`မကွေးမြို့မှ ကြားဖြတ်ရွေးချယ်ပွဲအကြိုနေ့ မြင်ကွင်းများ´



`မကွေးမြို့မှ ကြားဖြတ်ရွေးချယ်ပွဲအကြိုနေ့ မြင်ကွင်းများ´
မတ်လ(၃၁)။
၂၀၁၂ ၊ မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းမှာ မကွေးမြို့တွင်း၌ တ.စ.ည ပါတီ၊ ကြံခိုင်ရေးပါတီ တို့က ဆိုင်ကယ်အနည်းငယ် ကားလေး(၄/၅)စင်းခန့်ဖြင့် လှည့်လည်စည်းရုံးရေးဆင်းနေကြောင်း မြင်တွေ့ရပါသည်။ `မနေ့က မတ်လ(၃၀)ရက်နေ့မှာ ကျွန်တော်တို့ကို တရားဝင်တားတာတော့ မဟုတ်ပါဘူးတဲ့ လူကြီးခရီးစဉ်ရှိလို့ အသံချဲ့စက်တွေနဲ့ မအော်ဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် ကျွန်တော်တို့ NLD အောင်နိုင်ရေးလူငယ်တွေ ဒီနေ့ ရွေးကောက်ပွဲအကြို မတ်လ(၃၁)ရက်မှာ NLDအောင်နိုင်ရေးအဖွဲ့ အင်နဲ့အားနဲ့ ထွက်လာကြတာပါ။ ဆိုင်ကယ်အစီး(၃၀၀) ကျော်မယ်ထင်တယ်။ ကားလေးတွေက အစီး(၂၀)လောက်ရှိမယ်ထင်ပါတယ်ခင်ဗျာ..´။ ဟု အောင်နိုင်ရေးအဖွဲ့ လူငယ် ကိုအောင်လွင်မှ ပြောဆိုပါသည်။ NLD အောင်နိုင်ရေးအဖွဲ့သည် ညနေ(၄း၃၀)နာရီခန့်တွင် ဗိုလ်ချုပ်လမ်းမကနေ ချိုးကွေ့၍ ပြည်တော်သာလမ်းမပေါ်မှာ အနောက်မှအရှေ့ပိုင်း အောင်ရတနာရပ်ကွက်များ သို့တက်သွားပြီး ပြည်တော်သာလမ်းမ အတိုင်း ပြန်လည်ဆင်းလာကြသည်။ ဆိုင်ကယ်များနှင့် မော်တော်ကားလေး ယာဉ်တမ်းကြီးမှာ ဗိုလ်ချုပ်လမ်းဆုံကနေ သစ္စာလမ်း၊ ကံသာရပ်ကွက်အထိ ဆက်တိုက်တန်းစီပြီးရပ်ထားစဉ်မြင်တွေ့ရသည်။ ညနေ(၆း၃၀)ခန့်မှာ လူစုကွဲသွား ကြကြောင်း သတင်းရရှိပါသည်။
`ဒီလောက် ဆိုင်ကယ်တွေ ကားတွေနဲ့ လူအုပ်ကြီးဟာ ဘာပြဿနာမှ မတက်ကြတာကို အံ့သြတယ်ဗျာ..။ သူတို့အော်ဟစ်နေကြတာကလည်း (အမေစု ကျမ်းမာပါစေ၊ NLD အောင်ရမည်။) ဒီနှစ်ခုကို တစ်ယောက်ကတိုင်တယ်၊ နောက်က ပါတဲ့ လူတွေကလိုက်ပြီး ၀ိုင်းအော်ပေးကြတယ်။ ဒါကို တစ်ချို့မနာလိုသူတွေက အားမနာ ရှာမကျိုး ၈၈ အရေးအခင်းနဲ့ တူနေတယ်။ အားလုံးလူတွေက အနီရောင်တီရှပ်တွေ၊ ခေါင်းစီးတွေနဲ့ တစ်ကိုယ်လုံးမှာ ရဲပဒေါင်း ဆန်နေတာဘဲလို့..၊ ပြောနေကြတယ်၊ ဒါလောက် တက်ကြွနေတဲ့ အင်အားကြီးမြင်တာကို မုဒီတာ မပွားနိုင်ကြဘူးဗျာ..။´ဟု လမ်းဘေးမှ လက်ဖက်ရည်ဆိုင်ထိုင်နေသူ အသက်(၆၅)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အော်ပြောနေသံကို ကြားခဲ့၍ သတင်းရယူခဲ့ပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel `မကွေးမြို့မှ ကြားဖြတ်ရွေးချယ်ပွဲအကြိုနေ့ မြင်ကွင်းများ´ ini dipublish oleh shwelannwelanwinkyi pada hari Thursday, April 5, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးမြို့မှ ကြားဖြတ်ရွေးချယ်ပွဲအကြိုနေ့ မြင်ကွင်းများ´
 

0 comments: