`မကွေးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ဦးဦးဖျားဖျား ထူးခြားသောစေတနာ´

အရပ်သားအစိုးရအဖွဲ့အုပ်ချုပ်သောခေတ်တွင် မကွေးတိုင်းဒေသကြီးအစိုးရလက်ထက်မှာ စာရေးဆရာ၊ဆရာမ များအား ထူးခြားစွာဖြင့် သီးခြားစီစဉ်၍ ဂုဏ်ပြုသောပွဲကို ပထမအကြိမ်အဖြစ် သတင်းရရှိခဲ့ပါသည်။ ၂၀၁၂ ၊ ဇွန်လ(၃)ရက်နေ့ နံနက်(၈း၃၀)နာရီအချိန်တွင် မကွေးမြို့ ကန်သာရပ်ကွက်၊ အထက(၁)လမ်းရှိ မကွေးမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (သားဖွားခမ်း) အစည်းအဝေးခမ်းမမှာ အထူးပွဲအဖြစ် သီးခြားကျင်းပပေးကြောင်းသိရ သည်။ ထိုပွဲမှာ မေတ္တာစမ်းရေ မဂ္ဂဇင်း(အမှတ်၁၁ -၂၀၁၂ ခု၊ဧပြီလထုတ်)တွင် ပါဝင်ရေးသားခဲ့ကြသော စာရေးဆရာ၊ ကဗျာဆရာ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲဖြစ်ကြောင်း သတင်းရရှိပါသည်။ ယင်းပွဲတွင် မကွေးမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ချို နှင့်အဖွဲ့ဝင်အမျိုးသမီးများ(၁၀၀)ခန့် တက်ရောက်ဂုဏ်ပြုကြသည်။ ဂုဏ်ပြုခံရသော စာရေးဆရာများမှာ ဆရာ မောင်နန္ဒ(မြစ်ကြီးနား)မှ `မြင့်မြတ်မိခင် ဥာဏ်ကြီးရှင်များသို့´ ဆောင်းပါးဖြင့်၎င်း၊ စာရေးဆရာ သတင်းထောက် ရွှေလမ်းငွေလမ်းဝင်းကြည် မှ`အမေအရင်းပါ သားရယ်´ ၀ထ္ထုတိုဖြင့်၎င်း၊ ကဗျာဆရာ တက္ကသိုလ်ရည်ရွယ် မှ `မေတ္တာစမ်းရေ´ကဗျာဖြင့်၎င်း၊ ကဗျာဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ မှ `အဖြေမပြောင်း ပုစ္ဆာဟောင်း´ ကဗျာဖြင့်၎င်း အသီးသီး ရေးသားပါဝင်ကြောင်းသတင်းရရှိပါသည်။ ၀ိုင်းကြည်အောင်
 

0 comments: