မကွေးတိုင်းဒေသကြီးအတွင်း အသုံးပြုရန်ဝယ်ယူထားသော မီးသတ်ရေသယ်ယာဉ် ၁၆ စီးပထမအသုတ်ရောက်ရှိ



မကွေး၊ ဒီဇင်ဘာ ၆။
          မကွေးမြို့၊ ဆားရွှေကင်းရပ်၊ ဘုရားလမ်းရှိ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ ၂၀၁၄၊ ဒီဇင်ဘာ ၆ ရက်၊ နံနက် ၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးအတွင်း အသုံးပြုရန်ဝယ်ယူထားသော မီးသတ်ရေသယ် ယာဉ် ၁၆ စီးပထမအသုတ်ရောက်ရှိကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါမီးသတ်ရေသယ်ယာဉ်ကား ၃၁ စီးအား ၀ယ်ယူတင်သွင်းခွင့်ရသော ကုမ္ပဏီများမှာYoung’s Auto Cod.,Ltd. ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၄၊ ဇူလိုင်(၂၂)ရက်နေ့တွင် ၎င်းမှ ၀ယ်ယူခွင့်တင် ဒါလေလံတင်သွင်းခဲ့ကြောင်း၊ ၂၀၁၄၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ပထမ အသုတ်အဖြစ် မီးသတ်ရေသယ်ယာဉ်ကား ၁၆ စီးအား လာရောက်အပ်နှံခြင်းဖြစ်ကြောင်း၊ အဆိုပါ မီးသတ်ရေသယ်ယာဉ် ပေးအပ်ပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် (ဥက္ကဋ္ဌ၊ တင်ဒါဘုတ်အဖွဲ့)၊ တိုင်းမီး သတ်ဦးစီးမှူး ၊ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် (အတွင်းရေးမှူး) တို့က မော်တော်ယာဉ်များကို စစ်ဆေး လက်ခံခဲ့ကြောင်း၊ ဒုတိယအသုတ်အဖြစ် ကျန်ရှိသော မီးသတ်ရေသယ်ယာဉ်ကားများ ထပ်မံရောက်ရှိလာ မည်ဖြစ် ကြောင်း၊ ၎င်းမော်တော်ယာဉ်များကို မကွေးတိုင်းအတွင်းရှိ မြို့နယ်များနှင့် နယ်မြေမီးသတ်စခန်းများ သို့ ခွဲဝေ၍ အသုံးပြုရန်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ဒုတိုင်းမှူး ဦးဌေးဝင်း က မြေလတ်မီဒီယာ ကိုပြောသည်။


          ၂၀၁၄၊ ဇန်န၀ါရီလ(၁)ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်း၌ မီးလောင် မှုဖြစ်ပွားသော အကြိမ်ပေါင်းမှာ (၁၂၂)ကြိမ်၊ ဆုံးရှုံးမှုတန်ဘိုးငွေကျပ် သိန်းပေါင်း(၁၂၀၀)ကျော်ခန့် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: