` မကွေးမြို့နယ်၊ မင်းဘူး(စကု)မြို့နယ် နှင့် ချောက်မြို့နယ်တွင် စာရေးဆရာအသင်းများ ဖွဲ့စည်းပြီး´

မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့(ဗဟိုလ်) ၏ လမ်းညွှန်ချက်အရ မကွေးမြို့နယ်၊ မင်းဘူး(စကု)မြို့နယ် နှင့်ချောက်မြို့နယ်များတွင် မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့များကို ပယ်ဖျက်၍ ` မြို့နယ်စာရေးဆရာအသင်း´များ ပြန်လည်ဖွဲ့စည်းပြီးကြောင်းသတင်းရရှိပါသည်။ ၂၀၁၂ ၊ မေလ(၂၉)ရက်နေ့တွင် မကွေးမြို့နယ်အထွေတွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမမှာ မကွေးမြို့နယ် စာရေးဆရာအသင်း အား ဒီမိုကရေစီစနစ်ဖြင့် လျှို့ဝှက်မဲပေး၍ အဖွဲ့ဝင်(၅၂)ယောက် မှ အလုပ်အမှုဆောင် (၇)ဦးကို ရွေးချယ်လိုက်ကြသည်။ ဥက္ကဋ္ဌ ဦးဝင်းမြင့် (မကွေးဝင်းမြင့်)၊ ဒု ဥက္ကဋ္ဌ ဦးကြည်တင် (တင်လင်းဇော်)၊ အတွင်းရေးမှူး ဦးခင်မောင်တိုး( မြန်မာပြည်ဆရာဟိန်း)၊ တွဲ အတွင်းရေးမှူး ဦးစိန်နိုင်( တက္ကသိုလ်ရည်ရွယ်)၊ ဘဏ္ဍာရေးမှူး ဦးဝင်းသက်ခိုင် (၀င်းသက်ခိုင်-မကွေး)၊ ဒေါ်နန်းဥမ္မာမင်း( နော်လီကို-မကွေး)အဖွဲ့ဝင်၊ ဦးယုနိုင်( နိုင်ယုဝေ) အဖွဲ့ဝင် တို့အား ရွေးချယ်လိုက် သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုလ်ကော်မတီဝင်အဖြစ် ညီလာခံတက်ရောက်ရန်ကိုယ်စားလှယ်များမှာ ဦးဝင်းမြင့် (မကွေးဝင်းမြင့်) နှင့် ဦးတင်အောင်ငွေ( နေခြည်-မကွေး) တို့အား ရွေးချယ်လိုက်ကြောင်း သတင်းရရှိပါသည်။ ၂၀၁၂၊ မေလ(၁၂)ရက်နေ့တွင် မင်းဘူးခရိုင်ပြန်/ဆက်ရုံး ခန်းမမှာ မင်းဘူး(စကု)မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့အား မင်းဘူး(စကု)မြို့နယ်စာရေးဆရာအသင်း အဖြစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းပြီးကြောင်း သတင်းရရှိသည်။ အဖွဲ့ဝင်ပေါင်း(၃၀) မှ အလုပ်အမှုဆောင်(၅)ဦး ရွေးချယ်လိုက်ကြကြောင်းသိရ၏။ ဥက္ကဋ္ဌ ဦးကြီးမောင်(မောင်ကြည်မော်-စကု)၊ အတွင်းရေးမှူး ဦးအုံးလှိုင်(မန်းလူ-မင်းဘူး)၊ ဘဏ္ဍာရေးမှူး ဦးကျော်စိန်ဝင်း(တော်အဲရာ)၊ အဖွဲ့ဝင် ဦးအေးကြူ(မောင်ခက်ကြူ-ရွှေစကု)၊ အဖွဲ့ဝင် ဦးသန်းထွန်း (သန်းထွန်း-စကု) တို့ဖြစ်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုလ်ကော်မတီဝင်အဖြစ် ညီလာခံတက်ရောက်ရန်ကိုယ်စားလှယ် ဦးသန်းထွန်း(သန်းထွန်း-စကု) အား ရွေးချယ်ဖွဲ့စည်းပြီးကြောင်း သတင်းရရှိပါသည်။ ၂၀၁၂၊ မေလတွင် ချောက်မြို့နယ်ပြန်/ဆက်ရုံး၌ ချောက်မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်(၂၀)ဦးအား ချောက်မြို့နယ်စာရေးဆရာအသင်း အဖြစ်ပြန်လည်ရွေးချယ်ကြောင်းသိရသည်။ ဥက္ကဋ္ဌ ဦးမင်းဦး(ရေနံ့သာကိုဦး)၊ အတွင်းရေးမှူး ဦးဝင်းဌေး(ယုဇန)၊ ဘဏ္ဍာရေးမှူး ဦးစိန်ဝင်း(စိန်ဝင်း)၊ အဖွဲ့ဝင် ဦးသန်းဝင်း(သန်းဝင်း)၊ အဖွဲ့ဝင် ဦးမိုးဇော်ဇော်(မိုးဇော်ဇော်) တို့အား ရွေးချယ်ကြောင်းသိရသည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုလ်ကော်မတီဝင်အဖြစ် ညီလာခံတက်ရောက်ရန်ကိုယ်စားလှယ် ဦးမင်းဦး(ရေနံ့သာကိုဦး) အား ရွေးချယ်ဖွဲ့စည်းပြီးကြောင်း သတင်းရရှိပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
 

0 comments: