ရွှေစက်တော် ဘုရား သြဝါဒါစရိယဆရာတော်နှင့်ဂေါပကအဖွဲ့အသစ်ရွေးချယ်ပြီး အမည်စာရင်းကြေညာ

မင်းဘူး ဒီဇင်ဘာ ၂၉

မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ရွေးချယ်ပြီး စာရင်းအား ၂၀၁၄ ဒီဇင်ဘာ ၂၉ ရက် နေ့လည် ၂ နာရီအချိန်ခန့်တွင် မင်းဘူးမြို့ မဟာဝိသုတာရာမ တိုက်သစ်ကျောင်း၌ ပြုလုပ်ကြောင်း မြေလတ်မီဒီယာ ကသတင်းရှိသည်။

၎င်းအစည်းဝေးကို နေ့လည် ၁ နာရီခေါ်ယူထားသော်လည်း ရွေးချယ်ရေးအဖွဲ့ အကြိတ်အနယ်ဖြင့် သီးခြားကျောင်းသာသနမာမက တွင် ဆွေးနွေးနေကြောင်းသိရသည်။

သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စသာရ အောင်မြေရတနာကျောင်း မကွေး နှင့် (၁၀)ပါး။ ဂေါပက(၁၀)ဦးမှ တစ်ဦးနှတ်ထွက်၍ ကိုးဦး ရွေးသည်။  ယခင်ဂေါပက (၃)ဦး ပြန်ပါကြောင်းသိရသည်။  အစိုးရဌာနဝန်ထမ်း ငါးဦး။ ခရိုင်အုပ်ချုပ်ရေးမှူး  ခရိုင်ရဲတပ်ဖွဲ့မှူး ခရိုင် လဝကမှူး  ခရိုင်သာသနာရေးမှူး  ခရိုင်သစ်တောလက်ထောက်ညွှန်ကြားရေးမှူး တို့ (၁၅)ဦးဖြစ်ကြောင်းသိရသည်။

အရပ်သားဂေါပက(၉)ဦးမှာ ဦးကျော်စိန်ဝင်း(မင်းဘူး)| ဦးဝင်းမြင့်အောင် (မင်ဘူး)| ဦးကျော်ဇော်(မင်းဘူး)| ဦးမြင့်ဌေး(မင်းဘူး)| ဦးစီုးတင့်(စကု)| ဦးဝင်းမြင့်(စကု)| ဦးဝင်းဌေး(စကု)|ဦးညွှန့်မြင့်(ငဖဲ)| ဦးသန်းဝင်း(ငဖဲ) တို့ဖြစ်ကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။

ယခင်ဂေါပကဟောင်း မှ အသစ်အဖွဲ့သို့ ၂၀၁၅  ဇန်နဝါရီ (၄)ရက်နေ့ လွှဲပြောင်းမည်ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် က မြေလတ်မီဒီယာကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေး  ဖုန်း  ၀၉ ၄၄၀၂၂၅၁၀၀

 

0 comments: