`ပခုက္ကူမြို့မှာ မိုးယံထီ ကိုယ်စားလှယ်တော်ကြီးများနေ့ (တတိယအကြိမ်)

`ပခုက္ကူမြို့မှာ မိုးယံထီ ကိုယ်စားလှယ်တော်ကြီးများနေ့ (တတိယအကြိမ်) ကြိုးစား၍ရောင်းအား ကောင်းသော ကိုယ်စားလှယ်များကို နိုင်ငံခြားခရီးစဉ်သို့ ပို့ဆောင်ပေးဟု သိရ´ ဇွန်လ(၂၃)ရက်နေ့ ညနေ(၅)နာရီတွင် ပခုက္ကူမြို့ အမှတ်(၈)ရပ်ကွက်၊ လွပ်လပ်ရေးလမ်း၊ အမျိုးသားခမ်းမကြီးမှာ မိုယံရွှေလမင်းနှင့် မြတ်ဆုကုဋေ (ပင်ရင်းထီဖြန့်ချိရေးမှ) ၂၀၁၂ ခုနှစ်(တတိယအကြိမ်) မိုယံထီကိုယ်စားလှယ်တော်ကြီးများ နေ့အဖြစ် ကျင်းပကြောင်းသတင်းရရှိပါသည်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ပခုက္ကူမြို့မှ ထီကိုယ်စားလှယ်တော်ကြီးများ စုစုပေါင်း(၅၀၀)ကျော်ခန့်တက်ရောက်ကြောင်း သိရ၏။ထိုပွဲမှာ အဆိုတော်၊ ရုပ်ရှင်၊ ဗွီဒီယို မင်းသား ရာဇာနေ၀င်း၊ မင်သမီး နန်းဆုရတီစိုး တို့နှင့် မော်ဒယ်များမှ တက်ရောက်၍ ဆုများအသီးသီးချီးမြှင့်ခြင်း၊ အခန်းအနားအမှူးအဖြစ် နန်းဆုရတီစိုးမှ ဆောင်ရွက်ပေးကြောင်း မြင်တွေ့ရသည်။ ဤကိုယ်စားလှယ်တော်ကြီးများနေ့ကို မိုးယံထီဆိုင် ပိုင်ရှင် ဦးမျိုးညွန့် ဒေါ်တင်တင်မြင့် တို့မှ အခြားပွဲများနှင့်မတူ ပခုက္ကူမြို့ တွင် တမူထူးခြား၍ ခြိမ့်ခြိမ့်သဲ ကျင်းပဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုပွဲတွင် မိုးယံထီဖြန့်ချိရေး MD ၏ ပြောကြားချက်များမှ ကောက်နုတ်ဖော်ပြပါသည်။ `ကျမတို့က မိုယံကိုယ်စားလှယ်တော်ကြီးများနေ့ကို ယခု ပခုက္ကူပွဲရောဆိုရင် သုံးနှစ်ဆက်တိုက် သုံးကြိမ်းရှိပါပြီ..။ ယခု ပခုက္ကူမြို့မှာ လာရောက်လုပ်ရတာကတော့ မြန်မာတစ်ပြည်လုံးမှာ ယခု ၂၀၁၂ ခုနှစ်အတွင်း ဒီပခုက္ကူမြို့ ရှိ ပြည်သူလူထုတွေက မိုယံရွေလမင်းထီဆိုင်တွေကို အားပေးကြလွန်းလို့ ကျမတို့ မိုယံထီဆိုင်တွေအားလုံးရောင်းအား ကောင်းလာကြပါတယ်။ ဒါကြောင့် အများပြည်သူတွေကို ပေါက်အားလည်းကောင်းအောင် ရောင်းအားလည်း အကောင်း ဆုံးအဖြစ်နဲ့ အမြင့်ဆုံးစံချိန်တင်သွားအောင် အထူးကျိုးစားပြီး ရောင်းပေးနိုင်တဲ့ ပခုက္ကူမြို့က မိုယံထီ ကိုယ်စားလှယ်တော်များနဲ့ အထက်မြန်မာပြည်က ကိုယ်စားလှယ်တော်ကြီးများကိုပါ အထူးလာရောက်ဂုဏ်ပြူပေးတဲ့ ပွဲကြီးဖြစ်ပါတယ်။ ဂုဏ်ပြုဆုငွေ၊ လက်ဆောင်များအပြင် နှစ်စဉ်အထူးအစီအစဉ် အဖြစ် ဗုဒ္ဓဂါယာ ဘုရားဖူး၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ စင်ကာပူ-မလေးရှား နိုင်ငံခြားခရီးစဉ်များကိုလည်း စားရိမ်ငြိမ်း ပို့ဆောင် ပေးခဲ့ပါတယ်။ ယခုနှစ် ယခုပွဲမှာလည်း ကိုယ်စားလှယ်တော် (၄)ဦးကို စင်ကာပူ-မလေးရှားနိုင်ငံသို့ နိုင်ငံခြားခရီစဉ်ပို့ဆောင်ပေးရန် ရွေးချယ်လိုက် ပါတယ်။ ယခု ရွေးချယ်ပေးထားတဲ့ မိုးယံထီကိုယ်စားလှယ်တော်ကြီးများကတော့ ဦးဝင်းမင်း (နေပြည်တော်ပင်ရင်း)၊ ဦးကျော်ဌေး(မုံရွာပင်ရင်း)၊ ဦးသန့်ဇင်ဝင်း(မကွေးပင်ရင်း)၊ ဦးဌေးလှိုင်(ပခုက္ကူပင်ရင်း) တို့ လေးဦးဖြစ် ပါတယ်ရှင်..´ ဟု မိုးယံထီဆိုင် MD မှ မြန်မာပို့စ် သို့ ပြောဆိုပါသည်။ ၀ိုင်းကြည်အောင်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: