`ပြည်သူတွေကိုင်တဲ့ ဖုန်းဈေးများ ကျပြီးရင်းကျနေတော့မည်လား? ၀န်ဆောင်မှုလည်း အပြည့်မရ´



`ပြည်သူတွေကိုင်တဲ့ ဖုန်းဈေးများ ကျပြီးရင်းကျနေတော့မည်လား? ၀န်ဆောင်မှုလည်း အပြည့်မရ´
မတ်လ(၂၆)ရက်နေ့မှစ၍ မကွေးမြို့တွင် (၂)သိန်းတန် GSM ဖုန်းတွေကို စတင်ရောင်းချသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကလည်း မတ်လ(၂၈)ရက်နေ့တွင် (၂)သိန်းတန် GSM ဖုန်းများ ရောင်းချကြောင်း သတင်းရရှိသည်။ `သန်း(၃၀) စီမံကိန်း ပထမနှစ်စတင်ရောင်းတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ယခုဈေးနဲ့ကတော့ သတ်မှတ်ထားတဲ့ အရေအတွက် ရောင်းရဖို့မလွယ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ယခု (၂)သိန်းတန်ဖုန်းတွေကို ကုမ္ပဏီတွေမှ ခွဲရောင်းကြတယ်။ ထင်သလောက် မရောင်းရပါဘူး။ ဘာကြောင့်လည်းဆိုတော့ မကွေးမြို့မှာ (၁-၄-၂၀၁၂) နေ့ကနေ (၃-၄-၂၀၁၂) နေ့တွေမှာ လိုင်းတွေက ပြတ်သွားလိုက် ရလိုက်နဲ့ ခဏ ခဏ ဖြစ်နေပါတယ်။ ဖုန်းဝယ်သူတွေက ဆင်းကတ်ထည့်ပြီး ဟန်းဆက်နဲ့ စမ်းပေးနေရတာဆိုတော့ စိတ်မရှည်ကြလို့ မ၀ယ်ဘဲ ပြန်ပြန်သွားကြတယ်လေ..။ အဲဒီကိစ္စကို ရောင်းခိုင်းတဲ့ကုမ္ပဏီတွေကို ပြောတော့ သူတို့ကလည်း ဆက်သွယ်ရေး ဆာဗာကို တဆင့်ပြောပေးမယ်လို့ သိရပါတယ်..။ ကျွန်တော်တို့က မြို့ခံဆိုင်ဖြစ်နေတော့ အ၀ယ်လာတဲ့ ကာစတန်မာတွေကို သိပ်မျက်နှာပူစရာကောင်းတယ်ဗျာ..။´ဟု မကွေးမြို့ခံ အရောင်းဆိုင်ပိုင်ရှင် ဦးစန်းဦးကပြောပါသည်။ ဤ ကိစ္စကို သိချင်၍ မကွေးမြို့လူကြီးမင်း ဖုန်းဆိုင်သို့သွားသည်။ လူကြီးမင်း ဖုန်းဆိုင်မှာ (၂-၄-၂၀၁၂)မှ စတင်ပိတ်၍ (၈-၄-၂၀၁၂) နေ့တွင်ပြန်လည်ဖွင့်မည် ဟု စာတမ်းကပ်ထားပါသည်။
(၁-၄-၂၀၁၂) နေ့မှ(၃-၄-၂၀၁၂) နေ့တွေမှာ ဘာကြောင့်ဖုန်းလိုင်းတွေ ပြတ်ပြတ်နေတာလဲ ဟု ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းစုံစမ်းကြည့်ပါသည်။ သူ့အနေနဲ့ ဒီကစ္စကို ဘာမှ မသိပါကြောင်း၊ မဖြေဆိုနိုင်ပါ ကြောင်း ညင်းဆို၏။ သို့သော် ကျွန်တော်က ဒီမြို့သားဆိုတော့ ဘယ်သူ့ကိုမှ မျက်နှာအပျက်မခံနိုင်ပါ။ ဒီကိစ္စကို သိချင်ရင် ယနေ့ထုတ် (၄-၄-၂၀၁၂) နေ့ထုတ် အင်ပါရာ သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၆)မှာ ဆက်သွယ်ရေးသတင်းပါကြောင်း လမ်းညွှန်ပါသည်။ ထို့ကြောင့် အင်ပါရာ သတင်းဂျာနယ် ဖတ်လိုက်သောအခါ..။ (အင်ပါရာ သတင်းဂျာနယ်ကြော်ငြာ မဟုတ်ပါ။) ယင်း ဂျာနယ်တွင် ဤသို့ဖော်ပြထားပါသည်။
`ကျွန်တော်တို့ရုံးမှာ မရှိမယ့် ရှိမဲ့နဲ့ လစာထဲက (၈)လအရစ်ကျဝယ်ယူထားသူများ ဘယ်လိုလုပ်ကြမလဲဗျာ..။´ ဟု အသက်(၅၈)နှစ်အရွယ် ၀န်ထမ်းတစ်ဦးမှ ပြောဆိုနေသံကြားခဲ့၍ သတင်းရယူခဲ့ပါသည်။
 

0 comments: