``လှံတံအပစ်ခတ်ကောင်းသော ဖခင်တစ်ဦးကြောင့် ၎င်း၏(၆)နှစ်သား ရင်သွေးငယ်သေဆုံး´´

ဖေဖော်ဝါရီ(၉)ရက်၊ ညနေ(၅)နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ် ရွှေလှေအုပ်စု ရွာထောင်ကျေးရွာနေသူ သောင်းထွန်း(၂၉)နှစ်၏ လှံတံအားမဆင်မခြင်ပေါ့ဆစွာပစ်ခတ်မှုကြောင့် ၎င်း၏(၆)နှစ်သား ရင်သွေးငယ်သေဆုံး မှုကို ရွာထောင်ကျေးရွာ ဆယ်အိမ်မှူး ဦးအောင်ချမ်းမှ အရေးယူပေးရန် လယ်ကိုင်းမြို့ နယ်မြေရဲစခန်း သို့(ပ)၁၀/၂၀၁၄ ပြစ်မှုပုဒ်မ-၃၀၄(က) ဖြင့် အမှုဖွင့်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၈)ရက် ည(၈း၃၀)နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ် ရွှေလှေအုပ်စု ရွာထောင် ကျေးရွာနေ၊ သောင်းထွန်း(၂၉)နှစ်(ဘ) ဦးအောင်မင်း၊ ကျပန်းလုပ်ကိုင်သူသည် အရိုးငါးပေ၊ အသွားဆယ်လက်မ ခွဲခန့်ရှိ ၀ါးသဲရိုးတပ်ထားသော လှံတံအားကိုင်၍ တစ်ရွာတည်းနေ ကိုသန်းဇော်အိမ်သို့သွားရန် နေအိမ်မှထွက်လာ ကြောင်း၊ နေအိမ်ခြံဝအရောက်တွင် ရှေ့သို့ဆက်မသွားဘဲ အိမ်အရှေ့မှ (၁၈)ပေခန့်အကွာရှိ သူ၏ အိမ်ထရံ တွင်ကပ်ထားသော ရေအိုးကို လှံတံဖြင့်ပစ်ခတ်လိုက်ကြောင်း၊ ထိုစဉ် ရေအိုးကို ထိမှန်ခြင်းမရှိဘဲ အိမ်ထရံကို ဖောက်၍ အိမ်ထဲ၌ အိပ်ပျော်နေသော ၎င်း၏သားဖြစ်သူ (၆)နှစ်အရွယ်ရှိ မောင်မျိုးမင်းခိုင်၏ ၀ဲဘက်နောက်ကျော လက်ပြင်အောက်သို့ လှံတံစူးနစ်ဝင်ကာ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။ ၀ိုင်းအောင်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: