“ရွှေစက်တော်ဘုရားပွဲတော် နှင့် ဂေါပကအဖွဲ့အား စောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းပြီး”




မင်းဘူး၊ ဒီဇင်ဘာ ၈ ။
          မင်းဘူးမြို့၊ နဂါးပွက်တောင်လမ်း၊ အင်ကြင်းမေ လက်ဖက်ရည်ဆိုင်၌ ၂၀၁၄၊ ဒီဇင်ဘာ ၇ ရက်၊ နံနက် ၁၀း၃၀ နာရီအချိန်ခန့်တွင် ရွှေစက်တော်ဘုရားပွဲတော် နှင့် ဂေါပကအဖွဲ့အား စောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်း ပြီးကြောင်း ဦးဆောင်ကော်မတီဝင် ငါးဦးမှ ဦးစန်းလွင် က အတည်ပြုပြောကြား၍ မြေလတ်မီဒီယာ က သတင်းရရှိသည်။


          ၎င်းအဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ ရွှေစက်တော်ဘုရားရှိ သာသနာနိကအဆောက်အအုံများကို ယဉ် ကျေးမှု အမွေထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များအတွက်ကြိုတင်ကာကွယ်ခြင်း။  ရွှေစက် တော်ဘုရားပွဲသို့လာရောက်ကြသော ဘုရားဖူးများနှင့် ဈေးသည်များ အဆင်ပြေချောမွေ့စေရန် ဂေါပက အဖွဲ့မှ လေလံ(၅၂)မျိုးအား ပွင့်လင်းမြင်သာစွာဖြင့် အမှန်တကယ်လုပ်ကိုင်မည့် တဲကျောင်းပိုင်ရှင်များ ဈေးသည် များထံသို့ တိုက်ရိုက်လေလံ ရယူုနိုင်အောင်ဆောင်ရွက်ခြင်း။  ရွှေစက်တော်ဘုရားတော်၏ ဂေါပက အဖွဲ့နှင့် လိုအပ်ပါက ပူးပေါင်းဆောင်ရွက်ခြင်း၊ ဂေါပက၏ စည်းမျဉ်းစည်းကမ်း ဘိုင်လောများရေးဆွဲရာတွင် ပူးပေါင်း ပါဝင် ရေးဆွဲနိုင်သည့်အထိ ဆောင်ရွက်ပေးရန် ရည်ရွယ်ကြောင်း  ၎င်း တို့(၁၁)ဦးကော်မတီ မှ သတင်း ထုတ်ပြန်သည်။


          အဆိုပါ ရွှေစက်တော်ဘုရားပွဲတော် နှင့် ဂေါပကအဖွဲ့အား စောင့်ကြည့်ရေးကော်မတီကို  လက်ရှိ (၁၁)ဦး ဖြင့်ဖွဲ့စည်းပြီး တိုင်းဒေသကြီးအဆင့်(သို့မဟုတ်) နိုင်ငံတော်အဆင့်သို့ တရားဝင် မှတ်ပုံတင်မည်ဖြစ်ကြောင်း၊ နောက်ထပ် စိတ်ပါဝင်စားသော ဒေသခံပြည်သူများနှင့် ဈေးသူဈေးသားများဖြင့် အဖွဲ့ဝင်အင်အားများ ထပ်မံတိုး ချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။


“ ကျွန်တော်တို့ စောင့်ကြည့်ရေးကော်မတီဟာ လက်ရှိအာဏာပိုင်အဖွဲ့အစည်းနဲ့ ရွှေစက်တော်ဘုရား ဂေါပက အဖွဲ့တို့ကို အတိုက်အခံလုပ်ဖို့ မဟုတ်ပါဘူး၊ အဓိက ဘုရားပွဲတော်လေလံ(၅၂)မျိုးကို အမှန်တကယ်လုပ်ကိုင်မဲ့ လုပ်ငန်းရှင် ဈေးသည်များထံ တိုက်ရိုက်ရယူပြီး ဘုရားဖူးဧည့်သည်များ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း တည်း ခိုနိုင်ရေး၊ ဈေးသည်များလည်း အဆင်ပြေရေး စတဲ့ အများပြည်သူ အားလုံးအဆင်ပြေအောင်ဆောင်ရွက်မှာပါ။”ဟု ဦးစန်းလွင် က မြေလတ်မီဒီယာ ကိုပြောသည်။

          ၂၀၁၄၊ ဒီဇင်ဘာ ၇ရက်နေ့တွင် စတင်ဖွဲ့စည်းသော(၁၁)ဦးကော်မတီမှာ ဦးစန်းလွင်၊ ဦးနေမျိုးကျော်၊ ဦးအေးကို၊ ဦးကျော်ဦး၊ ဦးတင်ရွှေ တို့ငါးဦးသည် ဦးဆောင်ကော်မတီသတ်မှတ်ကြောင်း၊ ဦးမိုးကျော်၊ ဦးနေ၀င်း တို့ နှစ်ဦးမှာ ဘဏ္ဍာရေးမှူးတာဝန်ပေး၍ ဦးကျော်ခိုင်ဝင်း၊ ဦးမြင့်ဝေ၊ ဦးဝင်းဗိုလ်၊ ဦးကျော်ဇော်ဟန် တို့လေးဦး အဖွဲ့ဝင်များအဖြစ် တစ်ဆယ့်တစ်ဦးအား အတည်ပြုကြောင်း၊ ၎င်းကော်မတီအဖွဲ့သည် ၂၀၁၄၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် လုပ်ငန်းစဉ်များအား စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ စောင့်ကြည်ရေးအဖွဲ့၏ စည်းမျဉ်း စည်းကမ်းများရေးဆွဲပြီး ဤအဖွဲ့နာမည်ဖြင့် ကော်မတီဝင်များသည် ကိုယ်ကျိုးစီးပွားမလုပ်ဘဲ ရွှေစက်တော် ဘုရားကြီးနှင့် ဘုရားဖူးမိဘပြည်သူများ၊ ဈေးသည်များ၏ ကောင်းကျိုးများကိုသာ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန် ကြေညာ၍ မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: