`` ကျွန်တော်တင်ပြ ရင်ဖွင့်ချင်တာကတော့ ယနေ့နိုင်ငံတော်မှ အတည်ပြုပြဒါန်းထားတဲ့ နိုင်ငံရေးပင်စင်ဥပဒေ အကြောင်းပါ။ ဥပဒေပါ အခန်း(၁/၂/၃/၅) တို့ကို လက်တွေ့နိုင်ငံရေးပင်စင်များ ခံစားခွင့်ပြုထားပြီး ဥပဒေပါ အခန်း(၄)ကိုတော့ ယနေ့အထိ နိုင်ငံတော်အစိုးရက လုံးဝခံစားခွင့်မပေးပါဘူး။ ဥပဒေ တစ်ခုကို အမှတ်တကယ် အတည်ပြုပြီး ပြဒါန်းထားရင် တစ်ပြေးတစ်ညီထဲ ဆောင်ရွက်ပြီး ခံစားခွင့်များကိုလည်း အတူတူပေးကြရမှာပါ။ ယခုတော့ အခန်း(၄)ပါ ခေါင်းစဉ်ဖြစ်တဲ့ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ အမြုတေပါတီကာလနှင့် ပြည်သူ့ပါတီကာလ) ဆိုတဲ့ ပြဒါန်းချက်ပါ ဥပဒေများကိုတော့ ယနေ့အထိ ဘယ်သူ့ကိုမျှ ခံစားခွင့်မပေးဘဲ မျက်ကွယ်ပြုထားနေပါတယ်။ အဲဒီအချိန်က မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်များဟာ ယနေ့ ပါတီပေါင်းအစုံဖြစ်ကြတဲ့ (NLD, NDF, ကြံခိုင်ရေးပါတီတွေမှာလည်း လက်ရှိတာဝန်ယူ ထမ်းဆောင်နေကြပါတယ်။ တ.စ.ည ပါတီဝင်အားလုံးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဝင်တွေ အားလုံးမဟုတ်ကြတာကို နိုင်ငံတော်အစိုးရ သိစေချင်ပါတယ်။ ဒါကြောင့် လိုရင်းကို ကျွန်တော်ပြောချင်တာက နိုင်ငံတော်အတွက် သက်စွန့်ဆံဖျား ဆောင်ရွက်လာခဲ့ကြတဲ့ နိုင်ငံရေးသမားအချင်းအတူတူ ခွဲခြားပြီးချန်မထားဘဲ ဥပဒေအတိုင်း တစ်သားတည်း သတ်မှတ်ခံစားခွင့်ပေးစေချင်ပါတယ်။ လက်ရှိနိုင်ငံတော်အစိုးရ မှ အတည်ပြုပြဒါန်းထားတဲ့ နိုင်ငံရေးပင်စင်ဥပဒေ ကို အညီအမျှ တရားမျှတစွာနဲ့ တသတ်မှတ်တည်း ခံစားခွင့်ပြုစေချင်ပါတယ်ခင်ဗျာ..။ ´´ ဟု ပခုက္ကူမြို့နယ်(တ.စ.ည)ပါတီ ဥက္ကဋ္ဌ ဦးအောင်သောင်း က ပြောသည်။
``မကွေးမြို့ တ.စ.ည ပါတီ ၀ါဆိုသင်္ကန်းဆက်ကပ်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ´´

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment