`တောင်သူလယ်သမားများအား ၂၀၁၂ မိုးသီးနှံစုံစိုက်ပျိုးစရိတ် ချေးငွေများနှင့် ၁၉၉၃/၉၄ မှစတင်၍ စုဆောင်းငွေများကို ပြန်လည်ထုတ်ပေး´
`မကွေးခရိုင်အားကစားကွင်းမှ Old Star မြန်မာ့လက်ရွေးစင်ဟောင်းဘောလုံးအသင်းနှင့် Actor Star အနုပညာရှင် မင်းသား အဆိုတော်များအသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲ´
`မကွေးမြို့တွင်(၂)သိန်း၊ (၂)သိန်းခွဲတန် GSM, WCDMA ,ဖုန်းများ အရောင်းပါး၍ အင်တာနက်လိုင်းလျှောက်သူများ ဟုသိရ´
`ပခုက္ကူမြို့မှာ မိုးယံထီ ကိုယ်စားလှယ်တော်ကြီးများနေ့ (တတိယအကြိမ်)
`ပခုက္ကူမြို့မှာ မိုးယံထီ ကိုယ်စားလှယ်တော်ကြီးများနေ့ (တတိယအကြိမ်)
ကြိုးစား၍ရောင်းအား ကောင်းသော ကိုယ်စားလှယ်များကို နိုင်ငံခြားခရီးစဉ်သို့ ပို့ဆောင်ပေးဟု သိရ´
ဇွန်လ(၂၃)ရက်နေ့ ညနေ(၅)နာရီတွင် ပခုက္ကူမြို့ အမှတ်(၈)ရပ်ကွက်၊ လွပ်လပ်ရေးလမ်း၊ အမျိုးသားခမ်းမကြီးမှာ မိုယံရွှေလမင်းနှင့် မြတ်ဆုကုဋေ (ပင်ရင်းထီဖြန့်ချိရေးမှ) ၂၀၁၂ ခုနှစ်(တတိယအကြိမ်) မိုယံထီကိုယ်စားလှယ်တော်ကြီးများ နေ့အဖြစ် ကျင်းပကြောင်းသတင်းရရှိပါသည်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ပခုက္ကူမြို့မှ ထီကိုယ်စားလှယ်တော်ကြီးများ စုစုပေါင်း(၅၀၀)ကျော်ခန့်တက်ရောက်ကြောင်း သိရ၏။ထိုပွဲမှာ အဆိုတော်၊ ရုပ်ရှင်၊ ဗွီဒီယို မင်းသား ရာဇာနေ၀င်း၊ မင်သမီး နန်းဆုရတီစိုး တို့နှင့် မော်ဒယ်များမှ တက်ရောက်၍ ဆုများအသီးသီးချီးမြှင့်ခြင်း၊ အခန်းအနားအမှူးအဖြစ် နန်းဆုရတီစိုးမှ ဆောင်ရွက်ပေးကြောင်း မြင်တွေ့ရသည်။ ဤကိုယ်စားလှယ်တော်ကြီးများနေ့ကို မိုးယံထီဆိုင် ပိုင်ရှင် ဦးမျိုးညွန့် ဒေါ်တင်တင်မြင့် တို့မှ အခြားပွဲများနှင့်မတူ ပခုက္ကူမြို့ တွင် တမူထူးခြား၍ ခြိမ့်ခြိမ့်သဲ ကျင်းပဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုပွဲတွင် မိုးယံထီဖြန့်ချိရေး MD ၏ ပြောကြားချက်များမှ ကောက်နုတ်ဖော်ပြပါသည်။
`ကျမတို့က မိုယံကိုယ်စားလှယ်တော်ကြီးများနေ့ကို ယခု ပခုက္ကူပွဲရောဆိုရင် သုံးနှစ်ဆက်တိုက် သုံးကြိမ်းရှိပါပြီ..။ ယခု ပခုက္ကူမြို့မှာ လာရောက်လုပ်ရတာကတော့ မြန်မာတစ်ပြည်လုံးမှာ ယခု ၂၀၁၂ ခုနှစ်အတွင်း ဒီပခုက္ကူမြို့ ရှိ ပြည်သူလူထုတွေက မိုယံရွေလမင်းထီဆိုင်တွေကို အားပေးကြလွန်းလို့ ကျမတို့ မိုယံထီဆိုင်တွေအားလုံးရောင်းအား ကောင်းလာကြပါတယ်။ ဒါကြောင့် အများပြည်သူတွေကို ပေါက်အားလည်းကောင်းအောင် ရောင်းအားလည်း အကောင်း ဆုံးအဖြစ်နဲ့ အမြင့်ဆုံးစံချိန်တင်သွားအောင် အထူးကျိုးစားပြီး ရောင်းပေးနိုင်တဲ့ ပခုက္ကူမြို့က မိုယံထီ ကိုယ်စားလှယ်တော်များနဲ့ အထက်မြန်မာပြည်က ကိုယ်စားလှယ်တော်ကြီးများကိုပါ အထူးလာရောက်ဂုဏ်ပြူပေးတဲ့ ပွဲကြီးဖြစ်ပါတယ်။ ဂုဏ်ပြုဆုငွေ၊ လက်ဆောင်များအပြင် နှစ်စဉ်အထူးအစီအစဉ် အဖြစ် ဗုဒ္ဓဂါယာ ဘုရားဖူး၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ စင်ကာပူ-မလေးရှား နိုင်ငံခြားခရီးစဉ်များကိုလည်း စားရိမ်ငြိမ်း ပို့ဆောင် ပေးခဲ့ပါတယ်။ ယခုနှစ် ယခုပွဲမှာလည်း ကိုယ်စားလှယ်တော် (၄)ဦးကို စင်ကာပူ-မလေးရှားနိုင်ငံသို့ နိုင်ငံခြားခရီစဉ်ပို့ဆောင်ပေးရန် ရွေးချယ်လိုက် ပါတယ်။ ယခု ရွေးချယ်ပေးထားတဲ့ မိုးယံထီကိုယ်စားလှယ်တော်ကြီးများကတော့ ဦးဝင်းမင်း (နေပြည်တော်ပင်ရင်း)၊ ဦးကျော်ဌေး(မုံရွာပင်ရင်း)၊ ဦးသန့်ဇင်ဝင်း(မကွေးပင်ရင်း)၊ ဦးဌေးလှိုင်(ပခုက္ကူပင်ရင်း) တို့ လေးဦးဖြစ် ပါတယ်ရှင်..´ ဟု မိုးယံထီဆိုင် MD မှ မြန်မာပို့စ် သို့ ပြောဆိုပါသည်။
ဝိုင်းကြည်အောင်
`တရုပ်ဖြစ် (MILK သီးစုံ နို့မှုန့် ချိုချဉ်)အား ကလေးများ စားသုံးရန် သင့် မသင့် စစ်ဆေးကြည့်စေလို´
` ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်ကြီး အချို့မှာ အများပြည်သူများကို အနည်းငယ်သာ အရောင်းပြ၍ စက်သုံးဆီမျုားကို ပြင်ပဈေးကွက်သို့ ထုတ်ရောင်းနေဟုဆို´
`မကွေးမြို့မှာ ဇွန်(၁၆)ရက်နေ့ ညနေပိုင်းတွင် မိုးကြီးသည်းထန်စွာရွာသွန်း၍ ကလေးငယ် တစ်ဦးသေဆုံးဟု သိရ´
` မကွေးမြို့ ၏ ဇွန်(၁၆)ရက်နေ့ ညနေ မိုးရွာစဉ် မြင်ကွင်းမှန် ကလေးတစ်ဦးချောင်းရေထဲပါသွား၊ ရှာမတွေ့သေးဟု ဆို´
` (မကွေးတွင် ရေလျှံမှုကြောင့် သဘာဝဘေးနှင့် ကျန်းမာရေးအတွက် ဒေသခံများစိုးရိမ်) သတင်းအား ပြန်လည်ရှင်းလင်းချက်´
The Myanmar Post | အတွဲ(၄)၊ အမှတ်(၂၂ )
- အမည် : The Myanmar Post | အတွဲ(၄)၊ အမှတ်(၂၂ )
- Download ရယူရန်။ အတွဲ(၄)| အမှတ်(၂၂ )
- ဖိုင်အမျိုးအစား : .pdf
- ဖိုင်ဆိုဒ့် : 9.9 MB
- ရက်စွဲ : 13.6.2012
` မကွေးမြို့နယ်၊ မင်းဘူး(စကု)မြို့နယ် နှင့် ချောက်မြို့နယ်တွင် စာရေးဆရာအသင်းများ ဖွဲ့စည်းပြီး´
`မကွေးမြို့တွင် (၂၇၈)ကြိမ် အောင်ဘာလေထီပေါက်စဉ်မှ ပေါက်မဲ (၁၀)သိန်းဆု လက်မှတ်အတုများဖြင့် လာရောက် ရောင်းချသူများကို တရားစွဲဆိုထား´
The Myanmar Post | အတွဲ(၄)၊ အမှတ်(၂၁ )
- အမည် : The Myanmar Post | အတွဲ(၄)၊ အမှတ်(၂၁ )
- Download ရယူရန်။ အတွဲ(၄)| အမှတ်(၂၁ )
- ဖိုင်အမျိုးအစား : .pdf
- ဖိုင်ဆိုဒ့် : 10.1 MB
- ရက်စွဲ : 6.6.2012
`ယနေ့မြန်မာပြည်တွင်းမှာ အများပြည်သူများ စိတ်ဝင်တစ်စား ကြည့်ရှုပြောဆိုနေသော သတင်း(၃)ပုဒ်´
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခပြဿနာများ၏ နောက်ကွယ်တွင် လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဦးဆောင်သူများရှိ မရှိ ဖော်ထုတ်နိုင်ရန်အတွက်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု လုံခြုံစိတ်ချ၍ အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ရေးအတွက် (သတင်းမှန်များပေါ်ထွက်ရေး)ကို နိုင်ငံတော်အစိုးရအဖွဲ့၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း သတင်းထုတ်ပြန်ချက်၊ ထိုသတင်းကို အထူးစိတ်ဝင်စားစွာဖြင့် မျှော်လင့်စောင့်စားနေ ကြကြောင်းသိရ၏။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးနုတ်ထွက်ခြင်း မိမိဆန္ဒဖြင့် နုတ်ထွက်ခြင်းသတင်း။ ထို့အပြင် စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး မိမိဆန္ဒအရနုတ်ထွက်ခြင်း နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး မိမိဆန္ဒအရနုတ်ထွက်ခြင်း သတင်းထုတ်ပြန်ချက်၊ ယင်းသတင်းကိုလည်း ဒီမိုကရေစီနိုင်ငံပီသစွာဖြင့် ပြည်သူလူထုမှ ပေးအပ်ထားသောတာဝန်များကို ကိုယ်မလုပ်နိုင်၍ ဆက်လက်ပြီးတာဝန်များအား မထမ်းဆောင်ရွက်နိုင်လျှင် ယခုလို မိမိဆန္ဒအရနုတ်ထွက်သွားခြင်းအား အများပြည်သူများမှ စိတ်ဝင်တစ်စားရှိပြီး ဤကိစ္စများအား ဖတ်ကြားပြောဆိုနေကြကြောင်း သတင်းရရှိ၍ ထပ်မံ သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။
(၁) ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၁၂ ဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခပြဿနာများကို စစ်ဆေးနိုင်ရန် စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်း။
(၂) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၃/၂၀၁၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး နှတ်ထွက်ခွင့်ပြုခြင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသာဦး
(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၄/၂၀၁၂ ဖြင့် ဒုတိယ၀န်ကြီးများ နုတ်ထွက်ခွင့်ပြုခြင်း။
(၁)- ဦးတင့်လွင် စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
(၂)- ဦးစိုးအောင် စွမ်းအင်ဝန်ကြီးဌာန
www.president-office.gov.mm/ နိုင်ငံတော်သမ္မတ ၀က်ဆိုဒ် မှ ကိုးကားဖော်ပြထားသည်။
ဝိုင်းကြည်အောင်SHADE Journal | အတွဲ(၆)၊ အမှတ်(၂၀ )
- အမည် : SHADE Journal | အတွဲ(၆)၊ အမှတ်(၂၀ )
- ဖတ်ရန် : နိပ်ပါ
- Download ရယူရန်။ အတွဲ(၆)| အမှတ်(၂၀ )
- ဖိုင်အမျိုးအစား : .pdf
- ဖိုင်ဆိုဒ့် : 6.0 MB
- ရက်စွဲ : 6.6.2011
`၂၀၁၂ ခု၊ ဇွန်(၅)ရက်နေ့မှ အောက်တိုဘာ(၄)ရက်နေ့အထိ (၄)လအတွင်း ဆိုင်ကယ်လိုင်စင်များ ပြုလုပ်မည်ဆိုလျှင်´
မကွေးတိုင်းဒေသကြီး မကွေးမြို့ (က.ည.န)တိုင်းဒေကြီးရုံးတွင် ဇွန်(၅)ရက်နေ့မှစ၍ လိုင်စင်မရှိသော မော်တော် ဆိုင်ကယ်များအား တရားဝင်လိုင်စင်များ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။ ယင်းစီမံချက်ကို မကွေးတိုင်းဒေသကြီး အတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနရုံးတည်ရှိရာ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနရုံးများတွင် ပြုလုပ်ပေးမည်ဟုသိရသည်။ အများပြည်သူများ လိုင်စင်ပြုလုပ် ရာတွင် လွယ်ကူစေရန်အတွက် အလှမ်းးကွာဝေးသော ဂန့်ဂေါခရိုင်သို့ ပခုက္ကူစီမံချက်အဖွဲ့မှ ၀န်ထမ်းများခွဲဝေ၍ ရက်သတ်မှတ်ပေးပြီး သွားရောက်ဆောင်ရွက်ပေးမည်ဟု သိရ၏။ ၎င်း ရုံးများမှာ ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄း၃၀)ထိဆောင်ရွက်ပေးမည်။ သို့သော် မြန်မာ့စီးပွားရေးဘဏ်၏ ငွေလက်ခံချိန်အား ညနေ(၃)နာရီအချိန်ထိသာ (တစ်ရက်တာ) စာရင်းဖြတ်၍ လုပ်ဆောင်ပေးမည်ဟု သိရသည်။
ထိုစီမံချက်အား( One Stop Servics) ဖြင့် ဖွဲ့စည်းဆောင်ရွက်ပေးမည်ဆို၏။ ယင်းအဖွဲ့တွင် မြို့နယ်အခွန်ဦးစီးဌာနမှူး မှ အဖွဲ့ခေါင်းဆောင်၍ အဖွဲ့ဝင်များမှာ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန၊ မြန်မာ့ စီးပွားရေးဘဏ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန တို့မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ပြုလုပ်ဆောင်ရွက်ပေး ကြောင်းသိရ၏။ ဆိုင်ကယ်လိုင်စင်ပြုလုပ်လိုသူများသည် မှတ်ပုံတင်/နိုင်ငံသားကဒ်၊ အိမ်ထောင်စုစာရင်းမူရင်းများယူ လာရမည်။ လိုအပ်သော လျှောက်လွှာပုံစံများဖြည့်စွက်လက်မှတ်ထိုးပြီး ဆိုင်ကယ်များအား ယာဉ်စစ်ဌာနတွင် စစ်ဆေးမှတ်ပုံတင်ရမည်။ ထို့နောက် အကောက်ခွန်ဌာန ၊ ပြည်တွင်းအခွန်ဌာန၊ ပရီမီယံ(အာမခံကြေး)ဌာနများမှ ချလံများယူပြီး ဘဏ်(ငွေခန်း) တွင်ငွေများ ပေးသွင်းရပါမည်။ ယင်းကိစ္စများပြီးလျှင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ရုံးမှ ဆိုင်ကယ်မှတ်ပုံတင် လိုင်စင်များထုတ်ပေးပြီး နံပါတ်ပြားတပ်ဆင်ပေး၍ အဆင့်ဆင့် ဆောင်ရွက်ရကြောင်း မြင်တွေ့ရပါသည်။ မော်တော်ဆိုင်ကယ်တန်ဖိုးများကို ထုန်လုပ်သောခုနှစ်အလိုက်၊ အင်ဂျင်ပါဝါအလိုက် သတ်မှတ်၍ တန်ဖိုးဖြတ်ပေးသည်။ ယင်း သတ်မှတ်ပေးထားသော မော်တော်ဆိုင်ကယ်တစ်စီး၏ တန်ဖိုးများမှ အကောက်ခွန်(၅%)၊ ကုန်သွယ်လုပ်ငန်းခွန်(၅%)၊ အာမခံ ပရီမီယံကြေး (၂၅၅၀)ကျပ်၊ ယာဉ်မှတ်ပုံတင်ကြေး(က.ည.န) (၂၂၀၀၀)ကျပ်၊ မြန်မာ့စီးပွားရေးဘဏ် (၅၀၀)ကျပ် ပေးဆောင်ရကြောင်းသိရသည်။ (ဆိုင်ကယ်တန်ဖိုးသတ်မှတ်ခြင်းနှင့် ပေးဆောင်ရမည့် ငွေများကို ဗီနိုင်းများဖြင့် ကပ်၍ ဖော်ပြထားသည်။)
တရုပ်ဆိုင်ကယ်များ ၁၉၉၈ -၂၀၀၀ ထုတ်၊ အင်ဂျင်ပါဝါ (၁၁၀) စီစီအောက်အုပ်စု ဆိုလျှင် တန်ဘိုးငွေ(၁၀၀၀၀၀)တစ်သိန်းကျပ်သတ်မှတ်၍ စုစုပေါင်း(၃၄၈၀၀)ကျပ်ပေးဆောင်ရမည်။ အင်ဂျင်ပါဝါ (၁၂၅) စီစီ အထက်အုပ်စုဆိုလျှင် တန်ဘိုးငွေ(၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း သတ်မှတ်၍ စုစုပေါင်း(၃၆၈၅၀)ကျပ်ပေးဆောင်ရမည်။ ၂၀၀၀- ၂၀၀၅ ထုတ်၊ အင်ဂျင်ပါဝါ (၁၁၀)စီစီအောက်အုပ်စုဆိုလျှင် တန်ဘိုးငွေ(၁၄၇၀၀၀) တစ်သိန်းလေးသောင်းခုနှစ် ထောင် သတ်မှတ်၍ စုစုပေါင်း(၃၉၆၁၈) ကျပ်ပေးဆောင်ရမည်။ အင်ဂျင်ပါဝါ(၁၂၅)စီစီအထက်အုပ်စု ဆိုလျှင် တန်ဘိုးငွေ( ၁၆၇၀၀၀) တစ်သိန်းခြောက်သောင်းခုနှစ်ထောင် သတ်မှတ်၍ (၄၁၆၆၈)ကျပ်ပေးဆောင်ရမည်။ ၂၀၀၅-၂၀၁၀ ထုတ်၊ အင်ဂျင်(၁၁၀)စီစီအောက်ဆိုလျှင် တန်ဘိုးငွေ(၂၄၅၀၀၀) နှစ်သိန်းလေးသောင်းငါးထောင်ကျပ် သတ်မှတ်၍ (၄၉၆၆၃)ကျပ်ဆောင်ရမည်။ အင်ဂျင်(၁၂၅)စီစီအထက်ဆိုလျှင် တန်ဘိုးငွေ(၂၈၈၀၀၀) နှစ်သိန်းရှစ်သောင်းရှစ်ထောင် သတ်မှတ်၍ (၅၄၀၇၀)ကျပ်ပေးဆောင်ရမည်။ ၂၀၁၀ နှင့်အထက်ထုတ်၊ အင်ဂျင်(၁၁၀)စီစီအောက်စု ဆိုလျှင် တန်ဘိုး(၃၀၇၀၀၀)သုံးသိန်းခုနှစ်ထောင်ကျပ် သတ်မှတ်၍ (၅၆၀၁၈)ကျပ်ပေးဆောင်ရမည်။ အင်ဂျင်(၁၂၅)စီစီအထက် ဆိုလျှင် တန်ဘိုးငွေ(၃၄၄၀၀၀) သုံးသိန်းလေးသောင်းလေးထောင်ကျပ်သတ်မှတ်၍ (၅၉၈၁၀) ကျပ်ပေးဆောင်ရမည်။
ထိုင်း ဆိုင်ကယ်များမှာ ၁၉၉၈-၂၀၀၀ ထုတ်၊ အင်ဂျင်(၁၁၀)စီစီအောက်၊ တန်ဘိုး(၃၈၀၀၀၀)သုံးသိန်းရှစ်သောင်း သတ်မှတ်၍ (၆၃၅၀၀)ကျပ်ပေးဆောင်ရမည်။ (၁၂၅)စီစီအထက်၊ တန်ဘိုး(၅၁၇၀၀၀) ငါးသိန်းတစ်သောင်း ခုနှစ်ထောင်ကျပ်သတ်မှတ်၍ (၇၇၅၄၃)ကျပ် ပေးဆောင်ရမည်။ ၂၀၀၀-၂၀၀၅ ထုတ်၊ အင်ဂျင်(၁၁၀)စီစီအောက်၊ တန်ဘိုး(၄၆၇၀၀၀)လေးသိန်းခြောက်သောင်းခုနှစ်ထောင်ကျပ် သတ်မှတ်၍ (၇၂၄၁၈)ပေးဆောင်ရမည်။ အင်ဂျင်(၁၂၅)စီစီ အထက်၊ တန်ဘိုး(၆၁၀၀၀၀) ခြောက်သိန်းတစ်သောင်း ကျပ်သတ်မှတ်၍ (၈၇၀၇၅)ကျပ်ပေးဆောင်ရမည်။ ၂၀၀၅-၂၀၁၀ ထုတ်၊ အင်ဂျင်(၁၁၀)စီစီ အောက်၊ တန်ဘိုးငွေ(၆၃၀၀၀၀)ခြောက်သိန်းသုံးသောင်းကျပ်သတ်မှတ်၍ (၈၉၁၂၅) ကျပ်ပေးဆောင်ရမည်။ အင်ဂျင်(၁၂၅)စီစီ အထက်၊ တန်ဘိုးငွေ(၉၆၀၀၀၀)ကိုးသိန်းခြောက်သောင်းကျပ် သတ်မှတ်၍ (၁၂၂၉၅၀)ကျပ်ပေးရမည်။ ၂၀၁၀ နှင့်အထက်ထုတ်၊ အင်ဂျင်(၁၁၀)စီစီအောက်၊ တန်ဘိုးငွေ(၈၇၅၀၀၀) ရှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ် သတ်မှတ်၍ (၁၁၄၂၃၈)ကျပ်ပေးဆောင်ရမည်။ အင်ဂျင်(၁၂၅)စီစီအထက်၊ တန်ဘိုးငွေ (၁၂၃၀၀၀၀) တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ် သတ်မှတ်၍ (၁၅၀၆၂၅)ကျပ် ပေးဆောင်ရမည်။
အန္တိယ ဆိုင်ကယ်များမှာ ၁၉၉၈-၂၀၀၀ ထုတ်၊ အင်ဂျင်(၁၁၀)စီစီအောက်၊ တန်ဘိုးငွေ(၈၀၀၀၀၀)ရှစ်သိန်းကျပ် သတ်မှတ်၍ (၁၀၆၆၅၀)ကျပ်ပေးဆောင်ရမည်။ အင်ဂျင်(၁၂၅)စီစီအထက်၊ တန်ဘိုးငွေ(၁၀၁၀၀၀၀)ဆယ်သိန်းတစ်သောင်း သတ်မှတ်၍ (၁၂၈၀၇၅)ကျပ်ပေးဆောင်ရမည်။ ၂၀၀၀-၂၀၀၅ ထုတ်၊ အင်ဂျင်(၁၁၀)စီစီအောက်၊ တန်ဘိုးငွေ(၁၀၀၀၀၀၀) ဆယ်သိန်းသတ်မှတ်၍ (၁၂၇၀၅၀)ကျပ်ပေးဆောင်ရမည်။ အင်ဂျင်(၁၂၅)စီစီအထက်၊ တန်ဘိုးငွေ(၁၀၈၀၀၀၀)ဆယ်သိန်း ရှစ်သောင်းကျပ်သတ်မှတ်၍ (၁၃၅၂၅၀)ကျပ်ပေးဆောင်ရမည်။ ၂၀၀၅-၂၀၁၀ ထုတ်၊ အင်ဂျင်(၁၁၀)စီစီအောက်၊ တန်ဘိုးငွေ(၁၁၀၀၀၀၀)တစ်ဆယ်တစ်သိန်းကျပ်သတ်မှတ်၍ (၁၃၇၃၀၀)ကျပ် ပေးဆောင်ရမည်။ အင်ဂျင်(၁၂၅)စီစီ အထက်၊ တန်ဘိုးငွေ(၁၁၅၀၀၀၀)တစ်ဆယ်တစ်သိန်းငါးသောင်းကျပ် သတ်မှတ်၍ (၁၄၂၄၂၅)ကျပ် ပေးဆောင်ရမည်။ ၂၀၁၀ နှင့်အထက်ထုတ်၊ အင်ဂျင်(၁၁၀)စီစီအောက်၊ တန်ဘိုးငွေ(၁၁၅၀၀၀၀)တစ်ဆယ်တစ်သိန်းငါးသောင်ကျပ် သတ်မှတ် ၍ (၁၄၂၄၂၅)ကျပ်ပေးဆောင်ရမည်။ အင်ဂျင်(၁၂၅)စီစီအထက်၊ တန်ဘိုးငွေ(၁၂၂၀၀၀၀)တစ်ဆယ်နှစ်သိန်းနှစ်သောင်းကျပ် သတ်မှတ်၍ (၁၄၉၆၀၀) ကျပ်ပေးဆောင်ရမည်။
ဂျပန် ဆိုင်ကယ်များမှာ ၁၉၉၈-၂၀၀၀ ထုတ်၊ အင်ဂျင်(၁၂၅)စီစီအထက်၊ တန်ဘိုး(၃၅၀၀၀၀၀)သုံးဆယ်ငါးသိန်းကျပ် သတ်မှတ်၍ (၃၈၃၃၀၀)ကျပ် ပေးဆောင်ရမည်။ ၂၀၀၀-၂၀၀၅ ထုတ်၊ အင်ဂျင်(၁၂၅)စီစီအထက်၊တန်ဘိုးငွေ(၄၅၀၀၀၀၀) လေးဆယ်ငါးသိန်းကျပ် သတ်မှတ်၍ (၄၈၅၈၀၀)ကျပ် ပေးဆောင်ရမည်။( မှတ်ချက်။ ။ ၂၀၁၂-၂၀၁၃ ထုတ် ဂျပန်ဆိုင်ကယ်များအား အခွန်ကောက်မည့်ဇယားဟုလည်း ဖော်ပြထားပါသည်။)
အထက်ပါအတိုင်း မော်တော်ဆိုင်ကယ်ပိုင်ရှင်များမှ အခွန်ဆိုင်ရာ စီစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက်ပုံစံများနှင့် ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ သတ်မှတ်အခကြေးငွေများပေးသွင်းပြီးကြောင်း တင်ပြလာပါက ယာဉ်မှတ်ပုံတင်ဆောင်ရွက် ပေးခြင်း၊ ထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီဌာနမှ ကိုယ်စားလှယ်က ဆက်လက်ဆောင်ရွက်ပေးရမည်ဟု သိရှိရသည်။ ဆိုင်ကယ်တစ်စီးချင်းအတွက် သတ်မှတ်ထားသည့် အခွန်အခကြေးငွေများ မှ အပ ၀န်ထမ်းသက်သာကြေးကောက်ခံခြင်း၊ ပုံစံဖိုးတောင်းခြင်း၊ မိတ္တူကူးခကောက်ခံခြင်း၊ စသည့် ငွေကြေးကောက်ခံခြင်း တစ်စုံတစ်ရာ လုံးဝ(လုံးဝ)မပြုလုပ်ရဟု..၊ မကွေးတိုင်းဒေသကြီး မကွေးတိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ဦးသိန်းဦး မှ မြန်မာပို့စ်သို့ပေး၍ ဖတ်ရသော စီမံချက်စာအုပ်မှ ကောက်နုတ် တင်ပြပါသည်။
ဝိုင်းကြည်အောင်`မကွေးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ဦးဦးဖျားဖျား ထူးခြားသောစေတနာ´
အရပ်သားအစိုးရအဖွဲ့အုပ်ချုပ်သောခေတ်တွင် မကွေးတိုင်းဒေသကြီးအစိုးရလက်ထက်မှာ စာရေးဆရာ၊ဆရာမ များအား ထူးခြားစွာဖြင့် သီးခြားစီစဉ်၍ ဂုဏ်ပြုသောပွဲကို ပထမအကြိမ်အဖြစ် သတင်းရရှိခဲ့ပါသည်။ ၂၀၁၂ ၊ ဇွန်လ(၃)ရက်နေ့ နံနက်(၈း၃၀)နာရီအချိန်တွင် မကွေးမြို့ ကန်သာရပ်ကွက်၊ အထက(၁)လမ်းရှိ မကွေးမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (သားဖွားခမ်း) အစည်းအဝေးခမ်းမမှာ အထူးပွဲအဖြစ် သီးခြားကျင်းပပေးကြောင်းသိရ သည်။ ထိုပွဲမှာ မေတ္တာစမ်းရေ မဂ္ဂဇင်း(အမှတ်၁၁ -၂၀၁၂ ခု၊ဧပြီလထုတ်)တွင် ပါဝင်ရေးသားခဲ့ကြသော စာရေးဆရာ၊ ကဗျာဆရာ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲဖြစ်ကြောင်း သတင်းရရှိပါသည်။ ယင်းပွဲတွင် မကွေးမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ချို နှင့်အဖွဲ့ဝင်အမျိုးသမီးများ(၁၀၀)ခန့် တက်ရောက်ဂုဏ်ပြုကြသည်။ ဂုဏ်ပြုခံရသော စာရေးဆရာများမှာ ဆရာ မောင်နန္ဒ(မြစ်ကြီးနား)မှ `မြင့်မြတ်မိခင် ဥာဏ်ကြီးရှင်များသို့´ ဆောင်းပါးဖြင့်၎င်း၊ စာရေးဆရာ သတင်းထောက် ရွှေလမ်းငွေလမ်းဝင်းကြည် မှ`အမေအရင်းပါ သားရယ်´ ၀ထ္ထုတိုဖြင့်၎င်း၊ ကဗျာဆရာ တက္ကသိုလ်ရည်ရွယ် မှ `မေတ္တာစမ်းရေ´ကဗျာဖြင့်၎င်း၊ ကဗျာဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ မှ `အဖြေမပြောင်း ပုစ္ဆာဟောင်း´ ကဗျာဖြင့်၎င်း အသီးသီး ရေးသားပါဝင်ကြောင်းသတင်းရရှိပါသည်။
ဝိုင်းကြည်အောင်
`မရှိဆင်းရဲသား ပျံကျဈေးသူ ဈေးသားများ၏ သားသမီးများကို မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပညာရေးဒါနပြု´
မြန်မာတစ်ပြည်လုံးမှာ လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးမည်
Subscribe to:
Comments (Atom)
