“မကွေးတိုင်းNLD ပါတီရုံးတွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး နည်းပြသင်တန်းပေး”


မကွေး၊ ဒီဇင်ဘာ ၁၆။

        မကွေးမြို့၊ မြို့မအိုဘိုရပ်ကွက်၊ ၆ လမ်း၊ အမှတ် ၃၀၊ မကွေးတိုင်းNLD
ပါတီရုံးတွင် သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး နည်းပြသင်တန်းကို ၂၀၁၄၊
ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ နေ့စဉ် နံနက်၉ နာရီမှ ညနေ ၅
နာရီအချိန်ခန့်အထိ သုံးရက်တိတိ သင်တန်းပေးကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


        အဆိုပါသင်တန်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)၏ အစီအစဉ်ဖြင့်
ကျင်းပကြောင်း၊ မကွေးတိုင်း အတွင်းရှိ ၂၅ မြို့နယ်မှ
သင်တန်းသားတစ်စီးဖြင့် ၂၅ ဦး၊ ခရိုင်ငါးခရိုင်မှ သင်တန်းသား ၅ ဦး၊
စုစုပေါင်း သုံးဆယ် ဦးတက်ရောက်ကြောင်း၊ သင်တန်းနည်းပြများမှာ
(ဗဟို)မှစီစဉ်ပေးသော ဦးဟန်ဇော်ထွန်း၊ ဦးမျိုးမင်းဦး၊ ဦးနေထက် ၀င်း
နှင့် ဦးစိုးသူဝင်း တို့ဖြစ်ကြောင်း၊ ဒီဇင်းဘာ ၁၇ ရက်နေ့
သင်တန်းဆင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)မှ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်း လာရောက်၍
သင်တန်းဆင်း လက်မှတ်များပေးမည်ဖြစ်ကြောင်း ၊ ယခု သင်တန်းသားများသည်
မိမိတို့မြို့နယ်များ၌ ဆင့်ပွားသင်တန်းများပေး၍
သဘာဝပတ်ဝန်းကျင်ထိန်းထိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း
မကွေးတိုင်းNLD ပါတီရုံး မှ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူဝင်း မှ

မြေလတ်မီဒီယာ ကိုပြောကြား၍ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

 

0 comments: