မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွှေချောင်းကျေးရွာတောင်သူများနှင့် မ န္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊လိပ်ကုန်းကျေးရွာတောင်သူများ မြေနုကျွန်းပြဿနာဖြစ်”


..,“မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွှေချောင်းကျေးရွာတောင်သူများနှင့်
မ န္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊လိပ်ကုန်းကျေးရွာတောင်သူများ မြေနုကျွန်းပြဿနာဖြစ်”

ပခုက္ကူ ၊ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွှေချောင်းကျေးရွာတောင်သူများနှင့် မ န္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊လိပ်ကုန်းကျေးရွာတောင်သူများ ၂၀၁၄၊ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် မြေနုကျွန်းပြဿနာဖြစ်ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၄၊ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ဧရာဝတီမြစ်၏ အလယ်ကျွန်းတွင်ရှိ ကျွဲတဲကျေးရွာအုပ်စု၊ ရွှေချောင်းကျေးရွာအပိုင် ရွှေချောင်းကျွန်ကွင်းအမှတ် (၃၄၁-က)ကျွန်းပေါ်ရှိ ဦးသန်းဌေးစိုက်ပျိုးထားသော ပဲနီနှင့် ပြောင်းဖူးစိုက်ခင်းများအား မ န္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ လိပ်ကုန်းကျေးရွာနေ ငထိုက်(ခ) ဦးသံဝဲပါ တောင်သူ ရှစ်ဦးမှ မြက်ဖြတ်စက် လေးလုံး၊ ပေါက်တူး၊ ပေါက်ပြားများဖြင့် စိုက်ပျိုးမြေများအား ၀င်ရောက်ဖျက်ဆီး ခဲ့ကြောင်း၊ မြေပိုင်ရှင် ဦးသန်းဌေးမှ တားမြစ်ခဲ့သော်လည်း မရ၍ ဦးသန်းဌေးမှ ရွှေချောင်းရွာသို့ပြန်လာပြီး တောင်သူ ရှစ်ဆယ်ဦးအား စုရုံးခေါ်ဆောင်၍ တုတ်၊ ဓားလက်နက်များကိုင်ဆောင်ပြီးပြန်လာရာ နှစ်ဘက်ခိုက်ရန် ဖြစ်ပွားမှုအခြေအနေသို့ ရောက်ရှိလာခဲ့ကြောင်း ကျွဲတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောဆိုသည်။

အဆိုပါအခြေအနေတွင် ကျွဲတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင် နှင့် ပခုက္ကူမြို့မရဲစခန်း၊ နယ်ထိန်း တာဝန်ခံ ဒုရဲအုပ် တင်နိုင်ဝင်း ပါတပ်ဖွဲ့ဝင် ခုနှစ်ဦးတို့က ၀င်ရောက်ထိန်းသိမ်းဖြေရှင်းခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၁၂ နာရီအချိန်ခန့်တွင် လူစုကွဲသွားခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှု မဖြစ်ကြောင်းသိရသည်။

အဆိုပါမြေနုကျွန်းနှင့်ပတ်သက်၍ လွန်ခဲ့သော (၇)နှစ်ခန့်မှစ၍ တိုင်းခြား/နယ်ခြားတောင်သူအချင်းချင်း မြေနုကျွန်းပိုင်ဆိုင်မှုအငြင်းပွား ပြဿနာများဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင်လည်း ၎င်း ကျေးရွာအုပ်စု နှစ်စု ထပ်မံပြဿနာဖြစ်လာနိုင်ကြောင်း၊ ၎င်းကိစ္စအား သက်ဆိုင်ရာမှ အချိန်မီထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း မရှိပါက မလိုလားအပ်သောသည့် ပြဿနာများကြီးထွားလာနိုင်ကြောင်း ထို့ကြောင့် ကျွဲတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင် မှ တောင်သာမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ လိပ်ကုန်းကျေးရွာနေ ငထိုက်(ခ) ဦးသံဝဲပါ တောင်သူ ရှစ်ဦးတို့ကို တရားစွဲဆိုရန် စီစဉ်နေပါကြောင်း ဦးကျော်နိုင် က ဒီဇင်ဘာ ၁၁ ရက်နေ့တွင် မြေလတ်မီဒီ ယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေး၊ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

 

0 comments: