ်။ဝီရိယကိုလည်း သတိကပဲ
ထိန်းပေးရတယ်။သမာဓိကိုလည်း ဒီသတိကပဲ ထိန်းပေးရတယ်ဟုတ်လား
(တင်ပါ့ဘုရား)
သမာဓိလွန်ရင် ဘာဖြစ်တတ်သလဲဆိုရင် အိပ်ငိုက်လာတတ်တယ်။သမာဓိလွန်ရင်
သတိကင်းတော့ အပ္ပမာဒနေရာမှာ ပမာဒက အစားထိုးလိုက်ခြင်းကြောင့်
အိပ်ငိုက်ပြီး မြောနေတတ်တယ် မဟုတ်လား
(တင်ပါ့ဘုရား)
အဲဒီပုဂ္ဂိုလ်ရဲ. သန္တာန်မှာ သတိဖျတ်ခနဲ ကင်းတာနဲ. တရားမှတ်တာလား။ မတရားမှတ်တာလား
(မတရားမှတ်တာပါဘုရား)
ဟုတ်တယ် လွဲနေတယ်ပေါ့။နားလည်တယ်နော်
(တင်ပါ့)
အမှတ်သတိ ကင်းတဲ့စိတ်ဟာ မကောင်းတဲ့ဘ၀ကို ပို.ပေးတတ်တယ်။ဒါကြောင့်
သတိရှိပေးရတယ်နော်။သတိထားပေးရတယ်နော်။ သတိနဲ.ဥာဏ်နဲ. ဥာဏ်နဲ.
သတိနဲ.နော်။ယှဉ်တွဲထားရတယ် ဟုတ်လား
(တင်ပါ့ဘုရား)
အဲသလို တွဲတွဲပြီး ကြည့်လိုရှိရင် သန္တာန်ထဲမှာ အမှားပျောက်ပြီး
အမှန်ရောက်နိုင်တယ်နော်
(တင်ပါ့ဘုရား)

အစွန်.တတ်မှ အနေမြတ်

ကဲ..ဟုတ်ပြီ ဒကာ၊ဒကာမတို.။ ခုနလေးက ပြောခဲ့တဲ့ သာဓကလေးပြန်
ကောက်ကြစို.။ဒီ ဒုတိယအမျိုးသားသည်သွားတော့သွားတယ်နော်။
သွားပင်သွားငြားသော်လည်း သူကလိုချင်စိတ်က ကောက်ကျစ်တယ်။ပြန်
ကောက်ကြည့်ဦး။သူကလှချင်တယ်နော်။ လှချင်လို. ခြင်္သေ့ကြီးက ပြောမယ်ဆိုတာ
သိလို.သွားတာ။တကယ်အသက်စွန်.ရဲလို. သွားတာဟုတ်ရဲ.လား
(မဟုတ်ပါဘုရား)
မောင်ရုပ်ဆိုးကျတော့ တကယ့်ကို သေလည်းမထူး၊ ရှင်လည်းမထူးဘူးဆိုပြီး
တကယ့်ကို စွန်.စားပြီးတော့ကို သွားတာ။ ငါ့အတွက် လောကမှာနေလို.
ဘာထူးဦးမှာလဲဆိုတဲ့စိတ်နဲ. တကယ့်ကို စွန်.စွန်.စားစား ၀ီရိယနဲ.သွားတာ။
ဟို..ဒုတိယလူနဲ. ၀ီရိယချင်းတူရဲ.လား
(မတူပါဘုရား)
ဟို..ဒုတိယလူက တကယ်စွန်.စားတာ ဟုတ်ရဲ.လား
(မဟုတ်ပါဘုရား)
ဒုတိယလူက လောဘနဲ.သွားတာနော်။ သွားကတည်းကိုက လှချင်လို. လောဘနဲ.သွားတာ ဟုတ်ကဲ့လား
(တင်ပါ့ဘုရား)
ရချင်၊ လိုချင်တဲ့စိတ်က ရှေ.ကရောက်နေတယ်။လိုချင်တဲ့စိတ်က
ရှေ.တန်းကိုပြေးနေတယ်။ ရှေ.တန်းပြေးတော့ ကပြီးပတ်ပြရတော့လည်း ရှေ.တန်းက
လောဘနဲ.ပိုလှချင်နေပြန်တော့ ပြောစကား နားထောင်ရဲ.လား။
(မထောင်ပါဘုရား)
နားမထောင်တော့ ရည်မှန်းချက်ပြည့်ရဲ.လား
(မပြည့်ပါဘုရား)
အောင်မြင်မှုကောရရဲ.လား
(မရပါဘုရား)
လွန်ကဲတာကိုး။ကဲ........ဒါကြောင့်မို.လို. ကမ္မဋ္ဌာန်အားထုတ်တဲ့ဟောဂီများဟာ
ပထမလူလိုပဲ စွန်.စွန်.စားစားဆောင်ရွက်တက်ရမယ်။ဆရာသမားဆိုတဲ့ ခြင်္သေ့ရဲ.
ပြောပြတဲ့ စကားအတိုင်း မျှမျှတတ၊ စကားလည်း တစ်သဝေမတိမ်း နားထောင်တတ်ရမယ်။
သူသည်ခုနစ်ပတ်ဆိုရင် ရှေ.ကိုနည်းနည်းလေးမှ မကျော်ပါဘဲနဲ.
ခုနစ်ပတ်ပြည့်တာနဲ. စိတ်တွေလည်း လှုပ်ရှားမှုမရှိပါပဲနဲ. ငြိမ်သက်စွာပဲ
ခြင်္သေ့ကြီးရှေ.မှာရပ်လိုက်တဲ့အတွက်ကြောင့် ဘ၀မှာ သူလိုချင်တဲ့
ငြိမ်းအေးတဲ့ အောင်မြင်မှု မရဘူးလား
(ရပါတယ်ဘုရား)


ကိုဖိုးသား ပေးပို့ထားသောမေးလ်အား တဆင့်ဖော်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဖေဖော်ဝါရီလ(၁၃)ရက်၊ည(၉)နာရီတွင် ကူးယူတင်ပြပေး၏။
READMORE
 

စွန့်နိုင်မှစွမ်းနိဗ္ဗာန်လမ်းတရာေးတာ်-(1)


ဖေဖော်ဝါရီ(၁၃)ရက်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ပါ...။
လွပ်လပ်ရေး၏ဖခင်ကြီးအား ဤတရားတော်ဖြင့် အမှတ်တရဂုဏ်ပြုနာကြားပူဇော်လိုက်ရပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်

လူ.အသိ လူ.ဘဝ

"ဒီကနေ. ၀ါတွင်းကာလ ထူးမြတ်တဲ့နေ.ကလေးမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောဖော်
ညွှန်ပြတော်မူခဲ့တဲ့ တရားတော်မြတ်ဒေသနာတော်တွေကို နားကတရားနာ၊ ခန္ဓာကိုယ်ကို
ဥာဏ်လှည့်ပြီးတော့ သုံးသပ်တယ်မယ်၊ ဆင်ခြင်တတ်မယ်၊ ပွားများတတ်မယ်၊ နှလုံးသွင်းတတ်
မယ် ဆိုလို.ရှိရင် ဟောဒီတရားနာ ပရိသတ်အပေါင်း ဒကာ၊ဒကာမများရဲ. စိတ်အစဉ်ထဲမှာ အကုသိုလ် တွေ တဒင်္ဂငြိမ်းပြီးတော့ ကုသိုလ်ဓမ္မတွေ စွမ်းအားတွေကို မရနိုင်ဘူးလား"
(ရနိုင်ပါတယ်ဘုရား)
"ရနိုင်ပါတယ်။တရားအသိကို နှလုံးသားထဲမှာ ဥာဏ်နှင့်ကြည့်ရင် မြင်နိုင်ပါတယ်။ဟုတ်လား"
(တင်ပါ့ဘုရား)
"ဘုန်းကြီးတို.ပရိသတ်တွေ ဘုရားရှင်ရဲ. အဆုံးအမတွေဟာ အပြင်လောကကို ကြည့်ဟောတာလား၊ ခန္ဓာကြည့်ဟောတာလား"
(ခန္ဓာကြည့်ဟောတာပါဘုရား)
"အပြင်အာရုံကို ဟောတာလား၊ ခန္ဓာဖြစ်စဉ်ကို ဟောတာလား"
(ခန္ဓာဖြစ်စဉ်ကိုဟောတာပါဘုရား)
"ဟောဒီခန္ဓာကိုယ်ကြီးရဲ. ဖြစ်စဉ်ကို ဟောဖော်ညွှန်ပြတဲ့အခါမှာ ဦးစွာပထမ ဒကာ၊ဒကာမတို.သည် ဒီကနေ. တခြားမှာ တွေ.တာလား၊ သာသနာတွင်းမှာ တွေ.တာလား။"
(သာသနာတွင်းမှာ တွေ.တာပါဘုရား)
"သြော် ...သာသနာတွင်းမှာလူ.ဘ၀ကြီးရလာခဲ့တာပေါ့နော်"
(တင်ပါဘုရား)
"ဘာရနေပါလိမ့်"
(လူ.ဘ၀ရနေပါတယ်ဘုရား)
လူ.ဘ၀ရဖို.ဆိုတာ လွယ်သလား၊ ခက်သလား
(ခက်ပါတယ်ဘုရား)
ဒီလိုဆိုရင် ပခုံးနှစ်ဖက်ကြားက ခေါင်းပါတိုင်းကော လူလို.ပြောလို.ရပါ့မလား
(မရပါဘုရား)
"လူ.အသိတရားတွေ ရရှိထားမှ လူလို. ခေါ်တယ်။ ဘုရားရှင်ကတော့ ကုသိုလ်တရားနဲ. အကုသိုလ်တရားတွေကို ခွဲခြားသိတတ်တဲ့ ပုဂ္ဂိုလ်ကိုမှ လူလို.ခေါ်ပါတယ်တဲ့နော်။လူဆိုတာဘာကို ခွဲခြားသိတတ်တယ်"
(ကုသိုလ်နဲ. အကုသိုလ်ကိုပါဘုရား)
"ဟုတ်တယ်၊ ခွဲခြားသိတယ်နော်။အေး.........အကုသိုလ်မှန်သမျှတွေကို ကျူးလွန်မိလို.ရှိရင်
ဒီပစ္စုပ္ပန်ဘ၀ရော တစ်သံသရာလုံးရော ဆင်းရဲရမှာလား၊ ချမ်းသာမှာလား"
(ဆင်းရဲမှာပါဘုရား)
"ဆင်းရဲတယ်ဆိုကတည်းက ကောင်းတဲ့အာရုံလား၊ မကောင်းတဲ့အာရုံလား"
(မကောင်းတဲ့အာရုံပါဘုရား)
"ဒီမကောင်းတဲ့အာရုံဆိုတော့ စင်ကြယ်တယ်လိုပြောတာလား။မည်းညစ်တယ်လို. ပြောတာလား"
(မည်းညစ်တယ်လိုပြောတာပါဘုရား)
"အဲဒီ မည်းညစ်တဲ့စိတ် တစ်နည်းအာဖြင့် မည်းညစ်တဲ့နာမ်တရားတွေနဲ. နေသွားတဲ့ပုဂ္ဂိုလ်များ
ရဲ. သွားရာလမ်းခရီးသည်ကား ကောင်းတဲ့လမ်းလား၊ မကောင်းတဲ့ လမ်းလား"
(မကောင်းတဲ့လမ်းပါဘုရား)

နှစ်သွယ် လမ်းမ

"လူပင်ဖြစ်ငြားသောလည်း လူ.အသိမရှိခဲ့ခြင်းကြောင့် ဒီပုဂ္ဂိုလ်ရဲ.လူ.ဘ၀ရပြီးတော့ နေခဲ့ရခြင်းသည်
မြတ်မှာလား၊ ရှုံးမှာလား"
(ရှုံးမှာပါဘုရား)
"ဒါကြောင့် ဘုန်းကြီးတို.ရဲ.ဘ၀၊ ဒကာ ဒကာမများရဲ.ဘ၀ကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ရုပ်လုံးဖော်ပြတဲ့အနေနဲ. ကံနှစ်ခုကို ဟောတယ်နော်"
(တင်ပါဘုရား)
"ဘာနှစ်ခုကို ဟောပါလိမ့်"
(ကံနှစ်ခုပါဘုရား)
"ကုသိုလ်ကံရယ်၊ အကုသိုလ်ကံရယ် လို.မှတ်လိုက်ပါ ဟုတ်လား"
(တင်ပါ့ဘုရား)
"ဒီကုသိုလ်ကံနဲ. အကုသိုလ်ကံ နှစ်ခုတို.ရဲ. စွမ်းအားတို.ကြောင့် လူတွေဟာ သုဂတိဘ၀နဲ.
ဒုဂ္ဂတိဘ၀ဆိုပြီးတော့ မလည်နေရဘူးလား"
(လည်နေရပါတယ်ဘုရား)
"အကုသိုလ်ကံ ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေက ဒုဂ္ဂတိဘ၀တွေနဲ. လည်နေရသလို ကုသိုလ်ကံ
စွမ်းအားတွေဖြည့်ပြီး လူ.အသိရှိရှိနဲ. နေထိုင်ပြီးတော့ ၀ိပဿနာဥာဏ်စွမ်းအားတွေကြိုးစား
ပြီး နေထိုင်ရင်တော့သုဂတိကနေ မဂ်ဖိုလ်ကိုမရနိုင်ဘူးလား"
(ရနိုင်ပါတယ်ဘုရား)
"ဘုရားရှင်က လမ်းနှစ်လမ်းကို ဖော်ပြတယ်နော်။အို နာ သေ ထပ်တဲ့လမ်းရယ်၊ အို နာ သေလွတ်တဲ့လမ်းရယ် ဆိုပြီးတော့ ကြိုက်ရာရွေးချယ် လမ်းနှစ်သွယ်ကို ညွှန်ပြခဲ့တယ်"
(တင်ပါဘုရား)
"လမ်းကဘယ်နှစ်လမ်းပါလိမ့်"
(နှစ်လမ်းပါဘုရား)
"ဘာပါလိမ့်မလဲဆိုရင် အို နာ သေထပ်တဲ့လမ်းနဲ. အိုနာသေလွတ်တဲ့လမ်း ဟုတ်ပြီလား"
(တင်ပါ့)

ဝတ်ရည်စားသုံး ပျားပိတုန်း


"ဒီတော့ လူစင်စစ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓရဲ. အဆုံးအမ တရားတော်မြတ်တွေကို နှလုံးသား
ရင်ခွင်ထဲမှာ ထိန်းသိမ်းပြီး လိုက်နာကျင့်သုံးရမှာလား။ တခြားလုပ်ရမှာလား"
(လိုက်နာကျင့်သုံးရမှာပါဘုရား)
"လိုက်နာကျင့်သုံးတယ်ဆိုတာက လူစင်စစ်တို.သည် မိမိတို. နေထိုင်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေမှာ ကောင်းတဲ့ ကာယကံမှုတွေ၊ ကောင်းတဲ့ ၀စီကံမှုတွေ၊ ကောင်းတဲ့ မနောကံမှုတွေကို ပြုမှုပြီး နေထိုင်သွားတတ်တဲ့ ပုဂ္ဂိုလ်များဟာ ဒီလူ.အသိလေးရှိနေခြင်းကြောင့် ဗုဒ္ဓ
ရဲ.အဆုံးအမအတိုင်း လိုက်နာကျင့်သုံးသူတွေလို. မဆိုရဘူးလား"
(ဆိုရပါတယ်ဘုရား)
"ဒီလို လိုက်နာ ကျင့်သုံးဖို.အတွက် ဆရာသမားဆိုတဲ့ အမှီကောင်းရှိဖို. လိုတယ်နော်"
(တင်ပါ့ဘုရား)
"သစ်ပင်တစ်ပင်ကောင်းရင် ဘာဖြစ်တာတဲ့လဲ"
(ငှက်တစ်သောင်းနားပါတယ်ဘုရား)
"လောကမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတည်းဟူသော သစ်ပင်ရိပ်အောက်မှာ ခိုလှုံခွင့်ရကြ
တဲ့ ဘုန်းကြီးတို.ရော၊ ဒကာ ဒကာမတို.ရော အာလုံးတို.သည် ငှက်ပေါင်းမြောက်မြားစွာနဲ.
မတူဘူးလား"
(တူပါတယ်ဘုရား)
"ဘုရားရှင်သာသနာ အရိပ်အာဝါသမှာ ခိုလှုံနေကြတဲ့ ဘုန်းကြီးတို. ဒကာ၊ဒကာမတို.ရဲ.စိတ်
အစဉ်တို.ဟာ ဘုရားရှင်ရဲ. ဟောဖော်ညွှန်ပြခဲ့တဲ့ ဓမ္မစွမ်းအားလေးတွေကိုနားထောင်ပြီး သိခွင့်ရလာပြီ ဆိုကတည်းကိုက ဒီတရား အသိလေးတွေဟာ ဆင်းရဲစေသလားတည်း၊ ချမ်းသာစေသလား"
(ချမ်းသာစေပါတယ်ဘုရား)
"ဒီချမ်းသာစေတတ်တဲ့ တရားအသိလေးတွေကို ခဏနှလုံးသွင်းရမှာလား၊ အမြဲတမ်းလား"
(အမြဲတမ်းပါဘုရား)
"ဒီဘုရားရှင်ရဲ. ဓမ္မစွမ်းအားတွေဟာ နှလုံးသွင်းတတ်တဲ့သူတွေကို ငြိမ်းချမ်းခွင့်မရနေဘူးလား"
(ရပါတယ်ဘုရား)
"နှလုံးသွင်းသူတွေ၊ လိုက်နာသူတွေ အတွက် ငြိမ်းချမ်းပါတယ် ဟုတ်လား။ငြိမ်းချမ်းရေးကို
လိုလားတဲ့ ပုဂ္ဂိုလ်တွေအတွက် တကယ်ကို ငြိမ်းချမ်းပါတယ်။ငြိမ်းချမ်းခွင့် တွေရနေတယ်။ဘယ်အသိနဲ. နေလို.လဲဆိုရင်...."
(တရားအသိနဲ.ပါဘုရား)
"သြော်.......သံဃာတော် အရှင်ကောင်း၊ အရှင်မြတ်တွေက တရားစွမ်းအားတွေကို ရင်ဝယ်ပိုက်သယ်ဆောင်လာပြီးတော့ အဲဒီဓမ္မစွမ်းအားတွေကို ဝေငှပေးမနေကြဘူးလား"
(ပေးနေပါတယ်ဘုရား)
"တစ်နည်းအားဖြင့် ပန်းဥယျာဉ်ကြီး တစ်ခုနဲ. တူပါတယ်။ပန်းဥယျာဉ်ကြီးနဲ.တူတဲ့ သာသနာ
တော်မြတ်ကြီးမှာ ဓမ္မတည်း ဟူသော ပန်းဝတ်ရည်လေးတွေကို သောက်သုံးဖို. စားသုံးဖို.
ရောက်ရှိလာကြတဲ့ ပျားပိတုန်း လိပ်ပြာလေးတွေဟာ မအေးချမ်းရဘူးလား။"
(အေးချမ်းပါတယ် ဘုရား)
"ဘုရားရှင်ရဲ. သာသနာတော်မြတ်ကြီးမှာ ဒီဘုရားရှင်ရဲ. အဆုံးအမ တရားတော်တွေကို
သံဃာတော်အရှင်ကောင်း၊ အရှင်မြတ်တွေက ဓမ္မ၀တ်ရည်တွေ ထုတ်တော့ ဒကာ၊ဒကာမ
တွေ သောက်သုံးခွင့်မရဘူးလား။"
(ရပါတယ်ဘုရား)
"သောက်သုံးခွင့်ရတဲ့ ပုဂ္ဂိုလ်တွေကိုချမ်းသာစေတာလား၊ ဆင်းရဲစေတာလား။"
(ချမ်းသာစေပါတယ် ဘုရား)
"ချမ်းသာတယ်ဆိုတာ အလိုလိုဖြစ်လာတာလား၊ ခံယူကျင့်သုံးလို.လား။"
(ခံယူကျင့်သုံးလို.ပါ ဘုရား)

ကျေးဇူးများထုံ သံဃာ့ဂုဏ်

"အဲသလို ခံယူကျင့်သုံးတတ်လာပြီဆိုရင် ကံနဲ. အကျိုးပေးကို သိတဲ့စိတ်ကနေ တစ်ဆင့်တက်ပြီးတော့ ဥာဏ်နဲ. အကျိုးပေးကိုသိလာတယ်။သစာတရားလေးတွေကို နားထောင်တက်လာတယ်။သီလကျင့်စဉ် ကနေ သမာဓိကျင့်စဉ်တွေကို လိုက်နာကျင့်သုံးတတ်
လာတယ်။အဲဒီက တစ်ဆင့် ပညာဆိုတဲ့ ကျင့်စဉ်တွေကို ကျင့်သုံးလို. သောတာပန်တွေဖြစ်ကြ
သကဒါဂါမ် တွေဖြစ်ကြ၊ အနာဂါမ်တွေဖြစ်ကြ၊ ရဟန္တာတွေဖြစ်ကြတာဟာ ဟောဒီဘုရားရှင်သာသနာမှာ တရားတည်းဟူသော ၀တ်ရည်တွေ သောက်သုံးခွင့်ရတာ သံဃာတွေ တည်ရှိနေသေးလို. မဟုတ်ဘူးလား"
(မှန်ပါဘုရား)
"ကဲ..ဒီတော့ ဒီနေ.ဘုန်းကြိးတို. ဒကာ၊ ဒကာမများ အကျိုးအလို.ငှာ လောကမှာ ဘုရားရတနာ၊
တရားရတနာ၊ သံဃာရတနာတွေ ပေါ်ပေါက်လာနေတာ မဟုတ်ဘူးလား
(တင်ပါ့ဘုရား)
"ဒီထက်မက လိုရင်းပြောရရင် ဘုန်းကြိးတို. ယောဂီသူတော်ကောင်းများ တရားရဖို.အတွက်
သံဃာတ်ာတွေ တည်ရှိနေသေးတာ ဟုတ်လား။ကုသိုလ်ကောင်းမှုတွေ များများပြုလုပ်ဖို.အ
တွက်၊ တရားထူးတရားမြတ်ရဖို.အတွက် ဟောပေးနိုင်စွမ်းရှိတဲ့ သံဃာတော်တွေရှိနေလို.
ဘုန်းကြီးတို. ပရိသတ်များ သန္တာန်မှာ သဒ္ဓါတရာတွေ ဟာအမြဲမပြတ် တိုးတက်ခွင့် မရနေဘူးလား"
(ရနေပါတယ်ဘုရား)
"အဲဒါဟာ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးရန်အတွက် အနုတ္တရံ၊ပုညခေတံ္တလောက ဿတဲ့။ဒါနမျိုးစေ့၊
သီလမျိုးစေ့၊ဘာဝနာ မျိုးစေ့တို.ကို စိုက်ပျိုးရန် လယ်ယာမြေ ကောင်းသဖွယ် သံဃာတော်များ
တည်တံ့နေတာ ဟုတ်လား"
(တင်ပါ့)
"ဒီတော့ ဒီရတနာမြတ်သုံးပါး တည်ရှိနေလို.လူတွေ နတ်တွေဟာ ကုသိုလ်တွေတိုးတက်ခွင့်ရနေတာ။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်သွားပြီးနောက် သံဃာတော်တွေသာ မရှိဘူးဆိုရင် ဒီဘုရားရတနာနဲ. တရားရတနာဟာ ကွယ်ပျောက်ပြီဟုတ်လား"
(တင်ပါ့ဘုရား)
"ဒီတော့ ဒီသံဃာတော်တွေရှိနေလို. ဘုရားနဲ.တရားကိုသိခွင့်ရတာပါ"
(တင်ပါ့)
"ဘုရားရှင်အကြောင်းကို သိခွင့်ရတယ်။တရားအကြောင်းကိုလည်းသိခွင့်ရတယ်။သံဃာအကြောင်းကိုလည်း သိခွင့်ရတာဟာ ဒီသံဃာတော်တွေ ရှိနေလို. ဟုတ်လား"
(တင်ပါ့)
"ဒီတော့ အဲဒီသံဃာတော် အရှင်ကောင်း အရှင်မြတ်များသည် သာသနာ အတွက် ကျေးဇူးများအကြောင်းကို မြတ်စွာဘုရားရှင် အမိန်.ရှိထားတယ်နော်"
(တင်ပါ့ဘုရား)
"သံဃာတော်များတည်တံ့နေခြင်းကြောင့် ဘုန်းကြိးတို. ဒကာ၊ဒကာမများ ကျေးဇူးများပြား
လွန်းတာ ဟုတ်လား။ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သာသနာမှာ ဘယ်သူ.ကို
ညွှန်းတာတဲ့လဲ ပရိသတ်"
(သံဃာကိုပါဘုရား)
"သံဃာကိုညွှန်းတယ် ဟုတ်လား။အေး မိထွေးတော် ဂေါတမီကိုလည်း ငါဘုရား တစ်ပါးတည်းကို အာရုံပြုပြီး မလှူနဲ.။သံဃာကို လှူပါလို.အမိန်.မရှိဘူးလား။"
(ရှိပါတယ်ဘုရား)
"သံဃာကိုအာရုံပြုပြီး လှူရခြင်းဟာ ငါဘုရားကို လှူဒါန်းရာရောက်ပါတယ်လို. မဟောဘူးလား"
(ဟောပါတယ်ဘုရား)
"ပုဂ္ဂိုလ်ကိုမလှူပါနဲ.။သံဃာကိုသာ လှူပါလို.မိန်.တယ်။ဘာဖြစ်လို.လဲမေးတော့ သံဃာဟာ
သာသနာအတွက် ကျေးဇူးများလွန်းလို ဟုတ်ကဲ့လား"
(တင်ပါ့)
"သံဃာတော်သာလျှင် သာသနာတော်မြတ်ကို တည်တံ့အောင် ထမ်းပိုးရွက်ဆောင် နိုင်တယ်။ဒီသံဃာဟာ သာသနာမှာ ပရိယတ္တိသာသနာကိုထမ်းပိုးရွက်ဆော်နိုင်တယ်။ ပဋိပတ္တိသာသနာတော်မြတ်ကို လည်းထမ်းပိုးရွက်ဆောင်နိုင်တယ်နော်"
(တင်ပါ့)
"သံဃာတော်တွေသာ မရှိဘူးဆိုရင် ဒီပရိယတ် ပဋိပတ်ဘာဖြစ်ပြီတဲ့လဲ"
(ကွယ်မှာပါဘုရား)
"ကွယ်ပြီဟုတ်လား။အဲသလို ပဋိယတ်၊ ပဋိပတ် ကွယ်တာနဲ. ပဋိဝေဒ သာသနာလည်း
ကွယ်မှာပေါ့ ဟုတ်လား။သာသနာကွယ်တာနဲ. လောကကြီး မှောင်အတိ ဖြစ်သွားပြီနော်"
(တင်ပါ့)
"ကြောက်စရာ မကောင်းဘူးလား"
(ကောင်းပါတယ်ဘုရား)

လေးသွယ်ယောဂီ အလီလီ

"ဒါကြောင့် သာသာနာဆိုတဲ့ ဘုရားရှင်ရဲ. အဆုံးအမ တည်တံ့ရခြင်းအကြောင်းရင်းကို သိစေလို
လို.ပြောလိုတာပဲဖြစ်တယ်။ကဲ...ဘုန်းကြီးတို.ဟောလိုက်တဲ့တရားလေး ပြန်ဆက်ကြပါစို.။ကဲ ဒီရခဲလှတဲ့ သာသနာတွင်းမှာ သာသနာတွင်းကုသိုလ်ဖြစ်တဲ့ ၀ိပသာနာကုသိုလ်ကောင်းမှုကိုမှမယူတတ်ကြဘူး၊ မယူနိုင်ကြဘူးဆိုရင် မဆုံးရှုံးရဘူးလား"
(ဆုံးရှုံးပါတယ်ဘုရား)
"သာသနာတွင်းကာလမှာ လူလာဖြစ် ပါလျက်ကယ်နဲ. သာသနာတွင်းကုသိုလ်ရှိနေပါလျက်နဲ.
မရယူတတ်ဘူးဆိုရင် သာသနာနဲ. တွေ.ပင်တွေ.ငြားသော်လည်း လွဲမနေဘူးလား"
(လွဲနေပါ့တယ်ဘုရား)
"ဒါကြောင့် ဒကာ၊ ဒကာမတွေ ကုသိုလ်ကောင်းမှုဆိုတာ လူတိုင်း လူတိုင်း မရယူနိုင်ပါဘူး"
(တင်ပါ့ဘုရား)
"ကုသိုလ်ရှိသူမှ ကုသိုလ်ကိုယူနိုင်ပါတယ်။ဘာရှိသူမှ ဘာကို ယူနိုင်တယ်"
(ကုသိုလ်ရှိသူပါဘုရား)
"ကုသိုလ်ရှိသူ၊ ကုသိုလ်ယူနိုင်တယ် ဟုတ်လား။ကုသိုလ်ရှိတဲ့ ပုဂ္ဂိုလ်မှနော်။ ၀ိသေသပုဒ် ပါပါတယ်။
ကုသိုလ်ရှိတဲ့ ပုဂ္ဂိုလ်များဟာ ကုသိုလ်ကိုယူနိုင်တယ်။ကုသိုလ်မရှိတဲ့ ပုဂ္ဂိုလ်က ကုသိုလ်ကို မယူနိုင်ဘူး
နော်။ဒီတော့ ဘုန်းကြီးတို.ဒကာ၊ ဒကာမတွေ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသတိထားမိလို.ရှိရင် ငါ
ကုသိုလ်ရှိသလား၊မရှိဘူးလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချ ဟုတ်ပြီလား။ဘယ်လို
ချမလဲဆိုရင် ကုသိုလ်ရှိတယ်လို. ဆုံးဖြတ်ချက်ချပေးရမယ် ဟုတ်ပြီလား"
(တင်ပါ့ဘုရား)
"ဘာရှိတပုဂ္ဂိုလ်ပါလိမ့်"
(ကုသိုလ်ရှိတဲ့ ပုဂ္ဂိုလ်ပါဘုရား)
"ဘုန်းကြီးတို. ခဏခဏပြောခဲ့ပါတယ်။ဒီသာသနာတွင်း ကုသိုလ်ဖြစ်တဲ့ ၀ိပဿနာ ကမ္မဋ္ဌာန်းတရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ လေးမျိုးရှိတယ်လို. ပြောခဲ့တယ်။ တရားရှုမှတ်နေတဲ့ ယောဂီဟာ တရားမှတ်နေတယ်လို.ဆိုရင် နံပါတ်တစ်က အချို.ဟာ မှတ်တော့ မှတ်
နေပါရဲ.။ 'ဆုတ်ယုတ်မှုတွေနဲ. တရားရှုမှတ်နေလို. ဆုတ်ယုတ်မှုတို.ဖြင့် တရားရှုမှတ်နေတဲ့
ယောဂီ'လို. ခေါ်ရတယ်။
ဒုတိယလူက တည်တံ့ရုံမျှဖြင့် တရားရှုမှတ်နေတဲ့ ယောဂီတဲ့။
တရားကတော့ မှတ်နေတာပဲနော် မတူကြဘူး။ နံပါတ်သုံး ပုဂ္ဂိုလ်ကျတော့ အထူးအားဖြင့်ကြိုး
စားရှုမှတ်နေတဲ့ ယောဂီလို. ဆိုတယ်နော်။
နံပါတ်လေးက ဥာဏ်ချင့်ယှဉ်ပြီးတော့ အားထုတ်နေတဲ့ ယောဂီဆိုပြီးတော့ ဘုရားရှင်က ယောဂီ
ဘယ်နှစ်မျိုပြပါလိမ့်"
(လေးမျိုးပါဘုရား)
"နံပါတ်တစ်ယောဂီကို ကြည့်ကြပါစို.။ဘာယောဂီတဲ့လဲ"
(နံပါတ်တစ်ယောဂီပါဘုရား)
"နံပါတ်တစ်ယောဂီက ဘယ်လို ယောဂီတဲ့လဲ။ဒကာ၊ဒကာမတွေဆုတ်ယုတ်မှုတွေနဲ. တရားရှုမှတ်
နေတဲ့ ယောဂီတဲ့ဟုတ်လား။"
(တင်ပါ့ဘုရား)
"သေချာနားထောင်ပြီး မိမိကိုယ်ကိုဝေဖန်ဆန်းစစ်နိုင်အောင်လို. သေချာ နှလုံးသွင်းပေးပါ
ဟုတ်ပြီလား။ဒီပထမ ယောဂီဟာ တရားတော့ထိုင်နေတယ်နော်။ တရားမမှတ်တာ မဟုတ်ဘူး။
မှတ်တော့ မှတ်နေတယ်။ ဒါပေမဲ့ သူ.အတွက် ဘာမှတိုးတက်မလာဘူး။ ထိုင်တော့ ထိုင်နေတာ
ပဲ။ ဒေါင်ဒေါင်ခေါက်ရင် တာဝန်ကျေရုံ ၀တ်ကျေတန်းကျေပဲ နေထိုင်တယ်။ ရက်တွေ.၊လတွေ.
စေ့ရောက်ဖို.ပဲ သူ.အတွက်ရှိနေတယ်။ငါ ထူးခြားတဲ့ စွမ်းအားတွေရအောင် အားထုတ်မယ်ဆို
တဲ့ စိတ်ဓာတ်တွေမရှိဘူး။သူများထိုင်လို. ထိုင်နေရတာပဲ။သူများထရင် ထသွားတာပဲ။ဟုတ်ကဲ့
လား။ အဲသလို ထိုင်နေတဲ့ ပုဂများဟာ ဆုတ်ယုတ်မှုတွေနဲ. တရားမှတ်နေတဲ့ ယောဂီတွေနော်"
(တင်ပါ့ဘုရား)
"ဘာနဲ.မှတ်နေတဲ့ ပုဂ္ဂိုလ်တဲ့လဲ။"
(ဆုတ်ယုတ်မှုနဲ.မှတ်နေတဲ့ ပုဂ္ဂိုလ်ပါဘုရား)
"ဒုတိယပုဂ္ဂိုလ်ကျတော့ တည်ရုံမျှဖြင့် တရားမှတ်နေတဲ့ ယောဂီနော်။ဘာတဲ့လဲ"
(တည်ရုံမျှဖြင့် တရားမှတ်နေတဲ့ ယောဂီပါဘုရား)
"တည်ရုံလောက်ပဲ တည်တာ။ တရားကတော့မှတ်တော့ မှတ်နေတာပဲ။အမှတ်ကလည်း မပျက်ပါဘူးတဲ့။ အချိန်လည်း မပျက်ဘူး။ဒါပေမဲ့ ၀ိပသာနာရှုကွက် အပေါ် ထင်ထင်ရှားရှားကြီးကြီး မစူးစိုက်ဘူး။ဝီရိယတွေနဲ. ထင်ရှားလာအောင် ကြိုးပမ်းအားထုတ်မှုမရှိဘူး။
သာမန်ပဲ မှတ်နေတာ။ငါမှတ်နေတာပဲလို. စကားဖြင့် ပြောရရုံသာ မှတ်နေတယ်။ လုံ.လ၀ီရိယတွေ မရှိဘူး။စူးစိုက်မှုနဲ. စေ့စေ့စပ်စပ် စူးစမ်းဆင်ခြင်မှုမရှိဘူး။တိုးတက်အောင်လည်းမကြိုးစားဘူး။ အဲဒီတော့ အဲဒီပုဂ္ဂိုလ်ဟာ တည်ရုံလောက်သာ မှတ်နေတဲ့ ယောဂီပုဂ္ဂိုလ်ဖြစ်တယ်၊ ဟုတ်လား"
(တင်ပါ့ဘုရား)
"ယောဂီနှစ်မျိုး ရှိသွားပြီနော်။ ပြန်ပြောပြပါမယ်။ ဆုတ်ယုတ်မှုတို.ဖြင့် တရားရှုမှတ်နေတဲ့
ယောဂီနဲ. တည်ရုံကာမျှဖြင့် တရားရှုမှတ်နေတဲ့ ယောဂီဟုတ်လား"
(တင်ပါ့ဘုရား)
"တတိယပုဂ္ဂိုလ်ကတော့ အထူးကြိုးစား အားထုတ်ရ ရှုမှတ်နေတဲ့ယောဂီတဲ့နော်"
(တင်ပါ့ဘုရား)
"၀ိသေသပုဒ်အားဖြင့် အထူးကြိုးစားအားထုတ်ရ ရှုမှတ်နေတဲ့ ယောဂီဟာ ကြိုးစားနေတာပဲ။
တကယ့်ကို နင်လား၊ ငါ လား ကြိုးစားအားထုတ်နေတယ်။ သူဟာ ၀ီရိယတွေလည်းစိုက်
ထုတ်ပြီး ကြိုးစားတာ ဟာ သူများထသွားရင်လည်း ကြိုးစားပြီးမှတ်နေတာပဲ။သို.ရာတွင် သူ
ဟာ ဥာဏ်မပါပဲကြိုးစားနေတယ်။ဥာဏ်စွမ်းအားက သူ.သန္တာန်တာမှာ ဖြစ်မလာဘူး။ဖြစ်မလာတော့ ဒီယောဂီပုဂ္ဂိုလ်ဟာ ကြိုးတော့ ကြိုးစားနေပါရဲ.၊ ဒါပေမဲ့ သူ.အတွက် မထူးခြားဘူး။တရားတွေ ထူးထူးခြားခြားဖြစ်မလာဘူး။ဘာဖြစ်လို.လဲမေးရင်
ဥာဏ်မပါဘဲ အားထုတ်နေလို ဟုတ်လား"
(တင်ပါ့ဘုရား)
"အားရပါးရ ဖြေစေချင်ပါတယ်။ဘယ်လို ရှုမှတ်နေတာတဲ့လဲ။"
(ဥာဏ်မပါဘဲ ရှုမှတ်နေလို.ပါဘုရား)
"အဲဒါဟာ တတိယယောဂီပုဂ္ဂိုလ်နော်"
(တင်ပါ့ဘုရား)
"နံပါတ်လေးပုဂ္ဂိုလ်က ဥာဏ်ချင့်ချိန်ပြီးတော့ အားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်ဟုတ်ပြီလား"
(တင်ပါ့)
"ဘယ်လိုယောဂီ ပုဂ္ဂိုလ်တဲ့လဲ။ဥာဏ်ချင့်ချိန်ပြီးတော့ အားထုတ်နေတဲ့ ယောဂီပါဘုရား။အဲဒီပုဂ္ဂိုလ်ဟာ ဥာဏ်နဲ. ကြိုးစားအားထုတ်နေတယ်။အရာရာ
တိုင်းမှာ ဥာဏ်လေးနဲ. အကဲခတ်နေတယ်။မှတ်စိတ်နဲ. အာရုံကိုက်အောင် ဥာဏ်လေးနဲ.ယှဉ်ပြီးတော့ ကြည့်နေတယ်။အဲဒီလို ပုဂ္ဂိုလ်ကျပြန်တော့ ဥာဏ်ယှဉ်ပြီးအားထုတ်နေတာမို.လို ယောဂီပုဂ္ဂိုလ်လေးမျိုးထဲမှာ နံပါတ်လေးယောဂီဟာ ဘုရားရှင်အကြိုက် ယောဂီဟုတ်လား"
(တင်ပါ့ဘုရား)
"တရားထူး တရားမြတ်ကို ရနိုင်တဲ့ ယောဂီလို.ခေါ်တယ်"
(တင်ပါ့ဘုရား)
"ပစ္စုပ္ပန် လမ်းညွှန်ပေးနေတဲ့ ဆရားသမားရဲ. စကားတွေ၊ အဆုံးအမတွေကို အဲဒီနံပါတ်လေးပုဂ္ဂိုလ် ကလိုက်နာကျင့်သုံးမှုတွေရှိနေတယ်။ဟုတ်လား။"
(တင်ပါ့)

အလိုကြိး အမြီးပေါက်

"တချို.ကျတော့ ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားနေပြီးတော့ ဆရာသမားရဲ. အဆုံးအမကို
လိုက်နာကျင့်သုံးမှု မရှိရင် ကြိုးစားရုံနဲ.မဂ်ဖိုလ်နဗ္ဗာန်ကို ရနိုင်ပါ့မလား"
(မရနိုင်ပါဘုရား)
"ဒါကြောင့် ဆရာကောင်း၊ သမားကောင်းတွေရဲ. အဆုံးအမအတိုင်း လိုက်နာကျင့်သုံးမှ ရည်မှန်း
ချက်ပန်းတိုင်ကိုရောက်နိုင်တယ်။တရားတွေရနိုင်ပါတယ်။ဥပမာ ဆောင်ပြီးတော့ ပြောပြပါမယ်။
တစ်ခါက ရွာတစ်ရွာမှာ အမျိုးကောင်းသားတစ်ယောက်ဟာ အလွန်တရာမှ အရုပ်ဆိုးပါတယ်။
သူ.နာမည်က မောင်ရုပ်ဆိုးတဲ့။အချိန်တန် အရွယ်ရောက်တော့ သူ.ကိုရုပ်ဆိုးလွန်းလို. အမျိုး
သားရော၊ အမျိုးသမီးတွေကပါ အဖော်မလုပ်ကြဘူး။မောင်ရိုးဆိုးဟာ ဒီလောက်ထိတောင် အ
ရုပ်ဆိုးရှာတယ်နော်။ဘယ်ရွာသွားသွား မိဘတွေ ပစ္စည်းဥစ္စာ ရှိပေမယ် အရုပ်ဆိုးလွန်းလို. မည်
သည့်ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မျှ အဖက်မလုပ်ကြဘူး။ဒီတော့ မောင်ရုပ်ဆိုးဟာ သူ.ကိုယ်သူ စဉ်းစားလာတယ်။
အို... ငါ့ကို အမျိုးသားတွေကရော၊ အမျိုးသမီးတွေက ပါ အသိအမှတ်မပြု
ကြဘူး။ အမျိုးသမီးတွေကလည်း အိမ်ထောင်ဘက်အဖြစ် မရွေးချယ်ကြဘူး။ဘယ်သူမှလည်း
အရေးမစိုက်ကြဘူး။မထူးဘူးလေ ငါ့ဘ၀တော့ သေလည်းမထူး ရှင်လည်းမထူးပါဘူး။ တောင်
ချောက် ကမ်းပါးတစ်ခုက ခုန်ချပြီး သေတာမှ ကောင်းလိမ့်ဦးမယ်ဆိုပြီးတော့ တောထဲကို ထွက်
သွားရှာတယ်။တောအုပ်တစ်ခုမှာ ခြင်္သေ့ကြီးတစ်ကောင်နဲ. တွေ.သတဲ့။ ခြင်္သေ့ကြီးကလည်း
အလွန်တရာ ကြောက်စရာ ကောင်းတဲ့ ခြင်္သေ့ကြီး။ ခြင်္သေ့ကြီးကလည်း အသင့်စောင့်နေတယ်။
မည်သည့်သတ္တ၀ါ လာလာ အကုန်စားမယ်ပေါ့။အဲဒီ မောင်ရုပ်ဆိုးက ခြင်္သေ့ကြီးကို လှမ်းမြင်တော့ သြော်..တတောင်စောင့်နတ်မင်း ချောက်ကြီးထဲ ငါခုန်ဆင်းစရာ မလိုတော့ဘူး။
ပင်လယ်ထဲလည်း ခုန်ဆင်းစရာ မလိုတော့ဘူး။ခြင်္သေ့ကြီးအစား ငါခံတော့မယ်။ ခြင်္သေ့ကြီးက
ငါ့ တစ်ကိုယ်လုံးကိုစားရင် တော်တော်ဝဖြိုးလာလိမ့်မယ်။ချမ်းချမ်းသာသာရှိပါစေတော့ဆိုပြီး
မောင်ရိုးဆိုးလည်း ဘယ်အပြောကောင်းမလဲ တစ်ခါတည်း တစ်ရှိန်ထိုးပဲ ခြင်္သေ့ကြီးဆီကိုပြေးသွားရှာတယ်။ပြေးသွားပြီးတော့ ခြင်္သေ့ကြီးအနား ရောက်တယ်ဆိုရင်ပဲခြင်္သေ့ကြီးက ဒီလူဆန်းပါလား။ခါတိုင်းဆိုရင် လူတွေဟာ ငါ့ကိုမြင်ရင်သိပ်ကြောက်ကြတယ်။ပြေးကုန်ကြတယ်။ဒီလူက ငါ့အနားပြေးလာနေတယ်။
တခြားလူတွေလိုလည်း မဟုတ်ဘူးဆိုပြီးတော့ ဟေ. ..လူသားသင် ဘာလို. ငါ့ဆီကို
ပြေးလာနေတာလဲ ၊ ငါ့အစားခံ ဖို. ဘာဖြစ်လို. လာတာလဲလို. မေးတော့ မောင်ရုပ်ဆိုးက
ခြင်္သေ့မင်းကြီး အကျွန်ုပ်ဟာ သေလည်းမထူး၊ ရှင်လည်းမထူးပါဘူး ၊ အကျွန်ုပ်ကဲ့သို. အရုပ်ဆိုးတဲ့လူသား များအတွက်ဘ၀ကို ခင်တွယ်စရာလည်း မရှိတော့ပါဘူး၊ အပေါင်းအဖော်ဆိုတာ လည်းမရှိပါဘူး၊ အကျွန်ုပ်ဟာ သေတာပဲ ကောင်းပါတယ်။ခြင်္သေ့မင်းကြီး အကျွန်ုပ်သေတာ ကောင်းပါတယ်၊ ဒါကြောင့် အကျွန်ုပ်
ခြင်္သေ့မင်းကြီး အစားခံဖို.လာတာပါ၊ အကျွန်ုပ်ကို အားရပါးရ ၀ါးမျိုစားသုံး လိုက်စမ်းပါလို.
ပြောတော့ ခြင်္သေ့မင်းကြီးက မင်းဘာလို. အစားခံချင်ရတာလဲ ကွာဆိုတော့ အကျွန်ုပ် အရုပ်ဆိုးလို.ပါ။ အကျွန်ုပ်ကို လူတွေက အပေါင်းအသင်းမလုပ်ကြဘူး။အမျိုးသမီးတွေကလည်း အကျွန်ုပ်ကို ဘယ်သူမှ အလိုမရှိကြဘူး။ဒီတော့ အကျွန်ုပ်အတွက် ဘာထူးမှာလဲ။ သေလည်းမထူး၊ရှင်လည်းမထူးပါဘူး။ ခြင်္သေ့ကြီး ကျုပ်ကို စားသုံးလိုက်ပါဆိုတော့ ခြင်္သေ့ကြီးက သြော်..မင်းကဒီလိုလား။မင်းက အရုပ်ဆိုးလွန်းလို. အစားခံချင်တယ်ပေါ့လေဆိုတော့...
ဟုတ်ပါတယ်။အကျွန်ုပ် အရုပ်ဆိုးလို. အစားခံချင်တာပါ။ကဲ..ဒါဆိုရင် မင်းအရုပ်ဆိုးတဲ့ဘဝ
က လွတ်မြောက်အောင် ငါလုပ်ပေးမယ်။အရုပ်ဆိုးတဲ့ဘ၀က လွတ်မြောက်ဖို.အတွက်
ငါပြောပြတာကို မင်းနားထောင်ရမယ် ဟုတ်လားလို.ပြောတယ်နော်"
(တင်ပါ့ဘုရား)
"အရုပ်ဆိုးတဲ့ဘ၀ဟာ လွတ်မြောက်ဖို.အတွက် ခြင်္သေ့က နည်းပေးပြီးဟုတ်လား။ ဘာတဲ့လဲဆို
ရင်ခြင်္သေ့က မင်းငါ့ကို ခုနစ်ပတ် ပတ်ပြီးတော့ ကပြီးတော့သွားကွာ၊ခုနစ်ပတ်ပတ်ပြီး ငါ့ကို
ကပြ။ခုနစ်ပတ်ပြည့်တာနဲ. ငါ့ရှေ.မှာလာရပ်။ရပ်တာနဲ. မင်းပုံသဏ္ဍာန်တွေ ပြောင်းလဲသွားစေ
ရမယ်လဲဆိုရော ဘယ်ပြောကောင်းမလဲ။မောင်ရုပ်ဆိုးက သူအရိုးဆိုးတော့ လှချင်လွန်းလို.
တစ်ခါတည်း ခြင်္သေ့ကြီးကို ပတ်ပြီးတော့ ကလိုက်ခုန်လိုက် ပတ်လိုက်နဲ. ခုနစ်ပတ်လည်း
ပြည့်လို.ခြင်္သေ့ကြီးမျက်နှာ ရှေ.မှာဒိုင်းဆို ရပ်လုက်ရော ခြင်္သေ့ကြီးကပြောတယ်။မောင်ရုပ်ဆိုး မင်းမောင်လှဖြစ်သွားပြီ။အရုပ်မဆိုးတော့ဘူးကွ။
မင်းမောင်ချော၊ မောင်လှဖြစ်သွားပြီ။ မင်းကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စမ်းဆိုတော့ မောင်ရုပ်ဆိုးက ကြည့်တော့ဟာ... ဟုတ်တယ်။ အရုပ်မဆိုးတော့ဘူး။လှသွားတယ်။ဒီတော့
ခြင်္သေ့ကြီးက မင်းပြန်တော့။သို.သော် မင်း ငါ့အကြောင်းကိုတော့ လူတွေကို မပြောလေနဲ.။
မင်းဒီက စနဲ.ပတ်သတ်ပြီး လူတွေကို မပြောလေနဲ.ကွာ။လူတွေဟာ သိပ်ပြီးတော့ လောဘ
ဒေါသ မောဟတွေ သက္ကာယတွေ များတယ်ဆိုတော့ မောင်ရုပ်ဆိုးက ဟုတ်ကဲ့ ကျွန်တော်
ကြိုးစားပါ့မယ်လို. ပြောပြီးတော့ မောင်ရုပ်ဆိုးဟာ ပြန်သွားတယ်။ရွာလည်းရောက်ရော
လူတွေက သူ.ကို လှမ်းနှုတ်ဆက်ကြတယ်။မောင်ရုပ်ဆိုး ရေမင်ချောလို.လှလို.ပါလားစသည်
ဖြင့် ဟိုလူကပြောဒီလူကပြောနဲ. အမျိုးသမီး နားတွေ ရောက်ပြန်တော့လည်းပဲဟာ...
ကိုရုပ်ဆိုးက တယ်လှနေပါလားလို. နှုတ်ဆက်ကြ၊ စကားပြောကြ၊ အပေါင်းအဖော်တွေ လုပ်ကြ
နဲ.ဆိုတော့ သိပ်သဘောကျ သွားပြီ။သိပ်ပျော်သွားပြီ။ သူ.မှာ သူငယ်ချင်းတစ်ယောက်ကလည်း
ပဲ သူ.လောက်ရုပ်မဆိုးပေမယ့် မလှတလှ။ မဆိုးတဆိုးလေးရှိနေတယ်။ အဲဒီတစ်ယောက်က
လည်းပဲ သူ.လိုသိပ်လှချင် လာတယ်နော်။လှချင်လိုက်တာ၊ သိပ်လှချင်လာတော့ မောင်ရုပ်ဆိုးကို မေးပြီပေါ့။ဟာ..သူငယ်ချင်း။ငါကွာ မင်းလို သိပ်လှချင်တာပဲ။ငါဘာလုပ်ရမလဲ
အကြံပေးပါဦး၊ မင်းလိုလှရင်သိပ်ကောင်းမယ်။ မင်းကိုလေ အမျိုးသမီးမပြောနဲ. အမျိုးသား
တွေတောင် ငေးကုန်ပြီကွာ။မင်း သိပ်ချောသိပ်လှတာဟာ မင်းဘယ်လိုနည်းတွေရလာသလဲ
ကွာ။ပြောပြပါဦး။ငါ မင်းပြောတဲ့အတိုင်း လုပ်မယ်ကွာ။ သူငယ်ချင်းပြောသာပြော စသည်
ဖြင့် မေးဖန်များလာတဲ့အခါ ကျတော့လည်း မောင်ရိုးဆိုးခမျာ ပြောရတော့တာပေါ့။ အေးပါ
ကွာ၊ ဒီလိုပါပဲ ငါက မထူးတော့ဘူး ဆိုပြီးတော့ သေလည်းမထူး၊ ရှင်လည်းမထူး၊ နေလည်း
မထူးတော့ဘူးဆိုပြီး ငါက တောထဲကိုသွားတယ်လို.ဆိုပြီးတော့ ဇာတ်စုံလည်း ခင်းပြလိုက်ရော
မောင်ရုပ်ဆိုး ပြောတဲ့အတိုင်း သူ.သူငယ်ချင်းကလည်း လှချင်တော့ ငါ့သူငယ်ချင်း ချောသလို
ချောအောင် လုပ်မယ်ဆိုပြီး တော့ အဲဒီလမ်းအတိုင်း တောထဲကို သွားတယ်။သွားရင်း သွားရင်း
နဲ. ခြင်္သေ့ကြီးနဲ. လည်းတွေ.ပါလေရော တွေ.တဲ့အခါ သူ.သူငယ်ချင်းကဲ့သို.ပဲ သူကလည်း
မထူးတော့ဘူးဆိုပြီးတော့ ခြင်္သေ့ကြီးဆီ အစားခံဖို. ပြေးသွားသတဲ့။ပြေးသွားတော့ ခြင်္သေ့ကြိး
ဆီလည်းရောက်ရော ခြင်္သေ့ကြီးက ဟေ့လူ သား မင်းဘာဖြစ်လို. ငါ့ဆီကိုပြေးလာနေသလဲလို.မေးသတဲ့။
ဒီတော့ ခြင်္သေ့ကြီး ကျွန်တော်လေ အရုပ်ဆိုးတယ်။ လှချင်လို. ခြင်္သေ့ကြီးထံ လာရတာပါ။ ကျွန်တော့်ကို သနားပေးပါဆိုပြီး ပြောသတဲ့။သူကလည်း လှချင်တာကိုးနော်။ ဒီတော့ ခြင်္သေ့ကြီးက သြော်..လှချင်တာကိုး။ လှချင်
ရင်တော့ ကွာမထူးပါဘူး။ငါပြောပြပါ့မယ်၊ မင်းလှချင်ရင်လေ မင်း ငါ့ကိုကပြီးတော့ ခုနစ်ပတ်ပတ်။ ပြီးတော့ ခုနစ်ပတ်ပြည့်ရင် ငါ့ရှေ.မှာရပ်၊ ရပ်ရင် မင်းမောင်ရုပ်ဆိုးလှသလိုပဲ လှသွားမှာပေါ့။ နဂိုကတည်းကမှ မင်းကသိပ်အရုပ်
ဆိုးကြီးမှ မဟုတ်ဘဲလို.ပြောသတဲ့။အဲသလိုလည်း ပြောလိုက်ရော သူကအားရပါးရနဲ. ခုန်ပေါက်မြူးထူးပြီးတော့ကို ကပြီးပတ်သတဲ့။ ခြောက်ကြိမ်မြောက်ပတ်ပြီး သွားပြီဆိုတော့ လှချင်တဲ့သူက ဘယ်လိုစဉ်းစားသလဲဆိုတော့
မောင်ရုပ်ဆိုးက ခုနစ်ပတ်ပတ်လို.လှသွားတာ။ ရှစ်ပတ်သာပတ် လိုက်ရင်တော့ ဒီထက်ပိုလှသွားလိမ့်မယ် ဆိုပြီး တွေးသတဲ့"
(တင်ပါ့ဘုရား)
"ခုနစ်ပတ်ထက် ရှစ်ပတ်ဆိုရင် ငါပိုပြီး လှသွားလိမ့်မယ်။ သူ.ထက် ပိုလှအောင် သူ.ထက် ငါတစ်ပတ်ပိုပတ်ပြလိုက်မယ်။ ဒီလိုတွေးတာနော်။ လူဆိုတာ သိပ်ခက်တယ် ဒကာ၊ ဒကာမတွေ။အေး...လူတိုင်း လူတိုင်းဟာ ပြိုင်တဲ့
နေရာမှာကိုယ့် ကိုယ်ကိုယ်ကိုလည်းသတိမထားမိဘူး။ ဒါဟာ လုပ်သင့်၊ မလုပ်သင့်လဲစဉ်းစားဆုံးဖြတ်တတ်တဲ့ ကိုယ်ပိုင်ဥာဏ် မရှိဘူး။ မရှိတော့ ဘယ်ပြောကောင်းမလဲ ဒကာ၊ဒကာမ။ တို.ခုနစ်ပတ်ပြည့်လည်း သူ မရပ်တော့
ဘူး။ ရှစ်ပတ် ပတ်ချလိုက်တယ်။ရှစ်ပတ်ပြည့်လို. ခြင်္သေ့ရှေ.မှာလည်း ရပ်လိုက်ရော ဖျတ်ဆိုရင် အမြီးထွက်လာတယ်။ နောက်က အမြီးထွက်သွားပြီ ဟုတ်လား ဒကာ၊ ဒကာမတွေ။ အမြီးထွက်လာတော့ အမြီးတန်းလန်း တန်းလန်းကြီးနဲ. ဖြစ်နေပြီ။ ဒီတော့ ခြင်္သေ့ကြီးကလည်းဘာမှ မတတ်နိုင်တော့ဘူး။အဓိကက ဘာလဲဆိုတော့ ပြောပြတဲ့စကားကို နားမထောင်ဘူး။ လှချင်တာကလည်း သူများထက်လှအောင်ဆိုတဲ့ လောဘစိတ်က ကြီးထွားပြီးတော့ စည်းကမ်းမလိုက်နာဘဲ ပိုပတ်ချလိုက်တာ မလှဘဲ အမြီးတန်းလန်းကြီး မရသွားဘူးလား"
(ရသွားပါတယ် ဘုရား)
"ဘာဖြစ်ချင်လွန်းလို."
(လှချင်လွန်လို.ပါဘုရား)
"ပိုလှချင်လို. ဟုတ်လား။ ပိုပြီးတော့ လှချင်လွန်းလို. ဟုတ်လား ပရိသတ်။ တို.ဒကာ၊ ဒကာမတွေ မလှချင်ဘူးလား"
(...........)
"ဟင်......ဘာမှလည်း မကြားရဘူး။နောက်က ယောဂီတွေ မလှချင်ဘူးလား"
(........)
"ဟင်...မပြောကြတော့ဘူး။ လှချင်ရင်ပြောလေ၊ ဒီဘုန်းကြီးက အကြံဥာဏ်ပေးမလို.ပါ"
(.......)

ငုပ်မိသဲတိုင် မြဲနိုင်ဖျားရောက်

ကဲ...ဒီတော့ ဒီဥပမာလေးကို ကြည့်ခြင်းဖြင့် ပထမလူဖြစ်တဲ့ မောင်ရုပ်ဆိုးက လှချင်လို. ဘာလုပ်သလဲဆိုရင် ပရိသတ်တို.ရေ သူဟာ စွန်.စားလိုက်တယ်။ စွန်.စားတယ်ဆိုတာက အသက်ကိုတောင် ပဓာနမထားပါပဲ
တကယ်ကို စွန်.စားခဲ့တာ။ စွန်.စားနိုင်မှ စွမ်းတာကိုး။စွန်.မှ ဘာဖြစ်ပါလိမ့်
(စွမ်းပါတယ်ဘုရား)
စွန်.မှ စွမ်းတယ်နော်။ စွန်.မှ စွမ်းပါတယ်၊ မျှမှရပါတယ်၊ ငြိမ်မှ ငြိမ်းပါတယ်တဲ့။ ဟုတ်လား ပရိသတ်။ဒီစကားလေး သုံးလုံးကို မှတ်ထားပေးပါ။သုံးလုံးတည်းနော်။ သုံးလုံးပဲ မှတ်ထားမယ် ဘာတဲ့။
စွန်.မှ စွမ်းတယ်၊ မျှမှရတယ်၊ ငြိမ်းမှ ငြိမ်းတယ်တဲ့
(တင်ပါ့ဘုရား)
သဘောပေါက်တယ်နော်။စွန်.စွန်. စားစားတဲ့။စွန်.စားရဲတဲ့ ပုဂ္ဂိုလ်များရဲ. ကျေးဇူးရလဒ်ဟာ ရှေ.မှာပန်းတိုင်။ နားလည်တယ်နော်။စွန်.စားတယ်နေရာမှာ သတိ၊ဥာဏ်၊ရှိဖို.လိုတယ်။ ဆရာသမားများ ဥပနိဿယ အပြည့်ရယူ
ပြီးတော့ စွန်.စွန်.စားစားကိုယ်နဲ. အသက် မငဲ့ကွက်ပါပဲနဲ.တကယ်စွန်.စားရဲသောုဂ္ဂိုလ်၊ သတ္တိရှိရှိ ကြိုးစား စွန်.စားရဲသောုဂ္ဂိုလ်တို.ရဲ. ရှေ.မှာ ဘာရှိတာတဲ့လဲ
(ပန်းတိုင်ပါဘုရား)
ရှေ.မှာ ပန်းတိုင်ရှိတယ် ဟုတ်လား။ရှေ.က ပန်းတိုင်က ကြိုဆိုလျက် ရှိနေတယ်။ ပန်းတိုင်ဆိုတာ အရိယာ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် သောတာပတ္တိ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဆိုတဲ့ပန်းတိုင်၊ သကဒါဂါမိမဂ်ဥာဏ် ဖိုလ်ဥာဏ်ဆိုတဲ့
ပန်းတိုင်၊ အနာဂါမိမဂ်ဥာဏ်ဖိုလ်ဥာဏ်ဆိုတဲ့ ပန်းတိုင်၊ အရဟတ္တမဂ်ဥာဏ်ဖိုလ်ဥာဏ်ဆိုတဲ့ ပန်းတိုင်။ အဲဒီ ပန်းတိုင်တွေရှိတယ် ဟုတ်လား
(တင်ပါ့ဘုရား)
အဲဒီပန်းတိုင်ကို ရောက်လိုတဲ့ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ရမှာတဲ့လဲ
(စွန်းစားရပါမယ်ဘုရား)
စွန်.စားရတယ်။ ပြန်ပြောပါ့မယ်။ စွန်.နိုင်ရင် စွမ်းတယ်။ မစွန်.နိုင်ရင် မစွမ်းဘူး။ မစွမ်းနိုင်ဘူး ဟုတ်လား
(တင်ပါ့ဘုရား)

ချင့်ချင့် ချိန်ချိန် သုခမိန်

ဘုန်းကြီးတို. ယောဂီတွေ၊ လောကမှာ လူတွေဟာ တရားတော့ ရှာကြတယ်နော်
(တင်ပါ့ဘုရား)
တရားတော့ ရှာကြပါတယ်။ ဆုံးခန်းတိုင်ရောက်အောင် မကြိုးစားကြဘူး။လမ်းခုလတ်၌ပင်လျှင် ရပ်ကုန်ကြတယ်နော်။ တရားတိုးတက်ဖို. ရှိနေပါလျက် မိမိသန္တာန်ထဲမှာ သဒ္ဓါဓာတ်ကလေးတွေ ဆုတ်ယုတ်လာတယ်။
တရားမှတ်ရင်း မှတ်ရင်းနဲ. သဒ္ဓါဓာတ်တွေ ဆုတ်ယုတ်ပြီးတော့ စိတ်အစဉ်ထဲမှာ ဆက်လက်ပြီး အားထုတ်မယ့် ၀ိရိယဓာတ်တွေကို မဖြစ်ပါဘဲနဲ. အိမ်ပြန်လိုတဲ့ စိတ်တွေ ပေၞလာတယ်။သဒ္ဓါ၊ ၀ီရိယတွေ လျော့နည်းလာတယ်။
အဲဒီသဒ္ဓါ တရား၊ ၀ီရိယတရားတွေ လျှော့နည်းသွားခြင်းကြောင့် စွန်.စားလိုမှု မရှိတော့ဘူး။
(တင်ပါ့ဘုရား)
ဟုတ်လား၊ဘုန်းကြီးပြောခဲ့ပြီးပြီ။ စွန်.နိုင်ရင် စွမ်းတယ် သဘောပေါက်တယ်နော်
(တင်ပါ့ဘုရား)
စွန်.မှစွမ်းတယ်။ပြီးတော့ကော
(မျှမှရပါတယ်ဘုရား)
မျှမှရတယ်နော်။ မျှတရတယ်ပြောတာပေါ့။ဣရိယာပုတ်တွေ မျှတရတယ်။ဣရိယာ ပုတ်တွေမျှတရတယ် ဆိုတာက အထိုင်အထ မျှတရတယ်။ထိုင်လို.ချည်းလည်းပဲ မနေရဘူး။ စင်္ကြန်ကမ္မဋ္ဌာန်း လေးတွေ၊ရပ်မှတ်ခြင်းတွေ၊
ထိုမှတ်ခြင်းတွေကို မျှမျှတတနဲ. နေထိုင်တတ်ရတယ်။ပြီးတော့ အစားအသောက် မျှတရတယ်။ အနေအထိုင်မျှတရတယ်။ အသွားအလာ မျှတရတယ်။ အသွားများရင်လည်းပဲ မဖြစ်ပြန်ဘူး။မတော်တဲ့စကား ၀ိုင်းဖွဲ. ပြောနေ
တဲ့နေရာတွေဟာလည်းပဲ ယောဂီအတွက် မမျှတတဲ့နေရာပဲ။ ရှောင်တတ် တိမ်းတတ် နေတတ် ထိုင်တတ်ရတယ်
(တင်ပါ့ဘုရား)
နော်။အထိုင်နဲ.အထ၊ အသွားနဲ.အလာညီမျှဖို. သိပ်လိုအပ်တယ်။အစားအသောက်ဆိုတာကလည်းပဲ ချင့်ချိန်ပြီးတော့ မျှမျှတတ စားသုံးတတ်ရတယ်။ အအိပ်၊ အနေ အကုန် လုံးမျှတရတယ်။အရေးကြီးတယ်နော်။ဣရိယာ
ပုတ်မျှတပြီးတော့ အစားအသောက် အနေအထိုင်ကအစ စကားပြောတာကအစ မျှမျှတတ ကြိုးစားမယ်ဆိုလို.ရှိရင် ဒီပုဂ္ဂိုလ်ပန်းတိုင်ကို ရောက်မှာပဲ
(တင်ပါ့ဘုရား)

မငဲ့မထောက် ပန်းတိုင်ရောက်
နော်။မှတ်ထားပေးပါ။ အရေးကြီးပါတယ်။မျှမှရတယ် မမျှရင် မရပါဘူး။ ခုနလေးက ဒုတိယလူသည် ဒကာ၊ဒကာမ တွေသိပ်လှချင်တယ်နော်။ သူ. သူငယ်ချင်းမောင်ရုပ်ဆိုးက သိပ်လှသွားတာကို။လှသွားတဲ့ မောင်ရုပ်ဆိုးက
သိပ်လှသွားတာကိုး။ လှသွားတဲ့ မောင်ရုပ်ဆိုးက ဘာကြောင့် လှသွားတာလဲဆိုရင် စွန်.စားရဲလို.ဟုတ်လား။
(တင်ပါဘုရား)
စွန်.လိုစွမ်းသွားတာ အစွမ်းထက်သွားတာ။သူ.ဘ၀မှာ မမျှော်လင့်ဘဲ ရူပကာယ ရုပ်ရည်ကလေး ချောမွေ.ပြီးတော့ ဘ၀အတွက် ကံကောင်းသွားရှာတယ်။နော် သူဟာ စွန်.စားတယ်။ သေလည်း မထူးဘူး၊ ရှင်လည်း မထူး
ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးနဲ. သေတာပဲ ကောင်းပါတယ်ဆိုပြီး ရဲရဲဝံ့ဝံ့၊ စွန်.စွန်.စားစား ၊ တုန်လှုပ်ခြင်း မရှိဘူး။တကယ့်ကို စွန်.စားတဲ့စိတ်ဓာတ်နဲ.သွားတာ မဟုတ်လား
(တင်ပါ့ဘုရား)
ပြီးတော့ ခြင်္သေ့ကို မြင်ပြန်တော့လည်းပဲ တုန်လှုပ်ချောက်ချားခြင်း မရှိဘူး။ လှည့်ပြန်ပြေးချင်တဲ့ နောင်တတွေမဖြစ်ပါဘဲနဲ. ရဲရဲဝံ့ဝံ့ အစားခံတယ်။
(တင်ပါ့ဘုရား)
ဟန်လုပ်ထားတာလား၊ တကယ်အစားခံတာလား
(တကယ်အစားခံတာပါ ဘုရား)
ကြောက်ရွံ.တုန်လှုပ်ခြင်း မရှိပါဘဲနဲ. တကယ့်ကို အစားခံတယ်။အဲဒါကြောင့်လည်းပဲ ခြင်္သေ့ဆိုတဲ့ ပညာရှိပုဂ္ဂိုလ်က သူ.ကံတရားလေးတွေ ကံကောင်းဖို.အတွက် ဖန်တီးပေးလိုက်တယ်
(တင်ပါ့ဘုရား)
အေး..မင်း စွန်.စားခြင်းရဲ. အကျိုးရလဒ်က တန်ဖိုးရှိပြီကွာ။ သွားတော့ဆိုပြီး အောင်မြင်မှု မရလိုက်ဘူးလား
(ရပါတယ်ဘုရား)
အေး...လောကမှာ ရဟန်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် မည်သည့်ပုဂ္ဂိုလ်မဆို ကုသိုလ်တရားတွေ စွမ်းစွမ်းတမံ လုပ်တော့မယ်ဆိုရင် အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် စွန်.စားရဲရတယ်နော်။ ဘုန်းကြီးတို. သာသနာဝန်ထမ်း
ရဟန်းတော်များဘ၀ဆိုရင်လည်း ငယ်ရွယ်စဉ်တုန်းကပဲ သာသနာထဲကို ရောက်တော့မယ်ဆိုပြန်တော့ဦးစွာ ပထမ မိဘနှစ်ပါးနဲ. စွန်.ရတယ်
(တင်ပါ့ဘုရား)
အလွန်တရာ ချစ်ခင်ရပါတဲ့ မိဘနှစ်ပါး။မိခင်ဖခင်တို. အပေၞမှာ အလွန်ချစ်ပါတယ်။အဇေအမေနဲ. ခွဲခွာရမှာကို သိပ်ပြီးကြောက်ရွံ.ခဲ့တယ်။တစ်သက်ပတ်လုံးပဲ အဖေအမေအနားမှာ နေသွားမယ်။ အဇေအမေ ကိုပြုစုယုယပြီး
စောင့်ရှောက်မယ်။ဒီလိုရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘ၀ကို လှမ်းကြည့်တဲ့ခါမှာ မဖြစ်သေးဘူး။သူတို. ကလည်း ကိုယ့်ကိုထာဝရ မစောင့်နိုင်ဘူးဆိုပြီးတော့ အားတင်းပြီး ခွဲခွာဖို.ကြိုးစားရတယ်။ခွဲခွာရတော့မယ့်ဆဲဆဲလေးမှာ
မျက်ရည်ပေါက်ကြီးငယ်ကျပြီး စိတ်ကိုတင်းရပါတယ်။
(တင်ပါ့ဘုရား)
ဒါဟာ နံပါတ်တစ် စွန်.စားခြင်းတစ်ခု။အမိအဖ ညီအစ်ကို မောင်နှမ မိသားစု တွေနဲ. ခွဲခွာရမယ်ဆိုတာ သာသနာဝန်ထမ်းရဟန်းတော်များအတွက်ငယ်ရွယ်စဉ်ဘ၀ကတည်းက စွန်.စားရပါတယ်။
(တင်ပါ့ဘုရား)
သူ.လို ငါလို လူတွေကိုတော့ မဆိုလိုပါဘူး။ တကယ့်ရည်မှန်းချက်ကြီးကြီးနဲ. အလုပ်ကြီးလုပ်လိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဘ၀ကိုရင်နာတဲ့ ပုဂ္ဂိုလ်တွေ၊ ဘ၀အတွက်ရတက်အေးရအောင် တကယ့်ဒုက္ခငြိမ်းအောင် ကြိုးစားလိုတဲ့ ပုဂ္ဂိုလ်တွေအတွက်လောကကြီးကို စွန်.ရတယ်
(တင်ပါ့ဘုရား)
လောကကိုစွန်.စားရဲရတယ်။မစွန်.စားရဲရင်တော့ ဘယ်တော့မှ လောကမှာ အထွဋ်အထိပ်ကို မရောက်နိုင်ဘူး။ဒကာ ဒကာမတွေနားလည်တယ်နော်
(တင်ပါ့ဘုရား)

ခင်မင်ရင်းနှီးရသော ဓမ္မဘလော့ဂါတစ်ဦး၏ မေးလ်အား တဆင့်ကူးယူဖော်ပြအပ်ပါသည်။
ဆက်လက်ဖော်ပြပေးပါမည်။

ဖေဖော်ဝါရီ(၁၃)ရက်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ပါ...။
လွပ်လပ်ရေး၏ဖခင်ကြီးအား ဤတရားတော်ဖြင့် အမှတ်တရဂုဏ်ပြုနာကြားပူဇော်လိုက်ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဖေဖော်၀၀ါရီလ(၁၃)ရက်၊စနေနေ့၊ညနေ(၅း၁၃)နာရီတွင် ကူးယူတင်ပြပါ၏။
READMORE
 

မေတ္တာတွေ ပေးမယ်

စာရေးသူ ဘ၀ရဲ့လောကဓံကိုယခုအကြိမ်နဲ့ပါဆိုလျှင် (၂)ကြိမ်(၂)ခါ အကျနာခဲ့ပါပြီ...
ပထမအကြိမ် လောကီစီးပွားရေးအကျမှာတော့ တရားမရှိ့၊တရားမသိခဲ့ရလို့ များစွာသောကမီးများတောက်လောင်ခံခဲ့ရပါတယ်။ ယခုတစ်ခါလောကီစိးပွားရေးအကျမှာတော့ ဘလော့ဂါတရားမိတ်ဆွေများ၊ဆရာတော်သံဃာတော်များရဲ့ဆုံးမစာများကြောင့် လောကဓံကိုမတုန်မလှုပ် ရဲရဲဝန့်ဝန့်ရင်ဆိုင်နိုင်ခဲ့ရတဲ့ ဒီဘာသာရေးဆောင်းပါးလေးကို တဆင့်မျှဝေပေးလိုက်ပါတယ်...။

ကိုဖိုးသား ပေးပို့ထားသောမေးလ်မှ တဆင့်ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု။ဖေဖော်ဝါရီလ(၇)ရက်၊နေ့(၁၂း၃၀)နာရီတွင်ကူးယူတင်ပြပါ၏။




လောဘ ကိုယ့်အတွက်၊ ရည်ရွယ် လျက်၊ သူ့အတွက် အကျိုးထင်။
မေတ္တာသူ့တွက်၊ ရည်ရွယ် လျက်၊ ကိုယ့်အတွက် အကျိုးထင်။

ဒီကဗျာ-ကို စာရေးသူတို့ ငယ်ဆရာဖြစ်သည့် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် အရှင်တိလောကာဘိဝံသ က သူ၏တပည့် ဒကာ ဒကာမများအား မကြာခဏ တိုက်တွန်းလေ့ရှိ၊ သြ၀ါဒပေး ဆုံးမလေ့ရှိတဲ့ ကဗျာလေးပါ။
စာရေးသူတို့နှင့် တရင်းတနှီး အကျွမ်းဝင်နေသော ကဗျာဟု ဆိုက မှားအံ့မည် မထင်။
ကဗျာလေးက တိုတောင်းလှပေမယ့် ရည်ရွယ်ချက်က တိုတို ကျဉ်းကျဉ်းနဲ့ လိုရင်း မိတယ်။ တိကျ ပေါ်လွင်တယ်။
လူသားဆိုတာကလည်း ပျော်ရွှင်ဖို့ ငြိမ်းချမ်းဖို့ အမြဲတမ်း အလိုရှိနေတာ မဟုတ်လား။ အဲဒီအတွက် အသုံးအဆောင် ပစ္စည်းများကို မိမိရဲ့ စိတ်နဲ့ကိုယ် အတွက် ဖျော်ဖြေစရာ ဇိမ်ခံပစ္စည်းအဖြစ် ရှာဖွေ ၀ယ်ယူသုံးဆောင်ကြရပြန်တယ်။

တခါတလေ ကိုယ့်အတွက် ရှာထားတဲ့ ပစ္စည်းတွေက ကိုယ့်အတွက် သုံးဆောင်ရသည်က နည်းနည်း သူ့အတွက် ဂရုစိုက် နေရတာက ခပ်များများရယ်။

ကား ဒုက္ခ မခံစားနိုင်လို့

ဥပမာ ကိုယ်စီးဖို့ ၀ယ်ထားသည့် ကားတစ်စီး ဆိုပါတော့။ သူ့အပေါ်မှာ ကိုယ်က စီးဖို့။ သက်တောင့်သက်သာ ရှိစေဖို့။ ခရီးသွား လွယ်ကူစေဖို့။ အချိန်တွေ မနှောင်းစေဖို့- စသည်ဖြင့် မိမိအတွက် ၀ယ်ထားသည့် ကား။
သို့သော် ကိုယ့်အတွက် သူတာဝန်ယူ ဆောင်ရွက်ပေးတာက နည်းနည်းရယ်။ အဲဒီကားထားဖို့။ ရေဆေးဖို့၊ ဆီထည့်ဖို့၊ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဖို့ ဆင်ဖို့၊ ကားနေရာထားဖို့၊ လူခိုးမှာ စိုးသည့်အတွက် သေသေချာချာ သိမ်းဆည်းဖို့ သူ့ကို ဂရုစိုက် တာဝန်ယူ ဆောင်ရွက်ပေးနေသည်က ခပ်များများရယ်။
အဲ့ဒါကြောင့် ချမ်းသာတဲ့ နိုင်ငံတွေမှာ ကားဒုက္ခကို မခံစားနိုင်လို့ လိုင်းကားပဲ စီးကြတယ်ဆိုလားပဲ။

ကိုယ့်အတွက် ရည်ရွယ်သော်လည်း

ပြောချင်တာက ကိုယ့်အတွက် ရည်ရွယ်ပြီး ရှာထားရတဲ့ ပစ္စည်းဖြစ်ပေမယ့် သူ့အတွက်နဲ့ ကိုယ်က ဂရုစိုက် စောင့်ရှောက်နေရသည့် အချိန် ပူပန်ကြောင့်ကြနေရသည့် အချိန်က အများသားရယ်။ စိတ်ချမ်းသာမှုက နည်းနည်း သူနဲ့ ပတ်သက်လို့ စိတ်ဆင်းရဲနေရသည့် အချိန်က များပါဘိတော့။
ဒီလိုဆိုတော့ ကိုယ့်အတွက် ရယူပိုင်ဆိုင်နေရပေမယ့် သူ့အတွက်ပဲ စိတ်မချမ်းမသာနဲ့ ပူပင် ကြောင့်ကြ စိုးရိမ်သောက ဖြစ်နေရ၊ ရောက်နေရတယ် ဆိုပါတော့။ ကိုယ်အတွက် ရည်ရွယ်ပေမယ့် ကိုယ့်အတွက် မဟုတ်ဘဲ သူ့အတွက် ဖြစ်နေရတာပါပဲလား။

လူတိုင်း လုပ်သင့်တာပေါ့
မေတ္တာကတော့ ကိုယ့်အတွက် မဟုတ်ပါဘူး။ သူ့အတွက် ပေးတာပါ။ ကိုယ် သုံးဆောင် ခံစားဖို့ မဟုတ်ရပါဘူး။ သူ သုံးဆောင်ခံစားနိုင်ဖို့၊ သူ စိတ်ချမ်းသာစေနိုင်ဖို့ ရည်ရွယ်တာပါ။ ဒါပေမယ့် ကိုယ်က ပေးလိုက်တာက နည်းနည်း ပြန်ရလာက အများကြီးရယ်။
အဲဒါကြောင့် -
တနေ့ သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ပေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တညစ်စာ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း - လို့ ဆရာတော်ဘုရားကြီးများ ရေးစပ်သီကုံးခဲ့ကြတာဖြစ်တယ်။
တနေ့သုံးခါ အိုးတစ်ရာ ဆိုတော့ တနေ့ ထမင်းအိုးပေါင်း သုံးရာပေါ့။ အဲဒီ ထမင်းအိုးတွေနဲ့ ဘယ်လိုပင် အပင်ပန်းခံ၊ ဘယ်လိုပင် ဖွယ်ဖွယ်ရာရာတွေနဲ့ ချက်ပြုတ်ပြီးတော့ ဘယ်သူ့ကို မဆို ဘယ်လိုပင် ကျွေးမွေးကျွေးမွေး နွားမကို နို့ညှစ်တဲ့အခါ ကိုင်ပြီးတော့ အောက်ကိုဆွဲချတဲ့ တိုတောင်းလှတဲ့ အချိန်အတိုင်းအတာအတွင်း မေတ္တာပွားနေသူ၊ ပို့နေသူလောက် အကျိုးကျေးဇူး မများနိုင်ဘူးလို့ မြတ်ဗုဒ္ဓက အတိအကျ ဟောထားခဲ့တာ။ သူ့အတွက် ရည်ရွယ်ပေမယ့် ရလာတာက ကိုယ့်အတွက်ချည်းပဲနော်။
အဲဒီလောက်တောင် အရင်းအနှီးမများဘဲ အကျိုးကျေးဇူးတွေက အတိုင်းအတာ မရှိလောက်အောင် များနေတော့ လူတိုင်း လုပ်သင့်တာပေါ့နော်။
မေတ္တာအတွက် ရည်ရွယ်ချက်

အဲဒါဆိုတော့ မေတ္တာပို့တဲ့ ရည်ရွယ်ချက်လေးတော့ သိသင့်တာပေါ့နော် . . . ။

ဘေးရန်အန္တရာယ်၊ အသွယ်သွယ်၊ ကွယ်ပစေလိုတာ။
ကောင်းကျိုးမှန်သမျှ၊ အပြည့်ဝ၊ ရစေချင်ကြတာ။
မေတ္တာအတွက၊် ရည်ရွယ်ချက၊် နှစ်ချက်မှတ်ကြပါ။

မေတ္တာပို့တဲ့ ရည်ရွယ်ချက် က အချက် နှစ်ချက်တည်းရယ်။ ပေးပို့လိုက်တဲ့ မေတ္တာက ဘေးရန် အန္တရာယ်တွေ မကျ မရောက် ကင်းပျောက်စေဖို့နဲ့၊ လိုအပ်ရာရာ ကောင်းကျိုးသုခ မှန်သမျှတို့ ရစေဖို့ ဒီနှစ်ချက်တည်းပါပဲ။
တွေ့ပြီ တွေ့ပြီ သူပဲ သူပဲ
အဲဒီရည်ရွယ်ချက် နှစ်ရပ်နဲ့ မေတ္တာပို့ကြပြီ ဆိုပါတော့။ အရှေ့ အရပ် စသည်ဖြင့် အရပ်လေးမျက်နှာ၊ အရပ် ရှစ်မျက်နှာ အတိုင်းအတာ ပမာဏမရှိလောက်တဲ့ အနန္တဒေသတွေကို အာရုံပြု ပွားများနိုင်လောက်တဲ့ မေတ္တာရှင်ကြီးများ ဖြစ်နေကြပြီလား။ မေးပါအုံး၊ တွေးပါအုံး၊ ဖြေပါအုံး။
အဲဒီလောက်ထိ မေတ္တာမထားနိုင် မပွားနိုင်သေးတာကတော့ လောလောဆယ် သေချာပါတယ်နော်။ အဲဒါဆိုတော့ မေတ္တာထားနိုင်လောက်တဲ့ သူကို ရှာကြည့်တော့ တွေ့ပါပြီ သူပဲ။ သူဆိုတာ တခြားသူမဟုတ်ပါဘူး။ မိမိရဲ့ စိတ်နဲ့ကိုယ်လေ။ လောကကြီးမှာ အချစ်ဆုံးကို ရှာကြည့် ဘယ်သူလဲ။ မိမိနဲ့ တူတဲ့ ချစ်ခြင်းမေတ္တာ မရှိဘူးလို့ ဆိုကြတယ် မဟုတ်လား။ ကမ္ဘာမီးလောင် သားတောင် ချနင်း ဆိုတာတွေကလည်း အကုန်လုံး မဟုတ်သည့်တိုင် တစိတ်တပိုင်းတော့ ရှိနေကြတာပဲ မဟုတ်လား။
ကိုယ့်ထက် ပိုပြီး ချစ်ရမယ့် သူ မရှိတာကတော့ သေချာပါတယ်နော်။
အဲဒါဆိုတော့ ဘယ်သူ့ကို မေတ္တာအရှိဆုံးလဲ။ ကိုယ့်ကိုယ်ကို မေတ္တာအရှိဆုံးပေါ့။ တချို့ပြောတာတွေ ကြားဖူးပါတယ်။ မိဘတွေကို အချစ်ဆုံး၊ ကိုယ့်ဇနီးခင်ပွန်းကို အချစ်ဆုံးတဲ့။ ဟုတ် မဟုတ် မိမိကို မိမိ သေချာမေးကြည့်ရင် အဖြေထွက်လာပါလိမ့်မယ်။

အစဉ် မှတ်ဖို့ ပွားများစို့
မေတ္တာပို့ဖို့၊ ပွားများဖို့ ဒီအစီအစဉ်လေးကိုတော့ မှတ်ထားရင် ကောင်းမယ်ထင်တယ်။
၁။ မိမိကိုယ်အား၊ သက်သေထား၊ ပွားများ ရှေးဦးစွာ။
၂။ ကြည်ညိုလေးမြတ်၊ ချစ်ခင်အပ်၊ ပွားလတ်ဒုတိယာ။
၃။ မုန်း ချစ် မဟူ၊ လယ် လျစ် လျူ၊ ပွားမူ တတိယာ။
၎။ မုန်းသူ ရှိက၊ စတုတ္ထ၊ ပွားရ အေးမေတ္တာ။
၅။ ရန်သူကိုကား၊ နောက်ဆုံးထား၊ ရှုပွားရမည်သာ။

ဒီကဗျာလေးက မေတ္တာပို့ အစီစဉ်လေးပါ။ မိမိကိုယ်ကို အရင်မေတ္တာပို့၊ ပြီးရင် မိဘ၊ ဆရာ၊ ညီအကို မောင်နှမ၊ ဆွေမျိုးသားချင်းစတဲ့ ခင်မင်ရင်းနှီးသူ မှန်သမျှ ပို့ပေါ့။ ပြီးရင်တော့ သိဖူး ကျွမ်းဖူးတဲ့သူ၊ မသိ မကျွမ်းသေးတဲ့သူတွေကို မေတ္တာပို့ပေါ့။ ပြီးရင် ကိုယ်နဲ့ မတည့်တဲ့ သူ၊ ကြည့်မရတဲ့ သူတွေကို မေတ္တာပို့ပေါ့။
ဒီနေရာမှာ စဉ်းစားစရာက မတည့်တဲ့သူ ဆိုမှ ဘယ်လိုလုပ် မေတ္တာပို့နိုင်ပါ့မလဲ ဆိုတာပါပဲ။ ဒါပေမယ့် ရှေ့က အစဉ်တွေမှာ မေတ္တာက အရင်းခံထားတော့ အဆင်ပြေပြေ ပို့နိုင်ပါလိမ့်မယ်။ လုပ်သာ ကြည့်ပါ။ နောက်ဆုံး ရန်သူ။ ရန်သူဆိုတာက ကိုယ့် အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီး လုပ်တဲ့သူ။ မိမိကိုယ်ကို မကောင်းကြံတဲ့သူ၊ ပြောတဲ့သူ။ အဲဒီသူတွေကို ပို့ပေါ့။ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ မေတ္တာပို့ရင်း၊ ပွားများရင်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်။
ရှေဦးအစ မေတ္တာမပွားရ
ဒီလိုဆိုပြန်တော့ မေတ္တာအရင် မပို့သင့်တဲ့သူ၊ မပွားသင့်တဲ့သူ၊ ဘယ်တော့မှ မေတ္တာမပို့ရတော့မယ့်သူတွေကိုလည်း မှတ်ထားသင့်တယ်လေ။ တော်ကြာ မေတ္တာ ပို့/ပွားပါတယ်ဆိုမှ ဒေါသတွေ ဖြစ်နေရင် မကောင်းဘူးလေ။
ပြီးတော့ ကိုယ်ပို့တဲ့ မေတ္တာက ရောက်မှန်း ရမှန်း မသိရင်လည်း မကောင်းပြန်ဘူးလေ။

မုန်းသူ စင်စစ်၊ အလွန်ချစ်၊ မချစ်မမုန်းသူ။
ရန်သူထည့်ကာ၊ လေးယောက်မှာ၊ စ.စွာ မပွားဟူ။
လိင်မတူကား၊ သီးပိုင်းခြား၊ မပွားရသည့်သူ။
သေသူမှန်က၊ ဘယ်တော့မှ၊ ပွားရ မဖြစ်သူ။
အဓိပ္ပါယ်တွေက ရှင်းပါတယ်နော်။

မေတ္တာအကျိုး ဆယ့်တစ်မျိုး

မေတ္တာအကျိုး ဆယ့်တစ်မျိုးလို့ တိုက်ရိုက်လာတယ်။ သွယ်ဝိုက် အကျိုးပေးတာတွေကလည်း အများကြီး ရှိဦးမှာပါ။ မှတ်ကြည့်ပါဦး။

အိပ်လည်း ချမ်းသာ၊ နိုးချမ်းသာ၊ ကောင်းရာ အိပ်စက်သည်။
လူရော နတ်ပါ၊ ချစ်ခင်တာ၊ စောင့်ရာ နတ်တို့သည်။
လက်နက် ဆိပ်မီး၊ မဖျက်ဆီး၊ အပြီး စိတ်တည်ကြည်။
မျက်နှာ ကြည်လေ၊ မတွေဝေ၊ အသေကောင်းလှသည်။
ဗြဟ္မာ့ဘုံးလား၊ ဆယ့်တစ်ပါး၊ ကျိုးများ မေတ္တာရည်။

မေတ္တာတွေ ပေးကြမယ်

မေတ္တာဆိုတာက အမှန်တကယ့်တော့ ကမ္မဋ္ဌာန်း(၄၀)တရားထဲမှာ ပါ ပါတယ်။ အရမ်းကို လေးနက်ပြီး အဓိပ္ပါယ် ရှိပါတယ်။ မေတ္တာက ဘယ်လောက်ပေးပေး ကုန်သွားတယ်လို့ မရှိပါဘူး။ မေတ္တာတွေ ပေးလေ။ ပိုပြီးတော့ များလာလေပါပဲ။
မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ ဇနီးနဲ့ခင်ပွန်း၊ ဘုန်းကြီးနဲ့ဒကာ၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ တဦးတဦး ငြိမ်းချမ်းကြည်လင်စွာ လက်တွဲဖို့၊ အိမ်နီးချင်းတွေ အဆင်ပြေကြစေဖို့၊ မတူလူမျိုး မခွဲခြားဖို့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်ဖို့၊ ကမ္ဘာကြီးငြိမ်းချမ်းစေဖို့ မေတ္တာတွေ ပေးကြမယ်လေ။

မောင်ပညာ (မန်းတက္ကသိုလ်)

http://www.pyinnyarzarni.com/ အရှင်ပညာဇောတ ဆိုဒ်မှ ဓမ္မဒါနအဖြစ် ကူးယူမျှဝေပါ၏။
ကိုဖိုးသား ပေးပို့ထားသောမေးလ်မှ တဆင့်ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု။ဖေဖော်ဝါရီလ(၇)ရက်၊နေ့(၁၂း၃၀)နာရီတွင်ကူးယူတင်ပြပါ၏။
READMORE
 

ဥစ္စာဓန ၊သူခိုး နှင့် လူ့ အခွင့်အရေး



၂၁ ဇန်န၀ါရီ ဘန်ကောက် ၊ ၊မြနန္ဒီ(www.mandalar.net)

The Richest, The Thief and The Human Rights

ဆရာဦးအောင်ချို ပေးပို့သောမေးလ်အား တဆင့်ဖော်ပြအပ်ပါသည်။

ဗြိတိန်နိုင်ငံမှာ နာမည်ကျော်ကြားလူသိများတဲ့ Britain got Talent ရဲ့ judge တစ်ဦးဖြစ်သူ၊ဂျာနယ်လစ် နဲ့ တယ်လီဗီးရှင်း presenter လဲဖြစ်တဲ့ ပီရာ့စ်မော်ဂန် (Piers Morgan) ဟာ ရှန်ဟိုင်း မြို့ကြီးရဲ့ကြွယ်ဝ ချမ်းသာမှုနဲ့ လူနေမှုအဆင့်မြင့်မားမှုတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာလည်ပတ်ပြီး မေးမြန်းတွေ့ ဆုံခဲ့တဲ့ အစီအစဉ် တစ်ခု ကို ဗြိတိသျှ တယ်လီဗီးရှင်း ITV ကနေတင်ဆက်ခဲ့ပါတယ်။ သူ့ရဲ့တင်ပြလိုမှုဟာ တစ်ရုတ်နိုင်ငံမှာ လူ့အခွင့်ရေးတွေဆုံးရှုံးနေ တာတွေကိုပြောချင်ပုံရပါတယ်၊ နောက်တစ်ခုက တစ်ရုတ်ပြည်ကြီး ကမ္ဘာကြီးကို သိမ်းခါနီးပြီးဆိုပြီး လူအများကိုသိစေချင်ပုံလဲရပါတယ်၊ ဒါ့အပြင် တစ်ရုတ်ပြည်ကြီးဟာ သူခိုးကြီးပါလို့လဲ ကမ္ဘာကြီးကို သိစေခြင်ပုံလဲပါ ပါတယ်။ မှန်ပါတယ် သူပြောသလိုပဲ ကျမတို့ရဲ့

အိမ်ထဲကိုကြည့်လိုက်မယ်ဆိုရင် ရှစ်ဆယ်ရာခိုင်နှုံး သောအသုံးအဆောင်တွေဟာ တစ်ရုတ်ပြည်ကပါ၊ မူရင်း အမေရိကန် တို့ဂျာမဏီတို့ဖြစ် တာတောင်မှ ထုတ်လုပ်တာက တစ်ရုတ်ပြည်ကပါ။ပြင်သစ်ကနာမီကြီးဝိုင် တွေလဲရှန်ဟိုင်းတစ်ဝိုက်မှာတင်ထုတ်လုပ်တာပါ၊ ရေခဲသေတ္တာ၊အဝတ်လျှော်စက်တို့ကအစ ခလေးကစားစရာ အရုပ်အဆုံးတစ်ရုတ်ပြည်ကပါပဲ။

ဒါဟာဘာဖြစ်လို့လဲဆိုတာရှင်းပါတယ်၊ ပီရာ့စ်မော်ဂန် (Piers Morgan) တင်ပြခဲ့သလိုပဲ တစ်ရုတ်ပြည် ရဲ့ကုန်စည်ထုတ်လုပ်မှု မှန်သမျှဟာ အနောက်နိင်ငံတွေက နမူနာယူပြီး ပိုဈေးသက်သာ ပိုကောင်းအောင်ထုတ်လုပ်ထားလို့ပါပဲ၊ ဈေးသက်သာတဲ့အတွက် တစ်ကမ္ဘာလုံးသူ့ဆီက အားပေးကြတာပါပဲ၊သူရောက်ခဲ့သမျှ ဟော်တယ်၊ စတိုးဆိုင်၊ကော်ဖီဆိုင် နောက်ဆုံးဘောလုံးပွဲအဆုံး အနောက် နိုင်ငံရဲ့အပြင်အဆင်တွေနဲ့ အရသာတွေပါပဲ၊ ဘောလုံးပွဲရဲ့ ကြော်ငြာစာတမ်း နဲ့ အလံ တွေဟာ လီဗာပူးအသင်းရဲ့ ဒီဇိုင်းတွေနဲ့ဆင်ဆင် တူနေတယ်လို့ပြောဆိုခဲ့ပါတယ်။ဟော်တယ်ရဲ့ အစားအသောက်တွေစားရ တာလဲသူ့ကိုယ်သူရှန်ဟိုင်းရောက်နေတယ် လို့မထင်မိပဲအင်္ဂလန်မှာပဲလို့ ခံစားခဲ့ရပါတယ်တဲ့၊ အသက်သုံးဆယ်အရွယ် သဘောင်္တွေပိုင်တဲ့ ၊ နိုင်ငံခြားကုန်စည်ကူးသန်းရေးကို လုပ်ဆောင်နေသူ၊တစ်ရုတ်အမျိုးသမီး သန်းကြွယ်သူဋ္ဌေးမလေးကလဲ တစ်ရုတ်နိုင်ငံကြီးဟာ မကြာခင်မှာပဲ ကမ္ဘာ့ အချမ်းသာဆုံး နံပတ် တစ် ဖြစ်တော့မယ် ဆိုတာ သူမအခိုင်မာယုံကြည် ကြောင်း သူ့ကိုပြောခဲ့ပါတယ်။

သူမပြောသလိုပဲ ဆယ်စုနှစ် တစ်ခုအတွင်းမှာ သန်းကြွယ်သူဋ္ဌေး တွေတစ်ရုတ်နိုင်ငံမှာ ဒီရေတက်သလိုတိုးလာပေမဲ့ အမေရိကန်၊ဗြိတိန်နဲ့ဂျာမဏီတို့မှာ အလုပ်လက်မဲ့ တွေ ကတောင်လိုပုံလာခဲ့ပါပြီး၊ တစ်ရုတ်ပြည်ကားစက်ရုံကအလုပ်သမားတွေ ရဲ့လစာဟာ ဗြိတိန်အလုပ်သမားတွေထက်မြင့်မားသလို၊ ဟော်တယ် ဝန်ထမ်းတွေရဲ့လစာဟာလဲမနဲလှကြောင်း ပီရာ့စ်မော်ဂန် (Piers Morgan) တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဘက်က ကာကွယ်ပေးတဲ့ အလုပ်သမားသမ္မဂ္ဂတွေမရှိသလို ဟော်တယ်ဝန်ထမ်းတွေရဲ့နေ့လည် နားချိန်ဟာ အလွန်နဲပြီး နောက်ကကျားလိုက်သလိုနေ့လည်စာကို အမြန်စားရတဲ့အကြောင်း တွေသိခဲ့ရတယ်လို့လဲဆိုပါတယ်၊ အင်တာနက် မှာလဲ ဆင်ဆာ တွေ နဲ့ကန့်သတ် မှုတွေကိုတွေ့ရှိတယ်လို့တင်ပြခဲ့ပါတယ်။

ဒါပေမဲ့လဲ လူအများစု ဟာအဲဒီအချက်တွေကို ဘယ်လိုမှမခံစားရပါဘူး၊ လူငယ်များဟာလဲ နောက်ဆုံးပေါ်ဒီဇိုင်းနားဝတ်စုံများနဲ့၊ ခေတ်မှီ တိုက်ခန်းများမှာ ဇိမ်ခံပစ္စည်း အပြည့်အစုံနဲ့နေထိုင်ပြီး အကောင်းစား ကလပ်တွေမှာ လွတ်လပ်စွာပါဝင်ဆင်နွဲနေနိုင်တဲ့ဘဝမှာ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကိုသိတောင်သိပုံမရကြပါဘူးလို့ဆိုခဲ့ပါတယ်၊ တစ်ရုတ်လူမျိုး အသက်ခြောက်ဆယ်နီးပါးအိမ်ပိုင်ရှင်လူကြီးတစ်ယောက်ကလဲ အစိုးရအမိန့်အရ အဆင့်မှီကွန်ဒို တွေဆောက် ဖို့အတွက် နှစ်ပေါင်းများစွာနေခဲ့တဲ့ သူ့ကိုယ်ပိုင်အိမ်ကနေ မြို့ပြင်ကို ပြောင်းရသည့်တိုင်အောင် “ရှန်ဟိုင်းသားတစ်ယောက်အနေနဲ့ ရှန်ဟိုင်းမြို့ကြီးတိုးတက်ဖို့ စတေးရတာကို ကျေနပ်ပါတယ်၊အိမ်ပြောင်းရတဲ့အတွက်ဝမ်းနဲပေမဲ့ အစိုးရကိုတော့ ဘယ်လိုမှအဆိုးမမြင်ကြောင်း” ပြောကြားသွားခဲ့ပါတယ်။ လူငယ်လူရွယ် များကလဲ “ကျမတို့ဒီအချက်ကိုမစဉ်းစားမိကြပါဘူး” လို့ဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပီရာ့စ်မော်ဂန် (Piers Morgan) အနေနဲ့ လူ့အခွင့်ရေးဆိုတာ သုံးလေးခွန်းထက်ပို မပြောနိုင်ခဲ့ပဲ ရှန်ဟိုင်းရဲ့ရောက်လေရာနေရာတိုင်းမှာ “ဒါလဲငါတို့တွေကို တုထားတာ၊ဒီတစ်ခုလဲ ငါတို့တွေစီကပုံတူကူးထားတာ၊ ဒီပုံစံလဲငါတို့ဒီဇိုင်း၊ ဒီအရသာလဲ ငါတို့တွေဆီကနဲ့တစ်ထပ် တည်းပဲ” ဆိုတဲ့အပြော တွေနဲ့အဆုံးသပ်သွားခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခဲ့သမျှ တစ်ရုပ် လူမျိုး အများစုဟာလဲ “တစ်ရုတ်ပြည်ရဲ့မနက်ဖန်ဟာဒီနေ့ထက်အမြဲတမ်းပိုကောင်းနေမယ် ဆိုတာကိုယုံကြည်ကြောင်း” တစ်လေသံထဲ ထွက်ကြတာကို ကြားခဲ့မြင်ခဲ့ရကြောင်းတင်ပြသွားခဲ့ပါတယ်။

ဒီအစီစဉ်နဲ့ ပတ်သက်ပြီး သုံးသပ်မိတာကတော့ ကွန်မြူနစ်နိုင်ငံတစ်ခုရဲ့ အင်အားကြီးမားလာမှုကို အရင်းရှင်နိုင်ငံတွေတုံလှုပ်နေကြပါပြီ၊ တစ်ရုပ်နိုင်ငံဟာ ကွန်မြူနစ်ပါဝါကို အရင်းရှင်စီးပွါးရေးစနစ်နဲ့ ရောလျှက်ပြီး ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်တာပါပဲ၊ နိုင်ငံတစ်ခုကြီးပွါးတိုးတက်မှုမှာ ဒီမိုကရေစီကအဓိကလား၊ လူ့အခွင့်ရေးဆိုတာရော၊ ဒါတွေအားလုံးကို တစ်ရုတ်နိုင်ငံက ဆယ်နှစ်အတွင်းမှာ ဖြေသွားပါပြီ၊ အင်တာနက်သုံးစွဲ မှုကန့်သပ်တာတွေဟာလဲတစ်ရုတ်အစိုးရမှာ ခိုင်လုံတဲ့အကြောင်းရှိပုံရပါတယ်၊ အရင်းရှင်စနစ်ကိုမွေးစားပြီးနောက် သူ့ရဲ့ နောက်လိုက် Globalization, Multiculture နဲ့ Human rights တွေကို အဝင်မခံချင်တာဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာ multiculture ကြောင့်ပြဿနာတွေတစ်နေ့ထက်တစ်နေ့ပိုရှုပ်ထွေးပြီး အကြမ်းဖက် ဗုံးခွဲမှုတွေများလာတာရယ်၊ မွတ်ဆလင်တွေက လူ့အခွင့်ရေးဆိုတာကို အလွန်အမင်း အလွဲသုံးစားလုပ်နေပုံတွေရယ်၊ အမဲ လူမျိုးများ ရဲ့ လူမျိုးရေးအရှုပ်အရှင်းတွေ ဟာ အတုယူကောင်းတဲ့ တစ်ရုတ် အတွက် စဉ်းစားစရာတွေပါ။

အနောက်နိုင်ငံတွေက ဘယ်လိုပဲသူခိုး လို့စွတ်စွဲ၊ လူ့အခွင့်ရေး အပြည့်မရဘူးပဲပြောပြော တစ်ရုတ်နိုင်ငံ ဟာကမ္ဘာမှာ လက်ရှိစီးပွါးရေးအင်အား အကြီးမားဆုံးဆိုတာ………………………………

List of World GDP by Yearly and Future Estimate

China GDP grows by 8.7 percent in 2009 CNN Economy

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဇန်န၀ါရီလ(၃၁)ရက်နေ့ နံနက်(၉း၃၀)နာရီတွင်ကူးတင်ပါသည်။
READMORE
 

စစ်ကိုင်းတောင်ရိုး ကွန်ပျုတာအခမဲ့သင်တန်းကျောင်းဆောင်အလှုရှင်များလိုအပ်နေပါသည်။

(၂၃-၁-၂၀၁၀)နေ့က စစ်ကိုင်းတောင်ရိုးမှ ဆရာတော်ဦးကောဝိဒရဲ့ အခမဲ့ကွန်ပျူတာသင်တန်းကျောင်းကို ရောက်ခဲ့ပါတယ်။ ဆရာတော်အား ယခင်ကခေတ္တငှားထားတဲ့ တိုက်ကျောင်းဆောင်လေးပေါ်မှ ဆင်းပေးနေရကြောင်း မြင်တွေ့လိုက်ရပါတယ်။ ဆရာတော်ပိုင် ၀ယ်ထားတဲ့(၃၈ ပေx ၈၀ ပေ)မြေကွက်မှာ ၀န်းခြံကာထားတာကို မြင်တွေ့ရပါတယ်။ ဓာတ်ပုံပါအတိုင်း ကုဋီနှင့် ရေစင်၊ရေချိုးခန်းသာ မြင်တွေ့ရပါတယ်။ အဲဒီ ကုဋီများရဲ့ တောင်ဘက်မှာ မိုးကာတဲလေးတစ်လုံးထိုးထားပါတယ်။ (၃)ပင်တဲ(၂)ခန်းပါ။ တစ်ခန်းက (ကွန်ပျူတာ (၄)လုံးဆန့်သာ)။ တစ်ခန်းက ဆရာတော် ကျိန်းခန်းနဲ့၊ ဘုရားခန်းပါ။ လောလောဆယ် နေရာပြောင်းရွေ့နေရတော့ ကွန်ပျူတာသင်တန်းကို တစ်ပါး၊နှစ်ပါးသာ သင်ကြားနိုင်ပါတယ်။ အမိုးကလဲ မိုးကာဆိုတော့ မိုးရွာရင်တော့ မိုးစိုကုန်မှာသေချားပါတယ်။ ၀ါးကပ်ပြင်မိုးရန် စီစဉ်နေကြပါတယ်။

စစ်ကိုင်းဆွမ်းလောင်းသင်းကိုတော့ အပါတ်စဉ်မပျက် ဆက်လက်လောင်းလှူနေကြပါတယ်။ အဲ ဆွမ်းဆန်အိတ်များ၊လှူဖွယ်ပစ္စည်း၊ ပရိဘောဂများကိုအားလုံးကိုတော့ အမိုးအကာမဲ့ လွင်ပြင်မှာထားရပါတယ်။ ကိုယ်ကလဲ မလှူနိုင်တော့ စိတ်မကောင်းပါ။ ကိုယ်မတတ်နိုင်သေးလို့ အလှူရှင်များ ၀ိုင်းဝန်း လှူးဒါန်းပေးနိုင်ကြရန် လေးစားစွာဖိတ်ခေါ်ပါရစေ။ ဆရာတော်က ဒီပိုစ်ကို လုံးဝတင်ခွင့် မပေးပါ။ ဆရာတော်စိတ်ဆိုးလဲ မတတ်နိုင်ပါ။ သံဃာတော်အများအကျိုးအတွက် ဆက်လက်ကူညီဖြေရှင်း ဆောင်ရွက်ပေးကြပါစို့ခင်ဗျာ...။

တည်ထောင်ပြီးသော အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် ဆွမ်းလောင်းသင်းကြီးအား မည်သည်နည်းဖြင့်မှ အပျက်မခံနိုင်ပါ။ အလှူရှင်အများဝိုင်းဝန်းတည်ထောင်ထားတဲ့ ဒီအသင်းကြီးကို ကျွန်တော်တို့ ဆက်လက်ဝိုင်းဝန်းကူညီ လှူဒါန်းဆောင်၇ွက်ကြပါစို့ခင်ဗျာ..။

အလှူရှင်များအား ခင်မင်လေးစား အားကိုးစွာဖြင့်








ရွှေလမ်းငွေလမ်းဝင်းကြည်
၂၄-၁-၂၀၁၀ နေ့(၁၂)နာရီ
READMORE
 

*မုဒိတာဖြင့် ဘလော့ဂ်ခြင်း*

ကိုဖိုးသား၏ မေးလ်အားတဆင့်တင်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်

မုဒိတာဖြင့် ဘလော့ဂ်ခြင်း*

ဓမ္မဂင်္ဂါ ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေလိုက်ပါတယ် ခင်ဗျာ…။

*မုဒိတာဖြင့် ဘလော့ဂ်ခြင်း*
(၁)
လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျဝါဟလာ နေရူးနှင့် အမီတာ ဘာချန်တို့ မွေးရပ်မြေ အလာဟဘဒ် မြို့ကို ကျော်ဖြတ်၍ ကောသမ္ဘီမြို့ဟောင်းဆီ အလည်အပတ် ရောက်ခဲ့ဖူးသည်။ ယခုတိုင်လည်း ကောသမ္ဘီ ခရိုင်အဖြစ် အသိအမှတ်ပြု ခေါ်ဝေါ်နေကြဆဲပင် ဖြစ်သည်။ ကောသမ္ဘီ မြို့ဟောင်းသည် မြို့ပျက်ကြီး သဏ္ဌာန်လည်း မရှိတော့။ တောင်ကုန်း မို့မို့လေးများနှင့် ဃောသိတာရုံ ကျောင်းနေရာဟု ယူဆရသော ပရိဝုဏ် အုတ်ရိုးအုတ်ဘောင်များသာ တွေ့ရသည်။

ဃောသိတာရုံ ကျောင်းဆိုသည်က ဃောသက သူဌေးကြီး၏ ကောင်းမှုဖြစ်သည်။ ဃောသက သူဌေးကြီးနှင့် ဆက်ကာ သူဌေးကြီး၏ မွေးစားသမီးလေး သာမာဝတီကို သတိရလိုက်သည်။ သာမာဝတီက နောက်တစ်ချိန်တွင် ကောသမ္ဘီတိုင်း အရှင် ဥတေနဘုရင်၏ မိဖုရားတစ်ပါး ဖြစ်လာသည်။ သာမာဝတီတွင် မာဂဏ္ဍီ အမည်ရှိ ပြိုင်ဘက် မိဖုရားတစ်ပါးလည်း ရှိနေပြန်သည်။

သာမာဝတီက ဗုဒ္ဓအရှင်ကို ကြည်ညို လေးမြတ်သမျှ မာဂဏ္ဍီ အတွက်တော့ ဗုဒ္ဓဘုရားဆိုတာ ခါးသော အသီးကြီးပင် ဖြစ်သည်။ ကြားလည်း ခါး၊ မြင်လည်း ခါး၊ တွေးလည်း ခါးနေတော့သည်။ ဗုဒ္ဓအရှင်ကို ကြည်ညိုသော သာမာဝတီကို အပြတ် ရှင်းပစ်ချင်သလို ဗုဒ္ဓ အရှင်ကိုလည်း ကောသမ္ဘီ အ၀န်းအ၀ိုင်းမှ လွင့်ထွက်သွား စေချင်သည်။ သို့နှင့် ဗုဒ္ဓအရှင်၏ ဆွမ်ခံလမ်း တစ်လျောက်တွင် ဆဲနည်းပေါင်းစုံဖြင့် ဆဲရေးသူများ ပေါ်ပေါက်လာအောင် မာဂဏ္ဍီက ဖန်တီးခဲ့သည်။ အကွက်ကျကျ ဆဲနည်း ဆယ်မျိုး ရှိသည်ဟု ဆိုပါသည်။

ကောသမ္ဘှီ မြို့ဟောင်း တစ်နေရာမှာ ရပ်နေရင်း ထိုမြင်ကွင်းကို လမ်းမျှော် ငေးခဲ့ဖူးလေသည်။ ရှုလော့။ ဗုဒ္ဓအရှင်နှင့် သံဃာတော်များ စီတန်းလှည့်လည်ကာ ဆွမ်းခံကြွလာပြီ။ လမ်းဘေး ၀ဲယာမှာတော့ ဆဲရေးနေသူများ။ အော်ဟစ် ခြောက်လှန့် နေသူများ။ လက်သီး လက်မောင်းတန်း ယိမ်းထိုးနေသူများ။ ရီဝေ ကျိန်းစပ်သော မျက်လုံး အကြည့်များ။

သာမန် ရဟန်းတစ်ပါးထက် အရိယာအဖြစ် ပိုလွန်သော အာနန္ဒာ မထေရ်သည်ပင် တုန်လှုပ် ခြောက်ခြားသွားသည်။ အမှန်တကယ်ပင် ခြေလှမ်း မှားစရာလည်း ကောင်းလှသည်။ ကိုယ့်ကို မလိုလားသူတို့ ကြားတွင် ဖြတ်လျှောက်ရသော ကြပ်တည်းမှုမျိုးကို ကြုံဖူးကောင်း ကြုံဖူးနိုင်သည်။ ဘယ်လောက်များ နောက်ကျော မလုံစရာ ကောင်းလိုက်ပါသလဲ။

ဗုဒ္ဓအရှင် ကြုံတွေ့ နေရသည်က အရပ်လေးမျက်နှာ ၀ိုင်းအုံဆူပူ ဆဲရေးမှုကြီး ဖြစ်သည်။ ဆဲတတ်သူများနှင့် တစ်မနက်ခင်းလုံး သာမက (၇)ရက်တိုင်တိုင် ဖြစ်သည်။ ပထမဆုံး ရင်ဆိုင် တွေ့ရသော နံနက်ခင်းဆီက ဗုဒ္ဓအရှင်နှင့် အာနန္ဒာ မထေရ်မြတ်တို့၏ ဆွမ်းခံလမ်းပေါ်က ဒိုင်ယာလော့ဂ်ကို ဤသို့ ကြားလိုက်ရသည်။

အာနန္ဒာ “မြတ်စွာဘုရား ကောသမ္ဘီသား တွေဟာ တပည်တော် တို့ကို ရိုင်းပျစွာ ဆဲရေးနေကြပါပြီ။ အရပ်တစ်ပါးကို ထွက်သွားကြပါစို့”

ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”

အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”

ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”

အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”

ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”

အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”

ဗုဒ္ဓ “အာနန္ဒာ ဒီလို မလုပ်ကောင်း ပေဘူး၊ အဓိကရုဏ်း ပြဿနာ ဖြစ်ပွားတဲ့ နေရာမှာ အဓိကရုဏ်း ငြိမ်းအေးမှ သာလျှင် အရပ်တစ်ပါးကို ထွက်ခွာသင့် ပေရဲ့။”

ဗုဒ္ဓအရှင်၏ ရဲရဲတောက်သော စကားတော် ကိုလည်း ဆက်နာကြည့် ပါဦး။

“အာနန္ဒာ ငါကိုယ်တော်ဟာ စစ်မြေပြင် ထွက်တဲ့ ဆင်ပြောင်ကြီးနဲ့ ထပ်တူဖြစ် ပေရဲ့။ စစ်မြေပြင်က ဆင်ပြောင်ကြီးဟာ အရပ် လေးမျက်နှာက တိုက်ခိုက် ပစ်လွှတ်လိုက်တဲ့ မြားတွေကို ကြံ့ကြံ့ခံနိုင် သလိုမျိုး မိုက်မဲ ညံဖျင်းသူတို့ ဆိုဆဲတဲ့ စကားအဖျင်းတွေကို သည်းခံရန်မှာ ငါ့ဝန်သာ ဖြစ်ပစေတော့။”

ဗုဒ္ဓအရှင်က ဆဲရေးသူများကို မည်သို့မျှ မတုန့်ပြန်ခဲ့။ သို့နှင့် (၇)ရက် အတွင်းမှာပင် ဆဲရေးသူများ ပျင်းရိသွားသည်။ ဗုဒ္ဓ အရှင်မြတ်နှင့် ဗုဒ္ဓ အရှင်မြတ်၏ တရားဓမ္မကို အတွင်းသား အပြင်သား ခွဲခြားမသိသော မိုက်မဲစွာ ဆဲရေးသူတို့အား စောင်းငဲ့ကြည့်ဖွယ် မလိုခဲ့ပါလေ။ ကရုဏာဖြင့် စုတ်သပ်ရုံပင် ရှိတော့သည်။

(၂)
ဒုတိယ သင်တန်းပြီးချိန် မှာတော့ ဂျမူးတက္ကသိုလ်တွင် ပါရဂူ ကျမ်းပြုနေသည့် ပညာရေး ကော်မတီဝင် အရှင်ကုဏ္ဍလက ဗာရာဏသီရောက်ခိုက် မိတ်ဆွေ ရဟန်းတော်များကို ဘလော့ နည်းပညာ စာအုပ်လေးများ ဓမ္မဒါန ပြုလေသည်။

* အားလုံး ဘလော့ကြပေရော။

* ဆည်းပူးထားသမျှ ဓမ္မအသိ ဓမ္မနည်းနာတွေ ဖြန့်ဝေကြ ပေရော။

* အခြားသူတို့ရဲ့ ယုံကြည်ချက်နဲ့ ဘာသာတရားကို မထိပါးစေဘဲ ဗုဒ္ဓ အရှင်မြတ်ရဲ့ သတင်းစကား အစစ်အမှန် တွေကို ကမ္ဘာ့နားတွေ ကြားအောင် ကြွေးကြော်ကြ ပေရော။

* ဗြဟ္မစိုရ် နှလုံးသားကို ဖွင့်ကာ ကမ္ဘာမြေရဲ့ မျက်လုံးတွေကို ပွင့်လင်းကြ စေရော။



(၃)

အသောက မင်းတရား၏ ကျောက်စာတော် သည်လည်း ယနေ့ အင်တာနက် စီးဆင်းမှုကို ရုတ်ရုတ်သည်းသည်း ငြင်းခုန် ရန်လိုမှုများဖြင့် ဖြတ်သန်းလိုသော ဘာသာရေး ဘလော့ဂါများ အတွက် လေးစား လိုက်နာဖွယ်ရာ ကောင်းလှပေသည်။

“မိမိ ဘာသာတရား ကိုသာ လင်းပစေပြီး အခြားသူတို့ရဲ့ ဘာသာတရားကို ပြစ်တင်ရှုတ်ချ မပြုသင့်ကြ။ အခြားသူတို့ရဲ့ ဘာသာတရား ကိုလည်း လေးစားထိုက် ပေရဲ့။ အခြားသူ တို့ရဲ့ ဘာသာတရားကို လေးစားခြင်းဟာ မိမိ ဘာသာတရားကို လင်းပ ထွန်းကားစေနိုင် သပ။ မိမိ ဘာသာတရားကို ထွန်းပ။ အခြား ဘာသာတရားကို နှိမ့်ချခြင်းဟာ မိမိ ဘာသာတရားရဲ့ သင်္ချိုင်းကို မိမိကိုယ်တိုင် တူးမြှုပ်ရာ ရောက်သလို အခြား ဘာသာတရား ကိုလည်း နာကျင်စေတတ် ပေရဲ့။”

“ငါ့ ဘာသာတရား ကိုသာ ငါထွန်းပ စေမည်” ဆိုတဲ့ အတွေး သက်သက်နဲ့ မိမိ ဘာသာတရားကို တစ်ဖက်သတ် ဂုဏ်ပြုချီးပပြီး အခြား ဘာသာတရားကို နှိမ့်ချ ပုတ်ခတ်ခြင်းဟာ မိမိ ဘာသာတရား ကိုသာ ပိုပြီးထိခိုက်ဖွယ် ရှိတော့တယ်။ ညီညွတ်ခြင်းဟာ မွန်မြတ်စွ။ အားလုံး နားထောင်ကြစေ။ အခြား ဘာသာတရားတို့ရဲ့ သွန်သင်ချက် ကိုလည်း နားထောင်တတ်ရန် ဆန္ဒရှိကြစေ။” (ကျောက်စာတော် အမှတ် ၁၂)

(၄)

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကိုသူမဲ၊ လူပုံထဲ၌
ဆိုဆဲရိုင်းပျ၊ သူရန်စလည်း
မင်းက မဖြုံ၊ မင်း မမှုန်ခဲ့
မတုန်မလှုပ်၊ မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။

အခါတပါး၊ မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍
ငဆ နင်ပဲ၊ မျိုးစုံဆဲ၏
ဆိုဆဲအားရ၊ ထိုခဏ၌
ဗုဒ္ဓဘုရား၊ ထိုပုဏ္ဏားနှင့်
စကားချီချ၊ ဆိုခဲ့ကြ။

ဘာရဒွါဇ၊ ဗြဟ္မဏ-
အိမ်ဝရောက်လာ၊ သင့်ဆွေညာအား
ရသာချိုအေး၊ ခဲဖွယ်ပေး၍
မကျွေးသလော၊ ကျွေးသလော ။

ငါ့ဆွေငါ့မျိုး၊ ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ၊ သုံဆောင်ပါ-ဟု
ငါကျွေးမွေး၏၊ ငါပေး၏။

ဘာရဒွါဇ၊ ဗြာဟ္မဏ
သူကငြင်းဆန်၊ လက်မခံသော်
ကြံ ပျား ဆီဥ၊ ခဲဖွယ်စုသည်
မည်သူ့လက်မှာ၊ ရှိသနည်း။

သူမယူဘိ၊ နေသည်ရှိသော်
ငါ၏လက်မှာ၊ ရှိသည်သာ ။

ဘာရဒွါဇ၊ ဗြာဟ္မဏ
ငါ့အားသင်ပေး၊ မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ၊ ဆဲ တစ်ရာကို
ငါ လက်မခံ၊ မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား၊ အရှိသား။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းသိ မသိ၊ ငါမသိခဲ့
ငါသိသည်မှာ၊ သိရုံသာတည်း
မင့်မှာတမူ၊ ယူမတူတို့
ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌
မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ။

(ဇော်ဂျီ)

ကဲ ငါ့ရှင်တို့ သတိကြီးစွာ မုဒိတာဖြင့်သာ ဘလော့ကြ ပေရော။ ဆဲသောသူများ အသံကား ကြားရန်မလိုပြီ။ ဆွေးနွေး ဝေဘန်မှုများ ကိုကား ဓမ္မနည်းလမ်းကျစွာ ဖြေရှင်းကြရ ပေလိမ့်မည်။

---***---

ဓမ္မဂင်္ဂါ ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေလိုက်ပါတယ် ခင်ဗျာ…။

လေးစားစွာဖြင့်
ဖိုးသား

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခုဇန်န၀ါရီလ(၂၀)ရက်၊ည(၇)နာရီ
READMORE
 

ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "

ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "

မိတ်ဆွေရင်း ဦးအောင်ချိုထံမှ ပေးပို့ထားသော မေးလ်အား တဆင့်ဖော်ပြပေးပါသည်။


ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "

(If you want to get ahead in life, go an extra mile) ဆိုတဲ့

ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတာကသူများထက်သာချင်လျှင်သူများထက်

ပိုပြီးအလုပ်လုပ်ပါ။ ကောင်းကွက်ကအဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူမရှိတက်ဘူး။

လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲ အလုပ်လုပ်မယ်ဆိုတဲ့စိတ် ထားရှိကြတယ်။

တချို့ ကြတော့ လခနဲ့ တန်အောင်တောင်မလုပ်တော့ဘဲ အချိန်ရရ ဘာရရခိုးကြခိုကြတယ်။

အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ ဖူးပါလိမ့်မယ်။

မိုင်ပိုသွားတဲ့လူ ရှားပါတယ်။

ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက်နည်းနည်းလာပြီး ရှေ့ ဆုံးကို

ရောက်သွားကြတာပါ။

ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ရှိသူတွေ ရတက်တ အကျိုးထူးတွေရှိပါတယ်။



(က) သင်ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက သင်လိုလူကို

တန်ဖိုးထားကြတယ်။



(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှူကို

တိုးတက်စေတယ်။



(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ခြင်လာမယ်။



(ဃ) လူတွေရဲ့  ယုံကြည်မှုကိုရလာမယ်။



(င) အထက်လူကြီးတွေရဲ့  အထင်ကြီးလေးစားခြင်းကို ရလာမယ်။



(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေများလာမယ်။



(ဆ) ကူညီလိုသူတွေ ပေါလာမယ်။

ကိုယ့်အသိနဲ့ ကိုယ် မိုင်ပိုလျှောက်နေသူ၊ ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက်

ကြိုးစားပမ်းစားအလုပ်လုပ်နေသူ၊အချိန်မှန်အလုပ်လာတက်သူ၊ သူတစ်ပါးကို ထောက်ထားညှာတာသူ၊ ပြောတာကိုသေသေချာချာနားထောင်ပြီး

အတိအကျ အကောင်အထည်ဖော်ပေးသူ၊ မုသားမပြောတက်သူ၊ အရေးကြီးလျှင် လက်မရှောင်ဘဲအချိန်မရွေးအလုပ်လုပ်ပေးသူ၊ ပင်ပန်းမှုကို မမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊ ပင်ပန်းတဲ့ကြားကစကားချိုသာပြုံးရွှင်စွာ ယဉ်ကျေးသူ၊ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ်။ အတွေ့ အကြုံတွေ၊ ဘွဲ့ ဒီဂရီတွေဟာ

အထက်ပါအရည်အချင်းတွေလောက်

အရေးမကြီးပါဘူး။

value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု ဒီနေ

့ခေတ်မှာခေတ်စားပါတယ်။

(မိဘအတွက်၊သားသမီးအတွက်၊ဇနီးအတွက်၊ ခင်ပွန်းအတွက်၊ မိတ်ဆွေအတွက်၊ ဆရာအတွက်၊ တပည့်အတွက်၊ဖောက်သည်တွေအတွက်၊စသဖြင့် ဘယ်သူ့ အတွက် ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ စေတနာအပိုဆောင်းပြီးကောင်းကောင်းလုပ်ပေးတဲ့

အကျင့်ကို မွေးမြူထားရပါမယ်။ ဘယ်တော့မဆို ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီး

အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ။

"ထို့ နောက် ထို့ ထက်ပို၍ (and then some mores)" ဆိုတဲ့ စကားစုလေးဟာ

အောင်မြင်မှုတံခါးကိုဖွင့်နိုင်တဲ့သော့တစ်ချောင်း ဖြစ်ပါတယ်။ အောင်မြင်သူတွေအားလုံးဟာ လုပ်သင့်တာကိုအကုန်လုပ်ခဲ့တယ်။ ထို့ နောက်ထို့ ထက်ပို၍ လုပ်ပေးခဲ့တယ်။ အောင်မြင်သူအားလုံးဟာ ပေးအပ်တဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်တယ်။

ထို့ နောက်ထို့ ထက်ပို၍ တာဝန်ထမ်းခဲ့သည်။ အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ

့ပြီး ရက်ရောပြသည်။ထို့ နောက်ထို့ ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည်။

အောင်မြင်သူများသည် ရာနှုန်းပြည့်အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည်။ ထို့ နောက်

အင်မတန်ညဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ ဒီဂရီတွေနဲ့ လူတချို့ အဘယ်ကြောင့်

အလယ်အလတ်ဘဝမှာလမ်းဆုံးနေရပါသလဲ။ အဆိုးမြင် နဲ့  ခွန်အားကို လျှော့သုံးပြီး အားလုံးကိုစိတ်ပျက်အောင်ပြောတတ်လုပ်တတ်နမူနာပြတတ်တဲ့ ပညာရှင်ကြီးတွေဖြစ်သွားလို့ ပါပဲ။ လခနဲ့ တန်ရုံပဲလုပ်မယ်ငါ့ပညာနဲ့ တန်အောင်ပေးမထားလို့ 

ပညာကုန်သုံးမလုပ်နိုင်ဘူး၊ သင့်ရုံလုပ်တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ်။ သူတို

့ဘဝလည်းသင့်ရုံပဲတိုးတက်တာ ဘာမှမဆန်းပါဘူး။ကိုယ်ရတာထက်ပိုလုပ်ပေးလေ့ရှိသူတွေဟာ အဲဒီမိုင်ပို၊

အချိန်ပိုတွေမှာယှဉ်ပြိုင်စရာလူတွေကို နောက်မှာထားခဲ့တော့တာ။ သူများကသာသူတို

့ကိုလိုက်ပြိုင်ရတော့မယ်၊ သူတို့ ကသူများကိုပြိုင်စရာမလိုတော့ပါဘူး။ ဒါ့ကြောင့် သူများထက်မိုင်ပိုလျှောက်မယ်ဆိုတဲ့ခံယူချက်သဘောထားဟာ ဘဝအောင်မြင်ရေးမှာ

ညဏ်ကောင်းတာတွေ ဘွဲ့ ဒီဂရီတွေထက် အများကြီး... အများကြီး...

ပိုပြီးအရေးကြီးပါတယ်။



( ဘွဲ့ ဒီဂရီတွေ ပိုင်ဆိုင်ပြီး ကောင်းမွန်သောအသိညဏ်နဲ့ 

သူများထက်မိုင်ပိုလျှောက်သူတိုင်း အောင်မြင်သော ဘဝတစ်ခုကို

ပိုင်ဆိုင်နိုင်မှာအသေအချာပင် )

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၅-၁-၂၀၁၀ ခု နေ့လည်(၂း၃၀)နာရီ ကူးတင်ပေးပါသည်
READMORE
 

msi ၏ မကွေးမြို့မှ နည်းပညာပြပွဲ















msi ၏ မကွေးမြို့မှ နည်းပညာပြပွဲ
(၁၂-၁-၂၀၁၀) နေ့ နံက်(၇)နာရီမှ ည(၉)နာရီအချိန်ထိ မကွေးမြို့ကောင်းမွန်စူပါမားကတ်တွင် ကျင်းပပေးပါသည်။ ရည်ရွယ်ချက်မှာ Msi ၏နည်းပညာပြန့်ပွားရေးပြပွဲသက်သက်သာဖြစ်ကြောင်း သိရပါ၏။အဖွဲ့ခေါင်းဆောင်တာဝန်ခံ ကိုကောင်းမြတ်ဖြစ်ပါသည်။ကျွန်တော်တို့ မကွေးမြို့နယ် စာနယ်ဇင်း ဥက္ကဌ မကွေးဝင်းမြင့်နှင့်အဖွဲ့သိလိုသည်များအား Msi တာဝန်ရှိလူငယ်လေးများမှ စိတ်ရှည်စွာရှင်းလင်းပြသပေးကြပါသည်။ကျွန်တော်တို့အကြိုက်ဆုံးကွန်ပျူတာမှာ Pc ပုံးမပါ၊ ကီးဘုတ် နှင့်မောက်စ်မလိုသော LCD မော်နီတာတစ်ခုတည်းဖြင့်သာအသုံးပြုရသော(4 in 1 Support SD,MS,MMC.XD) ကွန်ပျူတာ မော်ဒယ်(MSI WIND TOP AE 1900) တန်ဖိုးငွေ (၅၆၀၀၀၀ိ)ငါးသိန်းခြောက်သောင်းတန်ဖြစ်ပါသည်။
မကွေးမြို့မှာ တက္ကသိုလ်ကျောင်း(၅)ကျောင်း။ကောလိပ်ကျောင်း(၁)ကျောင်းရှိသော အိုင်တီပညာအား လေ့လာလိုက်စားကြသူများ အလွန်များပြားကြပါ၏။ဤကဲ့သို့သော နည်းပညာပြပွဲများ မကြာ မကြာ လာရောက်၍ ပြသပေးကြသည်မှာ မင်္ဂလာကျက်သရေအပေါင်းနှင့် တင့်ဖြိုးဝေပါပေသတည်း။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဇန်န၀ါရီလ(၁၂)ရက်၊ ည(၉း၁၅)နာရီတွင် ရေးသားတင်ပြပါသည်။
READMORE
 

လားပေါင်း များစွာနှင့်…*

ကိုဖိုးသား၏ မေးလ်အားပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၁၂-၁-၂၀၁၀ နေ့(၁၁)နာရီ


လားပေါင်း များစွာနှင့်…*



*လားပေါင်း များစွာနှင့်…*
ဒီတစ်ပတ် လပတ်စာမေးပွဲမှာ မြန်မာစာ အမှတ်အများဆုံး ရတဲ့သူကို ဆရာမ ဆုချမယ်…

ဆုချမတဲ့လား.. အမှတ်အများဆုံး ရတဲ့သူ.. လွယ်တော့ မလွယ်.. ကျောင်းသား ကျောင်းသူပေါင်း လေးဆယ်ကျော် ငါးဆယ်တွင်းမှာ အမှတ်အများဆုံး ရဖို့ဟူသည်.. ကျွန်တော့် ဘယ်ဘက်က ကပ်လျက် ထိုင်သည့် သူငယ်ချင်းကို လှည့်ကြည့်မိသည်.. သူသည် လူတော်.. သူတော်သလို ကျွန်တော်ကလည်း မညံ့.. စာမေးပွဲတိုင်းတွင် သူနှင့် ကျွန်တော်သည် သူမသာ ကိုယ်မသာ.. အနည်းငယ်မျှသော အမှတ် ကွာဟမှုများနဲ့ သူ အဆင့်တစ်ဖြစ်လိုက်.. ကျွန်တော် အဆင့်တစ် ဖြစ်လိုက်.. ဘာပဲပြောပြော ဆုရတာ မရတာ အသာထား.. အောင်ဖို့တော့ လုပ်ရမည်.. အောင်ရန်မှာ ပေးထားသော စာများကို ကျက်ရုံမှတစ်ပါး အခြားမရှိ..

**********************************

ဒီနေ့ မြန်မာစာ အဖြေလွှာ စာရွက်များ ပြန်ပေးသည်.. တစ်ဦးချင်းအလိုက် စာလုံးပေါင်း သတ်ပုံ အမှားများနှင့် ရရှိသည့် အမှတ်စာရင်းကို စာရွက်ပေါ်တွင် ဖော်ပြထား၏.. ဘေးနားက ကျွန်တော့် သူငယ်ချင်းက အဖြေလွှာစာရွက် အရင်ရ၏.. ၉၄-မှတ်.. အားပါး တယ်တော်တာပဲ.. ခဏနေတော့ ကျွန်တော့် အဖြေလွှာ စာရွက်ရ၏.. မ၀ံ့မရဲဖြင့် အမှတ်စာရင်း ကြည့်လိုက်တော့.. ၉၈-မှတ်တဲ့..

**********************************

ထို လပတ် စာမေးပွဲတွင် ကျွန်တော့် သူငယ်ချင်းက တစ်တန်းလုံးတွင် ဒုတိယ ရ၏.. ကျွန်တော်က ပထမ.. မြန်မာစာ အမှတ်စာရင်း မသိခင် အချိန်အထိ ကျန်သည့် ဘာသာများ၏ အမှတ်များ ပေါင်းလဒ်မှာ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းသည် အတူတူ.. ယခု မြန်မာစာ အမှတ်သိရမှ ကျွန်တော်က ၄ မှတ်အသာဖြင့် ပထမ ရရှိသွားခြင်း ဖြစ်၏..

*********************************

မကြာခင် ပထမအစမ်း စာမေးပွဲ ဖြေရတော့မည်.. အချိန်ကား နီးလာ၏.. ကျွန်တော်လည်း ကိုယ့်စာနှင့်ကိုယ် အလုပ်ရှုပ်နေစဉ် ထိုသူငယ်ချင်း ကျွန်တော့် အနားရောက်လာ၍..

“ဒီ ပထမအစမ်း စာမေးပွဲမှာ မင်းနဲ့ငါ ဘယ်သူ ပထမရမလဲ ပြိုင်မလား ဟေ့ကောင်” တဲ့..

သူ ကျွန်တော့်ကို စိန်ခေါ်စကား စလေပြီ.. လပတ် စာမေးပွဲတုန်းက ကျွန်တော် ပထမရသည်ကို မကျေနပ်၍ ဖြစ်မည်.. ဖြစ်လည်း ဖြစ်ထိုက်ပါသည်.. ဒီကျောင်းတွင် သူ့အဖေက ကျောင်းအုပ်ကြီး.. သူ့အမေက ၇-တန်း အတန်းပိုင် ဆရာမ.. အဖေကော အမေကော ကျောင်းဆရာ ဆရာမများ ဖြစ်ပါလျက် ပထမ မရတော့ ကျွန်တော့် သူငယ်ချင်းဖြစ်သူ ပေါက်ကွဲပေမပေါ့..

ကျွန်တော် ဘာမှ ပြန်မပြောမိ.. အသာ ငြိမ်နေမိသည်.. ထိုစဉ်က ကျွန်တော့်စိတ်ထဲတွင် ပြိုင်ချင်စိတ်လည်း မရှိ၊ နိုင်ချင်စိတ်လည်း မရှိ.. စာမေးပွဲတွင် မေးလာသော မေးခွန်းများအား အကုန် ဖြေနိုင်လိုစိတ်သာ ရှိသည်.. နောက်ပြီး ထိုအချိန်က ကျွန်တော် လက်ခံ ကျင့်သုံးမိနေသည့် စကားပုံတစ်ခု ရှိနေသည်.. ဘယ်အကြောင်း အရာတွင် ပါရှိသည်ကို တပ်အပ် မမှတ်မိတော့သော်လည်း ထို စကားပုံကိုတော့ ယနေ့အချိန်ထိ မှတ်မိနေ၏.. *အချင်းချင်း ရန်ငြှိုးမထားရ*

ကံအရှိန်နှင့် ကျွန်တော့် ကြိုးစားမှု သဟဇာတ ဖြစ်သွား၍လား မသိ.. ထို ပထမအစမ်း စာမေးပွဲတွင်လည်း ကျွန်တော် ပထမ ရရှိခဲ့သည်..

ဤကား ကျွန်တော် လေးတန်းတုန်းက အဖြစ်အပျက်.. 1994 ခုနှစ်၏ နှောင်းပိုင်းကာလများ.. အသက်အရွယ် အားဖြင့် ၉-နှစ်သာသာ..

+++++++++++++++++++++++++++++++++++++

ယနေ့ ဒီအချိန် ကျွန်တော် အသက်နည်းနည်း ရလာတော့ ပထမအကြောင်း စဉ်းစားမိသည်.. ပထမ..တဲ့.. ငယ်ငယ်က ဆရာတွေကတော့ ဥပမာ ပေးဖူးသည်.. တြိဂံ နှင့်ခိုင်းနှိုင်း၍.. တြိဂံသည် အခြေတွင် အတိုင်းအတာ အားဖြင့် ပမာဏ များများ ရှိသော်လည်း တဖြည်းဖြည်း အထက်ပိုင်း ရောက်သည်နှင့် အတိုင်းအတာ ပမာဏ နည်းနည်းလာကာ နောက်ဆုံး အပေါ်ဆုံးတွင်တော့ ပွိုင့်တစ်ပွိုင့်သာ ရှိတော့သည်.. ယနေ့ခေတ်တွင် ပိရမစ်နှင့် နှိုင်းယှဉ်လျှင်လည်း ဒီ ဥပမာ ပို၍ ပေါ်လွင်ပါသည်.. မည်သို့ပင် ဆိုစေ ပထမဟူသည် အများထဲမှာမှ တစ်ယောက်.. အရေအတွက် များစွာထဲကမှ တစ်ဦး.. နယ်ပယ်တစ်ခု၏ level တူသည့် အရာများထဲတွင် ထိပ်ဆုံး level.. ဤသို့အားဖြင့် ကျွန်တော် နားလည်ထားသည်.. (ဤနေရာတွင် နယ်ပယ်ဟူသည် စီးပွားရေး ဆိုလျှင်လည်း စီးပွားရေး နယ်ပယ်၊ လူမှုရေးဆိုလျှင်လည်း လူမှုရေး နယ်ပယ်၊ ပညာရေး ဆိုလျှင်လည်း ပညာရေး..)

သို့သော် ကျွန်တော် နားခပ်ရှုပ်ရှုပ် ဖြစ်နေသည်မှာ ထို ပထမ၊ ဒုတိယ.. အစရှိသော အဆင့် သတ်မှတ်ချက်များကို မည်သူက သတ်မှတ်ပါသနည်း.. မိမိကိုယ်ကို မိမိကိုယ်တိုင် သတ်မှတ်သည်လား.. တစ်ခြားသူက သတ်မှတ် ပေးသွားတာလား.. နောက် တစ်ဆင့် ထို အဆင့်တို့ကို မည်သူကပဲ သတ်မှတ်သည် ဖြစ်စေ ကျွန်ုပ်တို့သည် သတ်မှတ်ချက် တွေကြားမှာ ပျော်ဝင်နေသူ တွေလား.. သတ်မှတ်ချက် ရေစီးကြောင်းမှာ မျောပါ စီးဝင်နေသူတွေလား..

မနေ့က မေးလ်ကလာသည့် ၀တ္ထုတို တစ်ပုဒ် ဖတ်မိသည်.. ဆရာမက အမှတ်ပေါင်းမှား၍ အဆင့် ၄- ရရှိသွားသည့် ကျောင်းသား တစ်ယောက် အကြောင်း.. အမှန်မှာ ဆရာမသာ အမှတ်ပေါင်း မမှားလျှင် ထိုကျောင်းသားသည် အဆင့်တစ် ရရှိမည့် ကျောင်းသား..

ထိုသို့ ဆရာမ အမှတ်ပေါင်းမှား၍ အဆင့် ၄-သာ ရရှိသည့် အကြောင်းကို ထိုကျောင်းသားက သူ့အမေအား ပြောပြတော့ ကျောင်းသား၏ အမေပြောသည့် စကားက အတွေးပွားစရာ.. “သားရယ် အဆင့်လိုချင်လို့ ကျောင်းတက် တာလား.. စာတတ်ဖို့ ကျောင်းတက် တာလား” တဲ့..

****************************

ကျွန်ုပ်တို့ ဖြတ်သန်းခဲ့ရာ ဘ၀တစ်လျှောက်တွင်လည်း ထိုကျောင်းသားကဲ့သို့ ဆရာမ အမှတ်ပေါင်းမှား၍ အဆင့်တစ်နှင့် လွဲခဲ့သော အခြေအနေများ မရှိခဲ့လေဘူးလား.. တစ်နည်း စဉ်းစားလျှင် အဆင့်သတ်မှတ်သူ ဆရာသမား၏ အမှတ်ပေါင်း မှားမှုကြောင့် အဆင့်တစ်နှင့် မတန်ဘဲ အဆင့်တစ်,နေရာ ရောက်ခဲ့သည် များလည်း မရှိနိုင်ဘူးလား.. ရှိခဲ့ပါသော် အရေအတွက် ဘယ်လောက် များခဲ့ပြီနည်း..

“သားရယ် အဆင့်လိုချင်လို့ ကျောင်းတက်တာလား.. စာတတ်ဖို့ ကျောင်းတက်တာလား” တဲ့.. ဤစာကြောင်းပါ *စာတတ်ဖို့* ဆိုသည့် အကြောင်းအရာ ကိုကော ကျွန်ုပ်တို့ သက်တမ်း တစ်လျှောက်တွင် ဘယ်အဆင့်အတန်းမှာ ထားခဲ့ကြပါသနည်း.. စာတတ်ဖို့သည် ပထမ နေရာတွင်လား.. သို့တည်းမဟုတ် ဘယ် အဆင့်အတန်းမှာလဲ.. ကျေးဇူးတော်အရှင် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးကတော့ စာတတ်ဖို့သည် ဒဿမတဲ့.. ပထမနေရာတွင် ရှိနေသည်ကား *စိတ်ကောင်းရှိဖို့*

ဆရာတော် ဘုရားကြီး၏ *စိတ်ကောင်းရှိဖို့ ပထမ* ဆိုသည်အား စာရှုသူသည် လက်ခံချင်လည်း လက်ခံမည်၊ လက်ခံချင်မှလည်း လက်ခံမည်.. သို့သော် လက်ခံပါက ဘာကြောင့် လက်ခံသည်၊ လက်မခံပါက ဘာကြောင့် လက်မခံပါ.. စသဖြင့် *ဘာကြောင့်* ဟူသည့် အမေးအား ဖြေဆိုနိုင် အောင်တော့ ကိုယ်တိုင် အမေးလုပ်၍ အဖြေထုတ်ထား သင့်သည်.. ထို့ပြင် ထိုအဖြေများသည် သတ်မှတ်ချက်တွေ ကြားမှာ မျောပါ စီးဝင်နေသော အဖြေ ဟုတ်မဟုတ်တော့ နောက်တစ်ဆင့် ဆန်းစစ်ထားဖို့ လိုဦးမည် ထင်သည်.. သို့ဆိုလျှင် စာရေးသူ အကျွန်ုပ် ကိုယ်တိုင်ကော လက်ခံသည်လား၊ လက်မခံဘူးလား.. ဘာကြောင့် လက်ခံသည် လက်မခံသည် ဆိုသည့် အဖြေကိုကော ဆန်းစစ်ပြီးပြီလား..

ပထမနှင့် ပတ်သတ်၍ နောက်တစ်နည်း စဉ်းစားကြည့်လျှင်.. လောကတွင် မိမိ လုပ်သော အလုပ်များ၌ ဦးစားပေး လုပ်သည့် အလုပ်များ ကိုယ်စီကိုယ်စီ ရှိကြပေမည်.. မိမိ ရောက်ရှိလိုသည့် ရည်ရွယ်ချက်ပေါ် မူတည်၍၊ မိမိဘ၀တွင် စံထား သတ်မှတ်သည်ပေါ် မူတည်၍ ပထမ ဦးစားပေးအလုပ်၊ ဒုတိယ ဦးစားပေးအလုပ် စသည်ဖြင့်လည်း ကွဲသွားကြပေမည်.. ထိုသို့ စံထား သတ်မှတ်မှုသည် လောကီပိုင်း တွင်လည်း ရှိမည်၊ လောကုတ္တရာ ပိုင်းတွင်လည်း ရှိမည်.. လောကီပိုင်းပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ ပိုင်းပဲ ဖြစ်ဖြစ် အရေးကြီး သည်ကား စံထား သတ်မှတ်မှု မလွဲဖို့ ဖြစ်သည်.. စံထား သတ်မှတ်မှု လွဲလျှင် ဦးစားပေး အလုပ် လွဲမည်.. ဦးစားပေး အလုပ်လွဲပါက နောက်ဆုံးရလဒ်ပါ လွဲပေတော့မည်.. လက်ရှိဘ၀တွင် ခွေးလို နွားလို ကျင့်၍ သေလွန်သော အခါ ခွေးဘ၀၊ နွားဘ၀ ရောက်သွားကြသည့် အဖြစ်အပျက်များ.. ကာမဂုဏ် အာရုံထဲမှာမှ ရသအာရုံကို စံထား.. သမင်တွေကို သတ် (ဦးစားပေး အလုပ်လွဲ) ၍ သမင်သား အစားကြူးသဖြင့် အရှင်လတ်လတ် အသားပြိတ္တာ ဖြစ်ရသော သာဓကများကိုလည်း တော်တော်များများ ကြားဖူးကြပေမည်..။

လောကုတ္တရာ ပိုင်းတွင် အကောင်းဆုံးထဲ မှာမှ အကောင်းဆုံး အလုပ်ကို စံထား လုပ်ဆောင်ရမည် ဟုလည်း မြစိမ်းတောင် ဆရာတော် ဘုရားက မိန့်သည်.. အားလုံး သိပြီးသားကိုပဲ ကျွန်တော် ထပ်ပြောပါမည်.. ဒါန၊ သီလ၊ ဘာဝနာတွင် အဘယ်အရာကို ပြုမူ ဆောင်ရွက်ခြင်းသည် အမြတ်ဆုံးလဲဟု မေးလျှင် ဘာဝနာ အလုပ်ဆိုတာ အားလုံး သိပြီးသား.. ထို ဘာဝနာထဲ တွင်ကော.. သမထ ဘာဝနာထက် ၀ိပဿနာ ဘာဝနာက သာ၍ မြတ်ပေသေးသည်.. ဆရာတော် ဘုရားများ၏ အလိုအရတော့ အကောင်းဆုံးကို ရွေးလုပ်မည် ဆိုလျှင် ၀ိပဿနာ ဘာဝနာ အလုပ်ကိုသာ အချိန်အားတိုင်း လုပ်ဖို့ တိုက်တွန်း ကြသည်သာ.. ဤတွင် သိထား သင့်သည်ကား ဆရာတော် ဘုရားများသည် ဒါန၊ သီလကို ပယ်ခြင်းမဟုတ်.. တာဝတိံသာ သက်တမ်းနှင့် တွက်လျှင် တစ်ရက်ပင် မပြည့်သည့် ယနေ့ခေတ် လူ့ဘ၀ သက်တမ်း တိုတိုတွင် အကောင်းဆုံး အလုပ်ကို ရွေးလုပ် စေချင်ကြခြင်းသာ.. ဆရာတော် ဘုရားများ၏ မေတ္တာ၊ ကရုဏာကား ကြီးမားပေစွ..

သို့သော် ကျွန်ုပ်တို့သည် အဘယ် အရာတွေကို ဦးစားပေး၍ စံထား သတ်မှတ်၍ လုပ်နေကြပါ သနည်း.. စီးပွားရေးလား၊ ကြီးပွားရေးလား၊ သားရေး သမီးရေးလား.. ဒါနလား.. သီလလား.. ဘာဝနာလား.. ဦးစားပေး သတ်မှတ်ချက်ကော ထားကြပါရဲ့လား.. ကိုယ် သတ်မှတ်သည့် နေရာကို ကိုယ်ကိုယ်တိုင်ကော ရောက်နေပြီလား.. ရောက်လျှင် ထိုရောက်ရှိသည့် နေရာသည် တကယ်ကော မှန်ကန်ရဲ့လား.. မှန် မမှန်ကော ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီလား.. ကိုယ့်အတ္တနှင့် ကိုယ် လုံးလည် ချာလည်လိုက်ရင်း သတ်မှတ်ချက်တွေ ကြားမှာ အမြင်မတူ အငြင်းပွားနေ ကြသလား.. အငြင်းပွားဖို့ ကြိုးစားနေ သလား.. မငြင်းနိုင်လို့ ငြိမ်နေသလား.. မငြင်းချင်လို့ ငြိမ်နေ သလား..

ဆရာတော် ဦးဇောတိက ကတော့ “အငြင်းအခုံ လုပ်နေရတာဟာ ထင်မြင်ချက်တွေပဲ၊ အမှန်တရားဟာ ငြင်းနေစရာ မလိုတဲ့ အရာဖြစ်တယ်” လို့ မိန့်ပြန်တယ်.. ဒါကိုလည်း စာရှုသူက သတ်မှတ်ချက် တစ်ခုပေပဲလို့ ဆိုဦးမလား..

စာရေးနေရင်းမှ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိသည်.. ကျွန်တော် အခု ရေးနေတဲ့ စာကကော ကျွန်တော်ဘာသာ ကျွန်တော် စံထား သတ်မှတ်သည့် အကြောင်း အရာတွေ၊ ပထမ ဦးစားပေးသည့် အတွေးစဉ် တွေနှင့် ရေးသား ဖွဲ့သီသည့် စာတစ်ပုဒ် မဖြစ်နိုင်ဘူးလား...


လေးစားစွာဖြင့်
ဖိုးသား

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၂-၁-၂၀၁၀ နေ့(၁၁)နာရီ

1/11/2010, MON:, 1:58:04 PM
READMORE
 

“ကျွဲထိကျေးရွာအတွက် ပြီးပြည့်စုံသောအလှူပွဲကြီး”






“ကျွဲထိကျေးရွာအတွက် ပြီးပြည့်စုံသောအလှူပွဲကြီး”
ရွှေလမ်းငွေလမ်းဝင်းကြည်
ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာတွင်(၃၀-၁၂-၂၀၀၉)ခု၊နံနက်(၉)နာရီမှာ ကျင်းပကြပါတယ်။
တစ်ဦးတည်းအလှူရှင်မိသားစုဖြစ်ပါတယ်။ နေပြည်တော်မှ WEG.Co,Ltd (ရေသန့်စက်ရုံ) မန်နေဂျင်းဒါရိုက်တာ ဦးဝင်းနိုင်+ဒေါ်သန်းသန်းဆွေ မိသားစုတို့ဖြစ်ကြကြောင်းသိရပါတယ်။ ကျေးရွာအတွက်ပညာရေး၊ ကျမ်းမာရေး၊ လူမူရေး၊လမ်းပန်းဆက်သွယ်ရေး၊သာရေး၊နာရေးကိစ္စမှ စ၍ မလိုအပ်ရလေအောင် လှူဒါန်းပေးသောပွဲကြီးဖြစ်ပါတယ်။မကွေးတိုင်းအတွင်းမှာ ဒီလို အလှူရှင်မိသားစုမှာ ပထမဆုံးဂုဏ်ပြုအပ်ထိုက်တဲ့သူများလို့ ဆိုရပါ့မယ်..။
လှူဒါန်းသောစာရင်းမှာ
(၁) မုတ်သုန်ဦး စာကြည့်တိုက် ကုန်ကျငွေပေါင်း (သိန်း၁၁၀ )။
(၂) ကျေးလက် ကျန်းမာရေး ဆေးခန်း ကုန်ကျငွေပေါင်း (သိန်း ၆၅)။
(၃) အခြေခံမူလတန်းကျောင်းကြို မူလွန်ကျောင်း ကုန်ကျငွေပေါင်း (သိန်း ၁၅၀)။
(၄) စပါးခွန် ဓာတ်ငွေ့ မီးစက်(မြင်းကောင်ရေ ၁၀၀)
(၅) ရွာအတွက် သာရေး၊နာရေးသုံးနိုင်ရန် ဟိုက်လပ်တိုယိုတာ(၅)ချိတ် တစ်စီး။
(၆) ကျွဲထိရွာမှ ရွာခိုင်ရွာသွားလမ်း ကျောက်စရစ်မြေခင်းခြင်း၊ ရေကျော်ပေါင်း တံတား(၂)စင်း ဆောက်လုပ်ပေးခြင်း။
(၇) အခြေခံ မူလွန်ကျောင်းအတွက် ငွေပဒေသာပင်(၁ဂ)သိန်းစိုက်ထားပေးခြင်း။
(၈) ကျောင်းသား၊ကျောင်းသူ(၂၂၅)ယောက်အတွက် နှစ်စဉ် စာအုပ်၊စာရေးကရိယာအစုံလှူခြင်း။
(၉) ကျောင်းဆရာ။ဆရာမ များအတွက် ကျောင်းဝတ်စုံများကို တစ်နှစ်လျှင်(၃)စုံလှူဒါန်းခြင်း။
ယင်းအလှူပွဲသို့ မင်ဘူးခရိုင် အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ ဥက္ကဌ၊ မင်းဘူးမြှိုနယ် (မ.ယ.က)ဥက္ကဌ၊ ပွင့်ဖြူမြို့နယ်(မ.ယ.က) ဥက္ကဌများ၊ မကွေးတိုင်းပြန်၊ဆက်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူးဦးဝေလင်း၊မင်းဘူးခရိုင်ပြန်၊ဆက်ရုံးမှဦးသိန်းထွန်းအောင်၊မင်းဘူးမြို့၊ပွင့်ဖြူမြို့နယ်များမှ သက်ဆိုင်ရာပညာရေး၊ကျန်းမာရေး၊ဌာနများမှ တာဝန်ရှိသူများနှင့် ကျေးရွာလူထုနှင့် ဆရာ။ဆရာမ၊ကျောင်းသူ။ကျောင်းသားများ ၀မ်းပန်းသသာဂုဏ်ပြု တက်ရောက် အားပေးကြ ကြောင်းတို့ကို စာရေးဆရာ တင်လင်းဇော်(မကွေးပညာရေးကောလိပ်ကျောင်း-ကထိက)ထံမှ သတင်းရရှိ၍တင်ပြလိုက်ရပါတယ်။
ရွှေလမ်းငွေလမ်းဝင်းကြည်
(၉-၁-၂၀၁၀)နေ့ရေး၏။
READMORE
 

(၁၂)ကြိမ်မြောက် သံဃာ့ဒါနအာရုံဆွမ်းလောင်းလှူပွဲ









ရွှေလမ်းငွေလမ်းဝင်းကြည်+ဒေါ်ခင်စီ မိသားစု အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြတယ်လို့တော့ မထင်ကြစေလိုပါ..။
၅-၁-၂၀၁၀ ခု၊နံနက်အာရုံဆွမ်းမှာ ဆွမ်းဟင်း(ငါးဒန်နှင့်ပုန်းရည်)+(ငရုပ်သီးကြော်)တို့ဖြင့်လောင်းလှူပါသည်။

ဆွမ်းဒါနလေးကို လွန်ခဲ့တဲ့(၁၉၉၉)ခုနှစ်ကစလို့ ငွေပဒေသာပင်(၃၀၀၀၀ိ)သုံးသောင်းကျပ်စိုက်ထူး လောင်းလှူခဲ့ပါတယ်။ အဲဒီကာလမှာ မကွေးမြို့နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းက ဆွမ်းငွေပဒေသာပင်(၃၀၀၀၀ိ)ကျပ်စိုက်ထူးလှူရင် တစ်နှစ်မှာ တစ်ရက်ကို မိသားစုနာမည်နဲ့ ကဗ္ဗည်းထိုး၍ လောင်းလှူပေးခဲ့တာပါ။ ယခုကာလမှာတော့ ငွေ(၃၀၀၀၀ိ)နဲ့ မလှူဒါန်းနိုင်ကြတော့ပါ။
အဲဒီအချိန်က သံဃာစာရင်း၊ ကုန်ဈေးနှုန်းဈေးတွေနဲ့ ယခုကာလာနဲ့ မတူကြတော့ပါ။

ယခုသံဃာစာရင်းကအပါး(၂၈၀၀)ကျော်နေပါပြီ..။ အာရုံဆွမ်းတစ်နပ်အတွက်ကို ဆန်(၈)အိတ်ချက်ရပါတယ်။အသာဟင်းကောင်းတစ်ခွက်နဲ့ ငရုပ်သီးကြော်၊သရက်ချဉ် များနဲ့လောင်းလှူမယ်ဆိုရင် (၅)သိန်း၊(၆)သိန်းခန့်ကုန်ကျပါမည်။ ဒါကြောင့် ယခင်က ဆွမ်းပဒေသာပင်အလှူရှင်များကို တစ်ဦးတည်းနာမည်ဖြင့်လောင်းလှူမပေးနိုင်ကြတော့ပါ။ စုပေါင်း၍ အများကောင်းမှုအမည်ဖြင့်သာ လောင်းလှူနေကြရပါတယ်။ တတ်နိုင်သူများကတော့ တစ်ဦးတည်းအလှူရှင် အကုန်အကျခံ၍ဒါနပြုကြပါတယ်။ တတ်နိုင်သူ ဆွမ်းပဒေသာပင်စိုက်ထူးထားတဲ့ အလှူရှင်များကလည်း ပဒေသာပင်ငွေများကို ထပ်မံစိုက်ထူပြီးလှူဒါန်းကြပါတယ်။ ဆွမ်းပဒေသာပင်အလှူရှင်တစ်ဦးဆိုလျှင် ငွေကျပ်သိန်းတစ်ထောင်ထည့်ဝင်စိုက်ထူထားတာ တွေ့ရပါတယ်။အဲဒီအလှူဒါနပြုသူမှာ နိုင်ငံခြားသားအလှူရှင် ဆရာတော်တစ်ပါးဖြစ်ကြောင်းသိရပါတယ်။ အားကျစရာ အလှူရှင်ကြီးပါ။

ကျွန်တော်စတင်လှူဒါန်းစဉ်ကတော့ အဲဒီငွေသုံးသောင်း ကို မရှိ၊ရှိတာလေးတွေနဲ့ ရောင်းချပြီးစတင်လှူခဲ့ရတာပါ။ ယခုလဲ နှစ်စဉ်နှစ်တိုင်း ငွေပဒေသာပင်များကို ထပ်မံစိုက်ထူလာခဲ့တာ..ငွေကျပ်(၇)သိန်းရှိသွားပါပြီ..။ (၁၁)နှစ်အတွင်း မိမိအိမ်မှာ မိမိကိုယ်ပိုင်ငွေနဲ့ အကုန်ကျခံ၍ ဆွမ်းလောင်းလှူခဲ့တာက(၂)ကြိမ်ပါ။ မကွေးမြို့နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းမှာ လောင်းလှူခဲ့တာက(၁၀)ကြိမ်ပါ။ စုစုပေါင်း(၁၁)နှစ်၊(၁၂)ကြိမ်ဖြစ်ပါကြောင်း..သတင်းကောင်းပါ၍ မကွေးမြို့နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်းကြီးသို့ ဆွမ်းပဒေသာပင်ငွေများ ထည့်ဝင်စိုက်ထူ လှူဒါန်းပေးတော် မူကြပါရန်လေးစားစွာဖြင့် နိုးဆော်၍ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား....။

ဗုဒ္ဓသာသနာ ရောင်ဝါနေသို့လင်းစေသော်..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဇန်န၀ါရီလ(၅)ရက်နေ့၊ နံနက်(၁၀)နာရီ ရေး၏။
READMORE