“မြစ်သာရေလှောင်တမံ စီမံကိန်းဆောင်ရွက်နေစဉ် ဆရာတော် သုံးပါးနှင့် ကျေးရွာလူထု (၁၅၀)ဦး မှ တားမြစ်”



ဂန့်ဂေါ၊ ဒီဇင်ဘာ ၁၄။

          ဂန့်ဂေါမြို့နယ်၊ ပြင်သာကျေးရွာအနီးရှိ၊ မြစ်သာရေလှောင်တမံ စီမံကိန်းဆောင်ရွက်နေသည့် ဗောဓီကုန်း ကုန်းကျောတမံလုပ်ငန်းခွင်တွင် အင်ဂျင်နီယာ ဦးမြင့်ဇော်နှင့်လုပ်သားများမှ ၂၀၁၄၊ ဒီဇင်ဘာ ၁၃၊ နံနက် ၉ နာရီအချိန်ခန့် မှာ မြေညှိမြေကြိတ်လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ ထိုအချိန်တွင် မြစ်သာရေလှောင်တမံ၏ ရေမြုပ်ခံရမည့် ကျေးရွာများ စင်ပုံ၊ စပယ်၊ ပနန်း နှင့် ယင်းမားကျေးရွာ လေးရွာတို့ မှ ဆရာတော် သုံးပါး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသူ ရွာသား အင်အား(၁၅၀)ဦးခန့်တို့က အင်ဂျင်နီယာ ဦးမြင့်ဇော်ထံသို့ လာရောက် တွေ့ဆုံကြောင်း၊ ၎င်းတို့မှ ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးအမှတ်စဉ် (၄၂/၂၀၁၄) ၏ ဆုံးဖြတ်ချက် (၇)ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ တမံစီမံကိန်းလုပ်ငန်းများကို ဆက် လက် ဆောင်ရွက်စေလိုကြောင်း ပြောဆို၍တားဆီးကြသည်ဆို၏။

          ဆရာတော်သုံးပါးနှင့် ကျေးရွာလူထူများ၏ တောင်းဆိုချက်ကို အင်ဂျင်နီယာ ဦးမြင့်ဇော် မှ အထက်ဌာနသို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောဆို၍ မြေညှိမြေကြိတ် စက်ယန္တယားလုပ်ငန်းခွင်ကို ခေတ္တရပ်နား ထားခဲ့ကြောင်း၊ ကျေးရွာလေးရွာမှ ဆရာတော်သုံးပါးနှင့် ကျေးရွာလူထု ၁၅၀ ဦးခန့်သည် ဒီဇင်ဘာ ၁၃ ရက်၊ နေ့ ၁၁ နာရီအချိန်ခန့်တွင် ၎င်းတို့ကျေးရွာများသို့ ပြန်လည်သွားကြကြောင်း ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ  ၀န်ထမ်းတစ်ဦး က အတည်ပြုပြောကြား၍ မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: