“မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ CNJ မီးသတ်ရေသယ်ယာဉ် (၃၁)စီး နှင့် ပစ္စည်းကရိယာများ လွှဲပြောင်းပေးအပ်ပွဲ”



မကွေး၊ ဒီဇင်ဘာ ၂၉ ။


          မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအားကစားကွင်း၌ ၂၀၁၄၊ ဒီဇင် ဘာ ၂၉ ရက်၊ နံနက် ၉နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ မီးသတ်ရေသယ်ယာဉ် (၃၁)စီး နှင့် ပစ္စည်းကရိယာများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်း ရရှိသည်။


          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့် တိုင်းဒေသကြီးအစိုးရ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်၊ CNJမီးသတ်ရေသယ်ယာဉ် (၃၁)စီး လက်ခံမည့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မြို့မိမြို့ဖများ ဖိတ်ကြားထား သူများ အင်အား၅၀၀ ဦးခန့် တက်ရောက်ကြောင်းသိရသည်။


          မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၄၊ ဇန်န၀ါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မီးလောင်မှု  ပေါင်း(၁၂၃)ကြိမ်၊ အိမ်ခြေ(၃၉၄)အိမ်၊ ဆုံးရှုံးမှုပေါင်းငွေကျပ်သန်း (၂၀)ကျော်ခန့်ရှိခဲ့ကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ မှ ၎င်းပွဲတွင် ပြောကြားသည်။


          CNJ မီးသတ်ရေသယ်ယာဉ်(၃၁)စီးအား မကွေးမြို့နယ် မကွေးခွဲ တစ်စီး။ ရေနံချောင်းမြို့နယ် ညောင်လှ စခန်းတစ်စီး၊ နောင်ရိုးစခန်းတစ်စီး။ ချောက်မြို့နယ် ဂွေးချိုးရွာမီးသတ်စခန်း တစ်စီး။ တောင်တွင်းကြီးမြို့နယ် ရွှေအိုးရပ်မီးသတ်စခန်း တစ်စီး၊ ဆပ်သွားရွာ တစ်စီး။ မြို့သစ်မြို့နယ် တစ်စီး၊ လေးတိုင်စင်ရွာ တစ်စီး။ နတ်မောက်မြို့နယ် တစ်စီး၊ ရွာမွန်ရွာ တစ်စီး။ မင်းဘူးမြို့နယ် မင်းဘူးမြို့ တစ်စီး၊ စကုမြို့ တစ်စီး၊ ထောက်ရှာပင်ရွာ တစ်စီး။ ဆောမြို့နယ် ကျောက်ထုရွာ တစ်စီး။ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းရွာ တစ်စီး။ စလင်းမြို့နယ် တစ်စီး၊ ဆင်ဖြူကျွန်းမြို့ တစ်စီး၊ ကန်ပြားကျေးရွာ တစ်စီး။ သရက်မြို့နယ် ပြရည်ရွာ တစ်စီး။ မင်းလှမြို့နယ် တစ်စီး၊ ရေနံမရွာ တစ်စီး။ အောင်လံမြိုနယ် တစ်စီး၊ ပြလို့ရွာ တစ်စီး။ ပခုက္ကူမြို့နယ် မြစ်ချေရွာ တစ်စီး။ ဆင်ပေါင်ဝဲမြို့နယ် တစ်စီး၊ ကံမရွာ တစ်စီး။ ရေစကြိုမြို့နယ် ပခန်းကြီး တစ်စီး၊ မအူရွာ တစ်စီး။ မြိုင်မြို့နယ် လင်းကတောကျေးရွာ တစ်စီး။ ပေါက်မြို့နယ် ရေပြာကျေးရွာ တစ်စီး။ ဂန့်ဂေါမြိုနယ် တစ်စီး တို့ကို အသီးသီးလွှဲပြောင်းပေးအပ်ကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က မြေလတ်မီဒီယာ ကိုပြော ကြား၍ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: