``ရေနံစိမ်းချက်ဖိုများ မင်းလှမြို့နယ် ရေနံမရွာအနီးမှာ ဖမ်းဆီးရမိ၊ တရားခံများထွက်ပြေး´´

ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်(၂)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ် ရေနံမကျေးရွာအနီးတွင် ရေနံစိမ်း ချက်ဖိုများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်(၂)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် နှင့် ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်နိုင်ဦးတို့အဖွဲ့သည် ရေနံမနယ် မြေအတွင်းရှိ ရေနံချက်ဖိုများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ရေနံမကျေးရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာ ရွာသာလှ ကျေးရွာလမ်းပေါက်၌ ကျော်ဇင်ထိုက်(၄၁)နှစ်၊ ရှမ်းစုရွာ၊ ပျော်ဘွယ်မြို့နယ်၏ ချက်ဖို(၁)ဖို၊ ရေနံမကျေးရွာ၏ မြောက်ဘက် (၁)မိုင်ခန့်အကွာ တောထဲတွင် ဘိုတင့်၏ ချက်ဖို(၂)ဖိုအား ဖမ်းဆီးမိကြောင်း၊ ၎င်းနေရာအနီး ချက်ဖို(၂)ဖိုအားဖမ်းဆီးရာ ပိုင်ရှင်သိန်းအောင်နှင့် ဘိုတင့်တို့မှာ ထွက်ပြေးသွား၍ နေရပ်လိပ်စာ စီစစ်ဆဲဖြစ်ကြောင်း၊ စုစုပေါင်း ရေနံစိမ်းချက်ဖို(၅)ဖိုနှင့်အတူ သက်သေခံပစ္စည်းများအား သိမ်းဆီးရမိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ည(၈း၃၀)နာရီအချိန်တွင် ၎င်းချက်ဖိုပိုင်ရှင်များအား ရေနံမနယ်မြေရဲစခန်း၌ (ပ) ၁၂/၂၀၁၄၊ နိုင်ငံတော်စီးပွားကာကွယ်ရေးအက်ဥပဒေ ၉ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းအရ သတင်းရရှိသည်။
 

0 comments: