`မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း(NLD)ထံမှ မဲပေးရာတွင် မမှန်ကန်မှုများရှိဟုဆို ´



`မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း(NLD)ထံမှ မဲပေးရာတွင် မမှန်ကန်မှုများရှိဟုဆို ´
ဧပြီး(၁)ရက်နေ့ နံနက်(၁၀)နာရီခန့်အချိန်တွင် မကွေးမြို့ပေါ်ရှိ သိင်္ဂါရပ်ကွက် မဲရုံအမှတ်(၂) (၃) အမက(၃)မှာ မဲစာရင်းမသမာမှု များကြားသိရ၍ လိုက်လံသတင်းယူပါသည်။ ယင်းမဲရုံတွင် မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမြင့်သိန်း(NLD) နှင့် သိင်္ဂါရပ်ကွက် မဲရုံအမှတ်(၂)(၃) မှ တာဝန်ရှိသူကော်မရှင်များ မဲရုံမှူးများနှင့် မေးမြန်းဆွေးနွေးနေကြောင်း သိရပါ၏။ ယင်းကိစ္စအား NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း အား သတင်းစုံစမ်းမြေးမြန်းခဲ့သည်။ ဤ သို့ ဦးမြင့်သိန်းမှ မြန်မာပို့စ် သတင်းဂျာနယ်သို့ ပြောဆိုပါသည်။
`ဒီမဲရုံမှာ ကလေးမလေးတစ်ယောက် စန်းစန်းဌေးဆိုသူက မဲလာထည့်တယ်။ မဲစာရင်းထဲမှာပါတယ်။ မဲစာရင်းနံပါတ်(၃၂၀၀) အဖေနာမည် ဦးစံငြိမ်း၊ အမေနာမည် ဒေါ်မြကြည်၊ မှတ်ပုံတင်မပါဘဲ မဲထည့်သွားတယ်လို့သိရတယ်။ နောက်တစ်ယောက်က စန်းစန်းထွေး ဆိုတာလာတယ်။ သူကမဲစာရင်းထဲမှာ မပါဘူး၊ အဖေ အမေနာမည်က အတူတူဖြစ်နေတယ်။ မှတ်ပုံတင်နံပါတ်တော့ မတူဘူး ဖြစ်နေတယ်။ ကော်မရှင်မှာတော့ ရှင်းနေတယ်ပြောပါတယ်။ မဲစာရင်းကျန်တဲ့ကိစ္စပြောရရင် နှစ်ပိုင်းပြောရပါ့မယ်။ မဲစာရင်းက ဖေဖော်ဝါရီ(၂၉)မှာ ကော်မရှင်ကချပေးတယ်။ ဒါပေမယ့် ရပ်ကွက်၊ ကျေးရွားတွေမှာ မတ်လ(၃)(၄)ရက်မှ ကြော်ငြာကပ်တယ်။ တစ်ချို့ကော်မရှင်တွေကတော့ မရိုးဖြောင့်တာလား ဘာလား မသိပါဘူး။ အဲဒါတွေကို ကပ်မထားကြဘူး။ ´ ဟု ဦးမြင့်သိန်းမှ ပြောကြားနေစဉ် မဲမထည့်ရသော စန်းစန်းထွေး ဆိုသူ ကလေးမလေးရောက်လာပါတယ်။ သူကို မှတ်ပုံတင် အိမ်ထောင်စု စာရင်းများတောင်း၍ ဦးမြင့်သိန်းမှ မေးမြန်းကြည့်ရှုပါသည်။ မစန်းစန်းထွေး ဆိုသူ ကလေးမလေးက ဤ သို့ပြောပါ၏။
`သမီးနာမည်က စန်းစန်းထွေးပါ။ ယခု သမီးမဲထည့်ခဲ့ရပါပြီ။ သပြေလမ်းက မဲရုံအမှတ်(၁) သိင်္ဂါ ဒေသန္တရဆေးခန်းထဲမှ မဲရုံမှာ ထည့်ခဲ့ရပါတယ်။ အဲဒီမဲရုံမှာ သမီးနာမည်တော့မပါ ပါဘူး။ အခြား မဲစာရင်းတစ်ခုကို ဖျက်ပြီး အစားထိုးထည့်ခဲ့ရပါတယ်။´ ဟု မစန်းစန်းထွေး ဆိုသူမှ ပြောပါသည်။ သူမက ဆက်၍ ယခု ကျမ အမေ ဒေါ်မြကြည်လဲ မဲစာရင်းထဲမှာ မပါဘူးဖြစ်နေပါတယ်´ ။ဟု ထပ်မံပြောဆိုပြီး မိခင်ဒေါ်မြကြည်ကိုလည်း ခေါ်လာပါသည်။ ဒေါ်မြကြည် နာမည်ဒီမဲရုံမှာ အမည်ကြောင်း။ သူ့ အမေအစား တစ်ဦးက မဲထည့်သွားပြီးကြောင်း မစန်းစန်းထွေးက လာရောက်ပြောဆို နေတာကို ကြားသိခဲ့ရပြန်ပါ၏။ ထိုစဉ် ဦးမြင့်သိန်း အခြားတစ်ဘက်သို့ ဖုန်းဆက်ပြီးပြောဆိုနေပါသည်။ သူ၏ ပြောဆိုကြားချက်များတွင် လည်း မဲစာရင်း မသမာမှုများကို ဤ သို့ ကြားသိခဲ့ရပါသည်။
`ဟုတ်တယ် မဲစာရင်တွေမှားနေတဲ့ကိစ္စ နဲ့ ကျန်နေတဲ့ကိစ္စတွေများနေပါတယ်။ တစ်ချို့ မဲစာရင်းတွေကို မြင်သာတဲ့နေ ရာ တွေမှာ မချိတ်ထားဘူး။ တစ်ချို့ကျတော့လည်း အမက ကျောင်းတွေထဲ ဓမ္မာရုံတွေထဲမှာ ချိတ်ထားပြီး သော့ခတ်ထားကြတယ်။ မဲဆန္ဒရှင်တွေက သူ့မဲစာရင်း ပါ မပါ လွတ်လွတ်လပ်လပ်ကြည့်ပိုင်ခွင့် မရှိဘူး။ အဲလိုဖြစ်နေတော့ ရွေးကောက်ပွဲနီးလို့ မဲစာရင်းကြည့်တော့(၂၉)ရက်နေ့မှ ကြည့်လို့ရတယ်။ အဲဒီကျမှ မပါတာတွေကို သိရတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာကို တော်တော်များများရှိနေပါတယ်။ မြို့ပေါ်ရပ်ကွက်တွေရော ရွာတွေမှာပါ မဲစာရင်းကျန်တာတွေ ပေါင်းလိုက်ရင် (၇၀၀၀)ကျော်ကျော်ရှိပါ့မယ်။ ကတောင်မကလောက်ပါဘူး။ ဥပမာ စမ်းမကြီးရွာဆိုရင် (၁၇၅)ယောက်။ ညောင်ကန်တိုက်နယ်က ရွာသစ်ကြီးမှာ တစ်ရာကျော်ကျန်ခဲ့တယ်။ သရက်လေးပင်ရွာကလည်း တော်တော်ကျန်နေတယ် လို့ပြောပါတယ်။ ယခုလည်း ညောင်ကန်မှာ ပြဿနာဖြစ်နေလို့ ကျွန်တော့်တို့ကို လာခဲ့ဖို့ခေါ်နေပြန်တယ်။ မြို့ပေါ်က အောင်စေတနာရပ်ကွက်တွေ၊ အောင်မေတ္တာရပ်ကွက် တွေ ၊ အောင်ရတနာရပ်ကွက် တွေ အားလုံးပေါင်းလိုက်ရင် နှစ်ထောင်ကျော်လောက်ကျန်ပါ့မယ်။ ကော်မရှင်ကို သွားပြောတော့လည်း သတ်မှတ်ထား တဲ့ရက် ကျော်သွားလို့ ထည့်မပေးဘူးပြောပါတယ်။ ယနေ့အခြေနေအရ ရမယ်ထင်လို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တွေကို ကိုင်ပြီးသွားကြတော့လည်း ရက်လွန်သွားလို့ မထည့်ရတော့ဘူးလို့ ပြောလွှတ် ပါတယ်။ ´ ဟု ဦးမြင့်သိန်းမှ ပြောဆို၍ သတင်းရယူခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်( မော်နီတာဂျာနယ်)မှာ ဖော်ပြထားသည်။
 

0 comments: