`တရုပ်ဖြစ် (MILK သီးစုံ နို့မှုန့် ချိုချဉ်)အား ကလေးများ စားသုံးရန် သင့် မသင့် စစ်ဆေးကြည့်စေလို´

ဓာတ်ပုံပါအတိုင်း ပလပ်စတစ်ဗူးသေးလေးဖြင့် လိုချင်စဖွယ် လှပအောင် ပက်ကင်ထုပ်ပေးထားသည်။ ဗူးထဲတွင် ပလပ်စတစ်အိပ်ကလေးဖြင့် နို့မှုန့်နှင့် တူသော အချိုမှုန့်များအားထည့်ထား၏။ ယင်းအထုပ်ကလေးပေါ်မှာ စားသုံးရန် အညွှန်းကို ရုပ်ပုံလေးများဖြင့်ပြထားပေးသည်။ ထိုရုပ်ပုံလေးများ၏ အောက်တွင် အင်္ဂလိပ်စာနှင့်(Notice Children Under 3 Inedibility (၃)နှစ်အောက်ကလေးများ မစားရဟု ဆိုရသော စာသားရေးထားပါသည်။ ဗူး၏ အဖုံးပေါ်မှာ ချိုချဉ်အား နို့သီးခေါင်းပုံသဏ္ဍန် ပြုလုပ်ထား၏။ နို့မှုန့်များကို ပုလင်းထဲမှာ ဖောက်ထည့်ပြီး နို့သီးခေါင်းချိုချဉ်ဖြင့် ထိုနို့မှုန့်များကို တို့၍ စားရပါမည်။ ယင်း ပုလင်းကလေး တစ်ခုကို လက်လီဈေးနှုန်း(၁၀၀)ကျပ်ဖြင့်ရောင်းချပါသည်။ စာသင်ကျောင်းဈေးဆိုင်များ၊ ရပ်ကွက်တွင်း မှုန့်မျိုးစုံရောင်းချသော ဈေးဆိုင်များ နှင့် ဈေးကြီးများမှ မှုန့်မျိုးစုံဆိုင်ကြီးများတွင် ကဒ်လိုက် လက်လီ/လက်ကား ရောင်းချပေးသည်ဆို၏။ ကလေးများစားမည်ဆိုလျှင် (၃)နှစ်အောက် ကလေးများလည်း သေချာပေါက် ပါဝင်နေပါမည်။ ရေးသားထားသော အင်္ဂလိပ်စာတမ်းကိုလည်း မည်သူမျှ ဂရုစိုက်ပြီး ဖတ်မည်မထင်ပါ။ ထိုကြောင့် ဤတရုပ်ဖြစ် Milk သီးစုံနို့မှုန့် ချိုချဉ်ပုလင်းဗူးလေးများကို သက်ဆိုင်ရာ FDA စားသောက်ကုန်လုပ်ငန်း စစ်ဆေးရေးမှ အထူးစစ်ဆေးဆောင်ရွက်သင့်ပါသည်။ `ကျွန်တော့်သမီးလေးက အဲဒီ Milk သီးစုံနို့မှုန့် ချိုချဉ်ပုလင်းဗူးလေးကို တစ်ခု(၁၀၀)ကျပ်နဲ့ ရပ်ကွက်ထဲက အိမ်ဆိုင်မှာ အမြဲဝယ်စားတယ်ဗျ။ တစ်ညမှာ သမီးလေးက ဒီပုလင်းမှုန့်လေးကို အိပ်ယာထဲယူပြီးစားရင်း အိပ်ပျော်သွားတယ်ထင်ပါတယ်။ အဲဒီပုလင်းဗူးမှုန့်စားတာကို ကျွန်တော်တို့လင်မယားက မသိလိုက်ဘူးဗျ။ မနက်လင်းတော့ အိပ်ယာပေါ်က သမီးလေးအိပ်နေတဲ့ဘေးမှာထားတဲ့ ဖက်လုံးတစ်ခုလုံးမှာ ပရွတ်ဆိပ်နီတွေ ရဲရဲနီပြီး ကပ်သေနေတာကို တွေ့မြင်လိုက်ရ ပါတယ်။ ဒီပရွက်ဆိပ်တွေ အိပ်ယာထဲ ဘာကြောင့်ဝင်သေနေတာလဲ အဖြေကို လိုက်ရှာတော့မှ ယခု ဒီ Milk သီးစုံနို့မှုန့် ချိုချဉ်ပုလင်းဗူးလေးကို တရားခံအဖြစ် တွေ့လိုက်ရပါတယ်။ ပုလင်းဗူးထဲမှာက နို့မှုန့်နည်းနည်းကျန်နေသေးတယ်ဗျ။ သူ့ရဲ့အရသာကို မြည်းကြည့်တော့ ချိုတယ်ဗျ။ ဒါကိုစားလို့သေဆိုတာကို ကျွန်တော် မသင်္ကာတာနဲ့ အဲဒီကျန်တဲ့ အမှုန့်တွေကို အုပ်ရေကန်ဘေးနားက နီရဲနေတဲ့ ပရွက်ဆိပ်တွင်းဘေးကို သွားပြီးသွန်ချထားလိုက်တယ်။ အဲဒီ နို့မှုန့်တွေကို စားပြီး အုပ်ရေကန်နံရံပေါ်ကပ်တက်တဲ့ ပရွတ်ဆိပ်အကောင်းလေးတွေက လန်လန်ပြီးကျသေးကုန်တာကို မြင်လိုက်ရပါ တယ်။ ဒါနဲ့ ပိုပြီးသေချာအောင်ဆို အဲဒီ Milk သီးစုံနို့မှုန့် ချိုချဉ်ပုလင်းဗူး(၁၀)ဗူး သွားဝယ်တယ်။ နောက်ပြီး ကျွန်တော့်မိတ်ဆွေ များကို ပြောဆိုပြီး အစမ်းခိုင်းလိုက်ပါတယ်။ သူတို့အားလုံးက မင်းပြောတာ မှန်တယ်သူငယ်ချင်းရေ စားတဲ့ ပရွတ်ဆိပ်တွေက တန်းပြီးတော့ မသေဘူးကွ။ အချိန်တော်တော်ကြာမှသာ သေသွားကြတယ်။ မင်းပြောတာမှန်ပါတယ်။ ယခုလို ကျောင်းဖွင့်ချိန်မှာ ဒီကိစ္စ ဒီသတင်းကို အများပြည်သူတွေသိရအောင် မင်းနဲ့ ခင်မင်တဲ့ မြန်မာပို့စ် ဂျာနယ်ကို သွားပြောပေးပါဆိုလို့ ယခု လာပြောပြရပါတယ်..။ ဟု မကွေးမြို့၊ ရန်ပယ်ဈေးအတွင်းမှ ငါးပိ/ငါးခြောက်ဆိုင်ပိုင်ရှင် ကိုတိုးမှ လာရောက်သတင်းပေးပါသည်။ ၀ိုင်းကြည်အောင် မြန်မာပို့စ် သတင်းဂျာနယ် အတွဲ(၄) အမှတ်(၂၄) ၂၀၁၂၊ ဇွန်လ(၂၇)ရက်နေ့ထုတ်တွင် ဖော်ပြထားပါသည်။
 

0 comments: