ငဖဲမြို့ ကျောက်ထုရေကာတာ ပြုလုပ်ဆောင်ရွက်

ငဖဲ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်သည် မိုးတွင်းကာလများတွင် မြို့မကျောင်းတွင်းရပ်ကွက်ရှိ မန်းချောင်းအနီး အိမ်ခြေ (၈၀)ခန့်သည် နှစ်စဉ် ရေလျှံရေလွမ်းမိုးခြင်းကို ကြုံတွေ့နေရသည်ဖြစ်ရာ မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ချမှတ်ပေးထားသော ကျပ်သိန်း(၁၀၀၀)မှ ကျောက်ထု ရေကာတာ ပြုလုပ်ဆောင်ရွက်ရန် ငွေကျပ်(၄၀)သိန်းခွဲဝေချထားငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေ များဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၇၅%)ခန့်ပြီးစီးနေကြောင်း ၊အဆိုပါရေကာတာသည် အလျား(၂၀၀)ပေ၊အနံ(၄)ပေ၊အမြင့်(၆)ပေရှိ ကျောက်ထုရေကာတာဖြစ်ပြီး မိုးတွင်းရာသီများအတွက် အဆိုပါရပ်ကွက်များအတွင်း မန်းချောင်းရေ ၀င်ရောက်မှုအား ကာကွယ်နိုင်၍ ကျန်းမာရေး နှင့် သွားလာရေးများအတွက် များစွာ အထောက်အကူပြုနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ ဦးတင်ထွန်းဦး

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ငဖဲမြို့ ကျောက်ထုရေကာတာ ပြုလုပ်ဆောင်ရွက် ini dipublish oleh shwelannwelanwinkyi pada hari Monday, February 10, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ငဖဲမြို့ ကျောက်ထုရေကာတာ ပြုလုပ်ဆောင်ရွက်
 

0 comments: