“အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို မကွေးမြို့တွင် NGO သုံးဖွဲ့ပူးပေါင်းကျင်းပ”
မကွေး၊ ဒီဇင်ဘာ ၁၀ ။
          မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းကြီးထွက်ကားလမ်း၊ ကပ်ကျော်ဘုန်းတော်ကြီးကျောင်း၌ ၂၀၁၄၊ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၈း၃၀ နာရီမှ ညနေ ၆ နာရီအချိန်အထိ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
          အဆိုပါအခမ်းအနားသို့ မကွေး၊ မင်းဘူး၊ မင်းလှ၊ ပခုက္ကူ၊ ပွင့်ဖြူ၊ ဆင်ပေါင်ဝဲ၊ မိချောင်းရဲ မြို့များမှ လူမှုရေး အသင်းအဖွဲ့များထံ လေးရာခန့်အား ဖိတ်ကြားထားသော်လည်း တက်ရောက်သူအင်အား နှစ်ရာဦးခန့်သာရှိ ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံသို့လည်း ဖိတ်ကြားစာပို့ထားသော်လည်း  တက် ရောက်ခြင်းမရှိကြောင်း၊ ၎င်းပွဲကို မြန်မာ့လူမှုရေးဦးဆောင်လှုပ်ရှားသူများအဖွဲ့(Myanmar Social Group) ၊ (၈၈) မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗ.က.သ) အဖွဲ့ သုံးဖွဲ့တို့ပူးပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူအဖွဲ့မှ ဦးယုနိုင် က မြေလတ်မီဒီယာ ကိုပြောသည်။
“ မကွေးမြို့မှာက မနှစ်က ၂၀၁၃ ခုနှစ်မှာစတင်ပြီး ဒီလို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို စတင်ကျင်းပနိုင်ခဲ့ပါတယ်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဆိုင်းဘုတ်တစ်ခု တိုင်းဆေးရုံလမ်းထောင့်မှာ ထူနိုင်ခဲ့ တယ်၊ ဒါကတော့ ဒုတိယနှစ် ဒုတိယအကြိမ်အခမ်းအနားပါ။” ဟု မကွေးမြို့မှ တက်ရောက်လာသူ ဦးသာဒွန်း က မြေလတ်မီဒီယာ ကိုပြောသည်။
          နံနက် ၈း၃၀ နာရီမှ နေ့ ၁၂း၃၀ နာရီအထိ တက်ရောက်လာသူ တောင်သူအဖွဲ့နှစ်စုခွဲ၍ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အလက်များ အပိုဒ်(၁)မှ (၂၉)ထိ လူ့အခွင့်အရေးဆိုင်ရာကိစ္စများကို အလုပ်ရုံဆွေးနွေး ပွဲကျင်းပကြောင်း၊ နေ့လည်ပိုင်းတွင် တောင်သူလယ်သမား၊ အလုပ်သမား နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၌ ကြုံတွေ့နေရသော လူ့အခွင့်အရေး ဆုံးရှုံးနေမှုများကို အဖွဲ့အစည်းတစ်ခုချင်း၏ ကိုယ်စားလှယ်များမှ ရင်ဖွင့် ပြောကြားကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။
uwinkyi123@gmail.com
သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi
0 comments: