“မကွေးမြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(မြေလတ်ဒေသ)ပြန်လည်ဖွဲ့စည်းရန်စီစဉ်”



မကွေး၊ ဒီဇင်ဘာ ၁၄၊

          မကွေးမြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(မြေလတ်ဒေသ)ပြန်လည်ဖွဲ့စည်းရန်အတွက် ၂၀၁၄၊ဒီဇင်ဘာ ၁၃ ရက်၊ နံနက် ၁၀း၃၀ မှ နေ့ ၁၂း၃၀ နာရီအချိန်အထိ မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်မျိုနိုင်ရပ်၊ ခွာညိုလမ်းနှင့် (၅)လမ်းထောင့်ရှိ ဦးအာကာမင်း၏ ကျောင်းသားဘော်ဒါဆောင်တွင် အစည်းအဝေး ကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
          အဆိုပါအစည်းအဝေးသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(မြေလတ်ဒေသ) အတွင်းရေးမှူး ကိုရဲသွေးကျော်(ဆေးတက္ကသိုလ်)နှင့် ပြန်ကြားရေးတာဝန်ခံ ကိုမင်းမင်းဦး(ဆေးတက္ကသိုလ်)၊ အခြေခံကျန်းမာရေး တက္ကသိုလ်ကျေင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအာကာဖြိုး၊ အတွင်းရေးမှူး ကိုဇော်မျိုးသန့်၊ မကွေးနည်းပညာတက္က သိုလ်ကျောင်းသားသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ များကိုချစ်ဝင်းမောင်နှင့် ကိုချစ်လင်းထက်၊ ရေနံချောင်း စက်မှုလက်မှု သိပ္ပံကျောင်းသမဂ္ဂ ဥက္ကဋ္ဌ ကိုသျှိုင်းရဲသော်၊ ဒုဥက္ကဋ္ဌ ကိုဖြိုးစည်သူ၊ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ ကိုအောင်ကောင်းမြတ် ပါ သုံးဦး၊ ကျောင်းသားများ(၁၇)ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။

          အတွင်းရေးမှူး ကိုရဲသွေးကျော်မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(မြေလတ်ဒေသ)ကို ပြန် လည်ဖွဲ့စည်းရာတွင် မကွေးနည်းပညာတက္ကသိုလ်မှ နှစ်ဦး၊ အခြေခံကျန်းမာရေးတက္ကသိုလ်မှ နှစ်ဦး၊ ပခုက္ကူ တက္ကသိုလ်မှ လေးဦး၊ ပြည်တက္ကသိုလ်မှ လေးဦး၊ ချောက်မြို့ စက်မှုလက်မှုသိပ္ပံကျောင်းမှ နှစ်ဦး၊ ရေနံချောင်း စက်မှုလက်မှုသိပ္ပံကျောင်းမှ နှစ်ဦး၊ ရေနံချောင်းဒီဂရီကောလိပ်ကျောင်းမှ နှစ်ဦး တို့ဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြောသည်။ ထို့နောက် ပညာရေးဥပဒေမူကြမ်းနှင့် ပတ်သက်၍ အဆိုပါမူကြမ်းအား ပညာရှင်များ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(မြေလတ်ဒေသ) အဖွဲ့ဝင်များမှ ဝေဖန်ထားသော သုံးသပ်ချက်များ အား စာအုပ်ထုတ်ဝေပြီး သက်ဆိုင်ရာကျောင်းများသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ကျောင်းအသီးသီးမှ ကျောင်း သူ ကျောင်းသားများ၏ သဘောတူညီမှုများကို လက်မှတ်ထိုး၍ နိုင်ငံတော်အစိုးရထံသို့ ပေးပို့တင်ပြ သွားမည်ဖြစ် ကြောင်း၊ ၎င်းတင်ပြချက်များအား ပြောင်းလဲမှုမရှိပါက ဗကသ အဖွဲ့ဝင်းများအနေဖြင့် အထက်ဌာန အဆင့် ဆင့် သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်ပြောင်းလဲမှုမရှိပါက မကွေးမြို့တွင်း ဆန္ဒဖော်ထုတ်သွားကြ မည် ဖြစ်ကြောင်း သဘောတူဆုံးဖြတ်ကြသည် ဟု  ဗကသ အဖွဲ့မှ ကျောင်းသားတစ်ဦးက မြေလတ်မီဒီယာ ကိုပြောသည်။

          ထို့နောက် အစည်းအဝေးအား တက်ရောက်လာသူကျောင်းသားများထံမှ အလှူငွေကျပ် တစ်သောင်းကျပ် စီကောက်ခံပြီး ပညာရေးဥပဒေမှုကြမ်း စာအုပ်ထုတ်ဝေကြမည်ဟု သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: