` မကွေးမြို့ ၏ ဇွန်(၁၆)ရက်နေ့ ညနေ မိုးရွာစဉ် မြင်ကွင်းမှန် ကလေးတစ်ဦးချောင်းရေထဲပါသွား၊ ရှာမတွေ့သေးဟု ဆို´

၂၀၁၂၊ ဇွန်(၁၆)ရက်၊ နံနက်ပိုင်းတွင် စည်ပင်သာယာရေးအဖွဲ့မှ အမူဆောင်အရာရှိ မှ မကွေးမြို့တွင်း၌ ရေစီးရေလာကောင်းအောင် လုပ်ငန်းများအား ရှင်းလင်း၍ပြခဲ့ပါသည်။ သို့သ်ာလည်း ဇွန်လ(၁၆)ရက်နေ့ ညနေ (၄း၄၅) မှ (၆)နာရီခန့်အထိ ရွာသွန်းခဲ့သော မိုးတွင် ပြည်တော်သာလမ်းမပေါ်တွင် ဗိုလ်ချုပ်လမ်းထောင့်မှ ဆေးရုံးလမ်းထောင့်အထိ ရေများလျှံနေပါသည်။ ယခုမိုးသည် ဇွန်လဆန်းအတွင်း ရွာသောမိုးများတွင် ရေပါများ၍ အချိန်အကြာဆုံးဖြစ်ပြီး အကြီးဆုံးမိုးဖြစ်၏။ မကွေးမြို့စည်ပင်သာယာအနေဖြင့် တစ်ခုခုတော့ လွှဲနေပြီ ထင်ပါ၏။ ည(၇း၃၀)နာရီကျော်မှာ ၎င်းလမ်းမပေါ်မှ လျှံနေသော ရေများ မြောင်းတွေထဲသို့ စီးဆင်းသွားပါသည်။ ရွာသစ်ရပ်ကွက် (၁၅)လမ်းထောင့်မှ RL (ရေမြောင်း)၏ အထက် (၂)ပေခန့်မြင့်တက်သွားကြောင်း မြင်တွေ့ရပါသည်။ ` မိုးတိတ်သွားလို့သာ တော်ပါသေး။ ဆက်များမိုးရွာနေရင် ရွာသစ်တစ်ရပ်ကွက်လုံး ရေမြုပ်သွားမှာ သေချာတယ်နော် ။ ပြည်တော်သာလမ်းမကြီးက( ဗိုလ်ချုပ်လမ်းထောင့်ကနေ) အရှေ့ဆန်တက်ပြီး ဆေးရုံးလမ်းထောင့် အထိ ရေမြောင်းတွေကို ဆန်တက်ခိုင်းထားတာ လုံးဝမကောင်းပါဘူး။ တကယ်မိုးများလာရင် အထက်ကို ရေမဆန်နိုင်ပါဘူး။ မကွေးမြို့ ပြည်တော်သာလမ်းတစ်လျှောက်မှာ မြင့်ရာ အရှေ့အရပ်ကနေ နိမ့်ရာ အနောက်အရပ်သို့ ပြည်တော်သာလမ်းရဲ့ ၀ဲယာဘေးမှာ ရေမြောင်းတွေ ဒလဝေါကို စီးဆင်းသွားနိုင်အောင် မြောင်းဖောက်ပေးမှ ဒီလိုရေလျှံမှုကို နိုင်မယ် ထင်ပါတယ်ဗျာ။ စည်ပင်သာယာရေးအဖွဲ့က ဗိုလ်ချုပ်လမ်းမကြီးကို ရေမြောင်းမဖောက်လို့ကတော့ မိုးရွာတိုင်း အမြဲဒုက္ခ ပေးနေကြမှာပါဗျာ.။´ ဟု ဆိုက်ကားသမား တစ်ဦးက အော်၍ပြောဆိုနေပါသည်။ ဇွန်(၁၆)ရက်နေ့ည (၉)နာရီသတင်းအရ မကွေးမြို့ အောင်ဇေယျာရပ်ကွက်၊ မြို့ရှောင်လမ်း၊ ကာရာအိုကေဘီယာဆိုင်နှင့် မြင့်မိုရ်စံ ဟော်တယ်ဘေးမှ အရှေ့အနောက်စီးဆင်းနေသော ချောင်းရေထဲတွင် ကလေးတစ်ဦးမျှောပါသွားကြောင်း သတင်းရရှိပါသည်။ ၎င်း ကလေးအား ထိုညမှာ ရှာမတွေ့သေးကြောင်း ဖုန်းသတင်းရရှိသည်။ နောက်ဆက်တွဲ သတင်းအား အတည်ပျြုချက်ရလျှင် ပြည့်စုံအောင် ပြန်လည်ဖော်ပြပေးပါမည်။ မှတ်ချက်။ ။ သတင်းဓာတ်ပုံများအား စကိုင်းနက် အင်တာနက်လိုင်းမှ တင်မရ၍ အခြားအင်တာနက်လိုင်းမှ ထပ်မံတင်ပေးပါမည်။ ၀ိုင်းကြည်အောင် မြန်မာပို့စ် သတင်းဂျာနယ် အတွဲ(၄) အမှတ်(၂၃) ၂၀၁၂၊ ဇွန်(၂၀)ရက်ထုတ်တွင် ဖော်ပြထားပါသည်။
 

0 comments: