``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့မှ မကွေးမြို့တွင်း မီးဘေးကြိုတင်တားဆီး ကာကွယ်ရေးအတွက် လှည့်လည်စစ်ဆေး´´

ဖေဖော်ဝါရီ(၁၉)ရက်၊ နေ့(၃)နာရီမှ ညနေ(၄း၃၀)နာအချိန်အထိ မကွေးမြို့တွင်းရှိ(၁၅)ရပ်ကွက်မှ မီးသတ် ရေလှောင်ကန်များနှင့် စည်ပင်သာယာဌာနပိုင် ရေစက်များသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့် အဖွဲ့တို့က မကွေးမြို့တွင်းမီးဘေးကြိုတင်တားဆီးရေး အတွက် လှည့်လည်စစ်ဆေးကြောင်း သတင်းရရှိသည်။ ၎င်းမီးဘေးကြိုတင်တားဆီးရေး အတွက် လှည့်လည်စစ်ဆေးရေးအဖွဲ့တွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့်အတူ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်နှင့်အဖွဲ့၊ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး၊ စည်ပင်သာယာရေးအဖွဲ့ ဦးစီး အရာရှိ နှင့်အဖွဲ့တို့ပါဝင်ကြောင်း သိရသည်။ မကွေးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၌ မီးသတ်ကား(၇)စီး၊ အမှတ်(၂)မီးသတ်စခန်းခွဲ၌ မီးသတ်ကား (၁)စီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းထားသော(GBS) ထော်လာဂျီမီးသတ်ကား(၃)စီးရှိကြောင်း၊ မကွေးမြို့ပေါ်မှ မီးသတ်ရန် အကူရေသယ်ယာဉ်ပေါင်း(၄၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ပေါင်း(၃၉)ဦး၊ မြို့ပေါ်ရှိ အရံမီးသတ်တပ်ဖွဲ့ ၀င်များ(၅၂၅)ဦးရှိကြောင်း၊ မကွေးမြို့ပေါ်(၁၅)ရပ်ကွက်အတွင်း၌ရေဂါလံ(၂၀၀၀ မှ ၂၀၀၀၀) ဂါလံဆန့် မီးသတ်ရေလှောင်ကန်ပေါင်း (၄၇)ကန် နှင့် မီးသတ်ကားရေထည့်နိုင်ရန် စည်ပင်သာယာရေစက် ရေတိုင်(၄)ခုရှိကြောင်း မကွေးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သိန်း ကပြောသည်။ ``မကွေးမြို့မှာ မီးသတ်ရေတိုင်(၄)ခုထဲဆိုတော့ တော်တော်နည်းနေပါတယ်၊ သုခိတာလမ်းက စည်ပင်သာယာ ဌာန ရေစက်မှာ မီးသတ်ရေတိုင် တစ်ခုထားပေးဖို့လိုတယ်၊ မကွေးမြို့ ရန်ပယ်ဈေးမှာလည်း မီးသတ်ရေကန်များ ထပ်မံတိုးချဲ့ပြီး ပြုလုပ်ထားဖို့လိုနေ သေးတယ်..။´´ဟု မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် က မှာကြားခဲ့ကြောင်း မကွေးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သိန်း က ပြောသည်။
 

0 comments: