“မကွေးမြို့တွင် ဒလက်ပါ ၆၀ မမ အစိမ်းရောင် ပခုံးထမ်းလောင်ချာ ဗုံး(သစ်)တစ်လုံးတွေ့ရှိ”



မကွေး၊ ဒီဇင်ဘာ ၅ ။
          မကွေးမြို့၊ မြင်သာရပ်ကွက်၊ ၂၃ လမ်း၊ ပြည်တော်သာဘုန်းကြီးကျောင်းအနီး၌ ပခုံးထမ်းလောင်ချာဗုံးသီး တစ်လုံးတွေ့ရှိကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          ဖြစ်စဉ်မှာ ၂၀၁၄၊ ဒီဇင်ဘာ ၅ ရက်၊ ညနေ ၄း၃၀ နာရီအချိန်ခန့်တွင် အထက ၂ ကျောင်းသားများ မောင်ကောင်းကောင်း(ခ) ကောင်းဆက်အောင်(၇)နှစ်၊ ဒုတိယတန်း၊ မြင်သာရပ်ကွက် နှင့် မောင်နိုင်လွင်ဦး(၇)နှစ်၊ မြင်သာရပ်ကွက် မှ ကျောင်းသားနှစ်ဦးသည် ကျူရှင်မှအပြန်၌ ပြည်တော်သာရပ်ကွက်၊ အထက ၂ ကျောင်းရှေ့မဲထီးလမ်းနှင့် ပြည်တော်သာတိုက်တန်း ၂ လမ်းထိပ်ရှိ ကွန်ကရစ်တံတားအောက် ရေမြောင်းအောက် ဆော့ကစားနေစဉ် ပီနံအိပ်ဟောင်းအတွင်းမှ အရှည် ၁၄ လက်မခွဲ၊ လုံးပတ် ၇ လက်မ၊ နောက်ပိုင်းတွင် ဒလက်ပါသော အစိမ်းရောင် ၆၀ မမ(အဆိပ်- ၂၁၆/၁/၂၀၀၂)စာတမ်းပါ ဗုံးသီးတစ်လုံးအားတွေ့ခဲ့ကြောင်း၊ ၎င်း ကလေးနှစ်ဦးသည် ၎င်းဗုံးသီးအား ဆော့ကစား၍ အိမ်သို့ သယ်ဆောင်လာစဉ်၊ ၎င်းတို့၏ကျောင်းသားမိဘနှစ်ဦးက  မြင်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် ထံသို့ သတင်းပို့ကြောင်း၊ ဦးကျော်မြင့် မှ မကွေးမြို့မရဲစခန်း ရဲစခန်းမှူး ဒုရဲမှူး ထွေးကိုထံသတင်းပို့ကြောင်းသိရသည်။


          ၎င်းနေ့ ညနေ ၅း၃၀ နာရီအချိန်ခန့်တွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့်တာဝန်ရှိသူများရောက်ရှိလာ၍ သက်ဆိုင်ရာ  အမှတ်(၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်သို့အကြောင်းကြားရာ ညနေ ၆း၃၀ နာရီအချိန်တွင် တပ်မတော်တပ်ထိန်းအဖွဲ့နှင့် အမှတ်(၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်ကြပ်အောင်ဇော်နိုင် တပ်ခွဲ ၃ အဖွဲ့တို့ရောက်လာပြီး သိမ်းဆည်းသွားကြောင်း  ရဲမှတ်တမ်းအရ မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

0 comments: