``၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများ အစိုးရနှင့် အဖွဲ့အစည်းပေါင်းစုံမှ မကွေးမြို့တွင် ကျင်းပ´´

ဖေဖော်ဝါရီ(၁၂)ရက်နေ့ နံနက်(၇)နာရီမှ(၇း၃၀)နာရီအချိန်တွင် မကွေးမြို့အောင်ချမ်းသာရပ်ကွက်၊ ပြည်တော်သာလမ်း နှင့် အဝေရာလမ်းထောင့်ရှိ မကွေးတိုင်းအားကစားကွင်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပကြောင်း၊ ၎င်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့ စစ်သည် များ၊ တိုင်း/ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ မြို့ပေါ်(၁၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား (၁၄၀၀) ဦးခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။ ၎င်းအခမ်းအနားတွင် တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့မှ နေရာယူခြင်း၊ ၀န်ကြီးချုပ်ရောက်ရှိနေရာယူခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့မှ သေနပ်မြှောက်အလေးပြုခြင်း၊ နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော နိုင်ငံခေါင်း ဆောင်ကြီးများနှင့်တပ်မတော်သားများအား အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့မှ သစ္စာလေးချက်အားရွတ် ဆိုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့စစ်ကြောင်းများမှ ၀န်ကြီးချုပ်အား အလေးပြု၍ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ထံမှ ပေးပို့သော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာအား ဖတ်ကြားကြောင်း သတင်းရရှိသည်။ အလားတူ ဖေဖော်ဝါရီ(၁၂)ရက် နံနက်(၅း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ ရွာသစ်/ပွဲကြိုရပ်ကွက်၊ (၁၅)လမ်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)ရုံး၌ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်ငါးပါးတို့အား အာရုံဆွမ်းကပ်၍ ဒါနပြခြင်း၊ နံနက်(၈း၃၀)နာရီအချိန်ခန့်တွင် အခမ်းအနား ကျင်းပကြောင်း ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ၍ တက်ရောက်သည့်အဖွဲ့အစည်းအသီးသီးမှ ပြည်ထောင်စုနေ့အား ဂုဏ်ပြုသော ဟောပြောပွဲကျင်းပကြောင်း၊ တက်ရောက်သူများမှာ လူမှုရေးအဖွဲ့အစည်းများ၊ တောင်သူလယ်သမား အလုပ်သမားအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂအဖွဲ့များ၊ဖိတ်ကြားထားသူများ စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။ အလားတူ ဖေဖော်ဝါရီ(၁၂)ရက် နံနက်(၈)နာရီမှ (၁၀း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ တောင်တွင်း ကြီးလမ်း ဒီပါမြေရွှေဘုန်းပွင့် မြို့ဦးစေတီ၌ မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ အင်အား(၆၀)ဦး တို့ဖြင့် ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဒီပါမြေရွှေဘုန်းပွင့် မြို့ဦးစေတီ၏ ဘုရားကုန်းတော် နှင့် ဘုရားရင်ပြင်တော်၌ သန့်ရှင်းရေး လုပ်အားဒါနကုသိုလ်ပြုကြကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အကြို ဂုဏ်ပြုသောအနေဖြင့် လုပ်အားဒါနပြုနေကြသော ပါတီအဖွဲ့ဝင်များအား မကွေးမြို့နယ်(NLD)ပါတီက ပဲပြုပ်နှင့် နံပြားဖြင့်ဧည့်ခံကျွေးမွေးကြောင်း သတင်းရရှိသည်။
READMORE
 

(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၂ မကွေးတိုင်းဒေသကြီး (၆၇)နှစ်မြောက်ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက် (၇)နာရီအချိန်က မကွေးမြို့ တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊မကွေးမြို့ပေါ်ရပ်ကွက်များမှ ပြည်သူ များတက်ရောက်ကြသည်။ အခမ်းအနားတွင် စစ်ရေးပြမှူး ဦးဆောင်သော ဂုဏ်ပြုတပ်ခွဲမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မထံမှ သ၀ဏ်လွှာ အား တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ဖတ်ကြာ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။ တင်ထွန်းဦး (IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
READMORE
 

`` ပါးရိုက်မည်ဆိုသော ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို နှုတ်ထွက်ပေးရန် အောင်လံမြို့တွင် ဆန္ဒပြ´´

ဖေဖော်ဝါရီ(၁၀)ရက် နံနက်(၉)နာရီမှ (၁၀း၃၀)နာရီအချိန်ခန့်တွင် အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ ကုသိနာရုံဘုရားရှေ့မှ လူအင်အား(၁၅၀)ခန့်ဖြင့် စတင်၍ (၈)လမ်းမှ အနောက်ဘက်ဈေးအလယ်ပေါက်သို့၊ ၎င်းမှ မြောက်ဘက်သို့ချိုးကွေ့၍ လမ်းမတော်လမ်းမှ (၇)လမ်းသို့၊ ၎င်းမှ အရှေ့သို့ချိုးကွေ့၍ တောင်ဘက်ပြည်လမ်းမ ပေါ်သို့၊ ၎င်းမှ(၁၅)လမ်းအနောက်ဘက်ရှိ ရွှေပြောင်ပြောင်ဘုရားသို့၊ ၎င်းရွှေပြောင်ပြောင်ဘုရားရှေ့မှ တောင်ဘက်လမ်းမတော်အတိုင်းဆက်လျှောက်ကာ (၁၉)လမ်းမှ အရှေ့သို့ချိုးကွေ့၍ ပြည်လမ်းမတောင်ဘက်ရှိ ကုသိနာရုံဘုရားရှေ့သို့ ပြန်လည် ချီတက်ရောက်ရှိကြောင်း ဆန္ဒပြသူတစ်ဦးက လမ်းကြောင်းအား ပြောပြသည်။ အဆိုပါဆန္ဒပြသောအဖွဲ့အား ဦးအေးမြင့်(NLD နာယယ)၊ ဦးအောင်ထူးမြင့်(NLD ဥက္ကဋ္ဌ)၊ ဦးမြတ်ကို(NLD တွဲ အတွင်းရေးမှူး) ၊ ဦးအေးကျာ်(NLDအတွင်းရေးမှူး) နှင့် ပါတီဝင်များက ဦးဆောင်၍ ဦးအေးကျော်၊ ဦးဝင်းမြင့်၊ ကိုသူရနိုင်၊ ကိုဟန်ဝင်းအောင်တို့ မှ ကြွေးကြော်သံများအား တိုင်ကြားပေးကြောင်း၊ (ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ချက်ချင်းထွက်)။ (ပုဆိုးလှန်ဝန်ကြီးဦးအုန်းမြင့် ချက်ချင်းထွက်)။ (ပါးရိုက်ဝန်ကြီးဦးအုန်းမြင့် ချက်ချင်းထွက်)။ (ကောင်းမွန်သောအစိုးရဖြစ်ရေး ဒို့အရေး)။ (ပုဒ်မ၁၈ ဖျက်သိမ်းပြစ်)။ (ဒီမိုကရေစီဖွံ့ဖြိုးရေး ဒို့အရေး)။ (ပါတီစုံဒီမိုကရေစီဆန့်ကျင့်သူ ဒို့ရန်သူ)။(နယ်တကာလှည့် ပါးရိုက်ရဲတဲ့ ဗိုလ်ချုပ်လူထွက် အလိုမရှိ)။ (ခါးကြားမှာ သေနပ်ထိုး အုပ်ချုပ်တဲ့ဝန်ကြီး အလိုမရှိ)။ ဆိုသောကြွေးကြော်သံများနှင့်အတူ နှစ်ပေပတ်လည်ရှိ ၎င်းစာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်၍ လူထုအင်အား(၁၅၀)ခန့်ဖြင့်(ဆန္ဒပြခွင့် စာတင်ထားသော်လည်း)ထူထု တစ်ထောင်ကျာ်ခန့် ဆန္ဒပြချီတက်ကြကြောင်း၊ ၎င်းဆန္ဒပြသူအဖွဲ့အား မြို့နယ်အထောက်အကူပြု ဥက္ကဋ္ဌ ဦးကံထွန်း နှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ဌေးမောင်နှင့်ရဲတပ်ဖွဲ့ဝင်များက ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သော်လည်း တားဆီး၍ မရခဲ့ကြောင်း ဆန္ဒပြသူ ဒေသခံတစ်ဦးမှ မြန်မာပို့ဂလိုဘယ်သို့ ပြောသည်။ အဆိုပါဆန္ဒပြပွဲပြုလုပ်ရန် သက်ဆိုင်ရာသို့ ကြိုတင်လျှောက်ထားခဲ့သော်လည်း ဖေဖော်ဝါရီ(၇)ရက်နေ့တွင် ခွင့်မပြုကြောင်းစာအား လျှေက်ထားသူ ဦးမြတ်ကို(NLD တွဲအတွင်းရေးမှူး)ထံသို့ ပေးပို့ထားကြောင်း၊ ထို့ကြောင့် ခွင့်ပြုချက်မရှိဘဲ ဦးဆောင်၍ စီတန်းလှည့်လည်ခဲ့သော ဦးမြတ်ကို(၃၁)နှစ်၊ နိုင်ငံသားအမှတ် ၈/အလန(နိုင်) ၁၂၉၉၆၈ (ဘ) ဦးအေးကြူ၊ သရက်တောရပ်ကွက်၊ (၂)လမ်း၊ အောင်လံမြို့နေထိုင်သူကို ဖေဖော်ဝါရီ(၁၀)ရက်၊ နေ့(၁၂)နာရီအချိန်ခန့်တွင် အောင်လံမြို့မရဲစခန်း၌ (ပ)၉/၂၀၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ(၁၈) ဖြင့် အမှုဖွင့်၍ အရေးယူထားကြောင်း၊ သို့သော် သူတို့က အာမခံကိစ္စ အတင်းယူခိုင်း၍ အာမခံပေးထားကြောင်း ဦးအေးမြင့်(NLD နာယက)ထံမှ သတင်း ရရှိသည်။ ဖေဖော်ဝါရီ(၁၁)ရက် နေ့(၁)နာရီအချိန်ခန့်တွင် အောင်လံမြို့မှ ဦးအေးမြင့်( ဒု ဥက္ကဋ္ဌ မကွေးတိုင်း NLD ပါတီ)ထံသို့ ဆန္ဒပြပွဲအား NLDပါတီက ဦးဆောင်ကြောင်း အများပြောဆိုချက်အားမေးမြန်းရာ.. ``ကျွန်တော်တို့က လုပ်စရာရှိတာကို လုပ်တာပါ၊ သူတို့ကလည်း သူတို့လုပ်စရာရှိတာ လုပ်နေကြတာဘဲဗျာ၊ NLD ပါတီအနေနဲ့၊ နိုင်ငံရေးပါတီတခုအနေနဲ့ လုပ်တာမဟုတ်ဘဲ ပြည်သူ့ဆန္ဒ လူထုဆန္ဒအရ အောင်လံမြို့သူ မြို့သားတွေရဲ့နိုင်ငံရေးနိုးကြားမှုတွေကို ကူညီပြီးပါဝင်ဆောင်ရွက် ပေးကြတာပါ၊ ဒါပေမယ့် သူတို့က NLDပါတီက ဦးဆောင်တယ်ပြောလည်း လုပ်တယ်ပေါ့ဗျာ၊ ဒါကတော့ သူတို့သဘော အတိုင်းပေါ့။ လူထုဆန္ဒ နဲ့အညီ ကျွန်တော် တို့ ဆက်လက်စရာရှိတာကိုလည်း ဆက်လုပ်သွားအုံးမှာပါ….။´´ ဟု ဦးအေးမြင့် က ပြောသည်။
READMORE
 

`` ၅၄ နယူးဒေး စက်သုံးဆီဆိုင် တောင်တွင်းကြီးမြို့လယ်မှ မြို့ပြင်သို့အမြန်ပြောင်းပေးရန် ပဉ္စမအကြိမ်မြောက် တစ်ကိုယ်တော်ဆန္ဒပြသူကို ပုဒ်မ(၁၈)ဖြင့်တရားစွဲ´´

ဖေဖော်ဝါရီ(၁၀)ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် မောင်းတိုင်(၂)ရပ်ကွက် ထူပါရုံလမ်းနေသူ ကိုဝေဖြိုးအောင်(၃၃)နှစ်သည် အလျားသုံးပေ၊ အနံသုံးပေရှိ အဖြူခံ၌ အစိမ်းရောင်စာလုံးဖြင့်ရေးသားထားသော မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့လယ်ရှိ အမှတ်-၅၄ နယူးဒေး (ပုဂ္ဂလိကပိုင်စက်သုံးဆီဆိုင်)မြို့ပြင် အမြန်ရွေ့ပေး ဆိုင်းဘုတ်ကိုကိုင်ဆောင်လျှက် တောင်ပြင်၂ရပ်ကွက်၊ မကွေးလမ်း၊ ပိုင်ပိုင်လက်ဘက်ရည်ဆိုင် ရှေ့မှ အနောက်ဘက်ပေ(၁၅၀)ခန့်အကွာရှိ အမှတ်-၅၄ နယူးဒေး (ပုဂ္ဂလိကပိုင်စက်သုံးဆီဆိုင်)ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြကြောင်း၊ နံနက်(၁၀း၁၀)အချိန်ခန့်တွင် တောင်တွင်းကြီးမြို့မရဲစခန်းမှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြ၍ (ပ)၂၄/၂၀၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင်ဆိုင်ရာ ပုဒ်မ(၁၈)ဖြင့်အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။ တစ်ကိုယ်တော်ဆန္ဒပြသူ ကိုဝေဖြိုးအောင် နှင့်အင်အား(၂၀၀)တို့က ဆိုင်းဘုတ်များကိုင်ဆောင်၍ အမှတ်-၅၄ နယူးဒေး (ပုဂ္ဂလိကပိုင်စက်သုံးဆီဆိုင်)မြို့ပြင် အမြန်ရွေ့ပေးရန်အတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒပြခွင်အား သက်ဆိုင်ရာသို့ ဖေဖော်ဝါရီ(၃)ရက်နေ့ကလျှောက်ထားခဲ့ကြောင်း၊ ဖေဖော်ဝါရီ(၇)ရက်နေ့တွင် သက်ဆိုင်ရာမှ ငြင်းပယ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တောင်တွင်းကြီးမြို့လယ်ရှိ အမှတ်-၅၄ နယူးဒေး (ပုဂ္ဂလိကပိုင်စက်သုံးဆီဆိုင်)မြို့ပြင် အမြန်ရွေ့ပေးရန် ဆန္ဒပြခြင်းများမှာ ဖေဖော်ဝါရီ(၁၀)ရက် ကိုဝေးဖြိုအောင် အထိ တောင်တွင်းကြီးမြို့၌ ငါးကြိမ် ငါးခါမြောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်းကဆန္ဒပြခြင်း(၂)ကြိမ်၊ ၂၀၁၄ ဇန်န၀ါရီလမှ ဖေဖော်ဝါရီလ(၁၀)ရက် အထိ တစ်ကိုယ်တော်ဆန္ဒပြသူများ ကိုပြေမိုး၊ ကိုကျော်ထွန်းဦး နှင့် ယခု ကိုဝေဖြိုးအောင်တို့ စုစုပေါင်း သုံးဦးအပါအ၀င် ဆန္ဒပြခြင်းများမှာ ပဉ္စမအကြိမ် အထိရှိပြီဖြစ်ကြောင်း၊ ဆန္ဒပြပွဲ(၅)ကြိမ်မှ ဆန္ဒပြသူများ အား ပုဒ်မ(၁၈)ဖြင့်အမှုဖွင့် အရေးယူခံကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၀ိုင်းအောင်
READMORE
 

``လှံတံအပစ်ခတ်ကောင်းသော ဖခင်တစ်ဦးကြောင့် ၎င်း၏(၆)နှစ်သား ရင်သွေးငယ်သေဆုံး´´

ဖေဖော်ဝါရီ(၉)ရက်၊ ညနေ(၅)နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ် ရွှေလှေအုပ်စု ရွာထောင်ကျေးရွာနေသူ သောင်းထွန်း(၂၉)နှစ်၏ လှံတံအားမဆင်မခြင်ပေါ့ဆစွာပစ်ခတ်မှုကြောင့် ၎င်း၏(၆)နှစ်သား ရင်သွေးငယ်သေဆုံး မှုကို ရွာထောင်ကျေးရွာ ဆယ်အိမ်မှူး ဦးအောင်ချမ်းမှ အရေးယူပေးရန် လယ်ကိုင်းမြို့ နယ်မြေရဲစခန်း သို့(ပ)၁၀/၂၀၁၄ ပြစ်မှုပုဒ်မ-၃၀၄(က) ဖြင့် အမှုဖွင့်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၈)ရက် ည(၈း၃၀)နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ် ရွှေလှေအုပ်စု ရွာထောင် ကျေးရွာနေ၊ သောင်းထွန်း(၂၉)နှစ်(ဘ) ဦးအောင်မင်း၊ ကျပန်းလုပ်ကိုင်သူသည် အရိုးငါးပေ၊ အသွားဆယ်လက်မ ခွဲခန့်ရှိ ၀ါးသဲရိုးတပ်ထားသော လှံတံအားကိုင်၍ တစ်ရွာတည်းနေ ကိုသန်းဇော်အိမ်သို့သွားရန် နေအိမ်မှထွက်လာ ကြောင်း၊ နေအိမ်ခြံဝအရောက်တွင် ရှေ့သို့ဆက်မသွားဘဲ အိမ်အရှေ့မှ (၁၈)ပေခန့်အကွာရှိ သူ၏ အိမ်ထရံ တွင်ကပ်ထားသော ရေအိုးကို လှံတံဖြင့်ပစ်ခတ်လိုက်ကြောင်း၊ ထိုစဉ် ရေအိုးကို ထိမှန်ခြင်းမရှိဘဲ အိမ်ထရံကို ဖောက်၍ အိမ်ထဲ၌ အိပ်ပျော်နေသော ၎င်း၏သားဖြစ်သူ (၆)နှစ်အရွယ်ရှိ မောင်မျိုးမင်းခိုင်၏ ၀ဲဘက်နောက်ကျော လက်ပြင်အောက်သို့ လှံတံစူးနစ်ဝင်ကာ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။ ၀ိုင်းအောင်
READMORE
 

``ပွင့်ဖြူမြို့နယ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်၍ မီးလောင်မှုဖြစ်ပွား´´

ဖေဖော်ဝါရီ(၉)ရက် နေ့(၁၂)နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ကံသာကြီးအုပ်စု၊ ဗောဓိကုန်းကျေးရွာ အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာ၌ မြန်မာ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်၍ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၉)ရက် နေ့(၁၂)နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ကံသာကြီးအုပ်စု၊ ဗောဓိကုန်း ကျေးရွာ အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာ၌ ဗောဓိကုန်းရွားသား ဦးမောင်မောင်လွင်(၄၂)၏ လယ်ကွက်ထဲရှိ ကမ်းနီ-လမ်းရွာသို့ပို့လွှတ်ပေးသော မြေအောက်ရှိ (၁၀)လက်မပိုက် မြန်မာ့သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေယိုစိမ့်မှုဖြစ်ကြောင်း၊ထိုစဉ် ၎င်းလယ်ကွက်အတွင်းရှိ စပါးရိုးပြတ်များမီးလောင်ရာမှ တဆင့် ဓာတ်ငွေ့ ယိုစိမ့်မှုနေရာသို့ကူးစက်၍ အမြင့်တစ်ပေခန့် မီးတောက်လောင်နေကြောင်း၊ ထိုကိစ္စအား သတင်းရရှိ၍ မင်းဘူးမြို့ မန်းရေနံမြေမှ ဓာတ်ငွေ့ပို့လွှတ်မှုကိုပိတ်ပေးရကြောင်း၊ ထို့နောက် မန်းရေနံအထွေထွေမန်နေဂျာ ဦးမြင့်ဆွေ နှင့်အဖွဲ့ဝင်(၅)ဦး၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဆွေဦးနှင့်အဖွဲ့(၅)ဦး၊ ပွင့်ဖြူမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ ၀င်တို့က မီးလောင်ရာနေရာသို့ နေ့လည်(၂)နာရီအချိန်ခန့်တွင် သွားရောက်၍ နေ့လည်(၂း၃၀)နာရီ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ၎င်းပိုက်လိုင်းအား ဖာထေးပြုပြင်ပြီး ညနေ(၆)နာရီအချိန်ခန့်တွင် ပြီးစီးခဲ့ကြောင်း၊ ဆုံးရှုံးမှု ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။ ၀ိုင်းအောင်
READMORE
 

စံပြ ကံမ္မကျေးရွာ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေး

မကွေး ဖေဖော်ဝါရီ ၉ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြသောအားဖြင့် ဆရာတော် ဘဒ္ဒန္တ ဂုဏာလင်္ကာရ(အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ)နှင့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၉)ရက် နံနက်(၉)နာရီက ပခုက္ကူမြို့နယ် စံပြကမ္မကျေးရွာ တိုက်နယ် ဆေးရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ရှေးဦးစွာ ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ မှ သြ၀ါဒစကား ချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မျက်စိဝေဒနာရှင်များအားခွဲစိတ် ကုသပေးမှုနှင့်ပတ်သက်၍ တိုင်းကျန်းမာရေးဦးစီး ဌာနမှ ရှင်းလင်းတင်ပြပြီး ဆရာတော် ဘဒ္ဒန္တ ဂုဏာလင်္ကာရ မှ ဆေးရုံအတွက် (၃)သိန်းတန်းဘိုးရှိ အဲယားကွန်းနှင့် ခွဲစိပ်ပါရဂူ၊ဆရာဝန်၊သူနာပြုများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။ ဆက်လက်၍ မျက်စိခွဲစိပ်ထားသောလူနာရှင်များကိုယ်စား ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဆရာတော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ မျက်စိခွဲစိပ် လူနာများအား မျက်မှန်များလှူဒါန်းတပ်ဆင်ပေးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိပ်ကုသပေးခြင်းသည် စတုတ္တအကြိမ်မြောက်ဖြစ်ကြောင်း၊ယခုအခမဲ့ခွဲစိပ်ကုသပေးမှုတွင် စံပြကမ္မ ကျေးရွာအုပ်စုအနီးရှိ ကျေးရွာ(၇၆)ရွာမှ မျက်စိဝေဒနာရှင် (၁၁၄၄)ဦးကိုစမ်းသပ်ပေးခဲ့ပြီး၊(၂၆၅)ဦးအားခွဲစိတ်ပေး၍ (၃၃၄)ဦးအား မျက်မှန်တပ်ဆင်ပေးနိုင်ခဲ့ကြောင်း၊ကျပ်(၁၂၅)သိန်း အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်းနှင့် မျက်စိခွဲစိပ်ပြီး အသက်(၇၃)နှစ်အရွယ် အဘွားတစ်ဦးမှ ယခုလို အခမဲ့မျက်စိခွဲစိပ် ပေးလို့ အလင်းပြန်ရတာ အရမ်းဝမ်းသာမိတယ်၊ဆောင်ရွက်ပေးတဲ့ အဖွဲ့ကလည်း ထမင်းလည်းကျွေးတယ်၊နေစရာပါစီစဉ်ပေးတယ်၊ အခမဲ့လဲ ခွဲစိပ်ကုသပေးတယ်၊ဒီတစ်သက် အဘွားမြေးလေးတွေ့ကို မမြင်နိုင်တော့ဘူး ထင်ထားတာ အခုတော့ ပြန်မြင်ရတော့မှာမို့ ၀မ်းသာပျော်ရွင်မိတယ်၊ဆောင်ရွက်ပေးတဲ့အဖွဲ့တွေကို အထူးကျေးဇူးတင်နေမိမှာပါ ဟု ၀မ်းသာအားရ ပျော်ရွှင်စွာပြောကြားခဲ့သည်ကိုလည်း သိရှိခဲ့ရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
READMORE
 

ငဖဲမြို့ ကျောက်ထုရေကာတာ ပြုလုပ်ဆောင်ရွက်

ငဖဲ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်သည် မိုးတွင်းကာလများတွင် မြို့မကျောင်းတွင်းရပ်ကွက်ရှိ မန်းချောင်းအနီး အိမ်ခြေ (၈၀)ခန့်သည် နှစ်စဉ် ရေလျှံရေလွမ်းမိုးခြင်းကို ကြုံတွေ့နေရသည်ဖြစ်ရာ မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ချမှတ်ပေးထားသော ကျပ်သိန်း(၁၀၀၀)မှ ကျောက်ထု ရေကာတာ ပြုလုပ်ဆောင်ရွက်ရန် ငွေကျပ်(၄၀)သိန်းခွဲဝေချထားငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေ များဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၇၅%)ခန့်ပြီးစီးနေကြောင်း ၊အဆိုပါရေကာတာသည် အလျား(၂၀၀)ပေ၊အနံ(၄)ပေ၊အမြင့်(၆)ပေရှိ ကျောက်ထုရေကာတာဖြစ်ပြီး မိုးတွင်းရာသီများအတွက် အဆိုပါရပ်ကွက်များအတွင်း မန်းချောင်းရေ ၀င်ရောက်မှုအား ကာကွယ်နိုင်၍ ကျန်းမာရေး နှင့် သွားလာရေးများအတွက် များစွာ အထောက်အကူပြုနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ ဦးတင်ထွန်းဦး
READMORE
 

(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြု စက်ရေတွင်းသစ်ဖွင့်ပွဲ ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၈ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မင်းဘူးမြို့နယ် ဆင်ခေါင်းကျေးရွာ စက်ရေတွင်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက ကျင်းပ ပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သူမှ စက်ရေတွင်းသစ်တူးဖော်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ ထို့နောက် စက်ရေတွင်းသစ်ဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်တင်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရေတွင်းသစ်တွင် ဒေသခံပြည်သူများ သောက်သုံးရေ ခပ်ယူနေမှုနှင့် မြေအောက်ရေတင်နေမှုအခြေအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ဆင်ခေါင်းကျေးရွာသည် နွေရာသီအခါ သောက်သုံးရေ ရှားပါးလှ၍ မြေအောက်ရေတူးဖော်ရန် အခက်အခဲရှိသည့်အတွက် တိုင်းဒေသကြီးအစိုးရ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်(၁၅၂)သိန်း အကုန်အကျခံ၍ မြေအောက် အနက်ပေ(၄၀၀)မှ ရေအား အင်ဂျင်စက်များဖြင့်တင်ယူကာ ဂါလံ(၅၀၀၀)ဆန့်အုပ်ရေလှောင်ကန်နှင့် ခံယူဖြန့်ဝေပေးလျက်ရှိရာ ဒေသခံပြည်သူများ ရာသီမရွေး သန့်ရှင်သော သောက်သုံးရေ ဖူလုံးစွာရရှိပြီဖြစ်၍ ၀မ်းသာပျော်ရွှင် လျက်ရှိကြောင်းသိရှိရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
READMORE
 

``မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ စနစ်တကျ ကြီးကြပ်ရေးကော်မတီအဖွဲ့သစ် ပြန်လည်ရွေးချယ်ပြီး´´

ဖေဖော်ဝါရီ(၈)ရက်၊ နံနက်(၉း၃၀)နာရီမှ(၁၂း၃၀)နာရီအချိန်အထိ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ စနစ်တကျ ကြီးကြပ်ရေးကော်မတီ(မ.စ.က)အဖွဲ့သစ် ပြန်လည်ရွေးချယ်ကြောင်း၊ ယခင်နာမည်(မ.ထ.သ)နာမည်အား နာမည် အသစ်ဖြင့် ပြောင်းလဲခေါ်ဆိုရန် တင်ပြထားကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးဒေသကြီးအစိုးရအဖွဲ့မှ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီး ဦးဝင်းဖေ တက်ရောက်၍ အမှာစကားပြောကြား ကြောင်း၊ မကွေးတိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး အတွင်းရေးမှူး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးခင်သန်းမှ ရွေးချယ်ရေးစနစ်အား ရှင်းလင်းကြောင်း၊ ရွေးချယ်ပွဲအဖွဲ့ဝင်များမှာ ဦးထင်ကျော်နှင့် ဦးသိန်းထွဋ် (ညွန်ကြားရေးမှူး မကွေးတိုင်းဒေသကြီး က.ည.န)၊ ဦးတင်ညွန့် ဒု အုပ်ချုပ်ရေးမှူး (မကွေးခရိုင် အုပ်ချုပ်ရေးမှူးရုံး)၊ ဒုရဲမှူးကြီး ကျော်ငြိမ်း(ခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊ ဦးမြင့်မြတ်(စည်ပင်သာယာဌာန ဦးစီးအရာရှိ) နှင့် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး တို့ဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မော်တော်ယာဉ်လိုင်းပေါင်း (၅၇)ဂိတ်မှ အခြေစိုက်(၁၈)သင်း၏ ဂိတ်ပိုင် များ(၄၈)ဦးတက်ရောက်၍ ရွေးချယ်ခံရန်(၄၇)ဦးအမည်စာရင်းတင်သွင်းကြောင်း၊ ယခင်သက်တမ်း(မထသ) ဥက္ကဋ္ဌ ဟောင်း၊ လက်ရှိအမှုဆောင် ဦးအေးကိုမှာ ကြိုတင်ရွေးချယ်ရန်စာရင်းမတင်သွင်းသည့်အပြင် ရွေးချယ်ပွဲ အခမ်းအနားကျင်းပနေစဉ် မဲမပေးဘဲ ပြန်သွားကြောင်း၊ လက်ရှိအမှုဆောင်(၇)ဦးထဲမှ အမှုဆောင်(၂)ဦးသည် (မထသ)ရုံးသို့ တာဝန် ထမ်းဆောင်ရန် လုံးဝလာရောက်ခြင်းမပြုဘဲ ၀န်ထမ်းလစာများကို ထုတ်ယူကြောင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။ အရွေးချယ်ခံရန်(၄၇)ဦးတို့ကို လျှို့ဝှက်မဲစနစ်ဖြင့်ရွေးချယ်ရာ ဦးမြင့်စိုး ဥက္ကဋ္ဌ ထောက်ခံ(၄၂)မဲ၊ ကန့်ကွက် (၅)မဲ ၊ ဦးမိုးခိုင်စိုး အတွင်းရေးမှူး၊ ထောက်ခံ(၃၈)မဲ၊ ကန့်ကွက်(၉)မဲ၊ ဦးဝင်းထွန်း ဘဏ္ဍာ ရေးမှူး၊ ထောက်ခံ (၃၅)မဲ၊ ကန့်ကွက်(၁၂)မဲဖြင့်၊ ဦးအေးကိုကို စာရင်းစစ်၊ ထောက်ခံ(၃၀)မဲ၊ ကန့်ကွက်(၁၇)မဲဖြင့် အသီးသီး ရွေးချယ်ကြောင်း၊ အဖွဲ့ဝင်များအဖြစ် ကုန်စည်ပို့ဆောင်ရေးအဖွဲ့မှ ဦးကျော်ဆန်းဦး၊ ထော်လာဂျီပို့ဆောင် ရေးအဖွဲ့မှ ဦးသိန်းထွန်း၊ သုံးဘီးယာဉ်လိုင်း အဖွဲ့မှ ဦးဟန်ထွန်း တို့ဖြင့် အလုပ်အမှုဆောင်အဖွဲ့(၇)ဦးတို့အား ရွေးချယ်ကြောင်း၊ အဆိုပါ အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ စနစ်တကျကြီးကြပ်ရေးကော်မတီအဖွဲ့၏ တာဝန်ဝတ္တရားများထမ်းဆောင်ရန် (၁-၄-၂၀၁၄)နေ့ ၂၀၁၄/၁၅ ဘတ်ဂျက်မှ စတင်အတည်ပြုကြောင်း၊ သက်တမ်းကာလ လေးနှစ်ဖြစ်ကြောင်း၊ အလုပ်အမှုဆောင်များအားလုံးသည် လခများဖြင့် အသီးသီးခံစားခွင့်ယူထားသူများဖြစ်၍ နေ့စဉ်ရုံးတက်ရမည်ဖြစ် ကြောင်း၊ (၃)ရက်ဆက်တိုက် (တာဝန်မဲ့)ရုံးတက်ရန်ပျက်ကွက်ခဲ့လျှင် အလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပယ်မည်ဟု ၎င်းရွေးချယ်ပွဲ ဥပဒေ/ နည်းဥပဒေတွင် စည်းကမ်းသတ်မှတ်ချက်များပါရှိကြောင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။ `` ယခုရွေးချယ်လိုက်တဲ့ အလုပ်အမှုဆောင်အဖွဲ့ကတော့ အမှန်တကယ်လုပ်နိုင်သူများကိုသာ ဒီမိုကရေစီနည်း စနစ်ကျ ရွေးချယ်ခြင်းဖြစ်ပါတယ်။ မ.ထ.သ မှာ ယခင်က ဥပဒေ/နည်းဥပဒေများမရှိဘဲ ကောင်းနိုးရာရာတွေကို ပေါင်းစပ် ညှိနှိုင်းလုပ်ကိုင်လာခဲ့ရတာပါ။ ယခုတော မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ ကျွန်တော်တို့(မထသ) အဖွဲ့နဲ့ စုပေါင်းရေးဆွဲတင်ပြထားတဲ့ ဥပဒေ ကို ၂၀၁၃ ဧပြီ(၂၃)ရက်က လွှတ်တော်ကအတည်ပြုပေးခဲ့ပါတယ်။ နည်းဥပဒေကို ၂၀၁၄ ဇန်န၀ါရီ(၄)ရက်နေ့က အတည်ပြုထုတ်ပြန်ပေးခဲ့ပါပြီ၊ ဥပဒေ/နည်းဥပဒေတွေနဲ့ လုပ်ကိုင် ရမှာဆိုတော့ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ကျွန်တော်တို့အဖွဲ့က သက်တမ်း(၄)နှစ်ကာလအတွင်းမှာ ယခင်သက်တမ်းကာလထက် ပိုမိုပြီးအောင်မြင်အောင် အမှုဆောင်လူငယ်တွေကို လက်ဆင့်ကမ်းနေရာပေးပြီး စုပေါင်းဆောင်ရွက်သွားကြမှာပါ ။´´ ဟု ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။
READMORE
 

``မြန်မာသတင်းစာဆရာများ သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပထမဆုံးအကြိမ် မကွေးမြို့တွင်ကျင်းပ´´

ဖဖော်ဝါရီလ(၈)ရက် နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်အထိ မကွေးမြို့ ပွဲကြိုရပ်ကွက်၊ နတ်မောက် လမ်း၊ မကွေးဟိုတယ် တွင် မြန်မာသတင်းစာဆရာများသတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ မကွေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) နှင့် နိုင်ငံတကာမီဒီယာ ပံ့ပိုးရေး အဖွဲ့တို့ ပူးပေါင်းစီစဉ်ကြောင်း၊ မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း၊မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ် ပြန်/ဆက် ညွန်ကြားရေးမှူးများနှင့် ၀န်ထမ်းများ၊ သတင်းကွန်ရက်၊ သတင်းသမဂ္ဂများမှ RFA, DVB ရုပ်/သံ သတင်းထောက်များ၊ မြေလတ်ဒေသရှိ နေ့စဉ်သတင်းစာ၊ဂျာနယ်သတင်းသမားများ စုစုပေါင်း(၅၀) ကျော်တက် ရောက်ကြောင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ဆရာဦးကိုကို( စက်မှုတက္ကသိုလ်)ဥက္ကဋ္ဌ MJA ၊ ဦးကျော်မြင့်ဆွေ( အတွင်းရေးမှူး၊စာနယ်ဇင်းကောင်စီ-ယာယီ) နှင့် ဦးမြင့်ကျော် (အတွင်းရေးမှူး MJN) တို့မှ မီဒီယာသတင်းကျင့်ဝတ်(မူကြမ်း)အား ချပြကြောင်း၊ တက်ရောက်လာသော သတင်းသမားများက အုပ်စု(၆)ဖွဲ့ခွဲ၍ လိုအပ်ချက်များကို ပြင်ဆင်၊ ဖြည့်စွက်ဆွေးနွေး ကြကြောင်း သတင်းရရှိသည်။ `` ဒီနေ့ ကျွန်တော်တို့လာတာက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) မီဒီယာကျင့်ဝတ်(မူကြမ်း)ကို ပြီးခဲ့တဲ့လထဲမှာ ရန်ကုန်မြို့မှာ ရေးဆွဲထားခဲ့ကြတာပါ။ အဲဒါကို နယ်သတင်းမီဒီယာတွေထံ ချပြဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲပါ၊ ဒီပွဲကို IMS ကနေ ကူညီကျင်းပပြုလုပ်ပေးတာပါ။ အချိန်ကာလကတော့ တစ်နှစ်အတွင်း အပြီးသတ်မှတ်ထားပါတယ်။ ဒီမီဒီယာကျင့်ဝတ်ကို တစ်နိုင်ငံလုံးမှာရှိတဲ့သတင်းသမားအားလုံးက သဘောတူတဲ့ မီဒီယာကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများ အချောဖြစ်အောင် ယခုလို နယ်တွေထိဆင်းပြီး ဆွေးနွေးပွဲတွေ လုပ်တာပါ၊ နယ်ကတော့ မကွေးမြို့က ပထမဆုံးအကြိမ်ပါဘဲ..။´´ ဟု ဦးမြင့်ကျော် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲဝင် က ပြောသည်။ ``ရည်ရွယ်ချက်ကတော့ နယ်မြို့တွေအကုန်လုံးကိုသွားမှာပါ၊ မြန်မာနိုင်ငံသတင်းစာဆရာတွေအားလုံးရဲ့ ကိုယ်ပိုင်ကျင့်ဝတ်စည်းကမ်းတွေ ပေါ်ထွန်းလာရေး၊ သတင်းစာဆရာများကလည်း မိမိတို့ကိုယ်ပိုင်ရေးဆွဲထားတဲ့ ကျင့်ဝတ်များကို လိုက်နာရေးအတွက် အဲဒီအတိုင်း ကျွန်တော်တို့ပြုလုပ်နေတာပါ..။ ´´ ဟု ဦးကိုကို (စက်မှု တက္ကသိုလ်) ဥက္ကဋ္ဌ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲဝင် က ပြောသည်။ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ဒေသခံသတင်းထောက်များနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့ ရင်းနှီးပွင့်လင်း စွာဖြင့် တွေ့ဆုံဆွေးနွေးရာ မကွေးမြို့မှ ၂၀၁၁ခုနှစ်ကDVB သတင်းထောက် ဇော်ဖေ အား မကွေးတိုင်းဒေသကြီး ပညာရေးမှူး က တရားစွဲထားသောကိစ္စ နှင့် ယူနတီသတင်းဂျာနယ်မှ အယ်ဒီတာချုပ် နှင့် သတင်းထောက် များအား နိုင်ငံတော်လျှိ့ဝှက်ချက် ဥပဒေဖြင့် တရားစွဲထားသော ကိစ္စများကိုမေးမြန်းဆွေး နွေးကြသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ DVBသတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)ကို တရားစွဲထားမှုကိစ္စမှာ တရားရုံးက အမှုစစ်ဆေးနေစဉ် ကာလ၌ ၀င်ရောက်စွက်ဖက်ခြင်းမပြုလုပ်လိုသေးကြောင်း နှင့် ယူနတီသတင်း ဂျာနယ် အမှုကိစ္စအတွက် စာနယ်ဇင်း ကောင်စီ(ယာယီ)၏ သဘောထားမှတ်ချက်စာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဆရာဦးကိုကို က ဖြေကြား၍ သတင်း ရရှိသည်။
READMORE
 

``ကမ္ဘာလှည့်ခရီးသည်များ ခေတ်ဟောင်းမော်တော်ယာဉ်(၂၅)စီးအဖွဲ့ မကွေးမြို့သို့ ဒုတိယအကြိမ်ရောက်လာ´´

ဖေဖော်ဝါရီ(၅)ရက် နေ့လည်(၂း၃၀)အချိန်ခန့်တွင် မကွေးမြို့ ရွာသစ်/ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း ထိန်ထိန်သာသာ ဟိုတယ်(၁)သို့ ခေတ်ဟောင်းမော်တော်ယာဉ်(၂၅)စီးအဖွဲ့ မကွေးမြို့သို့ ဒုတိယအကြိမ်ရောက် လာပြီး ညအိပ်ရပ်နား၍ ဖေဖော်ဝါရီ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် မကွေးမြို့မှ ပြည်မြို့သို့ ဆက်လက် ထွက်ခွာ သွားကြောင်းသတင်းရရှိသည်။ အဆိုပါအဖွဲ့အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် H & H Clissic (Rallie)အဖွဲ့ နှင့် မြန်မာနိုင်ငံ Esserice of Myanmar (inspiration Myanmar Travels & Tours Co, Ltd) တို့ ပူးပေါင်း၍ ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် ခရီးသွားလာသည့် ကမ္ဘာလှည့်ခရီးသည် ဗြိတိန်နိုင်ငံသား Mr. Gonding (ဗီစာသက်တမ်း ၈-၄-၂၀၁၄) ပါ (၅၃)ဦးတို့လိုက်ပါလာကြောင်း၊ Esserice of Myanmar (inspiration Myanmar Travels & Tours Co, Ltd)မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခိုင်ဇာနည်၊ မြန်မာ့ခရီးသွားလုပ်ငန်းမှ ဦးဌေးအောင်ပါ(၈)ဦးတို့လည်း ၎င်းခေတ်ဟောင်းမော်တော်ယာဉ်(၂၅)စီးအား အနီးကပ်ကြီးကြပ်၍ ညောင်ဦးမြို့မှ ဖေဖော်ဝါရီ(၅)ရက် နေ့လည်(၂း၃၀)အချိန်ခန့်တွင် မကွေးမြို့ ရွာသစ်/ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း ထိန်ထိန်သာသာ ဟိုတယ်(၁)သို့ရောက်ရှိပြီး ညအိပ်ရပ်နားကြောင်း၊ ဖေဖော်ဝါရီ(၆)ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် မကွေးမြို့မှ ပြည်မြို့သို့ ဆက်လက်ထွက်ခွာ သွားကြောင်း ခရီးသွားတာဝန်ခံတစ်ဦးက ပြောသည်။ ခေတ်ဟောင်းမော်တော်ယာဉ်(၂၅)စီးဖြင့် လိုက်ပါလာသော ကမ္ဘာလှည့်ခရီးသည်များမှာ ဗြိတိန်နိုင်ငံမှ (၂၇)ဦး၊ ဂျာမဏီနိုင်ငံသား(၃)ဦး၊ သြစတြေးလျှမှ(၅)ဦး၊ နယ်သာလင်မှ(၅)ဦး၊ လတ်ချန်စတိန်(၃)ဦး၊ ဆွီဒင်(၂)ဦး၊ စပိန်(၁)ဦး၊ ပေါ်တူကီ(၂)ဦး၊ နယူးဇီလန်(၁)ဦး၊ အိုင်းရစ်(၁)ဦး၊ ဘယ်လဂျီယန်(၁)ဦး နှင့် အီတလီနိုင်ငံမှ(၁)ဦး တို့ ဖြစ်ကြောင်း သတင်းရရှိသည်။
READMORE
 

``မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ စာပေဟောပြောပွဲများ´´

ဖေဖော်ဝါရီ(၃)ရက် နံနက်(၉း၃၀)နာရီမှ နေ့လည်(၁)နာရီအချိန်ခန့်အထိ မကွေးမြို့ စိုးကောမင်းရပ် တောင်တွင်းကြီးလမ်း ရှိ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် စာပေဟောပြောပွဲ(နေ့ပွဲ)နှင့် ဖေဖော်ဝါရီ(၂) ရက်၊ မကွေးမြို့တော်ခမ်းမတွင် စာပေဟောပြောပွဲ(ညပွဲ)များကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါစာပေဟောပြောပွဲတွင် စာရေးဆရာကျော်ဝင်းမှ (ဒီမိုကရေစီအပြောင်းအလဲ)ခေါင်းစဉ်ဖြင့်၎င်း၊ စာရေးဆရာတက္ကသိုလ် မြတ်သူမှ( နိုင်ငံရေးနှင့် စာအကြောင်း ပေအကြောင်း)၊ စာရေးဆရာ မျိုးမြတ်သူမှ (မီဒီယာ အပြောင်းအလဲ) ခေါင်းစဉ်များဖြင့် ဟောပြောကြကြောင်း သိရသည်။ ၎င်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ( ဥက္ကဋ္ဌ) မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီ)၊ အတွင်းရေးမှူး ဦးကြည်ထွန်း၊ ကော်မတီဝင် ဦးဟန်မောင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်သိန်းကျော် နှင့် ပါတီဝင်များ၊ မြို့ပေါ်(၁၅)ရပ် ကွက် နှင့် ကျေးရွာများမှ ပါတီဝင်စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား(၁၅၀)ကျော်ခန့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။ အလားတူ ဖေဖော်ဝါရီ(၂)ရက်၊ ည(၇)နာရီမှ ည(၁၂)နာရီခန့်အထိ မကွေးမြို့ ပြည်တော်သာရပ်ကွက်၊ အထက(၁)လမ်း၊ မကွေးမြို့တော်ခန်းမကြီးတွင် စာရေးဆရာ အကြည်တော် နှင့် အထက်ပါစာရေးဆရာများ လေးဦးတို့၏ စာပေဟောပြောပွဲ(ညပွဲ) အား မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ကျင်းပကြောင်း၊ မကွေးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများမှ ၀န်ထမ်းများ၊ မြို့ပေါ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် ဖိတ်ကြားထား သူများ (၅၀၀)ဦးခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။ `` ကျွန်တော်တို့လည်း မကွေးမြို့သူ မြို့သား ကျောင်းသူ ကျောင်းသားတွေအတွက် စာပေဟောပြောပွဲကျင်းပ ပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကျင်းပမယ်ဆိုရင် ပွဲမိန့်က တစ်လခန့်ကြိုပြီးတင်ရတယ်၊ ဟောပြောမဲ့ စာရေးဆရာတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ ဟောပြောမဲ့ ခေါင်းစဉ်တွေ တင်ရတယ်။ မြို့တော်ခမ်းမ ရဖို့မလွယ်ဘူး၊ စာရေးဆရာအသင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်ထောက်ခံစာ၊ စည်ပင်သာယာမှ ခန်းမလျှောက်လွှာနဲ့ စာပေ ဟောပြောပွဲ မြို့တွင်း/မြို့ပြင်ကြော်ငြာခွင့်များ စတဲ့အဆင့်ဆင့်ထောက်ခံချက်တွေပါရမယ်၊ ဒါတောင် ဟောပြောမဲ့ ရက်အနားနီးမှ ကပ်ပြီးခွင့်ပြုချက်မပေးဘူးဆို သက်ဆိုင်ရာက အကြောင်းပြန်တတ်တယ်။ ယခုလိုတော့ မလွယ် ဘူးပေါ့၊ သူတို့ကတော့ ရှင်ဘုရင့်ပုဆိုး ပိုးချည်းပါဘဲဗျာ…။´´ ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် တစ်ဦး နှင့် စာရေးဆရာတစ်ဦးတို့က ပြောသည်။
READMORE
 

အခွင့်ရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့်လေလံခေါ်ယူ

မင်းဘူး ဖေဖော်ဝါရီ ၆ ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်အတွက် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အရပ်ရပ် အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက်(၉)နာရီတွင် စတင်ရောင်းချမည်ဖြစ်၍ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နောက်ဆုံးထား လျှောက်လွှာတင်သွင်းကြရန်နှင့် အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မင်းဘူးမြို့နယ် စည်ပင်သာယာရေးရုံးသို့ လာရောက် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သက်ဆိုင်ရာဌာန တာဝန်ရှိသူ၏ပြောပြချက်အရ သိရှိရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
READMORE
 

တိုင်းဒေသကြီးလုံးကျွတ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ထုတ်ပေး

မကွေး ဖေဖော်ဝါရီ ၅ နိုင်ငံတော်မှ ပြောင်းလဲကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီ စနစ်နှင့် ဈေးကွက် စီးပွားရေးစနစ်အရ ၂၀၀၈-ခုနှစ်၊နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဌာန်းချက်များနှင့် အညီ လယ်ယာမြေဥပဒေနှင့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတို့ကို ၂၀၁၂-ခုနှစ်၊မတ်လ(၃၀)ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြဌာန်းကြေငြားခဲ့ပြီး ဖြစ်သော လယ်ယာမြေဥပဒေ၊နည်းဥပဒေတို့နှင့် အညီ တောင်သူလယ်သမားမိသားစု၏ သားစဉ်မြေးဆက် အဆက်ဆက်လယ်ယာမြေလုပ်ပိုင်ခွင့်ဘ၀ အာမခံချက် ခိုင်ခိုင်မာမာ ရရှိစေရန် လယ်ယာမြေမှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းများအား (၁-၁-၂၀၁၃)ရက်နေ့မှစ၍ နိုင်ငံနှင့် အ၀န်း ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တောင်သူများအနေဖြင့် မိမိတို့ရဲ့လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ရရှိရေးအတွက် ဥပဒေနှင့် အညီ လျှောက်ထားရာမှာ တရားဝင်သတ်မှတ်ထားသော လယ်ယာမြေ ဦးပိုင် လုပ်ကွက်(၁)ခုလျင် မှတ်ပုံတင်ကြေး ၅၀၀ိ/-(ကျပ်ငါးရာ)တိတိ ပေးသွင်းပြီး အချိန်နှင့်တစ်ပြေးညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များကို ထုတ်ပေးလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်းတွင် ပထမအဆင့်အနေဖြင့် ပခုက္ကူခရိုင်မှ ဦးပိုင်ပေါင်း (၄၀၀၇၉၄)၊ ဂန့်ဂေါခရိုင်မှဦးပိုင်ပေါင်း (၁၂၁၅၅၇)၊မကွေးခရိုင်မှ ဦးပိုင်ပေါင်း (၅၄၁၁၆၀)၊ မင်းဘူးခရိုင်မှ ဦးပိုင်ပေါင်း (၂၂၈၈၈၁)၊ သရက်ခရိုင်မှဦးပိုင်ပေါင်း (၂၂၁၆၂၄) ဦးပိုင်စုစုပေါင်း (၁၅၁၄၀၁၆) အားလည်းကောင်း ဒုတိယအဆင့်အနေဖြင့် ဂန့်ဂေါခရိုင်မှ ဦးပိုင်ပေါင်း(၉၀၅၆)၊ မင်းဘူးခရိုင်မှ ဦးပိုင်ပေါင်း(၆၈၉၁)၊ သရက်ခရိုင်မှ ဦးပိုင်ပေါင်း(၆၀၇၇၃) ဦးပိုင်စုစုပေါင်း (၇၆၇၂၀)အားလည်းကောင်း ပထမအဆင့်နှင့် ဒုတိယအဆင့် ဦးပိုင်စုစုပေါင်း (၁၅၉၀၇၃၆)များမှ ဧကပေါင်း (၂၇၉၉၂၂၆)ဧကရှိ တောင်သူပေါင်း (၈၆၆၀၈၃)ဦး တို့အား ဇန်န၀ါရီလ (၃၀)ရက်နေ့အပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) များ ထုတ်ပေးနိုင်ခဲ့သည်။ မင်းဘူးခရိုင်၊မင်းဘူးမြို့နယ်တွင် မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေနယ်နိမိတ်မှ တောင်သူလုပ်ကွက် ဦးပိုင်ပေါင်း(၁၃၀၆၀)မှာလက်ရှိ အခြေအနေတွင် ပုံစံ(၇)ထုတ်ပေးခြင်း မရှိသေး ဘဲ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြထားဆဲ ဖြစ်ပြီး ကျန်လုပ်ကွက်နှင့် ဦးပိုင်အားလုံးတို့အား တိုင်းဒေသကြီးလုံးကျွတ် ပုံစံ(၇)များ ထုတ်ပေးပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ- ဦးတင်ထွန်းဦး
READMORE
 

``မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနေ့တွင် ဂေါပကအဖွဲ့သစ် ပြန်လည်ရွေးချယ်ပေးရန် သာသနာရေးဝန်ကြီးသို့ တိုင်ကြားထားသူ ဈေးသည်များက သတင်းစာရှင်းလင်းပွဲပြုလုပ်´´

ဖေဖော်ဝါရီ(၄)ရက်နေ့ နံနက်ပိုင်းတွင် မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲအပြီး ဂေါပကအဖွဲ့ပြန်လည်ရွေး ချယ်ဖွဲ့စည်းပေးရန် နှင့် ရွှေစက်တော်ဘုရားမှ လေလံ/တင်ဒါ၊ ဘဏ္ဍာရေးရှင်းတမ်းကိစ္စများကို တိုင်ကြားထားသူ နယ်လှည့် ဈေးသည် (၇၃)ဦး အဖွဲ့က ရွှေစက်တော်ပဌာန်းကျောင်းဆောင်၌ သတင်းမီဒီယာများအား ဖိတ်ကြား၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ် ကြောင်း သတင်းရရှိသည်။ ၎င်းသတင်းစာရှင်းလင်းပွဲပြုလုပ်ရသော ရည်ရွယ်ချက်များမှာ ဂေါပကအဖွဲ့အသစ်ပြန်လည် ဖွဲ့စည်း ပေးရန် သာသနာရေးဝန်ကြီးထံသို့(၁၄-၁၁-၂၀၁၃)နေ့က တိုင်စာ(၃)လကြာပြီးဖြစ်သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခြင်း။ ဘုရားဖူးများ ဈေးနှုန်းသက်သာ၍ စိတ်ချမ်းသာစေရန်၊ ဈေးဆိုင်ခန်းများ အား အချိန်မီမပြီးစီးဘဲ သတ်မှတ်ထားသောနှုန်းဖြင့် ငွေများယူထားသော်လည်း အဆင့်မမီခြင်း။ ဘုရားပွဲတော်ဖွင့်ပွဲအမှီ တည်းခိုခမ်း(တည်းကျောင်း) များမပြီး၍ ဘုရားဖူးများအဆင်မပြေခြင်း၊ တည်းကျောင်းခ ဈေးနှုန်းများ သိန်းဂဏန်းအထိဈေးမတက်ဘဲ သင့်လျှော်သောဈေးနှုန်းများဖြစ်စေရန်။ ( ဘဏ္ဍာတော်ထိမ်း ငွေစာရင်းတမ်းကိစ္စ ၊ လေလံ/တင်ဒါကိစ္စနှင့် စီမံခန့်ခွဲမှု အားနည်းခြင်း စသော လေးချက်အားရည်ရွယ်၍ ရှင်းလင်းကြောင်း ဦးဆောင်သူ(၁၂)ပွဲဈေးသည်များ ကိုယ်စား ဦးအေးကို နှင့် ဦးနေမျိုးကျော်တို့ မှပြောသည်။ မန်းရွှေစက်တော်ဂေါပကအဖွဲ့ကို မင်းဘူး၊ စကု၊ ငဖဲ မြို့များက သြ၀ါဒစရိယ နာယကဆရာတော် သံဃာတော် (၅)ပါးရွေးချယ်ပြီး ကြီးကြပ်ဆောင်ရွက်ပေးရန်၊ အုပ်ချုပ်သူအစိုးရအဖွဲ့အစည်းဝန်ထမ်းမပါသောအဖွဲ့ ဒေသခံများမှ နာယကဂုဏ် (၆)ပါးနှင့် ပြည်စုံသူများအား အများဆန္ဒဖြင့်ရွေးချယ်ရန်၊ ဂေါပကအဖွဲ့ဝင်များသည် ရာဇ၀တ်မှုခင်း ကင်းရှင်းသူများဖြစ်ရန်၊ ဥပသကာအရည်အခြင်းနှင့်ပြည့်စုံသူဖြစ်ရန်၊ အနယ်နယ်အရပ်ရပ်က (၁၂)ပွဲဈေးသည်များထဲမှ ကိုယ်စားလှယ်များ ပါဝင်ရွေးချယ်ပေးရန်၊ စီမံခန့်ခွဲမှုအတွက်၊ ဆောက်လုပ်ရေး၊ စာရင်းကိုင်များအတွက် အငြိမ်းစားဝန်ထမ်းများပါဝင်ကြပြီး မန်းရွှေစက်ဂေါပက အဖွဲ့အသစ်အား ပြန်လည်ရွေး ချယ်ပေးရန် လိုလားကြောင်း တောင်းဆိုကြသည်။ `` ကျွန်တော်တို့က ဒီကိစ္စကို ၂၀၁၃ နိုဝင်ဘာ(၁၄)ရက်နေ့မှာ သာသနာရေးဝန်ကြီးဌာနကို ဒေသခံဈေးသည်နဲ့ နယ်လှည့်ဈေးသည်(၇၃)ဦးက တိုင်ကြားခဲ့ပြီး ဒီဇင်ဘာ(၆)ရက်နေ့က မင်းဘူး/စကုမြို့နယ်သာသနာရေးဦးစီးမှူးက စစ်ဆေးပြီးသော်လည်း ယနေ့ဘုရားပွဲတော်စတင်တဲ့အထိ ဘာမျှ အကြောင်းပြန်ခြင်း လုပ်ဆောင်မပေးပါဘူး၊ ဒါကြောင့် ဒီကိစ္စကို ယနေ့ဖွင့်ပွဲမှာ ဆန္ဒပြမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ခွင့် ကြိုတင်ပြီး တရားဝင် လျှောက်ထားရန် စီစဉ်ခဲ့ပေမယ့် ခရိုင်အုပ်ချုပ်ရေးမှူးက မန်းရွှေစက်တော် ဂေါပက ဥက္ကဋ္ဌ ဖြစ်နေတော့ ခွင့်ပြုမည် မထင်လို့ မတင်ခဲ့ဘဲ ယခု သတင်းစာရှင်းလင်းပွဲ လုပ်ရပါတယ်။´´ ဟု ဦးအေးကို(ဆင်ခေါင်းရွာ) က ပြောသည်။ ``ယခုလိုဖြစ်နေရတာ မန်းရွှေစက်တော် ဂေါပက ဥက္ကဋ္ဌ က၊ မင်းဘူးခရိုင် ဥက္ကဋ္ဌ (အုပ်ချုပ်ရေးမှူး) ဖြစ်နေလို့ပါ။ နိုင်ငံတော်သမိုင်းဝင်(က)အဆင့် ဘုရားဂေါပကအဖွဲ့ကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးဌာန ၀န်ထမ်းတွေနဲ့ ၀င်ရောက် လုပ်ကိုင်နေကြတာ မဖြစ်သင့်ပါဘူး၊ မန်းရွှေစက်တော်ဘုရားပွဲ လေလံ တင်ဒါ(၅၂)မျိုးထဲက (၅)မျိုးကို ချန်ထားပြီး ခရိုင်ဥက္ကဋ္ဌ ကပေးချင်သူကို ပေးနေသလိုဖြစ်နေပါတယ်။ ဆိုင်းခန်း၊ တည်းကျောင်း မြေနေရာလေလံများကို အမှန်တစ်ကယ် လုပ်ကိုင်လိုသူများမရရှိကြဘဲ လေလံရသူ အဆင့်ဆင့်ထံမှ တဆင့်ခံဈေးကြီးပေးလို့ ပြန်လည် ၀ယ်ယူပြီး လုပ်ကိုင်နေကြရပါတယ်။ တံတား၊ တည်းကျောင်း၊ဆိုင်ခန်းစတဲ့ လေလံ၊ တင်ဒါအမျိုးမျိုးက နှစ်စဉ်သိန်း ပေါင်း(၇၀၀၀) ကျော်ခန့်ရရှိတဲ့အပြင် နှစ်ဆယ်ရာခိုင်နှုန်းကို ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်ဖြင့် အပိုဆောင်းပေး နေရပါတယ်။ ၂၀၁၄၊ ယခုနှစ်မှာ တစ်ဆယ်ရာခိုင်နှုန်းသာ ပေးရတယ်လို့သိရတယ်။ အပိုပေးတဲ့ငွေတွေကို မြို့နယ်အတွက်(လူမှုရေးအထောက် အကူများ) လိုအပ်တဲ့ မီးဘေး၊ရေဘေးဖြစ်လာရင် အသုံးပြုတယ်ဆိုတာလဲ မဖြစ်သင့်ပါဘူး၊ မြို့နယ်ပြုပြင်ရေးအတွက် လိုအပ်ငွေက အစိုးရက လုပ်ပေးရမှာပါ။ ဒီတော့ ကျွန်တော်ပြောချင် တာက ကျွန်တော်တို့ တိုင်ကြားထားခဲ့တဲ့စာကို သာသနာရေးဝန်ကြီးဌာနကလည်း ယနေ့အထိ ဘာမှ ဆောင်ရွက် ပေးခြင်း မရှိ၊ ရွှေစက်တော်ဂေါပက ကလည်း ယခင်ကလိုဘဲ ဆက်လက်ဆောင်ရွက်မြဲ ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ယခုနှစ်ပွဲတော်လာ ဈေးသည်အားလုံးနဲ့ လက်မှတ်ထိုးပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဆီကို ဒုတိယ အကြိမ်ထပ်မံတင်ပြ တောင်းဆိုပါ့မယ်။ ယခုကျင်းပနေတဲ့ ပွဲတော်(၇၂)ရက်အတွင်းမှာ ဘာမျှအကြောင်း မပြန်ဘူး၊ ကျွန်တော်တို့နဲ့ တွေ့ဆုံပြီး ညှိနှိုင်းမှုတစ်စုံတစ်ရာ မပြုလုပ်ဘူးဆိုရင်တော့ (ဘုရားဖူး များကို စိတ်အနှောက်အယှက်မဖြစ်စေရအောင်) ဒီမိုကရေစီနည်းလမ်းအရ ဆန္ဒပြခွင့် တရားဝင်လျှောက် ထားမယ်၊ အဲ သက်ဆိုင်ရာက ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်တော်တို့နဲ့အတူ ရွှေစက်တော် ဘုရားပွဲတော် အတွင်းရှိ ဈေးသူ ဈေးသားအားလုံးက ဆွမ်းဆန်းစိမ်းလောင်းလှူပွဲနေ့မှာသော်၎င်း ဆန္ဒဖော်ထုတ် သွားကြမှာပါခင်ဗျာ..။ ´´ဟု ဒေသခံ ဦးနေမျိုးကျော်(စကု) က ပြောသည်။ ၂၀၁၄ ဇန်န၀ါရီ(၇)ရက်နေ့က ရွှေစက်တော်ဘုရားပွဲတော် သြ၀ါဒစရိယ ဆရာတော်ကြီးများနှင့် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့တို့ သြ၀ါဒခံယူပွဲကျင်းပခဲ့ကြောင်း၊ ၎င်းပွဲ၌ ရွှေစက်တော်ဘုရားပွဲတော် နယ်လှည့် ဈေးသည်များအမည်ခံ၍ ဒေသခံများနှင့် သတင်းမီဒီယာများမှ ရွှေစက်တော်ဘုရားပွဲတော်နှင့် ဘဏ္ဍာတော်ထိမ်း ဂေါပကအဖွဲ့အား မဟုတ်မမှန် လုပ်ကြံရေးသားနေကြကြောင်း သတင်းထောက် တင်ထွန်းဦး က အစိုးရ သတင်း စာတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီ(၂)ရက်နေ့ကလည်း ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌအဖွဲ့မှ တိုင်ကြား ထားသူဈေးသည်များအဖွဲ့မပါသော သတင်းမီဒီယာအချို့နှင့် ရှင်းလင်းပွဲပြုလုပ်ကြောင်း သတင်း ရရှိသည်။
READMORE
 

မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၄ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မန်းရွှေ့စက်တော်ရာ ဗုဒ္ဓပူဇနိယပွဲ တော်ဖွင့်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ(၄)ရက်၊ တပိုးတွဲလဆန်း(၅)ရက်နေ့ နံနက်(၈) နာရီက မန်းရွှေစက်တော်ရာ ဘုရားပွဲတော်အ၀င် လမ်းတွင်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နိုင်ငံတော် သြ၀ါဒ စရိယဆရာတော်အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ဧည့်ပရိသတ်များမှ ဒေ၀ါဝင်း ၊ရာဇာဝင်အဖွဲ့များနှင့်အတူ ရွှေသားစက်လက္ခဏာတော်အား ပင့်ဆောင်ပူဇော်ကြပြီး ဖွင့်ပွဲကျင်းပရာမုဒ်ဦးရှေ့တွင် နေရာ ယူကြသည်။ ဆက်လက်၍ နိုင်ငံတော်သြ၀ါဒစရိယ ရေနံချောင်းဆရာတော် ဘဒ္ဒန္တတေဇနိယ(အဂ္ဂမဟာ ပဏ္ဍိတ၊အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)၊မကွေးဒေသကြီး တိုင်းသံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်၊ နှင့် ရန်ကုန်တိုင်း ဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌဆရာတော် အရှင်သူမြတ်များမှ ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ဗုဒ္ဓပူဇနိယပွဲတော် မဟာမင်္ဂလာတော် မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး ပါသည်။ ထို့နောက် အောက်စက်တော်ရာ (ဗုဒ္ဓခြေတော်ရာမြတ်) ခြေတော်ရင်းသို့ ဦးခိုက်နေရာယူ ကြပြီး ကြွတော်မူကြသည့် ဆရာတော်ကြီး အမှူးပြုသော ဧည့်ပရိသတ်အားလုံးတို့မှ မန်ရွှေစက်တော် ဘုရားကြီး အောက်ခြေတော်ရာမြတ် ဖွင့်လှစ်ပူဇော်ပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပါသည်။ ၎င်းနောက် ဆရာတော်အရှင်းသူမြတ်များနှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် တို့မှ အောက်စက်တော်ရာ ဗုဒ္ဓခြေတော်မြတ် သံဥသျှောင်း ဖွင့်လှစ်ပေးပြီး ဗုဒ္ဓခြေတော်ရာမြတ်အား နမ္မဒါ ရေစင် ဖြင့်သွန်းလောင်းပူဇော်ကြသည်။ ဆက်လက်၍ ကြွရောက်တော်မူသော ဆရာတော်အရှင်သူမြတ်များမှ အောက်စက်တော်ရာ ဗုဒ္ဓခြေတော်ရာမြတ်အား ဗုဒ္ဓါဘိသေက အနေကဇာ တင်တော်မူကြပြီး နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒန္တတေဇနိယ အရှင်သူမြတ်ထံမှ ကိုးပါးသီးလခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်များ ထံမှ ပရိတ်တရားတော်များ နာယူကြပါသည်။ အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် အလှူရှင့် ရန်ကုန်မြို့ ရွှေသံလွင်ကုမ္ပဏီ လီမီတက် မိသားစုတို့မှ ဆရာတော်အရှင်သူမြတ်များအား လှူဘွယ်ဝတ္ထု ပစ္စည်း များ ဆက်ကပ်လှူဒါန်းပြီး ရန်ကုန်မြို့ အလှူရှင် ဦးသိန်းညွှန့်၊ဒေါ်မြကြည်မိသားစုတို့မှ မန်းရွှေစက်တော်ဘုရား ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် အလှူတော်ငွေ ကျပ်သိန်း(၂၀၀၀)ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ထံမှ အနုမောဒနာ တရားတော်များနားယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ ထို့နောက် မန်းရွှေစက်တော်ရာဘုရားကြီး အထက်စက်တော်ရာ(ပထမ)စေတီတော်မြတ် ဖွင့်လှစ် ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်၍ ဆရာတော်အရှင်သူမြတ်များမှ အထက်စက်တော်ရာစေတီတော်မြတ်ကို ဗုဒ္ဓါဘိ သေက အနေကဇာ တင်တော်မူကြကာ အထက်စက်တော်ရာစေတီတော်မြတ်အား ဖွင့်လှစ်ပေးကြ ပြီး အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ ရပ်ဝေး/ရပ်နီး အသီးသီးများမှဘုရားဖူးလာပြည်သူများဖြင့် ကြက်ပျံမကျ အထူးစည်းကားလျှက်ရှိပြီး ပွဲတော်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။ သတင်းနှင့် ဓာတ်ပုံ - ဦးတင်ထွန်းဦး
READMORE
 

``ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် မကွေးမြို့နယ် သစ်ရာကောက်ရွာဒုတိယခရီးစဉ်မှာ တောင်းပန်ပွဲမဟုတ်ကြောင်းပြောကြား ´´

ဖေဖော်ဝါရီ(၄)ရက် ညနေ(၅း၃၀)အချိန်တွင် မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာသို့ မွေးမြူရေး၊ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်းစုဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့ ရောက်ရှိကြောင်း သတင်းရရှိသည်။ ယနေ့ပြည်ထောင်စုဝန်ကြီး လာရောက်သောကိစ္စမှာ ယူနတီဂျာနယ်အတွဲ(၃) အမှတ်(၅) မျက်နှာဖုံး သတင်းကြောင့် ကျေးရွာလူထုအား တောင်းပန်ပွဲဟု အများက စွတ်စွဲပြောဆိုနေကြသည်။ ၎င်း နေ့ နေ့လည်(၁)နာရီအချိန်ခန့်မှ စ၍ သစ်ရာကောက်ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများမှ ရပ်မိ ရပ်ဖ များ နှင့် ကျေးလက်အထောက်အကူပြုအဖွဲ့များ စုစုပေါင်းအင်အား(၅၀၀)ခန့်အား ဖိတ်ကြား၍ တက်ရောက်လာကြကြောင်း၊ သစ်ရာကောက်(အထက)ကျောင်းဘောလုံးကွင်း၌ စင်ထိုးပြင်ဆင်ထားသော်လည်း နေ့လည်(၃)နာရီ အချိန်ခန့် တွင် ကျောင်းဝိုင်းထဲမှ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွေ့ကျင်းပမည်ဟု သိရသည်။ နေ့လည်(၃း၃၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ၊ အတွင်းရေးမှူး ဦးနေ၀င်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင် နှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ သစ်ရာကောက်သို့ ရောက်ရှိပြီး ပြည်ခိုင်ဖြိုးပါတီဝင် နှင့် ကျေးရွာသားအချို့အား အထကကျောင်း ခန်းမ၌ အကြိုတွေ့ဆုံကြောင်း သိရသည်။ ထို့နောက် ၀န်ကြီးချုပ် မှာကြား၍ မကွေးမြို့သို့ပြန်သွားကြောင်း သိရသည်။ ၀န်ကြီးဦးအုန်းမြင့်သည် ညနေ(၅း၃၀) အချိန်တွင်ရောက်ရှိပြီး သစ်ရာကောက်ရွာဦးကျောင်းဆရာတော် ဦးဝေပုလ္လ ဆရာတော်၌ ငါးပါးသီလခံယူကြောင်း၊ ထို့နောက်စောင့်မျှော်နေကြသော ကျေးရွာလူထု အား(၁၀)မိနစ်ခန့် စကားပြောသည်။ ၎င်းပြောဆိုရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အကြောင်းများ သာပြောကြား ၍ ကျေးရွာများ၏ တောင်းဆိုသော လိုအပ်ချက်များကို မှတ်သား၍ လုပ်ပေးနိုင်သောကိစ္စများကို တစ်ခါတည်း လုပ်ပေးကြောင်း၊ ချက်ချင်းလုပ်မပေးနိုင်သော ကိစ္စများအား လာမည့် ၂၀၁၄/၂၀၁၅ တွင် လွှတ်တော်သို့ ဘဏ်ဂျက်တင်ပြီး တောင်းခံပေးမည်ဟု ဆို၏။ ထို့နောက် သတင်းမီဒီယာများမှ မေးမြန်းခွင့်ရကြောင်း၊ ၀န်ကြီး၏ ဖြေကြားချက်မှ ကောက်နှုတ်ဖော်ပြပါသည်။ ည(၈း၃၀)တွင် တွေ့ဆုံပွဲပြီး၍ ည(၈း၄၅)မှာ သစ်ရာကောက် ကျေးရွာမှ မကွေးမြို့၌ ညအိပ်ရပ်နားကြောင်း သတင်းရရှိသည်။ သတင်းထောက် မှ (၀န်ကြီးခင်ဗျား ယနေ့လာခဲ့တဲ့ခရီစဉ်ဟာ သစ်ရာ ကောက်ပြည်သူ တွေကို တောင်းပန်းတဲ့ ပွဲလို့ အများကပြောနေကြပါတယ်၊ ဟုတ်ပါသလားခင်ဗျာ) ဟု မေးမြန်းခဲ့ရာ ``ခင်ဗျားတို့မေးခွန်းကိုဖြေရမယ်ဆိုရင် ကျွန်တော်ဟာ မီးဒီယာကို သီးခြားရည်ရွယ်ချက်ရှိရှိနဲ့ စိန်ခေါ်ခဲ့တာ မဟုတ်ပါဘူး၊ နိုင်ငံရေးသမားတွေကိုလည်း ချဲလင်းခေါ်တာမဟုတ်ပါဘူး၊ ကျွန်တော်က ရွာသားတွေနဲ့ တွေ့နေ ကျပါ၊ သူတို့လည်းပြောချင်တာပြောတယ်၊ ကျွန်တော်လည်းပြောချင်တာပြောတာ အလွတ်သဘော နဲ့ပြောတာပါ၊ အဲဒီနေ့ကပြောခဲ့တာ သဘောရိုးနဲ့ပြောခဲ့တာပါ၊ ဘယ်သူကိုမှလဲ မရည်ရွယ်ဘူး၊ ဘယ်သူ့ကိုမှလည်း စိန်မခေါ်တာမဟုတ်ပါဘူး၊ ကျွန်တော်က ပြည်သူတွေကို မောက်မောက်မာမာနဲ့ပြောဆိုခဲ့တယ်၊ ဆဲဆိုခဲ့တယ် ဆိုတာကိုတော့ အစိုးရပိုင်းက စစ်ဆေးပြီးအရေးယူပါလိမ့်မယ်၊ အဲတာက တစ်ပိုင်းပါ၊ ကျွန်တော်ရဲ့ခရီးစဉ်ဟာ လာရောက်တောင်းပန်ဖို့ လာတာမဟုတ်ပါဘူး၊ ကျွန်တော်ရွာသားတွေကို ဘယ်သူ့ကိုမှမဆဲဘူး၊ ရွာသားတွေက သူတို့ရွာက သတင်းနာမည်ကြီးပြီး ဘာမှလဲ အကူအညီအထောက်ပံ့မရဘူး၊ ကျွန်တော်တို့ ရွာကိုလာပါဆိုလို့ လာခဲ့တာပါ၊ ´´ ဟု သတင်းသမားများမေးမြန်ချက်ကို ၀န်ကြီးက ဖြေကြားသည်။ ယူနတီဂျာနယ်တွင် ဖော်ပြခဲ့ဥော သစ်ရာကောက်လမ်းဆုံ၌ ၀န်ကြီး ဦးအုန်းမြင့် ပြောဆိုစဉ်၊ မှတ်တမ်းတင်ထားသူ သစ်ရာကောက်ရွာသား ကိုနေ၀င်းစိုး(NLD) ပါတီဝင်အား မေးမြန်းရာ.. `` အဲဒီနေ့က ၀န်ကြီးကို လမ်းဆုံမှာ ကျွန်တော်ဓာတ်ပုံရိုက်တာမဟုတ်ပါဘူး၊ ဗွီဒီယို ကို အစအဆုံးရိုက်ခဲ့တာပါ။ ခိုးရိုက်တာမဟုတ်ပါဘူး၊ အသံဖိုင်တွေကိုလည်း ကျွန်တော်ဖြန့်ဝေပေးထားပါတယ်၊´´ ဟု သစ်ရာကောက်ရွာသား ကိုနေ၀င်းစိုးက ပြောသည်။
READMORE
 

``ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ မကွေးခရိုင် NLD ပါတီရုံးတွင် ကျင်းပ´´

ဖေဖော်ဝါရီ(၁)ရက် နေ့(၁၀း၁၅ နာရီမှ ၁၁း၃၀)နာရီအထိ မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်း မကွေးခရိုင် NLD ပါတီရုံးတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ ကြောင်း၊ ဤကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြန်မာတစ်ပြည်လုံးတွင် တစ်ပြိုင်တည်း မေးခွန်းများကို ချိတ်ပိတ်၍ ပေးပို့ပြီးကျင်းပနိုင်ရန် (ဗဟို)NLDပါတီ လူငယ်ညီလာခံကျင်းပရေး ကော်မတီမှ ဦးဆောင်စီစဉ်ကျင်းပကြောင်း၊ ဖြေဆိုပွဲကို သက်ဆိုင်ရာ တိုင်း/ခရိုင်/မြို့နယ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့တို့မှကြီးကြပ်ရမည်ဖြစ်ကြေင်း၊ အဖြေလွှာများကို ချိတ်ပိတ်၍ NLD (ဗဟို)သို့ပို့ပြီး ဗဟိုမှ ထိုက်ထိုက်တန်တန်ဖြင့် ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (ဗဟို)NLDပါတီ လူငယ်ညီလာခံကျင်းပရေး ကော်မတီမှ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဖြေဆိုရန်ပေးပို့သော ခေါင်းစဉ်မှာ မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏အနာဂတ် ဖြင့် ရေးသားရန် အချက်အလက်မေးခွန်း နှစ်ခုပေးထားကြောင်း၊ (၁) မိမိနေထိုင်ရာနိုင်ငံကို မည်သို့သောနိုင်ငံဖြစ်စေသလဲ၊ (၂) မိမိ၏သားစဉ်မျိုးဆက်များကို မည်သည့်နိုင်ငံမျိုးတွင် ကြီးပြင်းစေခြင်ပါသလဲ၊ ဆိုသောအကြောင်းအရာများကို ရေးသားဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ ဖြေဆိုသူများကို အသက်(၁၈ နှစ်မှ ၂၅ နှစ်ထိ) (၁၆)ယောက်အုပ်စုကို တစ်နာရီမေးခွန်း နှင့် အသက်(၂၅ နှစ်မှ ၃၀ နှစ်အထိ) (၁၁)ယောက် အုပ်စုကို (၁း၁၅)အချိန်ပေး၍ အထက်ပါခေါင်းစဉ်၊ အကြောင်းအရာအတိုင်း အတူတူဖြေဆိုကြကြောင်း သိရသည်။ မကွေးခရိုင်NLDပါတီ စာစီစာကုံးပြိုင်ပွဲသို့ မကွေးမြို့နယ်မှ(၉)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ(၆)ဦး၊ ရေနံချောင်းမြို့နယ်မှ(၄)ဦး၊ ချောက်မြို့နယ်မှ(၄)ဦး၊ မြို့သစ်မြို့နယ်မှ(၃)ဦး၊ နတ်မောက်မြို့နယ်မှ(၁)ဦး၊ စုစုပေါင်း(၂၇)ဦး လာရောက်ဖြေဆိုကြောင်း၊ လူငယ်အမျိုးသမီး(၇)ဦး ပါဝင်ကြောင်း မကွေးမြို့နယ်လူငယ်ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဒေါ်ခင်ချိုလတ်က ပြောသည်။ ``ကျွန်မနာမည်မဥမ္မာပါ၊ အသက်(၃၀)၊ ညောင်ကျစမ်းရွာက NLDပါတီလူငယ်အဖွဲ့ဝင်ပါ။ ဒီလို ဗိုလ်ချုပ် အောင်ဆန်းရဲ့မွေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို လာဖြေရတာက ဗိုလ်ချုပ်ကို လေးစားပြီး ဂုဏ်ပြုခြင် လို့ပါ၊ လူငယ်တွေရဲ့ခံစားချက်ကို လွတ်လွတ်လပ်လပ်နဲ့ ရေးသားဖြေဆိုရလို့ အထူးကျေးဇူးတင်ပါတယ်၊ ပြိုင်ပွဲကပေးမဲ့ ဆုကိုမျှော်မှန်းပြီးလာဖြေတာမဟုတ်ပါဘူး၊ လူငယ်တွေရဲ့ခံစားချက်များကို ရင်ဖွင့်ချင်လို့ လာရောက် ဖြေဆိုတာပါရှင်..။´´ ဟု ဖြေဆိုသူ မဥမ္မာက ပြောသည်။
READMORE
 

``မကွေးမြို့ ချမ်းမြေ့သာယာကျေးရွာအနီး၌ အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိ တစ်ကိုယ်တော် ကျူးလွန်သူ လူသတ်တရားခံမိ ´´

ဇန်န၀ါရီ(၂၉)ရက် နေ့(၁၂)နာရီအချိန်ခန့်တွင် မကွေးမြို့ ချမ်းမြေ့သာယာကျေးရွာအနီး ခွေးတိုင်ရိုး သုဿန်ဟောင်း၏ တောင်ဘက်ရှိ ကန္တာရတောထဲတွင် အမျိုးသမီးတစ်ဦး၏အလောင်းတွေ့ရှိကြောင်း သတင်းရရှိ သည်။ ဖြစ်စဉ်မှာ ၎င်းနေရာတွင် အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိသူ ဗေဒင်ဆရာ ဦးအောင်အောင် (၅၃)နှစ် ကစတင်တွေ့ရှိကြောင်း၊ ဗေဒင်ဆရာက ကျေးရွာလူကြီးထံသတင်းပို့ပြီး ရဲစခန်းသို့ဖုန်းဆက်၍ သတင်း ပေးကြောင်း၊ အခင်းဖြစ်ပွားရာသို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး/ခရိုင်ရဲတပ်ဖွဲ့မှူး နှင့်နယ်ထိန်းတပ်ဖွဲ့များနှင့် မူခင်းရဲတပ်ဖွဲ့ဝင်များ၊ သက်သေကျေးရွာ တာဝန်ခံ ဆယ်အိမ်မှူး ဦးအောင်ဝင်းရွှေ၊ ဦးညွန့်ဝင်း တို့နှင့်အတူ ရောက်ရှိကြ၍ ထိုအလောင်းအားစစ်ဆေးခဲ့ရာ အသက်(၂၅)ခန့်ရှိ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း၊ အဆိုပါအမျိုးသမီး၏ ၀ဲဘက်မေးရိုးအောက်ထိုးသွင်းရာတစ်ချက်၊ ၀မ်းဗိုက်အလယ်၌ ထိုးသွင်းရာ တစ်ချက်နှင့် ယာဘက်ရင်အုံအထက် ပြတ်ရှရာတစ်ချက်တို့ဖြင့် သေဆုံး နေကြောင်း၊ အလောင်းအနီးတွင် အရိုး မပါသော ငါးမန်းသွားဓါးဦးချွန်(၈)လက်မခန့်ဓါးတစ်ချောင်း၊ အနီကွက်ပုဆိုးဟောင်းတစ်ထည် နှင့် နီညိုရောင် ကတ္တီပါအမျိုး သမီးစီး ၀ဲဘက်ဖိနပ်(၁)ဖက်အားတွေ့ရှိရာ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ရှာဖွှေပုံစံများဖြင့် သိမ်းဆည်း၍ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ယူပြီး အလောင်းအား မကွေးတိုင်းဆေးရုံသို့ပို့ကြောင်း ဒေသခံတစ်ဦး က ပြောသည်။ သေဆုံးသူအားအတည်ပြုချက်ရယူရာ မနီနီမြင့်(၂၅)နှစ်၊(ဘ)ဦးသာမော်၊ ဈေးသည်၊ အမှတ်၁၀က/၂၊ မေတ္တာလမ်း၊ စိုးကောမင်းရပ်ကွက်တွင်နေထိုင်ကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရွာမှ မကွေးမြို့သို့ ပြောင်းရွေ့လာသည်မှာ တစ်လခွဲခန့်သာရှိသေးကြောင်း၊ သူမတွင်အသက်လေးနှစ်သား သားတစ်ယောက်ရှိ ကြောင်း၊ သူမ၏ယောက်ျားမှာ သက်နိုင်လင်း(၃၅)နှစ်၊(ယာဉ်နောက်လိုက် စပယ်ယာ)ဖြစ်ကြောင်း၊၎င်း သက်နိုင်လင်း နှင့် ကိုနေလင်းထွန်းတို့မှာ ညီဝမ်းကွဲတော်စပ်သူဖြစ်ပြီး ကိုနေလင်းထွန်း၏ယာဉ်တွင် စပယ်ယာ ယာဉ်နောက်လိုက်လုပ်၍ ခရီးထွက်နေကြောင်း သတင်းရရှိသည်။ သေဆုံးသူမနီနီမြင့်အား အသတ်ခံရမှုနှင့်ပတ်သက်၍ ၎င်း၏ခဲအိုဖြစ်သူ ကိုနေလင်းထွန်း(၄၂)နှစ်၊ (ဘ)ဦးထွန်းရွှေ၊ ယာဉ်ပိုင်ရှင်၊ ရန်ကင်းရပ်ကွက်၊ (၁)လမ်း၊ အမှတ်(၁၀၃)တွင် နေထိုင်သူမှ တရာလိုပြုလုပ်၍ ၂၀၁၄ ဇန်န၀ါရီ(၂၉)ရက်၊ ညနေ(၃)နာရီအချိန်မှာ မကွေးမြို့မရဲစခန်းတွင် (ပ) ၉/၂၀၁၄ ပြစ်မှုပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ကြောင်း၊ ၎င်းအမှုအား အမှုစစ်အဖြစ် မကွေးမြို့မရဲစခန်းမှူး ရဲမှူးထွေးကို မှ စစ်ဆေးဆောင်ရွက်နေ ကြောင်း (ရဲမှတ်တမ်း)အရ သတင်း ရရှိသည်။ ဖေဖော်ဝါရီ(၁)ရက်နေ့တွင် လူသတ်တရားခံအား မန္တလေးမြို့၌ ဖမ်းဆီးရမိပြီး ထူးခန့်ကျော် (၂၀)နှစ်ခန့်၊ မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၈)လမ်းတွင်နေထိုင်ကြောင်း၊ ဤလူသတ်မှုအား တစ်ကိုယ်တော်ကျူးလွန် ကြောင်းဝန်ခံ၍ ယခင်က ကျူးလွန်ခဲ့သောပြစ်မှုများ၏ ကွင်းဆက်အား ဖော်ထုတ်နိုင်ရန် ဆက်လက်စစ်ဆေးနေ ကြောင်း ကနဦး သတင်း မှ သိရသည်။
READMORE