“အောင်လံမြို့တွင် WY စာတမ်းပါစိတ်ကြွဆေးပြားများနှင့် ဆေးခြာက်များ ဖမ်းဆီးရမိ”


အောင်လံ၊ ဒီဇင်ဘာ ၇။

          အောင်လံမြို့၊ ဇေယျဝတီရပ်ကွက်နေ မူးယစ်ကျော်ဇောသတင်းရှိသူ သန်းနိုင်ဦး(ခ)ဓားမြ(၄၈)နှစ်၊(ဘ) ဦးမြ၏ နေအိမ်သို့  အောင်လံမြို့မရဲစခန်းမှ ဒုရဲမှူး ခင်မောင်ဇော်နှင့်ရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့် အတူ ၂၀၁၄၊ ဒီဇင်ဘာ ၆ ရက်၊ နံနက် ၁၀း၃၀ နာရီအချိန်ခန့်တွင် ၀င်ရောက်ရှာဖွှေကြောင်း၊ သန်းနိုင်ဦး(ခ)ဓားမြ သည် WY စာတမ်းပါဈေးပြား တစ်ပြားအားသုံးစွဲရန် ပြင်ဆင်နေကြောင်း တွေ့ရှိရကြောင်း၊ ဆက်လက်ရှာဖွှေရာ နေအိမ်အတွင်းရှိ အစိမ်းရောင်သေတ္တာအတွင်းမှ အနက်ရောင်ခရီးဆောင်အိပ်အတွင်း၌ ကျွတ်ကျွတ်အိပ်ဖြင့် ထည့်ထားသော ဆေးခြောက်ဟုယူဆရသော အရွက်ခြောက် တစ်ပိဿာခန့် နှင့် ကလေးပေါင်ဒါဗူးဖြင့် ထည့်ထား သော WY စာတမ်းပါ စိတ်ကြွဆေးဟု ယူဆရသော လိမ္မော်ရောင်ဆေးပြား(၁၈)၊ သန်းနိုင်ဦး၏ ပိုက်ဆံအိပ် အတွင်းမှ ငွေကျပ် တစ်သိန်းတစ်သောင်းခြောက်ထောင် အား ရှာဖွှေဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်း တွင်ဖော်ပြ ထားသည်။

          အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၆ ရက်၊ နေ့လည် တစ်နာရီအချိန်ခန့်တွင် တရားခံ သန်းနိုင်ဦး(ခ) ဓားမြ(၄၈)နှစ်၊(ဘ) ဦးမြ အား အောင်လံမျြိ့မရဲစခန်း၌ မူးယစ်(ပ)၁/၂၀၁၄၊ မူးယစ်/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူထားကြောင်း ရဲမှတ်တမ်း မှ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: