“ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ၌ လူငယ်အသိပညာပေးရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကျင်းပ”

ငဖဲ၊ ဒီဇင်ဘာ ၁၀

မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ၊ ဘောလုံးကွင်း၌ ၂၀၁၄၊ ဒီဇင်ဘာ ၁၀ ရက်၊ ည ၇း၃၀ မှ ၁၁း၃၀ နာရီအချိန်ခန့်အထိ ပဒါန်းကျေးရွာလူငယ်များဦးစီး၍ လူငယ်အသိပညာပေးရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကျင်းပကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

အဆိုပါစာပေဟောပြောပွဲကို စာရေးဆရာ အကြည်တော် မှ (လမ်းနှစ်သွယ်)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဗေလုဝ မှ(ခေါင်းလောင်းကြီး ပေါ်သလိုဘဲ) ခေါင်းစဉ်ဖြင့် အသီးသီးဟောပြေကြကြောင်း၊ ၎င်း စာပေဟောပြောပွဲသို့ စာပေ၀ါသနာရှင်ပရိသပ်ပေါင်း (၃၀၀၀)ဦးခန့် လာရောက်ကြောင်း ဒေသခံများထံမှ မြေလတ်မီဒီယာ က သတင်းရရှိသည်။

သတင်းစဉ်
မြေလတ်မီဒီယာ

 

0 comments: