`မကွေးမြို့နယ်တွင်းမှာ ပါတီတွေ တစ်အိမ်တက်ဆင်း အပြိုင်အဆိုင်စည်းရုံးနေကြပြီ´






`မကွေးမြို့နယ်တွင်းမှာ ပါတီတွေ တစ်အိမ်တက်ဆင်း အပြိုင်အဆိုင်စည်းရုံးနေကြပြီ´
မတ်လ(၃၀)။ ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းမှာ ၂၀၁၂၊ ဧပြီလ(၁)ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးချယ် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြ၍ ကိုယ့်ပါတီ အောင်နိုင်ရေးကိုကြိုးစားပြီး ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် တစ်အိမ်တက်ဆင်း မဲပေးရန်အတွက် မတ်လ(၂၃)ရက်နေ့ကစပြီး မတ်လ(၃၀)ရက်နေ့အထိ စည်းရုံးရေးဆင်း နေကြကြောင်း မြင်တွေ့ရသည်။ လှည့်လည် စည်းရုံးရေးဆင်းနေကြသော ပါတီများမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ တို့သည် အင်အားများ အသုံးပြု၍ တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင်များ ဝေငှနေကြောင်း မြင်တွေ့ရသည်။ `အချို့ပါတီတွေက မစားရ ၀ခမန်း ဟုတ်လည်းမဟုတ်ဘဲနဲ့ ပြောနေကြတယ်ဗျာ..´ဟု အသက်(၆၅)အရွယ်လူကြီးတစ်ဦးကဆို၏။ `အချို့ပါတီကလဲ လှပါတယ်ဆိုမှ ရေမချိုးရသေးဘူးဆိုသလို အင်အားတွေက ပြလွန်း အားကြီးနေပါတယ်တော်..´ဟု အသက်(၅၀)ကျော် အမျိုးသမီးတစ်ဦးကဆိုပြန်သည်။ `အချို့ပါတီကတော့ ဆင်းကြံ ကြံနေကြတယ်ဗျို့´ ဟု အသက်(၆၀) အရွယ်ရှိ တောနယ်မှ တောင်သူဦးကြီးတစ်ယောက်က ပြောသည်။
မကွေးမြို့နယ်အတွင်းမှာ ယှဉ်ပြိုင်ကြမည့်ပါတီများ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်များမှာ (၁) ပြည်ခိုင်ဖြိုးပါတီ မှ ဦးအောင်သိန်းကျော်။ (၂) NLD ပါတီမှ ဦးမြင့်သိန်း။ (၃) တ.စ.ည ပါတီမှ ဦးလှမြင့်။ (၄) NDF ပါတီမှ ဦးကျော်စိန်ဟန် တို့ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်စာရင်းအရ သိရသည်။ မကွေးမြို့နယ် အတွင်းမှာ ရပ်ကွက်(၁၅)၊ ကျေးရွာအုပ်စု(၆၁)၊ ကျေးရွာပေါင်း(၂၁၆)။ မဲရုံပေါင်း(၂၆၅)၊ ဆန္ဒပြုခန်း(၆၂၂)၊ မဲပုံးပေါင်း(၂၆၅) ရှိပြီး (၂၄-၃-၂၀၁၂) နေ့ထိစာရင်းအရ မဲဆန္ဒရှင်ဦးရေ (၁၇၉၃၅၈) စာရင်းပြထား၍ တိုး/လျော့ (+) ၂၇၃၉ ဟု ဖော်ပြထားသည်။ ဆန္ဒမဲစာအုပ်(၃၉၆၈)၊ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိပ်(၂၉၇၆၀) ထုတ်ပေးထားကြောင်း ၂၀၁၂၊ မတ်လ(၂၆)ရက်နေ့၊မကွေးမြို့တော်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး လာရောက်ခဲ့စဉ် စစ်ဆေး ရှင်းလင်းပွဲမှ သတင်းရရှိပါသည်။
 

0 comments: