ကံမမြို့နယ်တွင် ကလေးငယ်အား ရောင်းစားခြင်းမဟုတ်ပဲ အမွေစားအမွေခံအဖြစ်ပေးအပ်ခြင်းဖြစ်

၁၃.၁၂.၂၀၁၄ ရက်နေ့တွင် အင်တာနက်facebook များတွင် `` မကွေးတွင် လသားအရွယ် သားငယ်အား ငွေသုံးသောင်းဖြင့် ရောင်းချ´´ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိသည့် သတင်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ကံမမြို့နယ်မှ တာဝန်ရှိသူများမှ စုံစမ်းစိစစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    ဖြစ်စဉ်အမှန်မှာ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာဇာတိဖြစ်သူ ဦးဝင်းမောင်နှင့် ဒေါ်မိတူးတို့သည် ၂၀၁၃ခုနှစ်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီကျေးရွာမှ ဦးပေါလေး၏ ကျောက်ထုတ်လုပ်ကွက်တွင် လုပ်ကိုင်ခဲ့ရာ ကံမမြို့နယ်စီကျေးရွာနေ ဦးသက်နိုင်နှင့်ဇနီး ဒေါ်အိအိခင်တို့နှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ဦးသက်နိုင်တို့ဇနီးမောင်နှံမှာ သားသမီးမထွန်းကားသဖြင့် ဦးဝင်းဇော်နှင့်ဇနီးဒေါ်မိထူး တို့၏ (၁)နှစ်နှင့်(၃)လအရွယ် သမီးဖြစ်သူမသဲစုလှိုင်အား ၁၆.၁၀.၂၀၁၃ ရက်နေ့က အသိသက်သေများရှေ့ တွင် ကလေးမိဘများ သဘောတူခွင့်ပြုချက်ဖြင့် ဦးသက်နိုင်နှင့် ဒေါ်အိအိခင်တို့မှ အမွေစားအမွေခံသမီးအဖြစ် စာချုပ်စာတမ်းဖြင့် မွေးစားခဲ့ကြောင်းသိရသည်။


မကွေးသတင်းစုံ

 

0 comments: