`မကွေးမြို့နယ် ကြားဖြတ်ရွေးချယ်ပွဲ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း အတည်ပြု´


`မကွေးမြို့နယ် ကြားဖြတ်ရွေးချယ်ပွဲ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း အတည်ပြု´
ဧပြီ(၂)ရက်။
မကွေးမြို့နယ်တွင်း ရပ်ကွက်(၁၅)၊ ကျေးရွာအုပ်စု(၆၁)၊ ကျေးရွာပေါင်း(၂၁၆)။ မဲရုံပေါင်း(၂၆၅) မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူ (၁၇၉၃၅၈)ဦးအနက် (၁၃၉၈၇၂)ဦးတို့ ဆန္ဒမဲပေးကြသည်။ ယင်း ဆန္ဒမဲများအနက် ခိုင်လုံသော ဆန္ဒမဲ(၁၃၂၀၉၈) များရေတွက်ရရှိခဲ့သည်။ ထို့ကြောင့် (၁) ဦးမြင့်သိန်း (NLD)ပါတီမှ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲအများဆုံး(၉၅၈၈၅)မဲ ဖြင့် အတည်ပြုရွေးချယ်ခံရသည်။ (၂) ဦးအောင်သိန်းကျော် (ကြံ့ခိုင်ရေးပါတီ) မှ ဆန္ဒမဲ(၂၉၈၁၅)မဲရသည်။ (၃) ဦးလှမြင့် (တ.စ.ည)ပါတီမှ ဆန္ဒမဲ(၃၈၂၇)မဲရသည်။ (၄) ဦးခင်မောင်ကြည်(ခ) ဦးကျော်စိန်ဟန်(NDF)ပါတီမှ ဆန္ဒမဲ(၂၅၇၀)မဲရသည်။ ဤ သတင်းအတည်ပြုချက်အား မကွေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ၊ စာအမှတ် (၂၀/၂၀၁၂)၊ ၁၃၇၃ ခု၊ တန်ခူးလဆန်း(၁၁)ရက်၊ (၂၀၁၂ ခု၊ ဧပြီလ(၂)ရက်) နေ့စွဲဖြင့်ထုတ်ပြန် အတည်ပြု၍ သတင်းရယူခဲ့သည်။
 

0 comments: