“မင်းဘူးမျြိ့တွင် ဘုန်းကြီးတစ်ပါး အရက်မူးယစ်ရန်းကားနေသဖြင့် လူဝတ်လဲ၍ အမှုဖွင့်အရေးယူထား”



မင်းဘူး၊ ဒီဇင်ဘာ ၁၄။

          မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရတနာသိဒ္ဓိဘုန်းကြီးကျောင်း၌ ၂၀၁၄၊ဒီဇင်ဘာ ၁၃ ရက်၊ ညနေ ၄း၃၀ နာရီအချိန်ခန့်တွင် ဘုန်းကြီးတစ်ပါးအရက်မူးယစ်ရန်းကားနေသဖြင့် မင်းဘူးမြို့မရဲစခန်းမှ ဒု ရဲအုပ်ဇော်ကြီးတို့သွား ရောက်ပြီး လူဝတ်လဲ၍ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

          ဖြစ်စဉ်မှာ ၎င်းသတင်းအရ ၂၀၁၄၊ဒီဇင်ဘာ ၁၃ ရက်၊ ညနေ ၄း၃၀ နာရီအချိန်ခန့်တွင် အမှတ် ၄ ရပ်ကွက်အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ ဆယ်အိမ်မှူး ဦးသန်းအောင်၊ မြို့နယ်သာသနာရေးမှူး ဦးကျော်ဆွေနှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် ရတနာသိဒ္ဓိဘုန်းကြီးကျောင်းသို့ သွားရောက်စစ်ဆေးကြောင်း၊ ၎င်းကျောင်း၌ နေထိုင်သော ရှင်ဝိမလ(ခ)လှညွှန့်(၆၂/၁၄)နှစ်၊ သိက္ခာ(၂)၀ါ၊ ရွာသစ်ကလေးရွာ၊ မကွေးမြှိုနယ် နေသူသည် သင်္ကန်းဝတ်ဖြင့် အရက်သောက်စား မူးယစ်ရန်းကားနေသည်ကို တွေ့ရှိကြောင်း၊ ထို့ကြောင်း ၎င်းဘုန်းကြီးအား သာသနာသန့်ရှင်းရေးအဖွဲ့ဝင် ချမ်းသာကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသီရိမာမှ သံဃာတော်များ၏ ရှေ့တွင် သိက္ခာချလူဝတ်လဲကာ ဘာသာသာသနာ ညှိုးနွမ်းအောင်ပြုလုပ်သူ လှညွှန့်ကို  ရဲအရေးမပိုင်မှု အမှတ် (၇/၁၄)၊ ပြစ်မှုပုဒ်မ ၂၉၅-က ဖြင့် ဒီဇင်ဘာ ၁၃၊ ညနေ ၅ နာရီအချိန်ခန့်တွင် အရေးယူဆောင်ရွက်ထား ကြောင်း မင်းဘူးမြို့နယ် သာသနာရေးဦးစီးဌာန မှ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: