``ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအားရည်းစူး၍ ပဲပြုပ်နဲ့ နံပြား ဂေါ်ဆွမ်းလောင်းလှူသော စကုမြို့´´

(၆၆)ကြိမ်မြောက် 19 July နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း မင်းဘူးခရိုင် စကုမြို့ ဆွမ်းလောင်းအသင်း၌ သံဃာတော်အပါး(၁၈၀)ကို ဂေါ်ဆွမ်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအားရည်းစူး၍ ပဲပြုပ်နဲ့ နံပြား ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။ ထို့နောက် နံနက်(၉)နာရီအချိန်တွင် မင်းဘူး/စကုမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း(၆၉)ရွာမှ ပြည်သူလူထု(၅၀၀၀)ခန့်သည် လွမ်းသူပန်းခွေ(၅၁)ခွေဖြင့် စကုမြို့ အာဇာနည် ဗိမာန်ကျောင်း တိုက်သို့ ချီတက်ကြ၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးပြီး လွမ်းသူပန်းခွေချ အလေးပြုကြ သည်။ အဆိုပါ ချီတက်အလေးပြုပွဲတွင် မြန်မာမူစ္စလာင်္မများအဖွဲ့ နှင့် ဘာသာပေါင်းစုံမှ ပါဝင်ကြောင်း ထိုအခမ်းအနားအား သက်ဆိုင်ရာဒေသအာဏာပိုင်များမှ တားဆီးခြင်းမရှိဘဲ လုံခြုံရေးအတွက် ကူညီဆောင်ရွက် ပေးကြောင်း၊ အာဇာနည် နေ့အကြို ဇူလိုင်(၁၆/၁ရ)ရက်နှစ်ည စကုမြို့ ပုညရှင်ဓမ္မာရုံနှင့် မင်းဘူမြို့ သုခမိန်ခမ်းမတို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများကျင်းပနိုင်ခဲ့ကြောင်း၊ စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ကာတွန်း ၀င်းအောင် နှင့် ဘလော့ဂါ နေဘုန်းလတ် တို့ ဟောပြောခဲ့ကြောင်း မကွေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် မှ ပြောသည်။
 

0 comments: