ပွင့်ဖြူ ဖေဖော်ဝါရီ ၂၄
ဆောင်းအကုန် နွေအကူး တပေါင်းလဆန်းပိုင်းများတွင် ပွင့်ဖြူမြို့နယ် ဒေသ၀န်ကျင်းတွင် ပိန်းနဲသီးနုလေးများ လှိုင်းလှိုင်းထွက်ပေါ်လာပြီး ပိန်းနဲသီးနုလေးများကို ရာသီးစာအဖြစ် ဟင်ရည်ချက် တစ်မျိုး၊ပိန်းနဲသီးနှပ်ကတစ်သွယ်၊ အသားနှင့်ရော၍ အချိချက်က တစ်ဖုံ နည်းမျိုးစုံဖြင့် နှစ်သက်သလို စားချင်းသဖွယ် ချက်ပြုပ်စားသောက်ကြသည်။
ပိန်းနဲသီးများကို ပွင့်ဖြူမြို့ အနီးဝန်ကျင်ရှိ ဥယျာဉ်ခြံမျာမှ အများဆုံးထွက်ရှိပြီး မင်းဘူး၊မကွေးမှ တဆင့် အနယ်အနယ်အရပ်သို့ တင်ပို့ရောင်းချကြသည်။အရွယ်ရောက် (၁၈)လက်မပတ်လည် ပိန်းနဲသီးနုတစ်လုံးကို (၁၀၀၀ိ/-)ကျပ်ရောင်းချရပြီး တဆင့်ခံဈေးသည်များမှ အိမ်ရှင်မများအကြိုက် အစိတ်ငယ်လေးများစိပ်၍ ၂၀၀ိ/-၊၅၀၀ိ/- ကျပ်တန် အထုပ်ငယ်များထုပ်ပိုးရောင်းချကြသည်။
အများအားဖြင့် ပိန်းနဲသီးကို ရင့်မှည့်မှ ချိုမြိန်စွာစားရသည်ကို လူသိများသောလည်း ပိန်းနဲသီး နုလေးများကို ဟင်းချက်စားရသည်ဟု လူသိနည်းခဲ့သည်။ယခုအခါ အလှူမင်္ဂလာနှင့် ဧည့်ခံပွဲတို့တွင် ပိန်းနဲသီးနှပ် ဟင်းချက်က စားပွဲအလယ် တင့်တယ်စွာ နေရာယူလာပြီး ပိန်းနဲပင်စိုက် တောင်သူများ ၀င်ငွေကောင်းလျက်ရှိကြသည်။
ပိန်းနဲပင်စိုက်တောင်သူတစ်ဦးက ပိန်းနဲပင်ကို (၄)နှစ်မှ (၆)နှစ်အရွယ်ဆို အပင်ခြေမှအကိုင်း များအထိ သီးတတ်တယ်၊တစ်ပင်ကို ပိန်းနဲသီး အလုံး(၄၀)မှ (၁၀၀)ကျော်ထိသီးပြီး ရင့်မှည့်ချိန်ဆို မိုးဦးကာလရောက်တော့ ၀မ်းပျက်/၀မ်းလျောဖြစ်မှာစိုးပြီး ၀ယ်ယူစားသုံးမှုနည်းလာတတ်တယ်၊အခုလို ပိန်းနဲသီးနုလေးတွေ ဟင်းချက်အရွယ်မှာဆွတ်ခူးရောင်းရတာ ၀င်ငွေသေးချာတယ် ဟုပြောကြားခဲ့ သည်ကို သိရှိရသည်။
တင်ထွန်းဦး (IPRD)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
Butterfly Diary ..... (Our Hidden Paradise)
4 days ago

0 comments:
Post a Comment