“မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း မှ မကွေးတိုင်းဒေသကြီးအိမ်ခြံမြေအသင်း ဖွဲစည်းမည်ဆို”



မကွေး၊ ဒီဇင်ဘာ ၂၁ ။

          မကွေးမြို့၊ အောင်စေတနာရပ်ကွက်၊ ဟိုက်ကလပ် ဥယျာဉ်ကဖီး၌ ၂၀၁၄၊ ဒီဇင်ဘာ ၂၁၊ နေ့လည် ၃ နာရီမှ ၄း၃၀ နာရီအချိန်အထိ မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း မှ မကွေးတိုင်းဒေသကြီးအိမ်ခြံမြေအသင်းဖွဲ့ရန် ညှိနှိုင်းကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်၊ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း မှ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ တွဲဘက်အတွင်းရေးမှူး ဦးမြင့်စိန်၊ မကွေးတိုင်းဒေသကြီး အိမ်ခြံမြေ၀န်ဆောင်မှုကိုယ်စားလှယ် နှင့် အိမ်ခြံမြေအကျိုးတော်ဆောင်(ပွဲစား)များ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး လေးဦးတို့ဖြင့် စုစုပေါင်း (၂၇)ဦးတက်ရောက်ကြောင်းသိရသည်။


          မကွေးတိုင်းဒေသကြီးကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်မှ အမှာစကားပြောဆို၍ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး အား ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တွေ့ဆုံပေးမည်ဖြစ်ကြောင်း ဦးထွန်းဆိုင် မှပြော ကြားသည်။

 ထို့နောက် အိမ်ခြံမြေ၀န်ဆောင်မှုအသင်း မှ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ တွဲဘက်အတွင်းရေးမှူး ဦးမြင့်စိန်တို့ နှစ်ဦးမှ အသင်းဖြစ်ပေါ်လာပုံနှင့် အသင်း၏ဖွဲ့စည်းပုံများနှင့် သင်တန်းတွင် သင်ကြားမည့် ဘာသာရပ် ရှစ်ခုကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကောင်းမွန်စူပါမားကတ် ခမ်းမတွင် ထပ်မံတွေ့ဆုံပွဲကျင်းပ၍ မကွေးတိုင်းအိမ်ခြံ မြေ၀န်ဆောင်မှုအသင်းဝင်များကို လက်ခံမည်ဖြစ်ကြောင်း၊ ၂၈/၂၉ နှစ်ရက်တွင် ၎င်းခမ်းမ၌ အသင်းဝင်များကို အိမ်ခြံမြေ၀န်ဆောင်မှုသင်တန်းပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးသော၂၉ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်း ဒေသကြီး အိမ်ခြံမြေ၀န်ဆောင်မှုအသင်း အမှုဆောင် (၉)ဦးကိုရွေးချယ်မည်ဖြစ်ကြောင်း၊၃၀ ရက်နေ့တွင် ရုံးဖွင့်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ၎င်းပွဲတွင် ဦးထွန်းဆိုင် မှပြော ကြားသည်။

“ ကျွန်တော်တို့ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းကို မ၀င်တဲ့ ပွဲစားတွေ အပြင်မှာ လုပ်စားခွင့်ရှိပါသလားခင်ဗျား” ဟု တက်ရောက်သူ ပွဲစားတစ်ဦးက မေးမြန်းရာ၊ အသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ မော်တော်ဆိုင်ကယ်တွေ လိုင်စင် ရှိသူ နှင့် လိုင်စင်မရှိသူများ ပြဿနာတက်တဲ့အခါမှာ ကွာခြားသလို ကွာခြားသွားမည်ဟု ပြန်လည်ဖြေဆိုသည်။

          မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းကို ၂၀၁၁ မှ စတင်ဖွဲ့စည်းရန် အစိုးရထံတင်ပြခဲ့ပြီး ၂၀၁၂/၂၀၁၃ တွင်အသင်းမှတ်ပုံတင်ခွင့်ရခဲ့ကြောင်း၊ တိုင်းနှင့်ပြည်နယ်၊ နေပြည်တော်အပါအ၀င် (၁၅)ခုရှိရာ၊ မကွေးတိုင်း ဒေသ ကြီး အိမ်ခြံမြေ၀န်ဆောင်မှုအသင်းသည် ၁၄ ခုမြောက်ဖြစ်ကြောင်း၊ ချင်းပြည်နယ်တစ်ခုသာ ဖွဲ့စည်းရန်ကျန်နေ ကြောင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်း က မြေလတ်မီဒီယာ ကိုပြောသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: