ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့်ဓါတုပူဇနိယ ပွဲတော် သရီယဓာတ်တော်များ ဖွင့်လှစ် အပူဇော်ခံပွဲ အခမ်းအနား ကျင်းပ
 ဆင်ပေါင်ဝဲ  ဒီဇင်ဘာ ၁၇
     ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီ တော်မြတ်ကြီး ဗုဒ္ဓပူဇနိယ နှင့်ဓါတုပူ ဇနိယ ပွဲတော် ကြီးတွင် ရဟန်းရှင်လူ ပြည်သူအများ ဖူးမျှော်ကြည်ညို နိုင်ရန်အတွက် ဗုဒ္ဓဘုရားရှင်၏ သရီယ ဓာတ်တော်များနှင့် ရဟန္တာ ဓာတ်တော် မြတ်များအား မူလစံမြန်းရာ ဂန္ဓ ကုဋီ တိုက်ကျောင်း ဖွင့်လှစ်၍ ယာယီမှန် ကျောင်း ဆောင်သို့  ပင့်ဆောင် ပူဇော်ံပွဲကို ယနေ့ နံနက်(၈:၀၀  )နာရီက ဘုရားငါးဆူ အာရုံခံ တန်း ဆောင်းတွင်း၌ ကျင်းပရာ ရှေ့ဦးစွာ တက်ရောက် လာကြသော ဆရာတော် တို့နှင် လူပရိတ်သတ် အပေါင်းတို့က နမောတဿဂါထာ ( ၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ပူဇော်ပြီး  နိုင်ငံတော် သံဃ မဟာနာယက အဂ္ဂမဟာ သဒ္ဓမ္မ္မဇောတိကဓဇ ဘဒ္ဒန္တ ဓမ္မပီယထံမှ ( ၉  ) ပါး သီလခံယူ ဆောက်တည်ကြသည်။
      ဆက်လက်၍ ဆရာတော်ဘုရားကြီး တို့က မေတ္တာသုတ် ပရိတ်တော် တို့ကို ရွတ်ဖတ်ပူဇော် ကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင် မောင် မောင်က သာသနာရေးဆိုင်ရာ များကို လျှောက် ထား သည်။
          ထို့နောက် ဘုရားငါး ဆူဂေါပက အဖွဲ့ ဥက္ကဌက ဓာတ်တော် တိုက်သော့ အား မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက နာယက ဆရာတော်ဘုရားကြီးထံ ဆက်ကပ်ပေး အပ်သည်။
         ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋတု ဂါထာတော်ကို (  ၃)ကြိမ်ရွတ်ဆို၍ အခမ်းနား အောင်မြင်စွာ ကျင်းပခဲ့ကြပြီး  ၀ိသာခါဝတ်အသင်းသူများဦးဆောင်၍် ဓမ္မာစကြာင်္ တရားများ ရွတ်ဖတ်ပူဇော်ခြင်း၊ရွှေသင်္ကန်းကပ်လှူ ခြင်းတို့ဆက်လက် ဆောင်ရွက်ကြ ကြောင်း သတင်းရရှိပါသည်။
မကွေးသတင်းစုံ
0 comments: