`မကွေးခရိုင်အားကစားကွင်းမှ Old Star မြန်မာ့လက်ရွေးစင်ဟောင်းဘောလုံးအသင်းနှင့် Actor Star အနုပညာရှင် မင်းသား အဆိုတော်များအသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲ´

မကွေးခရိုင်အားကစားကွင်းမှာ Old Star မြန်မာ့လက်ရွေးစင်ဘောလုံးအဖွဲ့ လူဟောင်းများအသင်းနှင့် Actor Star အနုပညာရှင် မင်းသား အဆိုတော်များအသင်းတို့ ဇွန်(၂၇)ရက်နေ့ နေ့လည်(၂)နာရီတွင် စတင်၍ ယှဉ်ပြိုင်ကစားကြ ကြောင်းသိရ၏။ထိုပွဲအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများတက်ရောက်၍ ဘောလုံးသမား များအား တစ်ဦးချင်းအားပေးနုတ်ဆက်ကြသည်။ ဘောလုံးပွဲမစတင်မီ ရုပ်ရှင် အဆိုတော်မင်းသားများမှ စတိတ်ရှိုးနှင့် ဖျော်ဖြေပေးကြသည်။ ကြွရောက်အားပေးကြသော ပရိတ်သတ်များ (တစ်သောင်းကျော်)ခန့် အားပေးကြ၏။ ကွင်းဝင်ကြေးမှာ တစ်ဦးလျှင်(၁၅၀၀ိ/၂၀၀၀ိ) ဟုသိရသည်။ အမျိုးသမီးပရိတ်သတ်များ အလွန်များပြားစွာ လာရောက်အားပေး ကြသည်။ အနုပညာရှင်များနှင့် အမှတ်တရ ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူကြ၏။ Old Star မြန်မာ့လက်ရွေးစင်ဘောလုံးအဖွဲ့ လူဟောင်းများအသင်းတွင် ကြည်လွင်၊ တင်မျိုးအောင်၊ စိုင်းမောင်မောင်ဦး၊ ၀င်းအောင် အစရှိသော ဘောလုံးလက်ရွေးစင်အားကစားသမားများ ပါဝင်ကြောင်း မြင်တွေ့ရသည်။ Actor Star အနုပညာရှင် မင်းသား အဆိုတော်များအသင်းတွင် သူထူးစံ၊ ဖိုးချစ်၊ နေမင်း၊ ဟက်ကက်၊ ဖိုးတာ၊ ထူးသာ၊ ညီဂျော်၊ ဇာနည် အစရှိသော အနုပညာရှင်များပါဝင်ကြကြောင်း သိရသည်။ ယင်းဘောလုံးပွဲတွင် Old Star မြန်မာ့လက်ရွေးစင်ဟောင်း ဘောလုံး အသင်းမှ (၃)ဂိုး (၂)ဂိုး ဖြင့် အနိုင်ရရှိကြောင်း သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

0 comments: