ပွင့်ဖြူမြို့တွင် ၂၀၁၄ ဧပြီလမှာကျင်းပခဲ့သော ၉၆၉ မျိုးစောင့်ဥပဒေ ဟောပွဲကိုပွင့်ဖြူမြို့နယ် NLD ပါတီမှ တရားစွဲဆိုခဲ့ရာ မြို့နယ်ရုံးမှ ပုဒ်မတပ်ခြင်းအား ပြန်လည်ပြင်ဆင်ရန် မင်းဘူးခရိုင်ရုံးမှ ပုဒ်မ သုံးခုဖြင့် အမိန့်ချမှတ်



မင်းဘူး၊ ဒီဇင်ဘာ ၁၅။

          မင်းဘူးမြို့၊ ဒီဇင်ဘာ ၁၅ ရက်၊ နေ့လည် ၁း၃၀ နာရီအချိန်ခန့်တွင် မင်းဘူးခရိုင်တရားရုံး၌ NLD ပါတီ မှ တရားလို ဦးဇော်ဝင်း(ပွင့်ဖြူ) နှင့် ၉၆၉ မျိုးစောင့်ဥပဒေ ဟောပွဲအား တရာဝန်ခံကျင်းပသူ တရားခံ ဟု စွဲဆိုထားသူ ဦးမျိုးသန့်(ပခုက္ကူ) တို့၏ အမှုပြင်ဆင်ချက် မင်းဘူးခရိုင်တရားရုံး ရာကြီးအမှုအမှတ် ၃၁/၂၀၁၄ ဖြင့် အမိန့်ချ ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

“ကျွန်တော်ဦးအောင်ဝင်းပါ၊ ၉၆၉ မျိုးစောင့်ပွဲစီစဉ်သူ တရာခံ ဦးမျိုးသန့်ကို ၂၀၁၄၊ သြဂုတ် လထဲမှာ ပြစ်မှုပုဒ်မ (၄)ခုနဲ ရာကြီးအမှုအမှတ် ၁၁၂/၂၀၁၄ နဲ့ တရားစွဲခဲ့ပါတယ်။ အဲဒါ ပွင့်ဖြူမြို့နယ်တရားရုံးက ကျွန်တော်တို့ တရားစွဲဆိုချက် ပြစ်မှုပုဒ်မ (၄)ကို ပုဒ်မ ၂၉၈ တစ်ခုတည်းသာ တပ်လို့ ခရိုင်တရားရုံးသို့ ပြင်ဆင်ချက်တင်ခဲ့တာပါ။ ယနေ့ မင်းဘူးခရိုင်တရားရုံးက တရားခံ ဦးမျိုးသန့် ကို ပြစ်မှု ပုဒ်မ ၂၉၈/၂၉၅-က/၁၃၅ သုံးခုနဲ့ ပွင့်ဖြူမြို့နယ် တရားရုံးသို့ စစ်ဆေးရန် ပြန်ချပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပွင့်ဖြူမြို့နယ်တရားရုံးက ရုံချိန်းပါ” ဟု NLD ပါတီမှ ဦးအောင်ဝင်း က မြေလတ်မီဒီယာ ကိုပြောသည်။ 

          ဖြစ်စဉ်အကျဉ်းမှာ ၂၀၁၄၊ ဧပြီလ၊ ၃ ရက်နေ့တွင် ပွင့်ဖြူမြို့၊ ပြည်လုံးချမ်းသာ ဘုရားမှာကျင်းပခဲ့သော( မ.ဘ.သ )၉၆၉ မျိုးစောင့်ဥပဒေ ဟောပွဲ၌ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်စုကြည်၏ ဂုဏ်သိက္ခာကို ထိပါးစေမည့် ဗီနိုင်းဓာတ်ပုံများကပ်ခြင်း၊ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စေနိုင်သော  ဗီနိုင်းဓာတ်ပုံများကပ်ခဲ့ကြကြောင်း၊ ၎င်းကိစ္စကို NLD ပါတီ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို နှင့် ဦးဇော်ဝင်း တို့က မှတ်တမ်းဓာတ်ပုံ ငါးဆယ်ကျော် ဖြင့် ၂၀၁၄၊ သြဂုတ်လတွင် ပွင့်ဖြူမြို့နယ်တရားရုံးသို့ စတင်တရားစွဲဆိုခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်မှ ဥပဒေပုဒ်မ ၂၉၈ တစ်ခုတည်းဖြင့် လက်ခံစစ်ဆေးခဲ့မှုအပေါ် တရားလို ဘက်မှ မကြေနပ်၍ မင်းဘူးခရိုင်တရားရုံးသို့ အမှုပြင်ဆက် ချက် တင်ခဲ့ကြောင်း သိရသည်။
“ အဓိကတောကျွန်တော်က သုံးရက်လေးလ နှစ်ထောင်ဆယ့်လေးခု၊ ရက်နေ့က ပွင့်ဖြူမှာလုပ်ခဲ့တဲ့ မျိုးစောင့် ဥပဒေ ထောက်ခံပွဲက ပါတီ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ထိခိုက်လိုတဲ့ဆန္ဒမရှိခဲ့ပါဘူး၊ အခမ်းအနားကို မရောက်ဘဲနဲ့ ၊ အစအဆုံး နားမထောင်ဘဲနဲ့ လုပ်တာကတော့ သက်သက်ကန့်လိုက်တိုက်တဲ့ သဘောဖြစ်နေ ပါတယ်။ ဒီလိုပုံ တွေပါလာတာ ယူလာကြတာ မသိလိုက်ပါဘူး၊ ကိုနေမျိုးဝေ တို့ ယူလာကြတာပါ။ ဒီအမှုကို ကျွန်တော် တစ်ယောက်တည်း ရုံးချိန်းမှန်အောင် ကြိုးစားပြီး လာနေရတာပါ၊” ဟု တရားခံအဖြစ် တရားစွဲဆို ထားခံရသူ ဦမျိုးသန့်(ပခုက္ကူ) က မြေလတ်မီဒီယာ ကိုပြောသည်။ 

          ဦးမျိုးသန့် မှ သူသည် ဘုန်းကြီးလူထွက်တစ်ဦးဖြစ်ကြောင်း၊ ပခုက္ကသို့ အချိန်ဖြင့်ပြန်ရမည်ဖြစ်ကြောင်း၊ မဇ္ဈိမ နှင့် DVB သတင်းထောက်များ၏ မေးမြန်းချက်များသာ ဖြေဆို၍ ၎င်းပြောဆိုချက်များအား မဖြတ်ဘူးဆိုရင် အင်တာဗျူးခံမည်ဖြစ်ကြောင်း ပြောဆို၍ မင်းဘူးခရိုင်ရုံးမှ အမြန်ထွက်သွားသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: