စလင်းမြို့နယ်တွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများ မှ ကမ်းပြိုမည်စိုး၍ နေအိမ်များကြိုတင်ပြောင်းရွေ့”

စလင်း၊ ဒီဇင်ဘာ ၁၁ ။

မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆိပ်ကြီးအုပ်စု၊ သဖန်းကုန်းကျေးရွာအရှေ့ဘက်တွင် ဧရာဝတီမြစ်ရေ တိုက်စား၍ မြစ်ကမ်းဘားပြိုသဖြင့် မြစ်ကမ်းဘားနှစ်ပေ တစ်ရာတစ်ဆယ်ခန့်ကွာဝေးသော ဦးမင်းဇော် ပါ နေအိမ် (၅)လုံးအား ၂၀၁၄၊ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၇ နာရီမှ နေ့လည်၃ နာရီအချိန်ခန့်အထိ ဆိပ်ကြီးအုပ်စုကွင်းအမှတ် (၄၆၃)ရှိ ၎င်း တို့ဝယ်ယူထားပြီး မြေကွက်သို့ ပြောင်းရွေ့ကြကြောင်း ဒေသခံရွာသား ဦးမင်းဇော် က မြေလတ်မီဒီယာ ကိုပြောသည်။

အလားတူ ၂၀၁၄၊ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၇ နာရီမှ နေ့လည်၎း၃၀ နာရီအချိန်ခန်တွင်လည်း စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာအုပ်စု၊ သနပ်ကုန်းကျေးရွာနှင့် ငွေသောင်ကျေးရွာတို့၏ အရှေ့ဘက်တွင် ဧရာ ၀တီမြစ်ရေတိုက်စားသဖြင့် မြစ်ကမ်းဘားနှင့် ပေ တစ်ရာလေးဆယ်ခန့်သာ ကွာဝေးသောကြောင့် ဦးမြို့သောင်း ပါ နေအိမ်(၈)လုံးအား ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၆၂)ရှိ ၎င်း တို့ဝယ်ယူထားသော မြေကွက်သို့ ပြောင်းရွေ့ကြောင်း၊ အဆိုပါပြောင်းရွေ့ခဲ့သည့် ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာသုံးရွာမှ အိမ်ခြေ(၁၃)လုံး တို့မှာ ဧရာဝတီမြစ်ရေကျ၍ မြစ်ကမ်းပါးပြန်ပေါ်လာပြီး ၎င်းမြစ်ကမ်းပါးများအား မြစ်ရေတိုက်စားသဖြင့် ဆက်လက် ကမ်းပါး ပျိုကျမည်စိုးရိမ်သောကြောင့် ကြိုတင်ပြောင်းရွေ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသား ဦးမြို့သောင်း က မြေလတ်မီဒီယာ ကိုပြောသည်။

စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ၂၀၁၄၊ မေလ ၁၈ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့ အထိ ကျေးရွာအုပ်စု(၁၂)အုပ်စု၊ ကျေးရွာပေါင်း(၂၆)ရွာမှ အိမ်ခြေ(၅၅၁)၊ အိမ်ထောင်စု (၅၅၁)စု တို့အား နေအိမ် များ ပြောင်းရွေ့ပြီးဖြစ်ကြောင်း စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းထုတ်ပြန်သည်။

ဝိုင်းကြည်အောင်
မကွေး၊ ၀၉-၄၄၀၂၂၅၁၀၀

 

0 comments: