“တောင်တွင်းကြီးမြို့တွင် ဒီဇင်ဘာ ၁၄/၁၅ (၂)ရက် စာပေဟောပြောပွဲကျင်းပမည်သိရ”

တောင်တွင်းကြီး၊ ဒီဇင်ဘာ ၁၁ ။

တောင်တွင်းကြီးမြို့၊ စိတ္တသုခလူမှုကူညီရေးအသင်း၊ လောကအလင်းစာကြည့်တိုက်နှင့် စာပေချစ်သူများ ပူးပေါင်း၍ စိတ္တသုခလူမှုကူညီရေးအသင်းကြီး၏ (၉)နှစ်ပြည့်အထိမ်အမှတ် စာပေဟောပြောပွဲကို ဒီဇင်ဘာ ၁၄/၁၅ (၂)ရက် ညစဉ်ကျင်းပမည်ဖြစ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

အဆိုပါစာပေဟောပြောပွဲကို တောင်တွင်းကြီးမြို့၊ တောင်ပြင် ၂ ရပ်ကွက်၊ ပုဏ္ဏ၀တီလမ်းရှိ မြို့တော်ခန်းမ ၌  ၂၀၁၄၊ ဒီဇင်ဘာ ၁၄/၁၅ (၂)ရက် ည ၇ နာရီအချိန်တွင်ကျင်းပမည်ဖြစ်ကြောင်း၊ ဟောပြောကြမည့် စာရေးဆရာများမှာ ဆရာနေ၀င်းမြင့်၊ ညီမင်းညို၊ ကာတွန်းဝင်းအောင် နှင့် ကိုလေး(အင်းဝဂုဏ်ရည်)တို့ မှ ဟောပြောကြမည်ဖြစ်ကြောင်း၊ တောင်တွင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ခွင့်ပြုချက်ရရှိပြီးကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

သတင်းစဉ်
မြေလတ်မီဒီယာ

 

0 comments: