``ပခုက္ကူမြို့နယ်နှင့် မြစ်ခြေတိုက်နယ် အတွင်း၌ လျှပ်စစ်မီတာ ကွာခြား အပိုယူနစ်များ ကောက်ခံမှုအား ပြည်သူများက တတိယအကြိမ်ဆန္ဒပြ´´

The Voice အင်တာနက်မှ ဓာတ်ပုံဖြစ်ပါသည်။ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် ပခုက္ကူမြို့နယ်တွင်းမှ မြစ်ခြေတိုက်နယ်မှ ပခုက္ကူမြို့ အတွင်း၌ လျှပ်စစ်မီတာ ကွာခြား အပိုယူနစ်များ ကောက်ခံမှုအား ပြည်သူများက တတိယအကြိမ် ဆန္ဒပြကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် ပခုက္ကူမြို့ မြစ်ခြေတိုက်နယ်၊ တိုးချဲ့အမှတ်(၃)ရပ် နေသူ ကိုဇော်မျိုးခိုင်(၃၅)နှစ်မှ ဦးဆောင်၍ ကျေးရွာသား(၅၀)ခန့်သည် လျှပ်စစ်မီတာ ကွာခြား အပိုယူနစ်များ ကောက်ခံမှုအား တိုးချဲ့အမှတ်(၃)ရပ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့မှ မြစ်ခြေ-ကမ္မလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြကြောင်း၊ ပခုက္ကူ-မြစ်ခြေကားပေါ်အရောက်တွင် အင်အား(၇၀)ခန့်ဖြစ် သွားပြီး ထနောင်းကုန်းရွာအရောက်တွင် စုစုပေါင်းအင်အား(၁၀၀)ကျော်ခန့်ဖြစ်သွားကြောင်း၊ ဆန္ဒပြသူများသည် (မီတာခ အပိုယူနစ်မကောက်ခံရေး- ဒို့အရေး)၊ (အကျင့်ပျက်လျှပ်စစ်ဝန်ထမ်းများ- အလိုမရှိ)၊ (တရားမ၀င် ကောက်ခံထားသော မီတာခများ ပြန်လည်ရရှိရေး- ဒို့အရေး)၊ ဟု ရေးသားထားသော အလျား(၅)ပေ၊ အနံ(၃)ပေခွဲရှိ ဗီနိုင်းဆိုင်းဘုတ်များ၊ (အကျင့်ပျက်ချစား ၀န်ထမ်းများအလိုမရှိ။) (နယ်မြေဒေသလျှပ်စစ်မီး နှင့်အလှဆင်ရေး-ဒို့အရေး။) (အပိုယူနစ်ကောက်ခံထားသော စာရင်းဇယားများ ပွင့်လင်းမြင်သာစွာဖော်ပြရေး)၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒဟု ရေးသားထားသော ကတ္ထူဆိုင်းဘုတ်များ နှင့် ဦးတိုးအမည် နှင့် ဒေါ်ကြူကြူအမည်များဖြင့် မီတာဆောင်ရန် ဗီနိုင်းဆိုင်းဘုတ်များ စုစုပေါင်း(၉)ခုအား ကိုင်ဆောင်လျှက် ဆိုင်းဘုတ်များပါစာသားများကို အော်ဟစ်ကြွေးကြော်ခဲ့ကြောင်း သိရသည်။ နံနက်(၁၀း၃၀)နာရီခွဲအချိန်ခန့်တွင် လျှပ်စစ်ရုံးရှေ့သို့စုဝေးရောက်ရှိပြီး ၎င်းနောက် နေ့(၁၂)နာရီမှ (၁၂း၃၀)နာရီအချိန်အတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ရောက်ရှိလာပြိး ဆန္ဒပြသူများနှင့် တွေ့ဆုံကြ ကြောင်း၊ နေပြည်တော်မှ လျှပ်စစ်ဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင် ရောက်လာ မည်ဖြစ်၍ စောင့်ဆိုင်းပေးရန်ပြောကြားကြောင်း သိရသည်။ နေ့လည်(၁း၃၀)နာရီခွဲခန့်အချိန်တွင် လိုက်ထရပ်ကားနှင့် (၆)ဘီးကားကြီး နှစ်စီးဖြင့် ဆန္ဒပြသူ(၁၀၀)သည် မြစ်ချေမှ ပခုက္ကူမြို့သို့ထွက်လာရာ ပခုက္ကူ-ဆိပ်ဖြူကားလမ်း မိုင်တိုင်(၉/၄)အရောက်တွင် လျှပ်စစ်ညွှန်ကြား ရေးမှူး ဦးမြင့်အောင်နှင့် ပခုက္ကူခရိုင်/မြို့နယ် မှ ဌာနဆိုင်ရာလူကြီးများ၏ ကားနှင့် ဆန္ဒပြသူများ တွေ့ဆုံ ကြောင်း၊၎င်းကိစ္စအား မြစ်ခြေတိုက်နယ်၊ သရက်တောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆွေးနွေးကြရန်ဖိတ်ခေါ် ကြောင်း၊ ထိုစဉ် ဆန္ဒပြသူများအား တားဆီးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်း NLD ပါတီဝင် ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဝင်းထွန်း နှင့် လူငယ်ညီလာခံအဖွဲ့ဝင် ကိုမော်ဟိန်းစိုးတို့က ပြောဆိုကြောင်း၊ ထို့နောက် ဆန္ဒပြသူများသည် ပခုက္ကူမြို့သို့ဆက်လက်ထွက်ခွာသွားကြောင်း၊ နေ့လည်(၃း၃၀)အချိန်တွင် ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်ရှိ ရေနံသိုလှောင်ရုံရှေ့တွင် ဆန္ဒပြသူ(၁၀၀)ခန့်သည်ကားများမှ ဆင်း၍ မြို့မလမ်းအတိုင်းလမ်းလျှောက်ခဲ့ကြောင်း၊ ထိုစဉ် ဆန္ဒပြသူများထံ မြို့ခံလူများပါဝင်လာပြီး အင်အား(၁၅၀/၂၀၀) ဦးကျော်ခန့်ဖြစ်လာကြောင်း၊ ဆန္ဒပြသူများ ပခုက္ကူမြို့မဈေးအရောက်တွင် ပခုက္ကူမြို့စခန်းမှူး ဒုရဲမှူး ၀င်းလှိုင်နှင့် ရဲတပ်ဖွဲ့ဝင်မျာက ဆန္ဒပြခေါင်းဆောင် ဦးဇော်မျိုးခိုင်အား ဆန္ဒပြခွင့်မိန့် မရှိ၍ တားဆီးကြောင်း၊ ဆန္ဒပြသူများက ဆန္ဒပြခွင့် မရလည်း ပြမည်၊ အဖမ်းခံမည်ဖြစ်ကြောင်း ပြောဆိုပြီး ဆိုင်းဘုတ်ပါ ကြွေးကြော်သံများကို အော်ဟစ်၍ ညနေ(၅)နာရီအချိန်ခန့်တွင် အမှတ်(၁၀)ရပ်ကွက်ရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့သို့ရောက်ရှိလာသည်။ ဆန္ဒပြသူများထဲမှ သရက်တောကျေးရွာအုပ်စုနေ ဦးဇော်ဝင်းလှိုင် (NLDမြို့နယ်အမှုဆောင်ပါတီဝင်) ၊ ကိုဇော်မျိုးခိုင် နှင့် (၁၀)ဦးတို့သည် ခရိုင်လျှပ်စစ်အင်ဂျင်နေရာရုံးအတွင်းဝင်ရောက်ကြပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီ ယာဦးအောင်မျိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြိဲ့နယ်စည်ပင်သာရေး ဥက္ကဋ္ဌ၊ ကမ္မ-မြစ်ခြေမြို့နယ်လျှပ်စစ်မှူး ဦးသန်းမြင့်၊ ရေစကြိုမြို့နယ်လျှပ်စစ်မှူး ဦးလှမျိုး နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြောင်း၊ ၎င်းပွဲတွင် သတင်းမီဒီယာများလည်း ပါဝင်ကြကြောင်း၊ ကိုမျိုးခိုင်တို့(၁၀)ဦးက ``ကွာခြားယူနစ်များ မပေးဆောင်နိုင်ဘူး၊ကွာခြားယူနစ်မပျောက်မခြင်း ဆက်လက်ပြီးဆန္ဒပြသွားမယ်၊ ကွာခြားယူနစ်များ ဖန်တီးနေတဲ့ အကျင့်ပျက်ဝန်ထမ်းများကို ဖော်ထုတ်ပေးရမယ်၊ မြစ်ခြေအုပ်စုနဲ့ သရက်တော အုပ်စု ကပ်လျှက်ရှိပေမဲ့ သရက်တောအုပ်စုက ပိုမိုပေးဆောင်ရလို့ (၉)ရက်နေ့ကဆန္ဒပြလိုက်တယ်၊ ဆန္ဒပြပြီး သရက်တောအုပ်စုထဲက ရွာ(၃)ရွာ ကွာခြားယူနစ် ကင်းလွတ်ခဲ့တယ်၊ ကျန်တဲ့ရွာ(၉)ရွာကတော့ ကင်းလွတ်ခွင့် မပေးသေးဘူး၊ အချို့ရွာတွေမှာ မီတာတပ်ဆင်မထားဘဲ လျှပ်စစ်ဝန်ထမ်းနဲ့ နားလည်မှုယူပြီး မီးပေးထားတယ်၊ ဒီမှာ မှတ်တမ်းဓာတ်ပုံရှိပါတယ်…။´´ဟု ကိုမျိုးခိုင်က ပြောကြောင်းသိရသည်။ ခရိုင်လျှပ်စစ်အင်ဂျင်နီ ယာဦးအောင်မျိုး မှ ဓါတ်အားပျောက်ဆုံးမှုမဖြစ်ပေါ်အောင် ၊ သစ်ပင်များခုတ်ခြင်း၊ ဓါတ်တိုင်၊ ဓါတ်ကြိုးများလဲလှယ်ခြင်းအတွက် အထက်အဆင့်ဆင့်သို့ တင်ပြထားကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး မှ လူစုလူဝေးဖြင့် စီတန်းဖော်ထုတ်ခြင်းကို တတ်နိုင်သမျှပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ နှစ်ဘက်ညှိနှိုင်းပွဲကို ညနေ(၆)နာရီခန့်အချိန်တွင်ပြီးကြောင်း၊ ဆန္ဒပြသူများသည်လည်း မော်တော်ယာဉ်နှစ်စီးဖြင့် မြစ်ခြေတိုက်နယ်သို့ ငြိမ်းချမ်းစွာဖြင့် ပြန်သွားကြကြောင်း၊ သို့သော် ဖေဖော်ဝါရီ(၂၁)ရက်နေ့တွင် ထပ်မံဆန္ဒ ပြမည်ဟု ဦးညွန့်အောင် က အသိပေးပြောဆိုခဲ့ကြောင်း၊ ဖေဖော်ဝါရီ(၂၁)ရက်နေ့တွင်လည်း ထပ်မံ၍ဆန္ဒဖော် ထုတ်ကြောင်း သတင်းရရှိသည်။
 

0 comments: