``တောင်တွင်းကြီးမြို့တွင် ၀ါဝါ၀င်းဆီစက် ဓာတ်ဆီပေပါမှ မီးလောင်မှုဖြစ်ပွား´´

ဖေဖော်ဝါရီ(၂၄)ရက်၊ ညနေ(၃း၄၅)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်၊ ရေခဲစက်(၁) လမ်းနေ ဦးရဲမြင့်(၇၄)နှစ်၏ ၀ါဝါ၀င်းဆီစက်ရှိ၊ ဓာတ်ဆီပေပါမှ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၄)ရက်၊ ညနေ(၃း၄၅)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်မီးသတ်စခန်းမှ အနောက်ဘက် တစ်ဖာလုံခန့်၌ မီးခိုးများတက်လာသည်ကိုမြင်ရသဖြင့် မြို့နယ် ဒုတိယ မီးသတ်ဦးစီးမှူး ဦးဝင်းတင် ဦးဆောင်၍သွားရောက်ခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းခြင်းမှာ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂) ရပ်၊ ရေခဲစက်(၁) လမ်းနေ ဦးရဲမြင့်(၇၄)နှစ်၏ ၀ါဝါ၀င်းဆီစက်၌ ဓာတ်ဆီပေပါအတွင်းမှ ဓာတ်ဆီအား (၅)ဂါလံဆန့်သော ပလပ်စတစ်ပုံးအတွင်းသို့ လှယ်ထည့်ရာ သဘာဝတည်ငြိမ်လျှပ်စစ် (Static Electricity) ကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။ မီးလောင်ရာဆီစက်သည် ပေလေးဆယ်ပတ်လည်ရှိ သွပ်မိုး၊ အုပ်ညှပ်အဆောက်အဦးဖြစ်ကြောင်း၊ ၎င်းနေအိမ် အဆောက်အဦးတစ်လုံး၊ ဓာတ်ဆီတစ်ပေပါ၊ ဆီကြိတ်စက်ဟောင်းတစ်လုံး၊ ရေခဲသေတ္တာ၊ ကွန်ပျူတာနှင့် အတွင်းပစ္စည်းများ တန်ဘိုးစုစုပေါင်းကျပ်ငွေ(၈၅၀၀၀၀ိ) ရှစ်သိန်းခွဲခန့်ဆုံးရှုံးကြောင်း၊ ၎င်း မီးလောင်မှုဖြစ်ပွားသော ၀ါဝါ၀င်းဆီစက်မှ (အဖ) ဦးရဲမြင့်သမီး ဒေါ်စိမ်းစိမ်း(၄၈)နှစ်အား တောင်တွင်းကြီး မြို့မရဲစခန်း၌ (ပ)၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ် မီးသတ်ဌာနမှ သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ(၂၄)ရက်၊ ညနေ(၃း၄၅)နာရီတွင် မီးစတင်လောင်ကျွမ်းနေစဉ် မြို့နယ် ဒုတိယ မီးသတ်ဦးစီးမှူး ဦးဝင်းတင် ဦးဆောင်၍ မီးငြိမ်းသတ်ကား(၆)စီး၊ ရေသယ်ယာဉ်(၅)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့နှင့်အတူ သန္ဓေမီးသတ်(၁၅)ဦး၊ အရန်မီးသတ်(၁၀၀)ဦး၊ ကြက်ခြေနီ(၁၅)ဦးတို့က ၀ိုင်းဝန်း၍မီးငြိမ်သတ်ရာ ညနေ(၄)နာရီ အချိန်တွင် မီးညွန့်အားထိမ်းနိုင်ပြီး၊ ညနေ(၅)နာရီအချိန်မှာ မီးငြိမ်းသတ်ပြီးကြောင်း ၎င်းမီးလောင်ရာ၌ လူ၊ တိရစ္ဆာန် ထိခိုက်ခြင်းမရှိ၊ သေဆုံးခြင်းမရှိကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် က ပြောသည်။
 

0 comments: